Latest News

Wednesday, February 1, 2017

ပထမတန်းသင်ရိုးသစ်တွင် ဘာသာရပ် ၉ ခု ပါဝင်သင်ယူရမည်

ပထမတန်းသင်ရိုးသစ်တွင် ဘာသာရပ် ၉ ခု ပါဝင်သင်ယူရမည်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်မည့် ပထမတန်းသင်ရိုးသစ်တွင် ဘာသာရပ် ၉ ခု ပါဝင် သင်ယူရမည်ဖြစ်ကြောင်း သိရသည်။
ပထမတန်းသင်ရိုးသစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ ကာယပညာ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ အနုပညာ(ဂီတနှင့် ပန်းချီ)၊ စာရိတ္တနှင့် ပြည်သူ့နီတိစသည့် ဘာသာရပ် ၉ ခုကို သင်ယူရမည်ဖြစ်ပါတယ်။

ယခင်ကကဲ့သို့ ဘာသာရပ်အချို့ကိုသာ ဦးစားပေးသင်ကြားမည် မဟုတ်ဘဲ ဘာသာရပ်အားလုံးကို အဆင့်တူ သတ်မှတ်သင်ကြားမည် ဖြစ် ကြောင်း အခြေခံပညာ သင်ရိုး ညွှန်းတမ်းကော်မတီမှ သိရသည်။

ပထမတန်းသင်ရိုးသစ်ကို လာ မည့် ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် စတင်မည့် ၂၀၁၇-၂၀၁၈ ပညာသင် နှစ်တွင် ပထမတန်းတက်ရောက် မည့် ကျောင်းသားကျောင်းသူများ ကို စတင်သင်ကြားမည်ဖြစ်သည်။

သင်ရိုးသစ်များအတွက် ကျောင်းသုံးစာအုပ် အသစ်များ ကို အသုံးပြုမည်ဖြစ်ပြီး ကလေး များအတွက် စဉ်းစားရန်၊ လေ့ကျင့် ရန်၊ တီထွင်ဖန်တီးရန်စသော အ မှန်တကယ်လိုအပ်သော ကျွမ်း ကျင်မှုများ ရရှိစေမည့် သင်ခန်း စာများထည့်သွင်းထားပြီး ကလေး များ စိတ်ပါဝင်စားမှု ရှိစေရန် အ ရောင်အသွေးစုံ ရုပ်ပုံများ ထည့် သွင်းထားကြောင်း သိရသည်။

သင်ရိုးသစ်ကိုလာမည့် ကျောင်းဖွင့်ချိန်၌ စတင်အသုံး ပြုမည်ဖြစ်ရာ ပထမတန်းသင်ရိုး သစ် သင်ကြားရေးကို ကြီးကြပ် မည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပညာရေးတာဝန် ရှိသူများအား ဇန်နဝါရီလ ၁၆ရက် နေ့နှင့် ၁၇ ရက်နေ့တို့တွင် အ ခြေခံပညာဦးစီးဌာန အုပ်ချုပ် မှု သင်တန်းကျောင်း၌ သင်ရိုး သစ်နှင့် ပတ်သက်၍ မိတ်ဆက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

“သင်ရိုးသစ်က လာမယ့် ဇွန် လမှာ စတင်မှာဆိုတော့ ဇန်နဝါ ရီလ ၁၆ ရက်နဲ့ ၁၈ ရက်နေ့မှာ တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာ ရေးမှူးရုံးက ညွှန်ကြားရေးမှူး (ပညာ) တွေ၊ ခရိုင်ပညာရေးမှူး တွေကို သင်တန်းပေးနေပါတယ်။

သူတို့ ပြန်လာရင်တော့ ဗဟိုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် သင်တန်းတွေ ထပ် လုပ်မှာပါ ” ဟု ရန်ကုန်တိုင်းဒေသ ကြီး ပညာရေးမှူးရုံးမှ ညွှန်ကြား ရေးမှူးတစ်ဦးက ဆိုသည်။

ပထမတန်း သင်ရိုးညွှန်းတမ်းသစ် ဗဟိုအဆင့်ဆွေးနွေးပွဲများကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ဆွေးနွေးပွဲများကို မတ်လ အတွင်း၊ မြို့နယ်အဆင့်ဆွေးနွေး ပွဲများကို ဧပြီလနှင့် မေလအတွင်း ပြုလုပ်သွားရန် လျာထားကြောင်း သိရသည်။

Sources : ပညာရေးသတင်းစုံ

1 comment: