Latest News

Saturday, May 6, 2017

ဘ၀ဟာ ဘာကြောင့် ခက်ခဲရတာလဲ

ဘ၀ဟာ ဘာကြောင့် ခက်ခဲရတာလဲ

မွေးကတည်းကစပြီး ဒီကနေ့ထိ ကျွန်မဖြတ်သန်းခဲ့ရတဲ့ကာလတွေမှာ လွယ်ကူချောမွေ့တာဆိုလို့ မရှိဘူးလို့ဆိုခဲ့ဖူးတာရှိတယ်။ အဲဒါဟာ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ဒီကနေ့ ပြောပြချင်ပါတယ်။

ကလေးဘ၀မှာလည်း အခြားကလေးတွေနည်းတူ မက်မောတဲ့နိုင်ငံခြားဖြစ် ဗိုလ်မအရုပ်လေးတွေကို ငေးကြည့်ရုံကလွဲလို့ပိုင်ဆိုင်ဖို့ အခြေအနေမရှိခဲ့ဘူး။အရုပ်လေးတစ်ရုပ်လောက် လိုချင်တဲ့အခါ `“အဖေ…အဖေ့မှာ ပိုက်ဆံရှိလား`“ လို့အရင်မေးတတ်ခဲ့တယ်။ဈေးသိပ်ကြီးတယ်ဆိုရင် ၀ယ်ပေးဖို့မပူဆာရက်ခဲ့ဘူး။

ဆယ်ကျော်သက်အရွယ်မှာတော့ အခြားသက်တူရွယ်တူမိန်းကလေးတွေလို အ၀တ်အစား ပေါပေါများများ မရှိခဲ့ဘူး၊ အသစ်ဝတ်ချင်တဲ့အခါ အမေ့ရဲ့အကျီာင်္တွေကို သီပြီး ၀တ်ခဲ့ရတယ်။ ကိုယ်ကြိုက်တဲ့အကျီာင်္ထမီကို တွေ့ရင် ငေးကြည့်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး။ အဲလို တစ်စုံလောက် ၀ယ်နို်င်ဖို့ အချိန်တွေအကြာကြီး စုတာတောင်မှ မ၀ယ်နိုင်ခဲ့ဘူး။

တကသိုလ်တက်တဲ့အခါ  ကန်တင်းထိုင်ပြီး မုန့်စားဖို့၊ သူငယ်ချင်းတွေနဲ့အတူတူ ရုပ်ရှင်သွားကြည့်ဖို့ဘယ်တော့မှ မစဉ်းစားရဲဘူး။ အဖေ နိုင်ငံရေးသမားနဲ့ အမေကျောင်းဆရာမ တစ်ယောက်အနေနဲ့သားသမီးကို ပညာတတ်ဖြစ်စေဖို့ ဆိုတာလည်း လွယ်မှ မလွယ်တာ။
အဲဒါကြောင့်သူငယ်ချင်းတွေကြားမှာ ပို်က်ဆံသုံးပြီး ကျောင်းတက်ဖို့ ဆိုတာ ကျွန်မအတွက်တော့မဖြစ်နိုင်ခဲ့ဘူး။ အဲဒီအတွက် ဘ၀ကို စိတ်ပျက်မိပေမဲ့ဆင်းရဲစွာနဲ့တော့ မနေချင်တော့ဘူး။

ကျောင်းမပြီးခင်မှာ အလုပ်လုပ်ခဲ့တယ်။ ကျောင်းတစ်ဖက်နဲ့စာရေးတယ်၊ကလေးတွေကို စာပြတဲ့အလုပ်လည်း လုပ်ပါတယ်။ ပြီးတော့ မိဘကိုထောက်ပံ့တယ်။ ကို်ယ့်ဘ၀အတွက် စာအုပ်တွေ ၀ယ်ခဲ့ဖတ်ခဲ့တယ်။

လက်ထပ်တော့လည်း သူလိုကိုယ်လို ဘ၀သမားကိုပဲ ရွေးချယ်ခဲ့တဲ့အတွက် လက်ထပ်ပွဲကျင်းပဖို့ မင်္ဂလာစရိတ်ကို ကိုယ့်ဟာကိုယ်ရှာဖွေခဲ့ရတယ်။
ဟိုဘက်မိဘ ဒီဘက် မိဘဆီက လက်မဖြန့်ခဲ့ဘဲ ကိုယ့်ပိုက်ဆံလေးနဲ့ကိုယ် မင်္ဂလာဆွမ်းကပ်ခဲ့ရတယ်။

လက်ထပ်ပြီးလို့အမေကြောင့်နေခွင့်ရခဲ့တဲ့အိမ်ကလေးမှာ နေထိုင်ရင်းနဲ့ သတင်းသမားဘ၀နဲ့အနာဂတ်ကို အသက်ဆက်ခဲ့ရင်း ကျွန်မဘ၀ဟာ အမြဲတမ်း ကြိုးတန်းပေါ်မှာပဲ ရှိနေမလား။ ဘာဖြစ်လို့သူများတွေလို မချောမွေ့ရတာလဲ လို့ကိုယ့်ဘ၀ကို မကျေနပ်တဲ့စိတ်နဲ့အတွေး အမြဲရှိနေခဲ့တယ်။

