Latest News

Monday, March 27, 2017

လူမှုကွန်ရက်များတွင် ပျံ့ နှံ့ နေသော အငြိမ်းစား ဗိုလ်ချုပ်မှုးကြီး၏ ဓါတ်ပုံမှတ်တမ်းများမှာ ယမန်နှစ်က ပုံများသာ ဖြစ်နေ

 လူမှုကွန်ရက်များတွင် ပျံ့ နှံ့ နေသော အငြိမ်းစား ဗိုလ်ချုပ်မှုးကြီး သန်းရွှေက
ယခုနှစ် မတ်လ ၂၇ ရက်တွင် ကျရောက်သော တပ်မတော်နေ့ ၌ အငြိမ်းစား တပ်မတော် အရာရှိကြီးများကို ၄င်း၏ နေအိမ်သို့ ဖိတ်ကြား၍ ဖိတ်ကြားဧည့်ခံခဲ့သည်ဆိုသော သတင်းနှင့် ဓါတ်ပုံများမှာ ယမန်နှစ်က
ဓါတ်ပုံများသာ ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ယခုလတ်တလော လူမှုကွန်ရက်များတွင် တဟုန်ထိုး ပျံ့ နှံ့ နေသော ဓါတ်ပုံများကို အငြိမ်းစား
ဗိုလ်ချုပ်အောင်ခင်က ၄င်း၏ လူမှုကွန်ရက်တွင် တင်ခဲ့ခြင်းဖြစ်ပြီး
ယခုနှစ် တပ်မတော်နေ့ ကို ကျန်းမာရေး မကောင်းသဖြင့် မတက်ဖြစ်သောကြောင့် ယမန်နှစ်က ပုံကို အမှတ်တရအဖြစ် တင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။ ယင်းကို အောင်ပိုင်မင်း အမည်ရှိ လူမှုကွန်ရက်
အကောင့်ပိုင်ရှင်က ယခုနှစ်မှတ်တမ်း ဓါတ်ပုံသဖွယ် ပါးပါးနပ်နပ်
ဖော်ပြခဲ့သည်ကို မီဒီယာအချို့ က ပြန်လည် ဖော်ပြခဲ့ကြခြင်းလည်း
ဖြစ်နေသည်။ ယခုနှစ်တွင် အငြိမ်းစား ဗိုလ်ချုပ်မှုးကြီး သန်းရွှေက
ယခင်နှစ်ကဲ့သို့ ခမ်းခမ်းနားနားဖြင့် လုပ်ခဲ့ခြင်း မရှိနိုင်ကြောင်း
သုံးသပ်မှုများလည်း ရှိနေသည်။

AKonThi
------ အကုန်သိ သတင်းဌာန -------




No comments:

Post a Comment