Latest News

Monday, April 24, 2017

ကျုံပျော့်မြို့နယ်တွင်ကာလအတန်ကြာ ပျောက်ဆုံးနေသော ဆိုင်ကယ်များဖမ်းမိ

ကျုံပျော့်မြို့နယ်တွင်ကာလအတန်ကြာ ပျောက်ဆုံးနေသော ဆိုင်ကယ်များဖမ်းမိ




ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်အတွင်း မူ့ခင်းကြိုတင်ကာကွယ်ရေး၊ဖြစ်ပွားသောမူ့ခင်းများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ကျုံပျော်မြို့မရဲစခန်းမူး ဒုရဲမူး ခိုင်ကျော်ဦး စီမံကွပ်ကဲ၍ ရဲအုပ်မင်းအောင်၊ဒုတက သက်နိုင်ထွေး(ဇီးကွက်)၊ဒုတက ရှိန်းနိုင်ထွေး အ
ဖွဲ့၊ န/ထ ခေါင်းဆောင် ဒုရဲအုပ်မြတ်မင်းဟန်၊တက မြင့်ထွေး၊ဒုတက နေအောင်လင်း အဖွဲ့ ၂ ဖွဲ့ခွဲ၍ နေ့/ည မပြတ်သတင်းရယူ၊လှည့်ကင်းများ ကြိုးစားဆောင်ရွက်မူ့ကြောင့်လည်းကောင်း၊ကျုံပျော်မြို့ရှိ ပြည်သူများက ပူးပေါင်းပါဝင် ကူညီသတင်းပေးမူ့ကြောင့် ၂၀၁၆ ခုနှစ်အတွင်း ကခိုးယူခဲ့သော ဆိုင်ကယ် ၃ စီးအား ဖမ်းဆီး ဖော်ထုတ်သိမ်းဆီးရမိခဲ့ပါသည်။

(က)ကျုံပျော်မြို့နယ် မဏိရတနာရာမပရိယတ္တိစာသင်တိုက်(ဖန်ခါးကုန်း စာသင်တိုက်) မှ Taryan အနီရောင် ဆိုင်ကယ် တစ်စီး၊ဖုန်း ဟန်းဆက် ၁လုံး(ခ)ကျုံပျော်မြို့နယ်၊ ရွှေပြည်ဦး စတိုးဆိုင်ရှေ့ မှ Honda Wave ခဲနက်ရောင် ဆိုင်ကယ် တစ်စီး၊(ဂ)ကျုံပျော်မြို့နယ်၊ ချင်းချုံ စတိုးဆိုင်ရှေ့ မှ Kenbo 125 နက်ပြာရောင် တစ်စီး၊
တို့အား တရားခံနှင့်အတူ ဖမ်းဆီးရမိ သိမ်းဆည်း အမူ့ဖွင့် အရေးယူထားပြီးပါပြီ၊နောက်ထပ် ဆိုင်ကယ်ခိုးမူ့များအားဆက်လက်ဖော်ထုတ်သွားပါမည်။

Don Don(စခန်းမှုး)

No comments:

Post a Comment