Latest News

Sunday, February 11, 2018

ပြည်ထောင်စုနေ့ (သို့) ပင်လုံစာချုပ် ချုပ်ဆိုခဲ့သောနေ့

ပြည်ထောင်စုနေ့ (သို့) ပင်လုံစာချုပ် ချုပ်ဆိုခဲ့သောနေ့

မနက်ဖြန် (ဖေဖော်ဝါရီလ ၁၂ ရက်နေ့) တွင် ကျရောက်သော ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ် ဆိုခဲ့သောနေ့၏ နှစ်ပတ်လည် ဖြစ်သည်။ ပင်လုံစာချုပ်နှင့် ဆက်စပ်ပြီး ဒဏ္ဍာရီများစွာ ရှိသော်လည်း မည်သည်မှာ အမှန်တကယ် ဖြစ်ခဲ့ပြီး မည်သည်မှာ တကယ် မဖြစ်ခဲ့သည်ကို ခွဲခြား အမှတ်ရရန် အရေးကြီးပေသည်။

(ENGLISH REPOST BELOW)


ဦးအောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်လွတ်လပ်ရေး အတွက် ဗြိတိသျှအစိုးရနှင့် ညှိနှိုင်းရန် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် လန်ဒန်မြို့သို့ ရောက်ရှိခဲ့သည်။ ဦးအောင်ဆန်းအား အိုင်စီအက်စ် ဦးတင်ထွဋ်က များစွာအကူအညီပေးခဲ့သည်။ ဗြိတိသျှဘက်မှ လေဘာပါတီ (Labour Party) နိုင်ငံရေးသမား ဆာစတက်ဖို့ကရစ်ပ်စ် (Sir Stafford Cripps) နှင့် မြန်မာပြည်ဆိုင်ရာ ကိုလိုနီအတွင်းဝန်ကလေး လော့လစ်စ်တိုဝယ် (Lord Listowel) တို့က အဓိက ပါဝင်ဆွေးနွေးခဲ့ ကြသည်။

ထိုဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ လွတ်လပ်ရေးပေးရန် မဟုတ်ဘဲ (ဗြိတိသျှ လေဘာပါတီ (Labour Party) အစိုးရက လွတ်လပ်ရေးပေးရန် လက်ခံပြီးသောကြောင့် ဖြစ်သည်။) အပြောင်းအလဲကာလသည် မည်သို့ မည်ပုံ ဖြစ်မည်၊ မြန်မာပြည်သည် ဗြိတိသျှဓနသဟာရတစ်နိုင်ငံအဖြစ် ရပ်တည်မည်၊ မရပ်တည်မည်နှင့် တောင်တန်းဒေသများနှင့် တိုင်းရင်းသား လူမျိုးစုများ၏ အနာဂတ် အကြောင်း ဖြစ်သည်။

ဦးအောင်ဆန်းနှင့် အခြား ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ (AFPFL) ခေါင်းဆောင်များသည် အိန္ဒိယနိုင်ငံ နှစ်ခြမ်းကွဲသွားနိုင်ခြေ မြင့်တက်လာသည် (ပါကစ္စတန်နိုင်ငံ ဖြစ်ပေါ်လာခြင်း) ကို သတိပြုမိပြီး မြန်မာပြည် သည်လည်း ထိုကဲ့သို့ ဖြစ်မည် ကို ပူပန်ခဲ့ကြသည်။ ဗြိတိသျှ တို့ကလည်း ပြည်တွင်းရေး တည်ငြိမ်မှုမရှိပါက တရုတ်နိုင်ငံ၏ ပြည်တွင်းစစ်နှင့် အင်ဒိုချိုင်းနား စစ်ပွဲတို့မှတစ်ဆင့် ဖြစ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကြောင့် ကွန်မြူနစ် တို့ အုပ်စိုးသွားမည်ကို စိုးရိမ်ခဲ့ ကြသည်။

စစ်အေးကာလ ဖြစ်နေချိန်ကြောင့် ပိုမိုအရေးကြီးနေသည့် ဂရိ၊ ပါလက်စတိုင်းနှင့် ပြည်တွင်းအရေးများတွင် အာရုံစူးစိုက်နေရသော ဗြိတိသျှအစိုးရသည် လန်ဒန်မြို့ ဆွေးနွေးပွဲများ၌ ထိုတောင်တန်းဒေသများသည် မြန်မာပြည်သစ်တွင် အတူတကွ ပေါင်းစည်းသင့်ကြောင်း ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားခြင်းသည် ကာလကြာရှည်စွာ ကျင့်သုံးခဲ့သော နယ်ချဲ့ မူဝါဒနှင့် စစ်အတွင်းက ကချင်နှင့် ကရင်တော်လှန်ရေး တပ်သားများကို ပေးခဲ့သော ကတိက၀တ်များနှင့် လုံးဝဥဿုံ ဆန့်ကျင်နေခဲ့သည်။

အောင်ဆန်း-အက်တလီ စာချုပ်ကို ၁၉၄၇ ခုနစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး တောင်တန်းဒေသများသည် လွတ်လပ်သော မြန်မာပြည်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာမည်၊ ထိုဒေသခံ လူမျိုးစုများ၏ လွတ်လပ်သော သဘောတူညီမှုကို အခြေခံရမည်ဟု ပါရှိသည်။

ထိုအကြောင်းကြောင့်ပင် ပင်လုံညီလာခံကို ကျင်းပခဲ့သည်။ ဗြိတိသျှတို့အတွက်မှု တောင်တန်းဒေသများ၏ အနာဂတ်သည် နောက်ဆုံး စီမံရမည့် အရေးကိစ္စသာ ဖြစ်ပြီး မြန်မာပြည်မှ ထွက်ခွာရာ လမ်းတစ်လျှောက် ပြဿနာတစ်ရပ် ဖြစ်လာရန် မဟုတ်ပေ။

(တကယ်တမ်းဆိုလျှင် ဤသည်မှာ ဒုတိယမြောက် ပင်လုံညီလာခံ ဖြစ်သည်။ ပထမညီလာခံကို ၁၉၄၆ ခုနှစ်က ညောင်ရွှေစော်ဘွားက ဦးဆောင်ခဲ့သည်။)

ညီလာခံကို ဗမာခေါင်းဆောင်ကြီးများ၊ ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်၊ ကချင်တောင်တန်း၊ ချင်းတောင်တန်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ ကရင်ခေါင်းဆောင်များမှာမူ လက်ရှိထက် သာလွန်သော သဘောတူညီချက် ရလိုရငြား မတက်ရောက်ခဲ့ ကြပေ။ ထိုသို့ မတက်ရောက်ခဲ့ ခြင်းသည် ဤညီလာခံ၏ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်ခဲ့သည်။

မြန်မာပြည်၌ ဘဏ္ဍာရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တစ်ဦးတည်းသော ကျွမ်းကျင်သူ ဦးတင်ထွဋ်သည် ညီလာခံတွင် အားသွန်ခွန်စိုက် ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် အမြင်ကျယ်စွာဖြင့် တိုင်းရင်းသားခေါင်းဆောင်များ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုခဲ့သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုအရိပ်များနှင့် ချဉ်းကပ် လာနေသည့် နှစ်ခြမ်းကွဲခြင်းကို မတွေ့ချင်မှအဆုံး ဖြစ်ခဲ့သည်။

ဗြိတိသျှ ကိုယ်စားလှယ်များမှာ လေဘာပါတီ (Labour Party) နိုင်ငံရေးသမား အာသာဘောတမ်လေ (Arthur Bottomley) နှင့် ကာကီရောင် ဘောင်းဘီတိုကို ပန်းရောင်ခြေအိတ်ဖြင့် အမြဲတစေ ၀တ်ဆင်ကာ ဘုရင်ခံကို စိတ်အနှောင့်အယှက်ဖြစ်စေသော နောင်အခါ ဖင်လန်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ် ဖြစ်လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကျွမ်းကျင်သူ အဲရစ်မာ့ခ်တစ် (Eric Machtig) ဖြစ်သည်။

ဦးတင်ထွဋ်သည် အဲရစ်မာ့ခ်တစ်နှင့် အင်္ဂလန်နိုင်ငံတွင် ကျောင်းတက်စဉ်က ရက်ဂ်ဘီ (Rugby) အတူ ကစားခဲ့ဖူး သဖြင့် ခင်မင်နေခဲ့ကြသည်။

အရင်းခံအားဖြင့် ပင်လုံစာချုပ်သည် နောက်ဆုံးတွင် လွတ်လပ်ရေးရရှိစေမည့် အသွင်ကူးပြောင်းရေး အစီအစဉ်များအတွက် သဘောတူစာချုပ် တစ်ခုပင် ဖြစ်သည်။ စာချုပ်တွင် စာပိုဒ် ၉ ပိုဒ် ပါရှိသည့်အနက်မှ ၄ ပိုဒ်မှာ ရာထူးအသစ် ဖြစ်သော တောင်တန်းဒေသဆိုင်ရာ ကိုယ်စားလှယ် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနှင့် အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကြားကာလ အမှုဆောင်ကောင်စီတို့၏ ဆက်ဆံရေးအကြောင်း ဖြစ်သည်။

စာချုပ်တွင် ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ငန်းစဉ် သုံးရပ်လည်း ပါရှိသည်။ ၎င်းတို့မှာ ကချင်ပြည်နယ် ဖွဲ့စည်းရန်၊ တောင်တန်းဒေသများကို သဘောတရားအားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးရန်နှင့် တောင်တန်းဒေသများ (ဒေသအကြီးအကဲများ၏ အုပ်ချုပ်ခံဒေသများ) တွင် နေထိုင်သူများ ဒီမိုကရေစီ ရပိုင်ခွင့်များနှင့် အကျိုးခံစားခွင့်များ ရရှိရန် ဖြစ်သည်။

