မုန်တိုင်းအရှိန်ကြောင့် ရေကြီးနိုင်ဟု ဦးထွန်းလွင်သတိပေး
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသများ မိုးကောင်းခဲ့ပြီး ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းတောင်ပိုင်းဒေသတို့တွင် ရေဖုံးလွှမ်းခံရမှုအလားအလာ မြင့်တက်နေကြောင်း ဒေါက်တာထွန်းလွင်က ယနေ့ (ဇွန်လ ၁၁ရက်) နေ့လည်တွင် သတိပေးသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မကျော်ခန့်အထိ မိုးရွာသွန်းခဲ့ပြီး ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းတောင်ပိုင်း၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကောင်းနေ၍ ရေဖုံးလွှမ်းခံရမှုအလားအလာ မြင့်တက်နေခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။
လေဖိအားနည်းရပ်ဝန်းသည် ဇွန်လ ၁ဝ ရက် ညနေတွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိ လာခဲ့ခြင်းဖြစ်ပြီး မိုရာမုန်တိုင်းဒဏ်ခံခဲ့ရသော ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် ဇွန်လ ၁၂ ရက်အထိ လေပြင်းဒဏ် သတိပြုရန် သတိပေးထားသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment