Latest News

Wednesday, June 14, 2017

ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်မှ တပ်ဖွဲ့ဝင်များအပေါ် မောက်မာစွာ ဆက်ဆံနေမှုများ အား အထက်တာဝန်ရှိသူများမှ ခေါ်ယုသတိပေးဆုံးမပေးနိုင်ရေး အတွက် တင်ပြခြင်း


ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်မှ တပ်ဖွဲ့ဝင်များအပေါ် မောက်မာစွာ ဆက်ဆံနေမှုများ
အား အထက်တာဝန်ရှိသူများမှ ခေါ်ယုသတိပေးဆုံးမပေးနိုင်ရေး အတွက် တင်ပြခြင်း

ဧရာဝတီတိုင်းဒေသကြီးမှဒုတိုင်းရဲတပ်ဖွဲ့မှူးကြီးလှိုင်တင့်သည်ရဲတပ်ဖွဲ့သို့စစ်ဘက်မှပြောင်းရွှေ့လာသူ
တစ်ဦးဖြစ်ပြီးအလွန်မောက်မာသူတစ်ဦးဖြစ်ပါသည်.

ဒုရဲမှူးကြီးဖြင့်ရှမ်းပြည်ဘက်တွင်ဦးစီးပထမတန်းဖြင့်နေခဲ့ဘူးပြီး အပြောင်းအရွှေ့များနှင့်ပတ်သက်ပြီး
ရှမ်းပြည်ရဲတပ်ဖွဲ့တွင် ဝင်ရောက်စွက်ဖက်ကာငွေအချို့ အားလာဘ်ငွေ ရရှိထားသူလည်းဖြစ်ပြီး ရဲမှူးကြီးရာထူးဖြင့်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုင်းမူးဖြစ်ချင်လွန်းပြီး ဧရာဝတီသို့ ဒုတိုင်းမှူး
အဖြစ်ရောက်အောင်ပြောင်းရွှေ့ လာသူလည်းဖြစ်ပါသည်

ဒုတိုင်းမှူး ဆိုသော်လည်း တိုင်းတပ်ဖွဲ့မှူးကဲ့သို့ ပါဝါယူပြီးအစည်းအဝေးတွင် မိတ်ဖက်တပ်ဖွဲ့များ အားမလိုအပ်ပဲအကြာကြီးထိုင်ခိုင်းထားခြင်း စည်းအဝေးပြုလုပ်ချိန်တွင်မိတ်ဖက် တပ်ဖွဲ့များမှ တာဝန်ခံများ
မအားလစ်သဖြင့်ဒုတာဝန်ခံ အရာရှိများ တက်ရောက်သည့်အခါသူ့အား
ဂရုမစိုက်ခြင်းလားဟု ဆိုကာမာန်မဲတက်ခြင်း

မင်းတို့ တပ်ဖွဲ့မှူးအားအစည်းအစေးပြီးလျှင်တိုင်မှာဟုခြမ်းခြောက်ခြင်းများပြုလုပ်ရာမိတ်ဖက်တပ်ဖွဲ့များမှ
မလိုလားသော်လည်းသည်းခံပြီးနေနေရပါသည်။

ဧရာဝတီတွင် လည်းပြောင်းရွှေ့ခြင်းများဆောင်ရွက်ရာတွင်ရှမ်း ကဲ့သို့ထင်မှတ်ပြီး တပ်ဖွဲ့ဝင်များ
မိသားစုနှင့်နီးစပ်ရန်ပြောင်းရွှေ့မူ့ တင်ပြရာတွင်လည်း စွက်ဖက်ပါသည်

လိုအပ်ချက်အရ တိုင်းမှူးမှ စခန်းမှူးနေရာ တာဝန်ပေးအပ်ပါကလည်း သူနှင့်ရင်းနှီးကျွမ်းကျင်သူကို
သာစဉ်းစားပါသည် တိုင်းမှူးမှာ စိတ်သဘောထားကောင်းသလောက်
ထိုသူမှာ အစည်းအဝေးများတွင် တိုင်းတပ်ဖွဲ့မှူးမှလူကြီးစိတ်ဖြင့် မသိကျေးကျွန်ပြုသည်ကို
ထိုသူမှဖော်ထုပ်ပြောကြားကာ အရှက်ခွဲလေ့ရှိသဖြင့်တိုင်းမှူးမှ မဆူချင်ပဲ ဆူရပါသည်

