Latest News

Tuesday, February 7, 2017

မတူကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်တာ ယုံကြည်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မတူကွဲပြားမှုတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်တာ ယုံကြည်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်မှာလုပ်ခဲ့တဲ့ (UPDJC)အစည်းအဝေးမှာ ပြောခဲ့တာပါ။

Photos :  State Counsellor Office

နိုင်ငံရေး၊ ဘာသာရေးနဲ့ တိုင်းရင်းသားတွေအရေးအရ မတူကွဲပြားတာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာကို ယုံကြည်ဖို့လိုအပ်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

‘‘နိုင်ငံရေးအရ မတူကွဲပြား တဲ့ သဘောထားတွေ၊ တိုင်းရင်း သားများအရေးအရ မတူကွဲပြား တဲ့ သဘောထားတွေ၊ ဘာသာရေး အရ မတူကွဲပြားတဲ့ သဘောထား တွေ၊ လူမှုရေးအရ မတူကွဲပြား တဲ့ သဘောထားတွေဆိုတာ မတူကွဲပြားတဲ့ သဘောထားတွေ အမျိုးမျိုးရှိပါတယ်။ ကျွန်မတို့ တကယ် ပဲ ဒီမိုကရေစီကို လိုလားတယ်ဆို ရင် ကျွန်မ နားလည်သလောက်က ဒီစားပွဲမှာထိုင်နေတဲ့ ပုဂ္ဂိုလ်အားလုံးဟာ ဒီမိုကရေစီကိုတော့ ယုံကြည်တယ်၊ လက်ခံတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ တကယ်ပဲ ဒီမိုကရေစီကို လိုလားတယ်ဆိုလို့ရှိရင်တော့ မတူကွဲပြားတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်မယ်ဆိုတာကိုကျွန်မတို့ ယုံကြည်ဖို့လိုပါတယ်’’လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

နိုင်ငံသူ၊ နိုင်ငံသားတွေ စိတ်လုံခြုံမှု၊ ကိုယ်လုံခြုံမှုရှိစေဖို့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးလိုအပ်တာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်စေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့လည်း  ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ UPDJC ကိုယ်စားလှယ်တွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် လက်နက်ကိုင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ရုံတင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာရှိတဲ့ ပုံစံမျိုးစုံပြီး မတူကွဲပြားတဲ့  သဘောထားတွေကိုလည်း သင့်မြတ်အောင်ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။
Source : 7DayDaily : Duwun



No comments:

Post a Comment