Latest News

Sunday, June 4, 2017

ဦးတင်ဦး ဇွန်လလယ်မှာ ဆေးရုံဆင်းနိုင်မယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးခန့်မှန်း

ဦးတင်ဦး ဇွန်လလယ်မှာ ဆေးရုံဆင်းနိုင်မယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီးခန့်မှန်း

စကားပီပီသသပြောနိုင်ဖို့နဲ့ ညာဘက်အခြမ်းက ပုံမှန်အတိုင်း လှုပ်ရှားနိုင်ဖို့အတွက် လေ့ကျင့် ခန်းတွေ ဆက်ပြီးတော့ လုပ်ပေး ရဦးမှာပါ။

ဦးတင်ဦးရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ များစွာတိုး တက်နေပြီး  ဇွန်လလယ်မှာ ဆေးရုံကဆင်းနိုင်မယ်လို့ ရန်ကုန်ဆေးရုံအုပ် ဒေါက်တာအေးကိုကို ခန့်မှန်းကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

‘‘သူစကားပြောတာ မပီသေးပါဘူး။ ၀ူးဝါးဝူးဝါးဖြစ်နေပါတယ်။ ကိုယ်တစ်ခြမ်းသေသွားတဲ့ ညာဘက်လက်နဲ့ ခြေက လှုပ်လို့ရတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ မနေ့ကပဲ ဆီးပိုက်ကို ဖြုတ်ထားပါတယ်။ ဆီး သူ့ဘာသူသွားနိုင်တယ်လို့ ပြောလို့ရပါတယ်။ ဆီးအိုးထဲမှာ သွားနိုင်တဲ့ အနေအထားရှိပါတယ်။ မတ်တတ်ကတော့ ကောင်းကောင်းမရပ်နိုင်သေးပါဘူး။ ထိုင်တာကတော့ ပုံမှန် နာရီဝက်လောက်အထိ သာမန်အားဖြင့် ထိုင်လို့ရပါတယ်။စကားပီပီသသပြောနိုင်ဖို့နဲ့ ညာဘက်အခြမ်းက ပုံမှန်အတိုင်း လှုပ်ရှားနိုင်ဖို့အတွက် လေ့ကျင့် ခန်းတွေ ဆက်ပြီးတော့ လုပ်ပေး ရဦးမှာပါ။ ဆေးရုံဆင်းဖို့ကတော့ အကြမ်းဖျင်း ဇွန်လအလယ်မှာ ဆင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အခုလောလောဆယ်က အသက်အန္တရာယ် စိုးရိမ်စရာမရှိ ပါဘူး’’ လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဦးတင်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ကာ ဦးနှောက်နှင့်အာရုံကြောဌာန ဌာနမှူး ပါမောက္ခ ဒေါ်ဝင်းမင်းသစ်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဌာန ဌာနမှူး ပါမောက္ခ ဦးမြတ်သူတို့ အပါအ၀င် သက်ဆိုင်ရာ ဆရာဝန်ကြီးတွေ စုစုပေါင်း ၁၅ ဦး ပါဝင်တဲ့  ဆေးဝါးကုသရေးဆိုင်ရာ ကော်မတီဖွဲ့ကာ ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

အထူးကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှု ခုနစ်ရက်ကြာ ပြုလုပ်ပြီးနောက် အသက်အန္တရာယ် စိုးရိမ်ရတဲ့အဆင့်ကို ကျော်လွန်ကာ အခြေအနေတိုးတက်ခဲ့ပြီး မေလ ၂၄ ရက် အထူးကြပ်မတ်ဆောင်မှ နှလုံးကုသဆောင်သို့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဦးတင်ဦးရဲ့ ကျန်းမာရေးတိုးတက်မှုအခြေအနေတွေအရ ဇွန် လ ၂ ရက်မှာ ဆီးပိုက်ကိုဖြုတ်ခဲ့ကာ အစာစတင်စားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: 7Day Daily:Duwun
Photos: Myanmar State Counciller Office

No comments:

Post a Comment