Latest News

Saturday, February 11, 2017

City Center တတိယထပ်ရှိ ဂိမ်းဆိုင်ဝန်ထမ်းများ အာမခံလျှောက် ထားမှု ဒုတိယအကြိမ် ပယ်ချခံရ

City Center တတိယထပ်ရှိ ဂိမ်းဆိုင်ဝန်ထမ်းများ အာမခံလျှောက်

ထားမှု ဒုတိယအကြိမ် ပယ်ချခံရ

သက်ဆိုင်ရာအနေဖြင့် အမြန်ဆုံးလွှတ်ပေးပါရန် ၀န်ထမ်းမိဘများက တောင်းဆိုကြောင်း ရှင်းလင်းပွဲမြင်ကွင်း
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် City Center တတိယထပ်ရှိ ဂိမ်းဆိုင်တွင် ဖမ်းဆီးမှုမှ

တရားစွဲခံထားရသည့် ၀န်ထမ်းများအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။


ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူ ဒုရဲမှူးအား ဆက်လက်စစ်ဆေးခဲ့ပြီး တရားစွဲခံထားရသည့် ဂိမ်းဆိုင်ဝန်ထမ်းများ အာမခံရရှိရန် ဒုတိယအကြိမ် လျှောက်ထားမှုမှာ ပယ်ချခံခဲ့ရကြောင်း သိရှိရသည်။

“ဒီနေ့ ကလေးတွေ အာမခံထပ်လျှောက်တာ ပယ်ချခံခဲ့ရတယ်။ ဒါက တရားမျှတမှု မရှိဘူး။ ကလေးတွေက အပြစ်မရှိဘဲ ထောင်ထဲမှာနေပြီး တရားရင်ဆိုင်ရမှာလား။ ကျောင်းတက်ဖို့ စီစဉ်ထားတဲ့ ကလေးတွေက ကျောင်းမတက်ရတော့ဘူးလား။ ရတဲ့လစာက တစ်သိန်းခွဲလောက် ထောင်ထဲမှာ တစ်နှစ်ခွဲလောက် နေရမလို ဖြစ်နေတယ်။ အာမခံနဲ့ တရားရင်ဆိုင်ခွင့်ရရင် မိဘတွေအနေနဲ့ ခံသာပါသေးတယ်” ဟု တရားစွဲခံထားရသူ တစ်ဦး၏ မိခင်တစ်ဦးက ပြောကြားသည်။

ဇန်န၀ါရီ ၁၁ ရက်ည ၇ နာရီခန့်က ရဲတပ်ဖွဲ့မှ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ City Center တတိယအထပ်ရှိ ဂိမ်းဆိုင်အား ၀င်ရောက်၍ ဆိုင်ဝန်ထမ်း ၁၉ ဦးနှင့် အကြွေစေ့ ဂိမ်းဆော့ကစားသူ ၄၈ ဦး စုစုပေါင်း ၆၇ ဦးကို ဖမ်းဆီးခဲ့သည်။

အဆိုပါဖြစ်စဉ်မှ ဆိုင်ဝန်ထမ်းများဖြစ်သော အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးကိုးဦး စုစုပေါင်း ၁၉ ဦးတို့မှာ လောင်းကစားပုဒ်မ ၁၄ (က) ဖြင့် အာမခံမရှိဘဲ တရားစွဲဆို ခံထားရခြင်းဖြစ်သည်။

ထို့ပြင် လာရောက် ကစားသူများကိုလည်း လောင်းကစား ပုဒ်မ ၁၃ (က) ဖြင့် တရားစွဲဆိုထားပြီး ၎င်းတို့မှာ အာမခံဖြင့် တရားရင်ဆိုင် လျက်ရှိကြောင်း သိရသည်။

       
Sources : Eleven Media Group

No comments:

Post a Comment