Latest News

Sunday, October 1, 2017

Miss Universe Myanmar 2018 နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ပဲခူးမြို့ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်က Winner ဆု ဆွတ်ခူးရရှိ

Miss Universe Myanmar 2018 နောက်ဆုံးအဆင့်ပြိုင်ပွဲ၌ ပဲခူးမြို့ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်က Winner ဆု ဆွတ်ခူးရရှိ

Miss Universe Myanmar 2018 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲအား ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ Gandamar Whole Sales Shopping Mall  ၌ စက်တင်ဘာ ၃၀ ရက် ညပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲ၏ Winner ဆုအား ပဲခူးမြို့ ကိုယ်စားပြု အလှမယ် နှင်းသွေးယုအောင်က ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

Miss Universe Myanmar 2018 ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ သက်ဆိုင်ရာ မြို့ကြီးများအား ကိုယ်စားပြု အလှမယ် (၃၀)ဦး တက်ရောက်နိုင်ခဲ့ကာ အဆိုပါ အလှမယ် (၃၀) ဦးထဲမှ ပထမအဆင့် ရွေးချယ်မှုအဖြစ် အလှမယ် ၁၃ ဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းအလှမယ် ၁၃ ဦးထဲမှ နောက်ဆုံး စကာတင် အလှမယ် ၅ ဦး အဖြစ် ပဲခူးမြို့ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်၊ မြစ်ကြီးနားမြို့ကိုယ်စားပြု အလှမယ် Roslynn ၊ ဘားအံမြို့ကိုယ်စားပြု အလှမယ် မြင့်မိုရ်မေ၊ နေပြည်တော်မြို့ ကိုယ်စားပြု အလှမယ် ဆုမြတ်ဖူးနှင့် တာချီလိတ်မြို့ ကိုယ်စားပြုအလှမယ် နန်းမွေဖောင်းလောင် တို့အား ရွေးချယ်ခဲ့သည်။

အဆိုပါ နောက်ဆုံးစကာတင် အလှမယ် ၅ ဦးထဲမှ 2nd Runner Up နှင့် 1st Runner Up ဆုများအား စတင် ရွေးချယ်ခဲ့ကာ ယင်းဆုများအား တာချီလိတ် ကိုယ်စားပြုအလှမယ် နန်းမွေဖောင်းလောင် နှင့် နေပြည်တော်မြို့ ကိုယ်စားပြုအလှမယ် ဆုမြတ်ဖူးတို့က အသီးသီး ဆွတ်ခူးရရှိခဲ့သည်။

ထို့နောက် ကျန်ရှိသည့် အလှမယ် ၃ ဦးထဲမှ Miss Universe Myanmar 2018 Winner အား ပဲခူးမြို့ ကိုယ်စားပြုအလှမယ် နှင်းသွေးယုအောင်က ဆွတ်ခူးရရှိခဲ့ကာ 3rd Runner Up  နှင့် 4th Runner Up ဆုများအား ဘားအံမြို့ ကိုယ်စားပြု အလှမယ် မြင့်မိုရ်မေနှင့် မြစ်ကြီးနားမြို့ ကိုယ်စားပြု အလှမယ် Roslynn  တို့က ဆွတ်ခူး ရရှိခဲ့သည်။

ထို့ပြင် အခြားသော Title ဆုများ ဖြစ်သည့် Body Perfect ဆုအား မြ၀တီမြို့ကိုယ်စားပြုအလှမယ်၊ Miss En vironment ဆုအား  မကွေးမြို့ကိုယ်စားပြုအလှမယ်၊ Miss Photogenic ဆုအား ဘားအံမြို့ကိုယ်စားပြုအလှမယ်၊ Miss Congeniality ဆုအား တောင် ကြီးမြို့ ကိုယ်စားပြုအလှမယ်၊ Miss Famous ဆုအား မင်းဘူးမြို့ကိုယ်စား ပြုအလှမယ်၊ Miss Beautiful Hair By SUNSILK ဆုအား မြစ်ကြီးနားမြို့ ကိုယ်စားပြုအလှမယ်၊ Miss Pinkish Face by POND ဆုအား မိုးကုတ်မြို့ ကိုယ်စားပြုအလှမယ်နှင့်  Miss Soft Touch by LUX ဆုအား စစ်တွေမြို့ ကိုယ်စားပြုအလှမယ် တို့က အသီးသီး ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

Miss Universe Myanmar 2018 Winner ဆုရှင် နှင်းသွေးယုအောင်သည် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ Las Vegas  မြို့၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းသိရသည်။

Eleven Media Group

No comments:

Post a Comment