Latest News

Thursday, April 13, 2017

၂၀၁၇ အတွက် ဆင်ဆာမဲ့ သံချပ်


လေ လေ လေလား မောင်တို့
ဝမ်း ဝမ်း ဝမ်းလား မောင်တို့

ဝမ်း ဝမ်း ဝမ်းလား မောင်တို့
လေ လေ လေလား မောင်တို့

** သံချပ်ထိုးဖို့ ခွင့်ပြုပါ
ငြိသွားရင်လည်း ဆွဲမစိကြေး

** နတ်နေကိုင်းတွေ ခွင့်လွှတ်ပါ
ခွင့်မလွှတ်လည်း လာပါဖမ်းလှည့်

** သံချပ်ဆင်ဆာ လုပ်ရမယ်
အပြောင်းအလဲဆိုတာ ဒါကြီးလားဟ

** ဘုန်းတော်ဘွဲ့နဲ့ ပေါ်လစီဆို
မဆလခေတ် သံချပ်အတိုင်းပေါ့

** သံချပ်ဆင်ဆာ ဖြုတ်ကြပါ
တရားစောင့်ရင် သံလျက်မကျိုးဘူး

** မဟာင်္ကြန် နီးလာပြီ
၅ရက် ၁၀ရက် ဘယ်ဟာအမှန်တုန်း

** မျောက်လေပွေတွေ ဘောပင်ကိုင်
ပြက္ခဒိန်ပေါ် ဟိုခြစ်ဒီခြစ်

** လုပ်တာကိုင်တာ စနစ်ကျတယ်
ရွဲ့နေတာနော် တကယ်ဟုတ်ဘူး

** အမိန့်မထုတ်ခင် စမ်းကြည့်တယ်
ဝိုင်းဆဲပြီဆို ဘွာတေးဘွာတေး

** တို့လိုချင်တာ အပြောင်းအလဲပါ
ဗလောင်းဗလဲတွေ လိုချင်ပါဘူး

** အတိုက်အခံဘဝက စစ်ဖြစ်ရင်
သူပုန်သေတိုင်း ဝမ်းနည်းပက်လက်

** အစိုးရဖြစ်တော့ ပြောင်းသွားတယ်
သူပုန်နဲ့စစ်သား ပေါင်းစားသတဲ့

** NCA လည်း အောင်မြင်တယ်
မြောက်ပိုင်းအဖွဲ့က တာ့တာပါတဲ့

** မူဆယ်ကားလမ်း အလောင်းတွေပုံ
တိုင်းရင်းသားပါ အကြမ်းဖက်မဟုတ်

** လေဆိပ်မှာတော့ ၂ယောက်သေ
တို့လူထိမှ အကြမ်းဖက်သမား

** တဖက်ပိတ်တဲ့ လွှတ်တော်မှာ
စစ်ထွက်တဝက် ထောင်ထွက်တဝက်

** မိုးပြောချိုးပြော အမတ်တွေ
အိပ်နေတာမှ သိုးလို့သိုးလို့

** စစ်သားအဆို မဲမနိုင်
ကိုယ့်နေရာမဟုတ်တော့ ဒီလိုပါပဲ

** ပိုင်ဆိုင်မှုတွေ ပြမယ်ဆို
အဟီး နောက်တာ နောက်တခါမမေးနဲ့

** မကြိုက်တဲ့အမတ် ဖြုတ်မယ်ဆို
right to recall ချောင်ထိုးလိုက်ကြ

** ဗရမ်းဗတာတွေ လွှတ်ပြောရင်
ဘာထူးမှာလည်း အရင်လူနဲ့

** မလုပ်ရင်လည်း အရှင်းပါ
လုပ်ပြီဟေ့ဆို အိုးနင်းခွက်နင်း

** အရင်နဲ့အခု ဘာကွာတယ်
၆၆ (ဃ) နဲ့ ၅ (ည) ပါပဲ

** အစိုးရဘတ်ဂျက် နည်းလာပြီ
လွယ်လွယ်လေးပဲ အခွန်တိုးကောက်လိုက်

** စီးပွား ၆ဆ တက်မယ်ဆို
အမလေးဟယ် မပြောကောင်းမဆိုကောင်း

** မိုးပျံတံတား ဘယ်ရောက်နေ
ဝါးတံတားတောင် ရှာမတွေ့ဘူး

** ဒီမိုပါတီ စစ်စစ်ပါ
ဖြုတ် ထုတ် သတ်တာ နှုတ်မိန့်နဲ့ဗျား

** စင်္ကာပူကို ကျော်မယ်ဆို
အမယ်အိုသာ ချွေးတလုံးလုံး

** မုန့်ဆီကြော်က ဘယ်မှာနေ
ငါ့ပါးစပ်နဲ့ ဆံ့ပါ့မလား

** အပြောကြီးပြီး ဖင်မနိုင်
စားချင်ဦးဟဲ့ ပဲကြီးဟင်းချက်

** လစ်ဘရယ်ဝတ်တဲ့ ဘရာစီယာ
ဇာသက်သက်နဲ့ ကြိုးမပါဘူး

** အမေပြောတဲ့ ဖက်ဒရယ်
မွန်အတွက်မယ် ဖွယ်တယ်တယ်ကြီး

** ပြဿနာတက်ရင် လွှဲချမယ်
တို့နဲ့ဆိုင်ဘူး အရင်လူလက်ချက်

