Latest News

Saturday, July 22, 2017

ကျိုက်ထီးရိုးက တိုင်ကြားစာအများဆုံး ရရှိ၊ ဖြေရှင်းပေးနေ

ကျိုက်ထီးရိုးက တိုင်ကြားစာအများဆုံး ရရှိ၊ ဖြေရှင်းပေးနေ


ကျိုက်ထီးရိုးစေတီတော်မှာလည်း အလှူငွေတွေ တိုးတက်ရရှိလာပါတယ်။


နေပြည်တော်၊ ဇူလိုင် ၁၉- မြန်မာနိုင်ငံအတွင်း တန်ခိုးကြီး ဘုရားထဲမှာ တစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုးစေတီတော်က တိုင်ကြားစာအများဆုံးရောက် ရှိတာကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းပေးခဲ့ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဇာနည်ဝင်းက“ကျိုက်ထီးရိုးက တိုင်ကြားစာ အများဆုံး ရောက်တယ်၊အဲဒါကြောင့်မို့လို့လဲ ကျိုက်ထီးရိုးကိုစပြီးဖြေရှင်းပေးရတာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ရွှေတိဂုံစေတီတော်၊ ကျိုက်ထီးရိုးစေတီတော်နဲ့ မန္တလေး မဟာမြတ်မုနိစေတီတော် ကြီး အပါအဝင် တန်ခိုးကြီး ဘုရား သုံးဆူကို ပဲ စီမံခန့်ခွဲနေပါတယ်။ ကျန်တန်ခိုးကြီး ဘုရားတွေအတွက် သက်ဆိုင် ရာ ပြည်နယ်နဲ့  တိုင်းဒေသကြီးအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးရာမှာ အလှူငွေရရှိမှု ပမာဏများစွာ တိုးတက်ရရှိလာတာလည်း တွေ့ရပါတယ်။

ဦးဇာနည်ဝင်းက “အလှူခံငွေတွေ တိုးတက်တယ်၊ စည်းနဲ့ကမ်းနဲ့ ဖြစ်သွားအောင် ဂေါပက စဉ်းမျဉ်းတွေ ပြင်တယ်၊ဂေါပကတွေကို အပြောင်းအလဲ ဖြစ်အောင် လုပ်တယ်၊ ခေတ်နဲ့ လိုက်လျောညီထွေတဲ့ ဆောင်ရွက်ချက်တွေကိုလဲ လုပ်တာပေါ့၊ ဒါတွေကလဲ သာသနာကို သန့်ရှင်းအောင်လုပ်တာပါပဲ”လို့ ပြောပါတယ်။


တိုင်ကြားစာအနေနဲ့ ရောက်ရှိ လာတဲ့ စာတွေကို အချက်အလက် နဲ့ ခိုင်မာမှု ရှိ မရှိ၊ သက်ဆိုင်ရာ နယ် မြေမှာ ရှိတဲ့ အဖွဲ့အစည်းတွေကို ပြန်လည်စိစစ်စေပြီးမှ ဝန်ကြီးဌာန ရုံးအနေနဲ့ ဆုံးဖြတ်ချက်ချမှတ် တယ်လို့ သိရပါတယ်။
ကျိုက်ထီးရိုးစေတီတော်ရဲ့ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ရရှိတဲ့ အလှူငွေမှာ ၁.၆ ဘီလျံရရှိခဲ့ ပြီး ၂၀၁၆-၂၀၁၇ ရာသီပွဲတော်ထိ ရရှိခဲ့တဲ့ အလှူငွေမှာ ၅.၁၇ ဘီ လျံရရှိခဲ့တာကြောင့် ၃.၅၇ ဘီလျံ ပိုပြီး ရခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ရွှေတိဂုံစေတီ တော်ကြီးရဲ့ တစ်နှစ်အတွင်းရရှိတဲ့ အလှူငွေမှာ ၅၈ ဘီလျံကျော်ပြီး အမေရိကန်ဒေါ်လာ ၁၄၈ သိန်း ကျော် ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အလှူငွေ ၆၀ ဘီလျံကျော် ရရှိခဲ့တာကြောင့် နှစ်ဘီလျံကျော်နဲ့ အ မေရိကန်ဒေါ်လာ တစ်သိန်းကျော်ပိုပြီး ရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း မဟာမြတ်မုနိဘုရားကြီးရဲ့  အလှူငွေရရှိ မှုမှာ ၆.၄၆ ဘီလျံကျော်၊ ၂၀၁၆ ခု နှစ်မှာ ၈.၇၁ ဘီလျံကျော်နဲ့ ၂၀၁၇ ခုနှစ်မှာ ၁၁့၉၃ ဘီလျံကျော်ရရှိတယ်လို့ သိရပါတယ်။

ဘုရားကြီး သုံးဆူမှာ တာဝန် ထမ်းဆောင်နေတဲ့ ဂေါပကတွေကို ၂၀၁၆ မေလက စပြီး ပြောင်းလဲခန့်အပ်ခဲ့တယ်။

Author / မိုးမိုး
kumudra

No comments:

Post a Comment