Latest News

Thursday, April 13, 2017

မြောက်ကိုရီးယားအရေး ထရမ့်နဲ့ ရှီဂျင်းပင် ဖုန်းဆက်ဆွေးနွေး

မြောက်ကိုရီးယားအရေး ထရမ့်နဲ့ ရှီဂျင်းပင် ဖုန်းဆက်ဆွေးနွေး

မြောက်ကိုရီးယားနိုင်ငံပြဿနာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီဂျင်းပင် တို့ အင်္ဂါနေ့ညက တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြရာမှာ သမ္မတ ရှီဂျင်းပင်က ကိုရီးယားကျွန်းဆွယ်ပြဿနာကို ငြိမ်းချမ်းစွာအဖြေရှာဖို့ သမ္မတ ထရမ့်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားကို အရေးယူရာမှာ ပါဝင်ကူညီမယ်ဆိုရင် တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေးကို ပိုမိုအဆင်ပြေစေလိမ့်မယ်လို့ သမ္မတ ထရမ့်က သမ္မတ ရှီဂျင်းပင်ကို ဖလော်ရီဒါတွေ့ဆုံပွဲမှာ ပြောကြားထားခဲ့ပြီး ဖြစ်ပါတယ်။  FOX သတင်းဌာနက တွေ့ဆုံးမေးမြန်းရာမှာတော့ ထရမ့်က မြောက်ကိုရီးယားပြဿနာ အဖြေရှာရေးဟာ အများသူငါထင်သလောက် လွယ်ကူခြင်း မရှိကြောင်းနဲ့ တရုတ်နိုင်ငံအနေနဲ့ကလည်း မြောက်ကိုရီးယားနဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်ကြတဲ့အတွက် အတော်သိမ်မွေ့နက်နဲစွာ ကိုင်တွယ်ဖို့လိုကြောင်း ပြောပါတယ်။

သမ္မတ ၂ ဦးခုလို ဆက်သွယ်ပြောဆိုမှုကိုထောက်ရှုရင် အရေးပေါ်အခြေအနေတခု ပေါ်ပေါက်နေကြောင်း ထင်ရှားတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ လေယာဉ်ပျံတင်သင်္ဘော Carl Vinson ဦးဆောင်တဲ့ အမေရိကန် ရေတပ်ဖွဲ့တခု ကိုရီးယားကျွန်းဆွယ်ကို အခုဦးတည်ခုတ်မောင်းနေပြီး မြောက်ကိုရီးယားနိုင်ငံကလည်း ဆဌမမြောက်နူကလီးယာစးမ်းသပ်မှု ပြုလုပ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်နေပါတယ်။ တရုတ်နိုင်ငံက မြောက်ကိုရီးယားကို အမှားမလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။ RFA

No comments:

Post a Comment