Latest News

Saturday, July 22, 2017

တစစီဖြုတ်နိုင် ဆင်နိုင်တဲ့ MODULAR စမတ်ဖုန်း တစ်မျိုးကို FACEBOOK ဖန်တီးနေ

တစစီဖြုတ်နိုင် ဆင်နိုင်တဲ့ MODULAR စမတ်ဖုန်း တစ်မျိုးကို FACEBOOK ဖန်တီးနေ

Google ရဲ့ Project Ara အကြီးအကဲဟောင်းမှ ဦးဆောင်ပြီး အကောင်အထည်ဖော်နေတာပါ။ပြီးခဲ့တဲ့ နှစ်နှစ်က Google ဟာ Project Ara နာမည်နဲ့ modular စမတ်ဖုန်းတွေ ထုတ်ဖို့ ကြိုးစားပြီး တစ်နှစ်ကျော်အကြာမှာ ဒီပရောဂျက်ကို လုံးဝရပ်တန့် ပစ်လိုက်ရပါတယ်။ အခုတော့ Google ရဲ့ အိပ်မက်ကို Facebook က အကောင်အထည်ဖော်နေပြီ လို့ ဆိုပါတယ်။

modular စမတ်ဖုန်း တွေဟာ သဘောအားဖြင့် ပင်မ main board ကြီးတစ်ခုပါပြီး ကင်မရာနဲ့ ဘက်ထရီတွေ က သက်သက် ထပ်ချိတ်ထားတာ ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းတွေ အကုန်လုံးက ဖြုတ်တပ်ရလွယ်တဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ကိုယ်ကြိုက်တဲ့ ပစ္စည်း brand တွေနဲ့ ပြန်လဲလို့ ရပါတယ်။ အစိတ်အပိုင်း တစ်ခုချင်းစီကို သီးခြားစီ အဆင့်မြှင့်တင်လို့ ရတဲ့ modular smartphone တွေဟာ အနာဂါတ် စမတ်ဖုန်း နည်းပညာ တစ်ခု အဖြစ် မျှော်လင့်ခဲ့ပေမယ့် ဒီပရောဂျက်ဟာ အခုထိ အောင်မြင်ခြင်း မရှိသေးပါဘူး။
Google ရပ်နားထားတဲ့ ဒီပရောဂျက်ကို ပြန်အသက်သွင်းဖို့ အတွက် Facebook ရဲ့ လျှို့ ဝှက်ဟာ့ဒ်ဝဲလ်ဌာန Building 8 မှ ပြန်ပြီး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ Facebook ရဲ့ modular smartphone ပရောဂျက်ကို DARPA ရဲ့ ညွှန်ကြားရေးမှူး ရီဂျင်နာ ဒူဂန်က ဦးဆောင်ပြီး အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

Facebook ရဲ့ စမတ်ဖုန်း ပုံကြမ်း

ယခုပရောဂျက်အတွက် မူပိုင်ခွင့်လည်း လျှောက်ထားပြီး ဖြစ်သလို နည်းပညာမူပိုင်ခွင့်မှာ သမရိုးကျအီလက်ထရောနစ် ထုတ်ကုန်များမှာ ဖြစ်တတ်တဲ့ အကုန်အကျမြင့်ပြီး အလေအလွင့်များမှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ နဲ့ သူ့ အတိုင်းအတာနဲ့ သူ အသုံးပြုပြီးနောက် စွန့် ပစ်ရလွယ်ကူတဲ့ တစ်စစီ ဖြုတ်နိုင် တပ်နိုင်တဲ့ လျှပ်စစ်သံလိုက်စနစ်သုံး ထုတ်ကုန် တစ်ရ့ပ်လို့ အသေးစိတ်ဖော်ပြထားပါတယ်။ မူပိုင်ခွင့်ထဲမှာ ဖြစ်နိုင်ချေ ထုတ်ကုန်အမျိုးအစားစာရင်းအဖြစ် စမတ်ဖုန်းနဲ့ စမတ်စပီကာ နှစ်မျိုးစလုံးကို ရည်ညွှန်းထားပါတယ်။

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်ကြီးတစ်ခုဖြစ်တဲ့ Facebook အနေနဲ့ အခုလိုမျိုး modular devices လောကထဲ ဘာကြောင့် ဝင်လာခဲ့သလဲ မသိရသေးပါဘူး။ တစ်ခုရှိတာက Building 8 အကြီးအကဲ ဒူဂန်ဟာ အရင်ကတည်းက Google ရဲ့ အဆင့်မြင့်နည်းပညာနဲ့ ပရောဂျက်ကဏ္ဍ အကြီးအကဲ အဖြစ် တာဝန်ယူပြီး Project Ara လို့ ခေါ်တဲ့ modular smartphone ထုတ်လုပ်ဖန်တီးရေးမှာ တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးတာဖြစ်လို့ ယခုတစ်ကြိမ်ဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

င်္Facebook ဟာ AI ပိုင်း ပရောဂျက် များနဲ့ bots များကို အဓိကထားပြီး စမ်းသပ်လေ့လာနေတယ်လို့ သတင်းထွက်ထားပါတယ်။ အခုချိန်မှာတော့ စမတ်ဖုန်း လို လူသုံးနည်းပညာ ထုတ်ကုန်များကို ဦးလှည့်လာနေပြိ ဖြစ်ပါတယ်။ အနာဂါတ်မှာ Facebook ထုတ် စမတ်ဖုန်း တွေကို ကိုင်ရမလားဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

Duwun

No comments:

Post a Comment