ဤသို့ဖြင့် ဗြိတိသျှတို့ မြန်မာပြည်မှ စွန့်ခွာနုတ်ထွက်ရေးအတွက် ကနဦး အသုံးပြုခဲ့သည့် ယန္တရားတစ်ခုသည် ယနေ့တိုင် ဆန့်ကျင်ခံရနေဆဲနှင့် ရုန့်ကြမ်းစွာ တော်လှန်ခံနေရဆဲဖြစ်သော အတွေးအခေါ်များကို မွေးထုတ်ပေးခဲ့သည်။

ဒုတိယ ပင်လုံညီလာခံအပြီး တစ်နှစ်တာကာလ အတွင်းတွင်ပင် လွတ်လပ်သွားလေသော မြန်မာပြည်သည် ပြည်တွင်းစစ် မီးများနှင့် တွေ့ကြုံလာခဲ့ရ ပေတော့သည်။

(ဖော်ပြပါဓာတ်ပုံသည် ပင်လုံသို့ ရောက်ရှိလာသော ဆာအာသာဘောတမ်လေကို ဗိုလ်ချုပ်အောင်ဆန်းက ခရီးဦးကြိုနေသည့်ပုံ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ညာဘက်ရှိ ပုဂ္ဂိုလ်မှာ ဦးတင်ထွဋ်ဖြစ်သည်။ ဆာအာသာ၏ နောက်ဘက်တွင် အဲရစ်မာ့ခ်တစ် ဖြစ်ပြီး သူ၏ ပန်းရောင်ခြေအိတ်များကိုမူ မမြင်ရပေ။)

Tomorrow (12 February) is "Union Day" which marks the anniversary of the "Panglong Agreement" of 1947. There is a considerable mythology surrounding the Panglong Agreement and it's important to remember what it was and what it was not.

U Aung San had led the Burma delegation to London in January 1947 to negotiate the country's independence from Britain. He was very ably assisted by ICS U Tin Tut. The British side were represented principally by the Labour politician Sir Stafford Cripps and the Secretary of State for Burma Lord Listowel.

The main topic of discussion was no longer independence (which had already been accepted by the UK Labour government) but the exact shape of the transition, whether Burma would remain part of the Commonwealth, and the future of the so-called "Scheduled Areas" or "Frontier Areas" and of "minority races" more generally.

U Aung San and other AFPFL leaders were aware of the growing certainty of partition in India (and the creation of "Pakistan") and were worried this would set a precedent for Burma. And the British were concerned about the possible spill over effects of the civil war in China and the incipient war in Indochina; instability in Burma could, they feared, lead quickly to a communist takeover.

The UK government, with the new Cold War looming large, and with their attention focused firmly on the far weightier issues of the day, in Greece, Palestine, India, and at home, argued at the London talks that these "frontier areas" would need to be strongly wielded to the new Burma.

It was a complete reversal of long-standing colonial policy and the implicit promises made to Kachin and Karen resistance fighters during the war.

The Aung San - Attlee Agreement signed on 27 January 1947 stated that the Frontier Areas would necessarily be part of independent Burma, but also stated that this would be based on the "free consent" of its peoples.

The Panglong conference was held against this backdrop. The future of the "frontier areas" was a final issue to be managed, not to become a problem in London's path to quitting Burma.

(It was actually the second "Panglong conference", the first having been convened by the Yawnghwe Saopha in 1946).

The conference was attended by senior Burmese leaders as well as the Shan saophas and other representatives of the Federated Shan States, the Kachin Hills and Chin Hills. The leadership of the Karens did not attend as they were hoping still for a better deal; their non-participation was perhaps the single biggest weakness of the conference.

ICS U Tin Tut, Burma's only real expert on both financial and constitutional matters was a driving force at the conference. General Aung San himself showed considerable broad-mindedness and a desire to meet the expectations of the minority leaders. But the shadow of India and the approaching partition was all around.

The British representative was the Labour politician Arthur Bottomley, assisted by constitutional expert Eric Machtig, years later UK Ambassador to Finland, who upset the Governor by always wearing khaki shorts with pink socks.

U Tin Tut had played Rugby against Eric Machtig when both were at school in England and got along well.

The Panglong Agreement itself was primarily an agreement on transitional arrangements in the lead up to independence. Of its nine paragraphs, four deal exclusively with the new position of "Counsellor to the Governor to deal with Frontier Areas" and the relationship of this person to the interim Executive Council.

It also however included three forward looking provisions: the creation of a Kachin State; "full autonomy in self administration" for the Frontier areas "in principle", and acceptance of the full "democratic" rights and privileges of the people living in the Frontier areas (which were then mainly under the rule of hereditary chiefs).

In this way, what was first and foremost a mechanism for the British to withdraw from Burma gave birth to new aspirations that remain contested and violently contested to this day.

Within a year of this second Panglong conference, Burma, now independent, was at civil war.

(The photograph shows Arthur Bottomley arriving at Panglong and greeted by General Aung San. To General Aung San's right is U Tin Tut. Behind Sir Arthur is Eric Machtig, pink socks not showing).

(Repost from 2015 with some edits).
———————

https://www.facebook.com/thantmyintu/posts/1675946262459350

(Dr.) Thant Myint-U’s Facebook

No comments:

Post a Comment

Blog Archive

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post