Latest News

Saturday, July 22, 2017

YBS ကားများတွင် ယာဉ်နောက်လိုက်ထားခွင့်မပြုတော့သော်လည်း ယာဉ်လိုင်းအချို့မလိုက်နာ

YBS ကားများတွင် ယာဉ်နောက်လိုက်ထားခွင့်မပြုတော့သော်လည်း ယာဉ်လိုင်းအချို့မလိုက်နာ

YBS ဘတ်စ်ကားများ တွင် ဇူလိုင် ၂၁ ရက်က စ၍ ယာဉ် နောက်လိုက်ထားခွင့်မပြုတော့ ဟု ဆိုသော်လည်း ယာဉ်လိုင်းအ များစုတွင် ဆက်လက်လုပ်ကိုင်မှု များရှိနေကြောင်း သတင်းရရှိ သည်။

ယာဉ်နောက်လိုက်အသုံးပြု ခြင်းကို ဖျက်သိမ်းကြောင်းသတ် မှတ်သည့်နေ့တွင် ယာဉ်အချို့သာ Cash Box(ယာဉ်စီးခထည့်ရန်ပုံး) ထားရှိ၍ ခရီးသည်ကိုယ်တိုင် ယာဉ်စီးခထည့်စီးနင်းစေသည့် စနစ်ကို ကျင့်သုံးခြင်းရှိကြောင်း ခရီးသွားများက ပြောသည်။

‘‘ဒီနေ့ကားတွေမှာ စပယ် ယာမပါတော့ဘူးဆိုလို့ သတိထား ကြည့်နေတာ။ အရင်လိုပဲ မှတ် တိုင်မှာ ခရီးသည်ခေါ်တာတွေ၊ ယာဉ်စီးခကောက်တာတွေ တွေ့ ရတယ်’’ဟု မြောက်ဥက္ကလာပမြို့ နယ်မှ ခရီးသွားတစ်ဦးက ပြော ကြားသည်။

အချို့ YBS ဘတ်စ်ကားများ မှာ ယာဉ်နောက်လိုက်က ခရီး သည်ခေါ်ခြင်း၊ ယာဉ်စီးခကောက် ခံခြင်းမရှိသော်လည်း ယာဉ်အကူ အဖြစ် ကားပေါ်သို့ လိုက်ပါ၍ ယာဉ်စီးခကို ပုံးအတွင်း ထည့်ရန်  ခရီးသည်ကို အသိပေးပြောကြား သည့် အလုပ်လုပ်ကိုင်ခြင်းများ တွေ့ရကြောင်း ကုမ္ပဏီဝန်ထမ်း ကိုညီညီအောင်က ပြောသည်။

 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YR TA) က YBS ဘတ်စ်ကားများတွင် Cash Box များကို ဇူလိုင် ၂၀ ရက်နောက်ဆုံးထား တပ်ဆင်စေပြီး  ၂၁ ရက်ကစ၍ ယာဉ်နောက် လိုက်များ လိုက်ပါမှုစနစ်ကို ဖျက် သိမ်းကြောင်း ကြေညာထားသည်။

ယာဉ်နောက်လိုက်များ လုပ် ကိုင်ခွင့်ရပ်ဆိုင်းစေခြင်းနှင့်ပတ် သက်၍ ပြန်လည်သုံးသပ်ဖြေ လျှော့ရန် ဇူလိုင် ၂၀ ရက်တွင် ယာဉ်လုပ်သားများ တောင်းဆိုခဲ့သည်။

‘‘အခုထိတော့ ဘာမှ ထပ် မကြေညာသေးဘူး။ ဟွန်ဒိုင်းကား အသစ်တွေကလွဲရင် အရင်ဂျပန် ကားတွေမှာ လိုအပ်ချက်အရ ယာဉ်အကူယာယီဆက်လုပ်ခွင့် ပေးထားတယ်လို့လည်း ကြား တယ်။ ဒါကြောင့်လည်း တချို့ ယာဉ်နောက်လိုက်တွေ ဒီနေ့ (ဇူ လိုင် ၂၁)ရက်မှာ ဆက်လိုက်နေ ကြတာ’’ဟု ဇူလိုင် ၂၀ ရက်က ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် အမှတ်(၄၀) ယာဉ်လိုင်းမှ ယာဉ် မောင်း ကိုဉာဏ်လင်းအောင်က ပြောသည်။

YRTA သည် ယာဉ်နောက် လိုက်များ ဘတ်စ်ကားပေါ် ဆက်လက်ထားရှိစေခြင်းမပြုတော့ဟူသော ဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ပေးရန် မရှိတော့ကြောင်း ယင်းအဖွဲ့၏အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဇူလိုင် ၂၀ ရက်တွင် 7Day Daily အား ပြောကြားထားသည်။

 စီမံချက်စတင်သည့် ပထမ ရက်၌ ယာဉ်နောက်လိုက်များ ဘတ်စ်ကားများပေါ်တွင် ဆက် လက်လိုက်ပါလုပ်ကိုင်နေခြင်းနှင့် ပတ်သက်၍လည်း YRTA အဖွဲ့ က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

YRTA မှ တာဝန်ရှိသူတစ်ဦး ကမူ ယာဉ်နောက်လိုက်များ လိုက်ပါခွင့်မရှိတော့ဟူသော ကြေညာ ချက်သာ အတည်ဖြစ်ပြီး ဖြေလျှော့မှုနှင့်ပတ်သက်၍ သီးခြားထုတ် ပြန်ထားခြင်း မရှိသေးသော ကြောင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များက စိစစ်အရေးယူခြင်း ဆက်လုပ်ရန်ရှိကြောင်း ပြောကြားသည်။

7Day News

No comments:

Post a Comment