အဲဒီလိုနဲ့၂၀၀၉ = ၂၀၁၀ လောက်မှာ မိသားစု စီးပွားရေးအတွက် မပူပင်ရပေမဲ့ ကျွန်မက မြစ်မခသတင်းအေဂျင်စီ လုပ်ငန်းလေးနဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ဖြစ်တယ်။

ပိုက်ဆံမရှိ၊ နောက်ခံအသို်ငးအ၀ိုင်းမရှိဘဲနဲ့ကိုယ်ပို်ငလုပ်ငန်းလုပ်တဲ့ကျွန်မအတွက် ငွေဆိုတာ အမြဲတမ်း လိုအပ်နေတာပါပဲ။ လိုအပ်ချက်တွေက များလှတာကိုး။

လုပ်ငန်းမှာ ၀င်ငွေနဲ့ ထွက်ငွေ မမျှတဲ့အတွက် လစာပေးခါနီးတိုင်း ပိုက်ဆံအတွက် ခေါင်းခြောက်ရတယ် စိတ်ညစ်ရတယ်။ ဒါပေမဲ့လည်း ၀န်ထမ်းတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ လုပ်ငန်းကလည်း ပိုပိုပြီး ကျယ်ပြန့်လာတယ်။

လုပ်ငန်းကျယ်ပြန်လာပေမဲ့ ၀င်ငွေနဲ့ ထွက်ငွေ မမျှပြန်ဘူး။ အဲဒါကြောင့်ငွေကြေးသောက ရှိနေတုန်းပါပဲ။ အလုပ်ကို ရပ်ပစ်မလား၊ အရှုံးနဲ့ပဲ ဆက်လုပ်မလား ဆိုတာ ဝေခွဲမရခဲ့ဘူး။

တစ်လကို သိန်း ၅၀လောက် ရှုံးနေတယ်၊ လစာပေးဖို့အတွက် ငွေချေးရလွန်းလို့ငွေချေးစရာလူတောင် မကျန်တော့တဲ့ အခြေအနေ ရောက်သွားခဲ့တယ်။လုပ်ငန်းကို အရှုံးနဲ့ယှဉ်ဆိုင်ရတဲ့ကာလတွေမှာ စိတ်ဖိစီးလွန်းလို့ကိုယ့်ကိုယ်ကို သတ်သေရမလားလို့တောင် စဉ်းစားမိခဲ့သေးတယ်။

ဒါပေမဲ့အဲဒီအချိန်မှာ ကျွန်မရဲ့အတွေးအခေါ်အချို့က ပြောင်းလဲသွားတယ်။

ဒါကတော့ဆရာတော်တစ်ပါးရဲ့တရားတော်ကြောင့်ပါ၊ ဆရာတော်ရဲ့ ဘွဲ့အမည်ကို မမှတ်မိပေမဲ့ တရားအသိကိုတော့ လက်ခံရရှိလိုက်ပါတယ်။

အဲဒီနောက်မှာတော့လက်ခံပုံက ပြောင်းသွားတယ်။ မြစ်မခမှာ တစ်လကို သိန်း ၅၀လောက် ရှုံးနေတယ်ဆိုရင် ဒီအလုပ်ကို ဆက်မလုပ်သင့်တော့ဘူး၊ ရပ်လိုက်သင့်ပြီလို့တွေးရမှာပဲ။ ဒါဆို မြစ်မခဟာ ၂၀၁၃-၂၀၁၄ မှာကတည်းက ရပ်သွားတော့မှာ။

ဒီသိန်း ၅၀ ဟာ ရှုံးနေတာမဟုတ်ဘူး၊ ကျွန်မက တစ်လကို သိန်း ၅၀ ထည့်ပြီး ၀န်ထမ်းတွေရဲ့ မိသားစုဝင်တွေရဲ့စားဝတ်နေရေးအတွက် လှူနေတာ၊ စာဖတ်သူတွေအတွက် အသိတရားတွေရရှိစေဖို့အတွက် တစ်လကို ငွေသိန်း ၅၀ ထည့်ဝင်ပြီး သတင်းတွေ ထုတ်လုပ်နေတာလို့တွေးလိုက်ပါတယ်။

ဝန်ထမ်းတွေ…မိသားစုတွေနဲ့…စာဖတ်သူတွေအတွက် လှူနေတာပါလားလို့တွေးကြည့်တော့ ကိုယ့်ကိုယ်ကို အားတက်လာတယ်။တစ်လကို သိန်း ၅၀ထည့်ပြီး အလှူလုပ်နေတယ်ပေါ့။

