Latest News

Thursday, February 23, 2017

ရန်ကုန် မြို့တွင်း - မင်္ဂလာဒုံ လေဆိပ် - ဟံသာဝတီလေဆိပ်တို့ကို ဆက်သွယ်မည့် မိုးပျံရထားလမ်းကြောင်းအတွက် ဂျပန်နှင့်ကိုရီးယားတို့ လေ့လာမည်

ရန်ကုန် မြို့တွင်း - မင်္ဂလာဒုံ လေဆိပ် - ဟံသာဝတီလေဆိပ်တို့ကို ဆက်သွယ်မည့် မိုးပျံရထားလမ်းကြောင်းအတွက် ဂျပန်နှင့်ကိုရီးယားတို့ လေ့လာမည်


ရန်ကုန် မြို့တွင်း-မင်္ဂလာဒုံ လေဆိပ် -ဟံသာဝတီလေဆိပ်တို့ကို ဆက်သွယ်မည့်မိုးပျံရထားလမ်းကြောင်းအတွက် ဂျပန်နိုင်ငံနှင့်ကိုရီးယားနိုင်ငံတို့က လေ့လာမှုများစတင်နေပြီဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (မြန်မာ့မီးရထား) တာဝန်ရှိသူက ပြည်မြန် မာသတင်းဂျာနယ်သို့ပြောသည်။

အဆိုပါ လမ်းအတွက် လတ်တလော စိတ်ဝင်စားနေသောနိုင်ငံများအနေဖြင့် လမ်းကြောင်း သုတေသနလုပ်ငန်းများကို စတင်ရန် ဆွေးနွေးလျက်ရှိပြီး စီမံကိန်း တစ်ခုလုံးအတွက် ငွေကြေးကုန်ကျမှုကိုမူ အသေးစိတ် ထပ်မံတွက်ချက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရန်အတွက် လုပ်ဆောင်မည့် ကုမ္ပဏီများကို တင်ဒါခေါ် မည်ဖြစ်ကြောင်း သိရသည်။

‘ဟံသာဝတီလေဆိပ်ကတော့တင် ဒါအောင်ပြီးတော့လေဆိပ်အတွက် စပြီးတော့ လုပ်နေပြီပေါ့နော်၊ နိုင်ငံတကာလေဆိပ်က ဟံသာဝတီမှာ ဖြစ်မှာဆိုတော့ ရန် ကုန်နဲ့ဆက်သွယ်ဖို့အတွက်ကို ကားလမ်း ရော ရထားလမ်းရော စဉ်းစားနေတာပေါ့၊ကားလမ်းလည်းလိုမယ်၊ ရထားလမ်းကတော့မင်္ဂလာဒုံလေဆိပ်က ကျတော့ပြည် တွင်း ဖြစ်သွားမှာပေါ့နော်၊ ဖြစ်မယ်ဆိုတော့ ရန်ကုန် မြို့တွင်းရယ် မင်္ဂလာဒုံလေဆိပ်ရယ် ဟံသာဝတီလေဆိပ်ရယ် ဆက်သွယ်မယ့်လမ်းကြောင်းကို လုပ်ဖို့စဉ်းစားထားတယ်၊ MRT လို့ခေါ်တဲ့ ရထားတွေက ဟံသာဝတီလေဆိပ်က ထွက်တဲ့ခါမှာ လမ်းကြောင်းက မိုးပျံရထား ဖြစ်ဖို့များ တာပေါ့၊ အဲဒါကိုလုပ်ဖို့အတွက်စတာပါ’ ဟု ယင်းတာဝန်ရှိသူကပြောသည်။
မိုးပျံရထားစီမံကိန်း တည်ဆောက် ရန် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ် ဆောင်ရှိနေသေးသည့်အပြင် ရင်းနှီး မြှုပ်နှံမှုလည်း များပြားသောကြောင့် လာ မည့် ငါးနှစ်ခန့်မှသာ စတင်နိုင်မည်ဟု ခန့် မှန်းထားကြောင်း၊ အဆိုပါလမ်းတည် ဆောက်ဖြစ်ပါက ယာဉ်ကြောပိတ်ဆို့ခြင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ၊ ပြည် တွင်းလေကြောင်းလိုင်းများအချိတ်အဆက်လည်း ပိုမိုလွယ်ကူလျင်မြန်ချောမွေ့ လာမည် ဖြစ်ကြောင်း သိရသည်။

‘ဟံသာဝတီလေဆိပ်ဆောက်မှာမို့ ဆောက်လို့ရှိရင် ရန်ကုန်မြို့တွင်းနဲ့လျင်လျင် မြန်မြန်နဲ့သွားနိုင်တဲ့ကားလမ်း ရထားလမ်း ရှိမှပဲ အဲဒီလေဆိပ်ကြီးက လာတဲ့ခရီး သည်အတွက်က အဆင်ပြေမှာလေ၊ အဲတော့ Public Transportation ကိုနိုင်ငံတကာမှာလည်း ဒီလိုပဲ လုပ်ပေးရတာပေါ့၊ ကျွန်တော်တို့ကလည်း အဲဒီလေဆိပ်ကြီးရဲ့ efficien ဖြစ်မှုအတွက် လိုအပ်တာ ဖြစ်လို့ မိုးပျံရထားလမ်းလိုမျိုး ပြုလုပ်ဖို့စီစဉ်တာပါ’ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးအောင်ရဲထွန်းက ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။

Photo from google
မေငယ် (ဓာတ်ပုံ-မြန်မာ့မီးရထား)
Credit: Pyi Myanmar

No comments:

Post a Comment