Latest News

Thursday, May 11, 2017

ကားအရောင်းစင်တာ ၂၀ ကျော် ပိတ်သိမ်းခွင့် လျှောက်ထားဟုဆို

ကားအရောင်းစင်တာ ၂၀ ကျော် ပိတ်သိမ်းခွင့် လျှောက်ထားဟုဆို

ကားအရောင်းစင်တာ ၂၀ ကျော်က ပိတ်သိမ်းရန် လာ ရောက်လျှောက်ထားသော်လည်း အပ်ကုန်စနစ်ဖြင့် တင်သွင်းထား သည့်ကားများ စာရင်းရှင်းပြီးမှ သာ ခွင့်ပေးမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။

ကားအရောင်းစင်တာနှင့် အရောင်းပြခန်း အချို့သည် သတ်မှတ်ထားသော စံနှုန်းများ အတိုင်း နေရာပြောင်းရွှေ့ရန် အခက်အခဲရှိသဖြင့် ပိတ်သိမ်းရန် လျှောက်ထားခြင်းဖြစ်သည်။

‘‘တချို့က နေရာငှားရမ်းပြီး ဖွင့်လှစ်ကြတယ်။ စံနှုန်းသတ်မှတ် ချက်နဲ့ ကိုက်ညီမယ့်နေရာ ပြောင်းရွှေ့ဖို့ ဈေးနှုန်းကြီးမြင့်မှု တွေရှိတဲ့အတွက် ပိတ်သိမ်းပြီး ပြန်အပ်ဖို့ လျှောက်ထားတာဖြစ် ပါတယ်’’ဟု ၎င်းက ပြောကြား သည်။

ပြည်တွင်း၌ ကားအရောင်း စင်တာနှင့် အရောင်းပြခန်း၂၀၀ ကျော်ရှိပြီး အရောင်းစင်တာနှင့် အရောင်းပြခန်းများ၏ သတ်မှတ် ချက်များကို ၂၀၁၅ နှစ်လယ်တွင် သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့သတ်မှတ်ချက်နှင့် ကိုက်ညီ ခြင်းရှိ၊ မရှိ ပြီးခဲ့သည့်ဖေဖော်ဝါရီ တွင် သက်ဆိုင်ရာတာဝန်ရှိသူများ က စစ်ဆေးခဲ့သည်။

စစ်ဆေးမှုရာတွင် ရောင်းချ ပြီးကားများ၏ ငွေလွှဲလက်ကျန် များခြင်း၊ ပြည်တွင်းသို့တင်သွင်း ပြီး ၂နှစ်သက်တမ်း ကျော်လွန် သော ကားများခြင်းနှင့် အခွန် ဆောင်ရမည့် ချို့ယွင်းချက်များရှိ ခြင်း စသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသောအချက်များ စစ် ဆေးတွေ့ရှိခဲ့သည်။

ကားအရောင်းစင်တာများ ပိတ်သိမ်းရသည့်အကြောင်းရင်း တွင် ရန်ကုန်လိုင်စင်မချပေးခြင်း၊ အရောင်းပြခန်း အကျယ်အဝန်း ဧရိယာသတ်မှတ်ချက်များ တိုးမြှင့် လာခြင်း၊ မြေငှားရမ်းခများဈေး မြင့်တက်လာခြင်းနှင့် မော်တော် ယာဉ်မူဝါဒများ မတည်ငြိမ်ခြင်း တို့ကြောင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့ရ ကြောင်း မော်တော်ယာဉ်တင် သွင်းရောင်းဝယ်ရေး လုပ်ငန်းရှင် အချို့က ပြောကြားသည်။

7Day News Journal

No comments:

Post a Comment