Latest News

Saturday, May 6, 2017

မေလ ၁၂ ရက် နောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့ မိုးရွာနိုင်ပြီး လေပြင်းနှင့် မိုးကြိုးအန္တရာယ် ဆက်လက်သတိပြုရန်လို

မေလ ၁၂ ရက် နောက်ပိုင်း မြန်မာနိုင်ငံဒေသအနှံ့ မိုးရွာနိုင်ပြီး လေပြင်းနှင့် မိုးကြိုးအန္တရာယ် ဆက်လက်သတိပြုရန်လို

လတ်တလောတွင် မြန်မာ နိုင်ငံဒေသအများစု၌ နေ့အပူချိန် မြင့်မားနေပြီး ကျန်းမာရေးအရ အန္တရာယ်ရှိသော အပူဒဏ်ကိုခံ စားနေရသည်။ မေလ ၁၂ရက်မှ ၁၈ ရက်အတွင်း မြန်မာနိုင်ငံအ နောက်မြောက်ပိုင်းဒေသများသို့ အနောက်လေစီးကြောင်းနှင့်အ တူ လေဖိအားနည်းရပ်ဝန်းတစ်ခု ၀င်ရောက်မှုကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် မိုးရွာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ သို့ အနောက်တောင်လေများ ၀င် ရောက်လာနိုင်၍ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် တောင်ပိုင်းဒေသ များ၌ နေရာအနှံ့အပြားမိုးရွာနိုင် ကြောင်း ၎င်းက ပြောသည်။

‘‘မေလ ၁၂ ရက်ကနေ ၁၈ ရက်အတွင်းတော့ ဒေသအနှံ့မိုး ရွာပါလိမ့်မယ်။ ဒါကြောင့် အပူ ချိန်တွေ လျော့ကျနိုင်ပါတယ်။ လတ်တလောအချိန်မှာတော့ နေ့ အပူချိန်တွေ မြင့်နေတာရော၊ လေထုမတည်ငြိမ်ဖြစ်စဉ်တွေ ကြောင့် မိုးကြိုးပစ်တာတွေ၊ လေ ပြင်းကျတာတွေ အထူးသတိထား ဖို့ လိုပါတယ်’’ဟု ဒေါက်တာထွန်း လွင်က သတိပေးထားသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း အ ရှေ့ဘက်နှင့်အနောက်ဘက်တို့မှ ရွေ့လျားလာသော လေပွေလှိုင်း များ၏ အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့၌ မေလ ၅ ရက်မှ နောက်သုံးရက်အတွင်း နေရာ ကွက်၍ မိုးရွာနိုင်ကာ လေပြင်း များတိုက်ခတ်ခြင်း၊ မိုးသီးကြွေ ခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သတိ ပေးထားသည်။ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ် နိုင်ကာ လူထုအနေဖြင့် မိုးလေ၀ သဖြစ်စဉ်များကို အထူးဂရုပြုနေ ထိုင်ရန်လိုအပ်ကြောင်း ထုတ် ပြန်ထားသည်။

 မေလ ၁၂ ရက် နောက်ပိုင်းကစကာ မြန်မာနိုင်ငံ ဒေသအနှံ့မိုးရွာနိုင်ပြီး နေ့အပူချိန် များ လျော့ကျနိုင်သော်လည်း လေပြင်းနှင့် မိုးကြိုးအန္တရာယ် ဆက်လက်သတိပြုရန် မိုးလေ၀ သပညာရှင် ဒေါက်တာထွန်းလွင် က ပြောသည်။

(7Day News)

No comments:

Post a Comment