Latest News

Thursday, April 13, 2017

အာဖကန်နစ္စတန်မှာ အမေရိကန်က အကြီးတကာ့အကြီးဆုံးဗုံးနဲ့တိုက်ခိုက်


US military drops mother of all bombs on IS in Afghanistan

အာဖကန်နစ္စတန်မှာ အမေရိကန်က အကြီးတကာ့အကြီးဆုံးဗုံးနဲ့တိုက်ခိုက်

နာရီပိုင်းအတွင်း တက်လာတဲ့သတင်းပါ။ သတင်းခေါင်းစဉ်ကို တိုက်ရိုက်ဘာသာပြန်ရရင် ဗုံးတကာမိခင်ကြီးဖြစ်တယ်။ GBU- တချို့မီဒီယာက 43 ဧရာမဗုံးလို့ဆိုပြီး၊ တချို့မီဒီယာက ဗုံးတကာတို့ရဲ့မိခင်လို့ ပြန်ဆိုပါတယ်။ မိခင်နဲ့ဗုံး တွဲသုံးရကောင်းလား မေးကြတာလည်းဖတ်ရတယ်။

အဲဒီမဟာဗုံးကြီးဟာ ၂၁၆ဝဝ ပေါင်လေးလံတယ်။ အစ္စလားမစ်စတိတ်တို့ရဲ့ ဥမင်လှိုင်ခေါင်းစနစ် ပေါ်ကိုချတယ်။ ပါကစ္စတန် နယ်စပ်နဲ့မဝေးပါ။

အကြီးတကာ့အကြီးဆုံးဗုံးဟာ GBU-43/B Massive Ordnance Air Blast Bomb (MOAB) အမျိုးအစားလို့ခေါ်တယ်။ ၉ မီတာ (ပေ ၃ဝ) ရှည်တယ်။ MC-130 တိုက်လေယာဉ်ကနေပစ်တယ်။ ဂျီပီအက်စ်နဲ့ လမ်းညွှန်ရတယ်။ ၂ဝဝ၃ ခုနှစ်က စမ်းသပ်ဖောက်ခွဲခဲ့ပြီး၊ ပဌမဆုံး သုံးတာဖြစ်တယ်။ နယူကလီယာတော့မပါပါ။ ယူအက်စ် လေယာဉ်တင်သဘောင်္ာကနေ ပစ်ခတ်တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၃-၄-၂ဝ၁၇
ည ၉ နာရီ၊ ၃၄ မိနစ်။
http://www.bbc.com/news/world-asia-39595989

No comments:

Post a Comment