Latest News

Monday, February 20, 2017

ပြည်သူတွေရဲ့တိုင်စာကြောင့် မွန်ဝန်ကြီးချုပ်ကို ထုတ်ပယ်တာလို့ ဦးဝင်းထိန်ပြော

ပြည်သူတွေရဲ့တိုင်စာကြောင့် မွန်ဝန်ကြီးချုပ်ကို ထုတ်ပယ်တာလို့

ဦးဝင်းထိန်ပြော


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးကနေ ထုတ်ပယ်လိုက်ရတာက ပြည်သူတွေရဲ့တိုင်ကြားစာတွေနဲ့ ဆင်ခြေတက်မှု တွေကြောင့် တက်မှုတွေကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ပြီး ထုတ်ပယ်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဦးဝင်းထိန်က ပြောလိုက်ပါတယ်။

“သူ့အနေအထားက တိုင်စာတွေ တက်တယ်။ Complain တွေ တက်တယ်။ အဲဒီလို တက်တဲ့အခါမှာ ပါတီအနေနဲ့ ဦးဉာဏ်ဝင်း ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ မျှမျှတတ စစ်ဆေးတယ်။ အဲဒီကနေ ရတဲ့ဟာကို ကျနော်တို့ဆီ တင်ပြတဲ့အခါမှာ အစိုးရအဖွဲ့ကို အကြောင်းကြားတဲ့အခါမှာ (အကြောင်းကြားတာတော့ ကြာခဲ့ပါပြီ) သို့သော်လည်း အခုမှ အရေးယူတာပေါ့” လို့  ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။


ဦးမင်းမင်းဦးက ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ပေးရပေမယ့် လွှတ်တော်ကိုယ်စားလှယ် ဘဝကနေတော့ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာလည်း အခြေအနေ အချိန်အခါပေါ် မူတည်ကာ ပြည်သူလူထုက တင်ပြလာမှုအပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးယူမှုတွေ ရှိကောင်းရှိနိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါသေးတယ်။

“တော်တာက သူ ဒီရာထူးနဲ့ ပတ်သက်လို့ ဆွေးနွေးပြောတဲ့ဟာကို သူသဘောနဲ့သူ သိက္ခာရှိရှိ ထွက်သွားတယ်။ သတ္တိရှိရှိ ထွက်သွားတယ်။ အဲလို ထွက်တဲ့အခါမှာ ဘယ်သူမှ မပုတ်ခတ်ဘူး။ ဘယ်သူမှ အပြစ်မတင်တဲ့အခါမှာ အဲဒီလူဟာ ချီးကျူးစရာ အရမ်းကောင်းတယ်။ ဒါ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည် အမြဲတန်းဖိုးထားတဲ့ စိတ်ဓာတ်ပဲ” လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဦးမင်းမင်းဦးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Min Min Oo အကောင့်မှာ “နုတ်ထွက်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှု အားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါပဲ။ မင်းမင်းဦး – ဝန်ကြီးချုပ်၊ မွန်ပြည်နယ်” ဆိုပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရေးသားဖော်ပြခဲ့ပြီး လောလောဆယ်မှာတော့ မွန်ပြည်နယ် ဝန်ကြီးချုပ်အသစ်ခန့်အပ်သည်အထိ တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Source : DVB

No comments:

Post a Comment