ဘင်္ဂါလီအရေး ပူးတွဲဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်
သတင်းစကားပါး
ဘင်္ဂါလီအရေးကို နှစ်နိုင်ငံအတူ အဖြေရှာသင့်ပြီး အပြန်အလှန်ဆွေးနွေးမှုဖြင့် ဖြေရှင်းလိုကြောင်း မြန်မာသို့ပြန်လည်ထွက် ခွာမည့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးမှတစ်ဆင့်မြန်မာအစိုးရထံသို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာက သတင်းစကားပါးခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပြီး ဆုံး၍ မြန်မာသို့ ပြန်လည်ထွက်ခွာ မည့် ဦးမျိုးမြင့်သန်းကို မေလ ၉ ရက်က ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရုံးတွင် နှုတ်ဆက်တွေ့ ဆုံစဉ် သတင်းစကားပါးခြင်း ဖြစ် ကြောင်း မစ္စဟာဆီနာ၏ပြန်ကြား ရေးအရာရှိ အီဆန်နျူကာရင်မ်က သတင်းထောက်များအား ပြော ကြားသည်။
‘‘ဒီပြဿနာအတွက် အဖြေ တစ်ခုကို ရှာဖို့ နှစ်ဖက်စလုံးက အတူတကွ အဖြေရှာသင့်တယ်ဆို တာကို ရှင်တို့ရဲ့အစိုးရထံ ကျေး ဇူးပြုပြီး သတင်းစကားပို့ပေးပါ။ ကျွန်မတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံ တွေနဲ့ ဘယ်လိုပြဿနာမျိုးကိုမ ဆို အပြန်အလှန်ဆွေးနွေးမှုက တစ်ဆင့် ဖြေရှင်းဖို့ဆန္ဒရှိပါတယ်’’ဟု မစ္စဟာဆီနာက ပြောကြား သည်။
အောက်တိုဘာ ၉ ရက် အ ကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း နယ်မြေရှင်းလင်းရေး စစ်ဆေး ရေးများကြောင့် မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး ဝင်ရောက်သော ဒုက္ခသည်များ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူမှုရေးဖိအားနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ဖိအားများ ဖန်တီးနေကြောင်း မစ္စဟာဆီနာက ပြောကြားပြီး ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်းထား)အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်၏ အနေအထားကို ထပ်တလဲလဲပြောသည်ဟု ပြန်ကြား ရေးအရာရှိက သတင်းထောက် များအား ပြောကြားသည်။
ယခင်က ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယ သုံးနိုင်ငံနယ်စပ်ရှိ စစ်တကောင်းတောင်တန်းဒေသ ၌ ဖြစ်ပွားသော ပဋိပက္ခများ ကြောင့် အိန္ဒိယနိုင်ငံတွင်းသို့ ထွက်ပြေးခဲ့သော ဘင်္ဂလားဒေ့ရှ်ဒုက္ခ သည်များကို ၁၉၉၇ တွင် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် စစ်တကောင်း တောင်တန်းဒေသ ဌာနေတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကြား ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးသဘော တူညီချက် လက်မှတ်ရေးထိုးပြီး နောက် ဘင်္ဂလားဒေ့ရှ်က ပြန် လည်ခေါ်ယူလက်ခံခဲ့သည့် ဖြစ် ရပ်ကို မစ္စဟာဆီနာက မြန်မာသံ အမတ်ကြီးအား နမူနာပြောပြခဲ့ ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများကို ဆန့်ကျင်သော မည် သည့်အကြမ်းဖက်လှုပ်ရှားမှုမျိုး ကိုမျှ ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင် လုပ်ခွင့်ပြုမည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာ သံအမတ်ကြီးက လည်း မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီအရေးဖြေရှင်းရန် အလေးအနက်ဆောင်ရွက်နေပြီး ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက်အချို့ကို အကောင်အထည်ဖော်ရန် သဘောတူထားကြောင်း ရှင်းပြခဲ့ သည်။
ဘင်္ဂါလီအရေးအပြင် မြန် မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ စီးပွား ရေးဆက်ဆံရေးမြှင့်တင်ရန် ပူးတွဲ ဆောင်ရွက်မှုအားကောင်းရေး၊ နှစ်နိုင်ငံကြား ပူးတွဲကုန်သွယ်ရေး ကော်မရှင်နှင့် ကုန်ပစ္စည်းတင် သင်္ဘောဝန်ဆောင်မှု အသက် သွင်းရေးတို့ကိုလည်း ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်က အသားပေး ပြောကြားကြောင်း ၎င်း၏ပြန် ကြားရေးအရာရှိက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည် အပတ်လာရောက်ရန် ဘင်္ဂလား ဒေ့ရှ်ဝန်ကြီးချုပ်က မြန်မာသံအ မတ်မှတစ်ဆင့် ထပ်လောင်းဖိတ် ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစု ကြည်နှင့် မစ္စဟာဆီနာတို့ ၂၀၁၆စက်တင်ဘာက အမေရိကန် ပြည်ထောင်စုရှိ ကုလသမဂ္ဂဌာန ချုပ်တွင် တွေ့ဆုံခဲ့စဉ်ကလည်း ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ် လာရန်ဖိတ်ခေါ်ဖူးပြီး ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားမှုကို လက်ခံခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ် နိမိတ်ချင်း ထိစပ်နေသော ရခိုင် ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ အတွင်းက လူမျိုးရေး၊ ဘာသာရေးအခြေခံသည့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူဦးရေ တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ သည်။ ပဋိပက္ခဒေသအဖြစ် ဆက် လက်တည်ရှိနေရာမှ ၂၀၁၆ အောက်တိုဘာ ၉ ရက်တွင်မောင်တောရှိ မြန်မာနယ်ခြား စောင့်ရဲကင်းစခန်းသုံးခု အကြမ်း ဖက်တိုက်ခိုက်ခံခဲ့ရသည်။ ယင်း နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းကြောင့် ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
—Ref: Daily Star, BD News 24, News Next BD
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment