Latest News

Friday, February 10, 2017

တရားမ၀င်သစ်ခိုးထုတ်မှုကျူးလွန်သူ ကိုးလအတွင်း ၆,၀၀၀ ခန့်ရှိ

တရားမ၀င်သစ်ခိုးထုတ်မှုကျူးလွန်သူ ကိုးလအတွင်း ၆,၀၀၀ ခန့်ရှိ



တရားမ၀င်သစ်ခိုးထုတ် မှု ကျူးလွန်သူသည် ကိုးလအတွင်း ဦးရေခြောက်ထောင်ခန့်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ဖမ်းဆီးရမိသည့် တရားခံစာရင်းတွင် နိုင်ငံခြားသားသုံးဦး ပါဝင်ပြီး ကျန်သူများသည် မြန်မာ နိုင်ငံသားများဖြစ်ကာ ဖမ်းမိသူ များကို သစ်တောဦးစီးဌာနက သစ်တောဥပဒေဖြင့် တရားစွဲဆို ထားသည်။

၂၀၁၆ ဧပြီတွင် စီမံချက်ချ မှတ်၍ တရားမ၀င်မှောင်ခိုကျူး လွန်သူများကို ပိုက်စိပ်တိုက်ဖမ်း ဆီးအရေးယူခဲ့ရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ပြည့်မီရန် သုံးလခန့်အလိုတွင် စုစုပေါင်း တရားခံ ၅,၈၀၈ ဦး ဖမ်းဆီးရမိခြင်းဖြစ် သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်က တရားမ၀င်သစ်ခိုးထုတ်မှု ကျူး လွန်သူ စုစုပေါင်း ၅,၅၀၀ ကျော်ရှိ၍ ယင်းအရေအတွက်နှင့် နှိုင်းယှဉ်ပါက လူဦးရေ ၂၀၀ ကျော် ပိုမိုများပြားနေသည်။

သစ်ထုတ်လုပ်မှုတစ်နှစ်ခန့် ရပ်ဆိုင်းပြီးနောက် တရားမ၀င် မှောင်ခိုသစ်ထုတ်သူများကို ဖမ်း ဆီးအရေးယူရာ ဧပြီမှ စက်တင်ဘာအတွင်း တရားခံ ၃,၉၆၀ ဦး၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာသုံးလအတွင်း တရားခံ၁,၈၄၈ ဦးကို ဖမ်းဆီးမိခဲ့သည်။

 အစိုးရထုတ်ပြန်ချက်တွင် တရားခံမဖမ်းမိသော ပိုင်ရှင်မဲ့ သစ်များလည်း ပါဝင်သဖြင့် အ မှန်တကယ် ကျူးလွန်ပတ်သက်သူဦးရေ ယင်းထက်များပြားနိုင် သည်။

၂၀၁၅ ကစ၍ တရားမ၀င် သစ်ခိုးထုတ်မှုများ ဖမ်းဆီးအရေး ယူမှုများကို ၀န်ကြီးဌာနက ထိထိ ရောက်ရောက် ဆောင်ရွက်ခဲ့ သော်လည်း သစ်ခိုးထုတ်မှုကျူး လွန်မှုများ လျော့နည်းခြင်းမရှိပေ။

ထို့ကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနက လက်ရှိပြဋ္ဌာန်း ထားသော ဥပဒေကို ပြင်ဆင်၍ ခေတ်စနစ်နှင့်ညီသော ဥပဒေပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။
7Day News Journal

No comments:

Post a Comment