Latest News

Thursday, April 13, 2017

မြောက်ကိုရီးယားရဲ့ အန္တရာယ်ကို တရုပ်အကူအညီမပါလဲ ရှင်းပစ်မယ်ဟု ဒေါ်နယ်ထရန့်ကြေညာ


မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုအရေးနှင့် ပက်သက်၍ အမေရိကန်သမ္မတ ဒေါနယ်ထရန်နှင့် တရုပ်နိုင်ငံသမ္မတ ဇီကျင်ပင်း နှင့် လတ်တလော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။


ထရန့်၏ ဖော်ပြချက်အရ အမေရိကန်အနေနှင့် စစ်ရေးအင်အားကို အသုံးပြု၍ ပြဿနာဖြေရှင်းရန် ဦးတည်သော်လည်း တရုပ်ဘက်က ငြိမ်းချမ်းရေးလမ်းစဉ်နှင့်သာ ချဉ်းကပ်ရန် ဆန္ဒရှိနေကြောင်း ပြောဆိုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု ပြီးပြီးချင်း ထန်ရန့်က “သမ္မတဇီ အနေနဲ့ မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ချင်ပါတယ်၊ ကျီန်တော်တို့အချင်းချင်း ရင်းနှီးမှုလည်းရခဲ့ပါတယ်၊ ကျွန်တော်တို့ နှစ်နိုင်ငံလုံးမှာ ဓာတုဗေဒနဲ့ ပက်သက်ပြီး ကိုယ်စီရှိထားပြီးလည်းဖြစ်ပါတယ်၊ ကျွန်တော့်အထင်တော့ မြောက်ကိုရီးယားအရေးမှာ တရုပ်က ကျွန်တော်တို့ကို ကူညီချင်ပါတယ်” ဟု ပြောကြားခဲ့သည်။


ထိုပြင် “ကျွန်တော်တို့ နှစ်နိုင်ငံကုန်သွယ်ရေးတွေကိုလည်း ဆွေးနွေးဖြစ်ကြပါတယ်၊ ကျီန်တော်ပြောလိုက်တာ တစ်ခုကတော့ အမေရိကန်နဲ့ ကုန်သွယ်ရေးတွေကောင်းချင်ရင် မြောက်ကိုရီးယားအရေးမှာ ကူညီမှပဲ ဖြစ်မယ်လို့၊ ဒီလိုမှ မဟုတ်ရင်လဲ ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းသွားမယ်၊ ဒါလည်း အဆင်ပြေသွားမှာပါ။ ဒါပေမယ့် ကိုယ်ဟာကိုယ်ဆိုတဲ့နေရာမှာ အခြားနိုင်ငံတွေ အများအပြားပူးပေါင်းပါဝင်မှာကို ဆိုလိုတာပါ”

တရုပ်သမ္မတဇီ က “မြောက်ကိုရီးယားနဲ့ ပက်သက်ပြီး နျူကလီးယားပပျောက်ရေးဆိုတာကို ထောက်ခံပါတယ် ဒါပေမယ့် ငြိမ်ချမ်းရေးနဲ့ တည်ငြိမ်မှုကို မထိပါးတဲ့နည်းလမ်းနဲ့ပဲ မရမကတောင်းဆိုသွားပါမယ်” ဟု ပြောကြားခဲ့သည်။

အစောပိုင်းသတင်းများအရ မြောက်ကိုရီးယားကို စီးပွားရေးပိတ်ဆို့မှု တစ်ရပ်အနေနဲ့ ပြုံယမ်းမှ တင်သွင်းလာသော ကျောက်မီးသွေးများကို တရုပ်က ပယ်ချခဲ့ကြောင်း သိရှိရသည်။
တရုပ်နိုင်ငံအနေနှင့်လည်း အမေရိကန်က ပိုမိုပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုများ (ဥပမာ ပြုံယမ်းသို့ လောင်စာဆီတင်ပို့မှုကို တင်းကျပ်ကန့်သတ်ခြင်း)ကို မြောက်ကိုရီးယားပေါ် ပြုလုပ်စေလိုကြောင်း ဖော်ပြခဲ့သည်။

လတ်တလောတွင် အမေရိကန်က ဆီးရီးယားလေတပ် အခြေစိုက်စခန်းများကို ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားဟာ ဒုတ်ယမြောက် ပစ်မှတ်ဖြစ်လာလိမ့်မည်ဟု တစ်နည်းကြောက်လန့်စေခြင်းလည်းဖြစ်သည်။ ဖောက်စ်သတင်းမီဒီယာနှင့် အင်တာဗျူးတွင် နည်းဗျူဟာနှင့် ပက်သက်ပြီး မေးမြန်ခဲ့ရာ “ကျွန်တော်က အိုဘားမားလို မဟုတ်ဘူး” ဟု ဖြေကြားခဲ့သည်။


ပျံ့နှံ့နေသည့် သတင်းများအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သူ၏အဖိုးဖြစ်သူ ကင်အီဆောင် အသက် ၁၀၅ နှစ်အထိမ်းအမှတ်အဖြစ် နောက်ထပ် နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်လိမ့်ဦးမည်ဟု သတင်းများထွက်ပေါ်နေသည်။
အဆိုပါ သတင်းအရ အမေရိကန်မှ စစ်အင်အားကို ကိုရီးယားကျွန်းဆွယ်သို့ ထပ်မံတိုးမြှင့် ပို့ဆောင်လျှက်ရှိသည်။
 ပိုပိုလေး
http://www.popolay.com/program-detail.php?pml=9237








No comments:

Post a Comment