** ဗိုလ်ချုပ်ရုပ်ရှင် ရိုက်နေတာ
ဘဒ္ဒကမ္ဘာမှာ ပြီးပါ့မလား

** ပညာရေးကို ပြောင်းလဲမယ်
မေးခွန်းမှားတာ ၂၄ မှတ်ဖိုး

** မာမွတ်တို့နဲ့ ကင်းတယ်ဆို
တပ်ချုပ်မိန့်ခွန်း ဆင်ဆာကြီးနဲ့

** အဘတွေလို မခိုးပါ
ပိုတင်ဘတ်ဂျက် လေးငါးခြောက်ဆ

** နှလုံးကောင်းပြီး ကျန်းမာစေ
ကွီးဖြိုးမရှိရင် ပျင်းလို့ပျင်းလို့

** ကွီးဖြိုးကိုင်ရင် ညင်သာတယ်
ရန်ကုန်မှာလေ တုတ်ဆွဲဓားဆွဲ

** နာရီတလုံးနဲ့ တိုင်ပတ်တယ်
တံတားနာမည် ထိုနည်းလည်းကောင်း

** လျှာထုတ်ပြပြီး အခွက်ပြောင်
တရားရုံးက ချိန်ခွင်တံဆိပ်

** အဘတို့လည်း အေးဆေးနေ
မသာကိုတောင် ရှုံးထားတာများ

** တူဖြစ်တုန်းက ထုထားရင်
ပေဖြစ်တဲ့အလှည့် အံကြိတ်ခံပေါ့

** ချောက်ထဲကျချင် ကျပါစေ
မကယ်ပါနဲ့ ကြောက်လွန်လွန်းလို့

** ဓာတ်လိုက်ဖူးတဲ့ သတင်းစာ
အဘတို့ရဲ့ ရေအားလျှပ်စစ်

** တရုတ်ကြောက်ရ တို့နိုင်ငံ
လှုပ်လေမြုပ်လေ မွဲပြီးရင်းမွဲ

** အမျိုး ဘာသာ သာသနာ
တိပ်ကပ်ရုံနဲ့ မပြီးပါဘူး

** မျိုးစောင့်ဥပဒေ ထုတ်လိုက်တယ်
အဖမ်းခံရတော့ မြန်မာတွေချည်း

** ဗုဒ္ဓံ သရံဏံ ဂစ် တည်ပါ
ဆာမိမထည့်နဲ့ ကုလားမို့လို့

** အရိုးစည်းထိုး ကာမယ်ဆို
အစ်နေ့ကျရင် အမဲသားမတောင်းနဲ့

** ကျောင်းသားတို့လည်း ငြိမ်ငြိမ်နေ
ဒီတခါဆို မသာဘယ်ဈေး

** စောက်ပျင်းကြီးပြီး ပိုက်ဆံလို
သမဂ္ဂထောင် ရံပုံငွေအုပ်

** တော်လှန်ရေးရဲ့ သမီးပျို
ပါဂျောင်ကိစ္စ မသိရှာဘူး

** တော်လှန်ရေးသွေး ရဲရဲနီ
လိုနေသေးရင် ငရုတ်ဆီသုတ်

** နေရာတကာ ပါချင်ရင်
ပညာတတ်အောင် အရင်သင်ဦး

** ဒေါင်းအလံ ၂ဖွဲ့ ခွပ်တဲ့အခါ
နံပါတ်တုတ်က ပြုံးစိပြုံးစိ

** လေနဲ့ဝမ်းနဲ့ ကွဲစေချင်
ထောင်ထမင်းထောင်ဟင်း ကြွားစရာမဟုတ်

** ကဏ္ဍအစုံ လွဲနေရင်
အားအင်တွေဟာ အချည်းနှီးပဲ

** အတိုက်အခံ အစိုးရ ၂ပါတီ
ချာပါတီလောက် အဆာမပြေဘူး

** ဆီဈေးတက်တဲ့ တရားခံ
ဆီလူးဆီဆွတ် အစိုးရ ၂ဆက်

** မယောင်ရာမှာ လူးတဲ့ဆီ
ဖင်မှာဆွတ်တော့ ခံသာတာပေါ့

** လက်သန်းမှာတော့ မှင်တွေစို
ဖင်ကသွေးတွေ သုတ်ကြသုတ်ကြ

** အမေ့အကွက် လှလိုက်တာ
တို့လိုချင်တာ စပါးအုံးမဟုတ်ဘူး

** စစ်ဖိနပ်ကြောင့် ကျောနာရင်
ဒေါက်ဖိနပ်လည်း စူးတတ်တာပဲ

** မကျေနပ်လည်း မတတ်နိုင်
သံချပ်ဆိုတာ ခေတ်ရဲ့ပုံရိပ်

အမှိုက် အမှိုက် - ကောက် ကောက်
သပိတ် သပိတ် - မှောက် မှောက်
မီးတုတ် မီးတုတ် - ရှို့ ရှို့

ဟေ့ လေလား ဟေ့ ဝမ်းလား
ဟေ့ ဝမ်းလား ဟေ့ လေလား
ဟေ့လာမောင်ရို့ ဝါး......
ရေးသာရေးရတယ် မျက်ခုံးတော့ ခပ်လှုပ်လှုပ် 😁😁

Crd ..Ye Khaung


No comments:

Post a Comment