အဲလိုတွေးလိုက်တော့ တယ်…ဟုတ်ပါလား၊ တစ်လကို သိန်း ၅၀ လောက် လစဉ် လှူနိုင်နေတာ၊ အဲဒီအတွက် ဒီအလုပ်ကို ဆက်လုပ်ရမယ်ဆိုတဲ့အတွေးနဲ့ ရှေ့ဆက်ဖြစ်ပါတယ်။အဲလိုနဲ့ ခုထိရှေ့ဆက်နေတုန်းပဲ။

ကဲတစ်လ တစ်လမှာ မြစ်မခအတွက် ဘယ်လောက်ထည့်ရမလဲ ထည့်မယ် ဒါဟာ အလှူပါပဲ။အဲလိုအပြု သဘောဆန်စွာ တွေးတော့တယ်။

တကယ်တော့ ငွေကြေးအခက်အခဲပဲဖြစ်ဖြစ်၊ လူမှုရေး အခက်အခဲပဲဖြစ်ဖြစ် ကြုံရတာ ခဏပါပဲ။ ၀င်ငွေအချို့ ၀င်သင့်ချိန်မှာ မ၀င်တဲ့အခါ ငွေကြေးအခက်အခဲရှိမယ်။ ငွေတွေ ပြန်ဝင်လာတဲ့အခါ ပြေလည်သွားတယ်.။

ဒီလိုပဲလူမှုရေးပဲဖြစ်ဖြစ် ပညာရေးပဲ ဖြစ်ဖြစ် အခက်အခဲဆိုတာ ရှိတယ်.။ ခဏပါပဲ...အဲဒီအချိန်မှာ ကိုယ့်က အပြုသဘောဆန်စွာ တွေးခေါ်ပြီး ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုတာပါ။

ကျွန်မ သဘောပေါက်သွားတယ်၊ အရာရာမှာ အတွေးအခေါ်က အရေးကြီးတယ်ဆိုတာပါပဲ။ အပြုသဘောဆန်တဲ့ အတွေးအခေါ်နဲ့ရှေ့ဆက်ဖို့လိုတယ်ဆိုတာ ကျွန်မနားလည်သွားတယ်။

ဒီလိုနဲ့ဘ၀မှာ ရှင်သန်ရတာ ပင်ပန်းတယ်၊ ခက်ခဲတယ် ကြမ်းတမ်းတယ်ဆိုတာ အရင်တုန်းက ကျွန်မ လက်ခံခံစားတဲ့အပေါ်မှာ မူတည်ပါလားဆိုတာ သိလာရတယ်။

ကျွန်မရဲ့ဘ၀မှာ တွေ့ခဲ့ရတာတွေက ကျွန်မကို ဖြစ်တည်စေတယ်ဆိုတာ နားလည်လာခဲ့တယ်။ ဆင်းရဲခဲ့တဲ့အတွက် ပိုက်ဆံ ဘယ်လို ရှာနို်င်သလဲ ဆိုတာကို နားလည်ခွင့်ရခဲ့တယ်။ အကြိမ်ပေါင်းများစွာ လဲကျခဲ့ဖူးတဲ့အတွက် လဲကျရင် ဘယ်လို ပြန်ထရမလဲ ဆိုတာ သိလာခဲ့တယ်။အဲလိုနဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံခဲ့ရတဲ့အတွက် စိန်ခေါ်မှုဆိုတာ အခွင့်အလန်းလို့သိခွင့်ရခဲ့တယ်။

တကယ်တော့ ကျွန်မတို့တွေက ဘ၀မှာ တွေ့ကြုံရတဲ့အခက်အခဲတွေနဲ့စိန်ခေါ်မှုတွေကို စိုးရိမ်တဲ့စိတ်နဲ့ ခက်ခဲတယ်လို့လက်ခံတဲ့အတွက် ခက်ခဲတာပါ။  တကယ်လို့သာ အဲလို မဟုတ်ဘဲနဲ့ဒါဟာ ကိုယ့်အတွက်အခွင့်အလန်းပါလားလို့တွေးမိခဲ့ရင်...။

ဒါဟာ ကိုယ့်ရဲ့အရည်အသွေးအတွက် အခွင့်ကောင်းပါလား၊ဘ၀ရဲ့ လှေခါးထစ်လေးတွေပါလားလို့လက်ခံလိုက်တဲ့အခါ အခက်အခဲတစ်ခုကို ဖြတ်သန်းပြီးတိုင်း လှေခါးတစ်ထစ် တက်သွားပြီလို့ နားလည်လာရမှာပဲ။

အပြုသဘောဆန်တဲ့အတွေးနဲ့ဘ၀ကို ဖြတ်သန်းဖို့တိုက်တွန်းအားပေးလိုစိတ်နဲ့ဒီပို့စ်ကို ရေးပါတယ်ရှင်။အပြုသဘောဆန်တဲ့ အတွေးနဲ့ရှေ့ဆက်ကြရအောင်ပါနော်။

မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment