ပုသိမ်၊ ဧပြီ ၈
................
ကန်ကြီးထောင့် ကြံခိုင်ရေး အတွင်းရေးမှူး ပြန်လည် လွတ်မြောက်လာ
ပုသိမ်၊ ဧပြီ ၈
ကန်ကြီးထောင့်မြို့၊မြို့နယ် တရားရုံးမှ မတ်လ၂၈ ရက်နေ့တွင် ဆက်သွယ်ရေး အက်ဥပဒေ ပုဒ်မ ၆၆(ဃ) အရ ထောင်ဒဏ် ၆လ ချမှတ် ခံထား ရသည့် ဦးသန်းထွန်းသည့် ဧပြီလ ၈ ရက်နေ့တွင် ပုသိမ် အကျဉ်းထောင်မှ ရက်စေ့ ပြန်လည် လွတ်မြောက် ခဲ့သည်။
သင်္ကြန်ပိတ်ရက်များတွင် လွတ်ရက်ပြည့်မည်ဖြစ်သဖြင့် ဧပြီ ၈ရက်နေ့တွင် လွတ်မြောက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
ကန်ကြီးထောင့်မြို့၊ပြည်ခိုင်ဖြိုးပါတီတွဲဘက်အတွင်းအရေးမှူး ဦးသန်းထွန်းမှ ဒေါ်အောင်ဆန်းစုကြည်ပုံများအား ညစ်ညမ်းပုံများပြုလုပ်ပြီး လူမှုစာမျက်နှာ fbတွင်Thu Thu အကောင့်ခဲ့သည့် အတွက် ကန်ကြီးထောင့်မြို့မှ ဦးစည်သူအောင်မှ တရားလိုပြုတရားစွဲထားခြင်းဖြစ်ပြီး၊ ကန်ကြီးထောင့်မြို့၊မြို့မရဲစခန်းမှ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုပြီးတင်ပို့ခဲ့ခြင်းဖြစ်သည်။
၊ဦးသန်းထွန်းသည် နိုဝင်ဘာလ၂၅ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး မတ် ၂၈ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်တရားရုံးမှ အမှုထင်ရှားသဖြင့် ထောင်ဒဏ် ၆လ ကျခံစေရန်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မဇ္ဈိမသတင်း by စည်သူမောင်မောင်
Originally published at - http://mizzimaburmese.com/article/13261
Friday, April 8, 2016
Reviewed by timeayeyar
on
1:28 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment