Latest News

Tuesday, July 11, 2017

ရွှေတိဂုံစေတီတော် အလှူငွေများ အပ်နှံထားမှုအပေါ် ဘဏ်အတိုးမပေးနိုင်ဟု သာသနာရေးဝန်ကြီးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ် ပြန်လည်ရှင်းလင်း

ရွှေတိဂုံစေတီတော် အလှူငွေများ အပ်နှံထားမှုအပေါ် ဘဏ်အတိုးမပေးနိုင်ဟု သာသနာရေးဝန်ကြီးပြောကြားချက်နှင့်ပတ်သက်၍ မြန်မာ့စီးပွားရေးဘဏ် ပြန်လည်ရှင်းလင်း

 မြန်မာ့စီးပွားရေးဘဏ် က ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ အပ်နှံထားသော ငွေကြေးနှင့်ပတ်သက်၍ အဆိုပါအပ်ငွေ စာရင်းအပေါ် အတိုးငွေကျပ် ၁၇ ဒသမ ၇ ဘီလီယံပေးပြီးဖြစ် ကြောင်း မြန်မာ့စီးပွားရေးဘဏ် က ထုတ်ပြန်ကြေညာသည်။


ရွှေတိဂုံစေတီတော် အလှူ ခံရငွေ ကျပ်ဘီလီယံ ၆၀ ကျော် အတွက် ဘဏ်က အတိုးမပေးနိုင် ၍ အစိုးရငွေတိုက်စာချုပ်များကို ၁၂ နှစ်စာ ဝယ်ထားရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သတ္တမအ ကြိမ် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ ၄၇ ပါး စုံညီအစည်းအ ဝေး ဒုတိယမြောက်နေ့ ဇူလိုင် ၃ ရက်တွင် မီဒီယာများအား ပြော ကြားမှုအပေါ် ရှစ်ရက်အကြာ၌ မြန်မာ့စီးပွားရေးဘဏ်က ယခုကဲ့ သို့ ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေးဘဏ် သည် အပ်ငွေစုစုပေါင်းအတွက် ၂၀၁၇ မတ်လကုန်ထိ အတိုးငွေကျပ် ၁၇ ဒသမ ၇ ဘီလီယံ ကျော်ပေးအပ်ထားပြီး ငွေတိုက် စာချုပ်ဝယ်ယူမှုသည်   ဂေါပက အဖွဲ့၏ ဆုံးဖြတ်ချက်သာဖြစ် ကြောင်း မြန်မာ့စီးပွားရေးဘဏ် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အပြင် မြန်မာ့စီးပွားရေး ဘဏ်၏ ရှင်းလင်းချက်တွင် ရွှေ တိဂုံစေတီတော် အလှူခံရငွေများ ကို ရန်ကုန်မြို့ရှိ ငွေစုဘဏ်ခွဲနှစ် ခု၌ ငွေစုဘဏ်အပ်ငွေ (Saving Deposit) အဖြစ် အများဆုံးအပ်နှံ ထားပြီး အတိုးပိုမိုရရှိရန် သက် တမ်း ၁၂ နှစ် ငွေစုလက်မှတ်အပ် ငွေနှင့် စာရင်းသေအပ်ငွေများကို ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်အပ်နှံထားရှိဟုပါရှိသည်။ အဆိုပါ အပ်ငွေများအတွက် သတ်မှတ် ကာလစေ့ရောက်ချိန်တိုင်းတွင် ကျသင့်အတိုးများကို ထည့်သွင်း ပေးထားကြောင်း အဆိုပါထုတ် ပြန်ချက်၌ ပါရှိသည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကလည်း ၁၂ နှစ် သက်တမ်း ငွေစုလက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ဘဏ်စု ဆောင်းငွေများအတွက် မြန်မာ့ စီးပွားရေးဘဏ်က အတိုးငွေများ ထုတ်ပေးနေကြောင်း ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။

ရွှေတိဂုံစေတီတော်၏ အ လှူငွေ ကျပ် ဘီလီယံ ၆၀ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲ ၁၊ ၂ နှင့် ၄ တွင် အပ်နှံထားပြီး ၁၂ နှစ် သက်တမ်းရှိသည့် ငွေစုလက်မှတ် ကျပ် ၈ ဘီလီယံကို မြန်မာ့စီးပွား ရေးဘဏ် ၁ နှင့် ၂ တွင် ဝယ်ယူ ထားသည်ဟု ဆိုသည်။ ထို့အပြင် ကန်ဒေါ်လာ ၁၅ သန်းခန့်ကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် တွင် အပ်နှံထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
7Day News

No comments:

Post a Comment