ဒုတိုင်းမှူးရဲမှူးကြီးလှိုင်တင့်သည် သူနှင့်ပက်သက်ဆက်နွယ်သည့်ဆောက်ဌာန(အဆောက်အဦး)
နှင့်မော်တော်ယာဉ်ဌာန ဆိုလျှင် နည်းနည်းမှအပြစ်တင်ခြင်းကြိမ်းမောင်းခြင်း
မရှိပါ ဆီရောင်းရသည်ကိုး. အဆောက်အဦးကစ္စမှာလည်းသူခေတ္တ တိုင်းမှူးလုပ်စဉ် အချုပ်ခန်း သံတံခါးများပြုပြင်တပ်ဆင်သည့် ကိစ္စနှင့်ပက်သက်ပြီး သူနှင့်ပက်သက်သည့်
သံပန်း တံခါးလုပ်သူများကို သာလုပ်ခိုင်းပြီးယခုထိဧရာဝတီတိုင်းတွင် တပ်ရမည့်စခန်းများ တစ်ဝက်ပင်မပြီးသေးပါ

သူသည်ဆောက်မှ အရာရှိနှင့်ပေါင်းကာ ထိုသူရဲမှူးကြီးလှိုင်တင့် အကြိုက်စီမံသုံးစွဲပြီးနိုင်ငံဘဏ္ဍာများအား
အလွဲသုံးစားပြုပါသည် ယခုဌာနချုပ်မှစစ်မည်ဆိုမှသူ
ကိုယ်တိုင် အချို့အခန်းများအားလိုက်ကြည့်ပါသည်။
တိုင်းရုံးတွင် လည်းသူ ရှိပါကဦးစီးအရာရှိ(ပထမတန်း)မှစပြီး ရုံးအလုပ်လုပ်ကိုင်ရာတွင်ပျော်ရွှင်
တက်ကြွမူ့မရှိပါကျန်ဦးစီးအရာရှိများ ဆိုလျှင်ပိုပြီး အဆူအငေါက်ခံရပါ
သည် ပိုဆိုးသည်က တပ်ဖွဲ့ပုံသဏ္ဍန် နှင့်တပ်ဖွဲ့စိတ်ကိုနားမလည်ခြင်းဖြစ်သည်

သူ့အား ပိုက်ဆံမပေးသောမြို့နယ်မှူးဆိုလျှင်စခန်းမှူးဆိုလျှင် ထုတ်ပါတော့သည် ထိုသူသာတပ်ဖွဲ့မှူးဖြစ်ပါကထို တိုင်းပြည်နယ်မှတပ်ဖွဲ့ဝင်များစိတ်ဆင်းရဲရပါလိမ့်မည်

သူ ရုံးတက်ပါက အခန်းအတွင်းအလုပ်လုပ်နေသောဦးစီးအရာရှိ (ပထမတန်း) မှ ထွက်ပြီးအရိုအသေပေးရ
ပါသည် ကြိုမှကြိုက်ပါသည် ရုံးဆင်းချိန်ကျော်သွားပြီးG lမှအလုပ်ပြီးလို့ပြန်သွား လျှင်လည်းအပြစ်ပြော
ပါသည်

အခြားသော ကိစ္စရပ်များလည်းရှိနေပြီးသူရဲ့အတ္တကြီးမှုကြောင့်ဖြစ်သော အလုပ်ကိစ္စများတွင်လည်း
လက်ထောက်ဌာနဦးစီးအရာရှိများ အားထိုးချတာဝန်ယူစေပါသည်

ထိုကြောင့်ဧရာဝတီတိုင်းဒေသကြီးမှဒုတိုင်းမှူးရဲမှူးကြီးလှိုင်တင့် အား ဌာနချုပ်မှ အရာရှိကြီးများ
မှခေါ်ယူဆုံးမသတိပေးပါရန်နှင့်တပ်ဖွဲ့စိတ်ဖြင့်ရင်ဝယ်သားပမာအု
ပ်ချုပ်နိုင်စေပါရန်တင်ပြအပ်ပါသည်.

မခံစားနိုင်သည့် တပ်ဖွဲ့ဝင်များ
https://www.facebook.com/292365970934293/photos/a.345864288917794.1073741828.292365970934293/770489456455273/?type=3&theater

No comments:

Post a Comment