Latest News

Sunday, June 11, 2017

Morning Star စားသောက်ဆိုင်ကို ဖယ်ရှား

Morning Star စားသောက်ဆိုင်ကို ဖယ်ရှား

ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီးမှာ ဖွင့်လှစ်ထားတဲ့ Morning Star စားသောက်ဆိုင်ကို ရဲတပ်ဖွဲ့၊ စည်ပင် နဲ့ သစ်တောဦးစီးဌာနတို့က ဖြိုချဖယ်ရှားခဲ့ပါတယ်။

အဲဒီဆိုင်ကို ဖယ်ရှားပေးဖို့ သတိပေးစာ အကြိမ်ကြိမ်ပေးပို့ခဲ့ပေမယ့် မဖယ်တာကြောင့် အခုလို ဖျက်လိုက်တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမော် က ပြောပါတယ်။

Morning Star စားသောက်ဆိုင်မြေနေရာဟာ သစ်တောဦးစီးဌာနပိုင်ဖြစ်ပြီး ၂၀၀၂ခုနှစ်ကစပြီး ငှားရမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၃ မတ်လကစပြီး ငှားရမ်းခ ကောက်ခံခြင်းမရှိတော့ဘဲ ၂၀၁၃ ခုနှစ် သြဂုတ်လ နောက်ဆုံးထားဖယ်ရှားပေးဖို့ စတင်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီဆိုင်မြေနေရာကို သစ်တောဦးစီးဌာနက ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Photo: Kaung Htet Kyaw/RFA

No comments:

Post a Comment