Latest News

Thursday, April 13, 2017

မြောက်ကိုရီးယားသူလျှိုတွေက မြန်မာတရားသူကြီးသမီးကို သတ်ဖြတ်ခဲ့

၁၉၈၃ ခုနှစ်က ရန်ကုန်မြို့က အာဇာနည်ဗိမ္မာန်ကို တောင်ကိုရီးယားအစိုးရကိုယ်စားလှယ်အဖွဲ့ ရောက်ရှိစဉ် ဗုံးခွဲမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးမိခဲ့တဲ့ မြောက်ကိုရီးယား သူလျှိုတွေကို သေဒဏ်စီရင်ချက်ချမှတ်ခဲ့တဲ့

မြန်မာတရားသူကြီးကို လက်စားချေတဲ့အနေနဲ့ အဲဒီတရားသူကြီးရဲ့သမီး ဂျပန်နိုင်ငံ တိုကျိုမြို့ရောက်နေတုန်းမှာ မြောက်ကိုရီးယား သူလျှိုတွေက လုပ်ကြံသတ်ဖြတ်ခဲ့ဖွယ်ရှိတယ်လို့ သတင်းတွေပေါ်ထွက်လာပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက နှစ်ပေါင်းများစွာ လှို့ဝှက်သိမ်းဆီးထားခဲ့တဲ့ စာမျက်နှာ ၂ သိန်း ၃ သောင်းကျော်ပါ မှတ်တမ်းစာရွက်တွေကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာတရားသူကြီးရဲ့ သမီးက ၁၉၈၅ ခုနှစ်မှာ သတ်ဖြတ်ခံရပြီး သူမရဲ့အလောင်းနားမှာ မြောက်ကိုရီးယားစီးကရက် အစီခံတွေကို တွေ့ခဲ့ရပြီဒ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာသံအမတ်ကြီးဦးသိန်းထွန်းကို ၁၉၈၆ ခုနှစ်က ဂျနီဗာမြို့မှာ တောင်ကိုရီးယားသံအမတ်ကြီး လိဆန်အုတ်က တွေ့ဆုံပြောကြားခဲ့တယ်လို့ သိရပါတယ်။

အာဇာနည်ကုန်း လုပ်ကြံမှုနောက်ပိုင်း ဂျနီဗာမှာရှိတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကိုလည်း ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်မှုတွေရှိခဲ့တဲ့အပြင် တရုတ်အစိုးရကလည်း မြန်မာအစိုးရကို မြောက်ကိုးရီးယားနဲ့သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ဖို့ အမိန့်ပေးသလို ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၁၉၈၃ အောက်တိုဘာ ၉ ရက် အာဇာနည်ဗိမ္မာန် ဗုံးခွဲခံရမှုမှာ တောင်ကိုရီးယား သမ္မတချန်ဒူးဝှမ် အသက်မသေဘဲ လွတ်မြောက်ခဲ့ပေမယ့် အစိုးရဝန်ကြီးအဖွဲ့ဝင် အများအပြားနဲ့ မြန်မာတာဝန်ရှိသူတွေ သေဆုံးခဲ့ရပါတယ်။

Source & Photos : RFA

No comments:

Post a Comment