Latest News

Wednesday, November 1, 2017

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အထူး ဒန အဖွဲ့မှ ရဲအုပ်အဆင့်ရှိသူ ဇော်မျိုးမင်း


သို့ /
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ
ဧရာဝတီတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဦးမန်းဂျော်နီနှင့်
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ရဲမြင့် တို့ထံ တင်ပြတိုင်းတန်းခြင်း ။
(ရွှေတံခါးမှူး ချစ်သူမှတဆင့် တိုင်ကြားစာ)

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အထူး ဒန အဖွဲ့မှ ရဲအုပ်အဆင့်ရှိသူ ဇော်မျိုးမင်းဆိုသူသည် ဟင်္သာတ
ခရိုင်အတွင်းစားသောက်ဆိုင်နှင့်အတူတွဲလျှက်ရှိသော KTV ဆိုင်များအား လစဉ် လတိုင်း တိုင်းရဲမှူးကြီးအား ဂါရဝ ပြုရန်အတွက် ဟု အကြောင်းပြကာ KTV တစ်ဆိုင်လျှင် ၅၀၀၀၀ ကျပ် ရယူခြင်း။
သစ်မှောင်ခိုကားများထံမှ သစ်ကားတစ်စီးလျှင် ၇၀၀၀၀ ကျပ် တောင်းခံနေခြင်းများမှာ ယနေ့ထိ ကောက်ခံလျှက်ရှိနေပါသည်။ဘောလုံးဒိုင် နှင့် နှစ်လုံးသုံးလုံးဒိုင်များထံမှလည်း နည်းမျိုးစုံ အကြောင်းပြကာ ငွေကြေးများ ကောက်ခံလျှက် ရှိနေပါသည်။

ခရိုင်နယ်မြေများအတွင်းရှိ သစ်စက်ပိုင်ရှင်များထံမှလည်း တိုင်းရဲမင်းကြီးနှင့် ဆရာသမားများ အတွက်ဟု
 ပြောဆိုကာ သစ်စက်ပိုင်ရှင်တစ်ဦးလျှင် (တစ်ဆယ်သိန်း) နှုံးဖြင့် ရာသီပြတ်ကောက်ခံလျှက်ရှိနေသည်မှာ ၄ နှစ်ကာလ ရှိပြီဖြစ်ပါသည်။

ထိုသို့ကောက်ခံပါလျှက်နှင့် လွန်ခဲ့သော ၁၀ ရက်လောက်က အင်္ဂပူမြို့နယ် ကွင်းကောက်မြို့
ကျွဲတောင်ခြောက်ရွာ အုပ်စု ဇီဖြူကုန်းကျေးရွာမှ လှေ လုပ်ငန်းပိုင်ရှင် ဦးစိုးလေးထံသို့
တိုင်းဒန အဖွဲ့ခေါင်းဆောင်၏ လူယုံ ဟင်္သာတမြို့ချောင်းဖျားလေး ကျေးရွာမှ ခင်မောင်မြင့် ဆိုသူနှင့်
သွားရောက်ပြီး ရဲမင်းကြီးအတွက် နှစ်စဉ်ကြေးပေးသွင်းဖို့ ငွေကျပ် ( ဆယ်သိန်း)အား ပေးဆောင်နိုင်ရန် လာရောက်တောင်းခံခဲ့ရာ ဦးစိုးလေးမှ ဒီဇင်ဘာ လကုန်မှ တစ်နှစ်ပြည့်မှာဖြစ်သည့်အတွက် လတ်တလော
မပေးနိုင်သေးကြောင်း ပြောပြသဖြင့် ခင်မောင်မြင့် ဦးဆောင်သော ဒန ရဲအုပ် ဇော်မျိုးမင်း အဖွဲ့မှ
မကျေနပ်ဖြစ်ကာ သစ်တောဦးစီးဌာန ဟင်္သာတ နှင့် အင်္ဂပုမြို့ သစ်တောဌာန
တို့အားတိုင်ကြားခဲ့ပါသည်။

သစ်တောဌာနမှ တောအုပ်ကြီး တင်အောင်ဆွေနှင့် အဖွဲ့သားများမှ ဦးစိုးလေးပိုင် သစ်များအား
လာရောက်ဖမ်းဆီးခဲ့ပါတယ်။ ဦးစိုးလေးမှာ ငွေဆယ်သိန်းကိုလည်း ပေးဆောင်ခဲ့ရသလို
သစ်များကိုလဲ ဖမ်းဆီးခြင်းခံရသည့် အတွက် ကျေနပ်မှူ့ မရှိ၍ နှစ်စဉ်ကြေး ငွေ ဆယ်သိန်းတောင်းခံသူ
ရဲအုပ်ဇော်မျိုးမင်းနှင့် ခင်မောင်မြင့်တို့အပေါ် တိုင်းရဲမင်းကြီး ရဲမြင့် ကိုနာမည်အလွဲသုံးစားဖြင့် ငွေကြေး
လိမ်ညာတောင်းခံသည့်အတွက်အရေးယူပေးစေအပ်ပါတယ် ရှင့် ။

ကျေးဇူးတင်ရှိစွာဖြင့်

စက်လှေလုပ်သားများ
ကျွဲတောင်ခြောက်ရွာ
ဇီးဖြူကုန်း
https://www.facebook.com/292365970934293/photos/a.436762359827986.1073741829.292365970934293/846499048854313/?type=3&theater

No comments:

Post a Comment