Latest News

Sunday, March 12, 2017

တွံတေးမြို့နယ်၌ ၅နှစ်အရွယ် သမီးငယ်လေးကို ရွာက ၂၇ နှစ်အရွယ် အမျိုးသားမှ နည်းမျိုးစုံဖြင့် အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့ရာ ကလေးရဲ့ သားအိမ်​တစ်ခုလုံးကြေမွသွား၍့ သားအိမ်ကို ထုတ်ပစ်လိုက်ရ

ကျေးဇူးပြု၍ ဆုံး​အောင်​ဖတ်​​ပေးပါရှင်
ကလေးအမည် --- မဝင်းစန္ဒာ
အသက် --- ၅နှစ်၅လ
မြို့နယ် ---တွံတေးမြို့နယ် မရမ်းတစ်ပင်ကျေးရွာ

အရမ်းကို ဆိုးရွားလွန်းတဲ့ အဖြစ်အပျက်ပါရှင်
အမေနဲ့အစ်မက ရန်ကုန်မှာ အလုပ်လာလုပ်နေတာမို့ သမီးလေးကို အဖေဖြစ်သူနဲ့ရွာမှာထားခဲ့ရပါ
တယ်...

အဖေကလဲ လက်လုပ်လက်စားဘဝမို့ အလုပ်ရယ်လို့ အတည်တကျက မရှိ ခေါ်ခိုင်းတဲ့သူရှိရင်ရှိသလို အလုပ်လုပ်ရသူမို့ ၅နှစ်အရွယ်သမီးငယ်လေးကို ခင်မင်နေတဲ့ ရွာက အိမ်တစ်အိမ်က လာလာခေါ်ပြီး ထိန်းပေးပါတယ်တဲ့...

တစ်ရက် မင်္ဂလာဆောင်တစ်ခုမှာ အဖေက အလုပ်သွားလုပ်တုန်း ရွာထဲက အဒေါ်တစ်ယောက်က ကလေးကို သွေးတွေထွက်နေတာမြင်ပြီး ရွာအုပ်ချု ပ်ရေးမှုးဆီ ပို့ထားကြောင်း လာပြောတော့မှ လိုက်သွားတော့မှ သမီးဖြစ်သူကို လူမဆန်စွာ အဓမ္မအကျင့်ခံထားရကြောင်း သိရတော့တယ်...

သမီးလေးကို ဒီလိုလုပ်လိုက်သူက ကလေးကိုချစ်ဟန်ဆောင်ပြီးခေါ်ထိန်းထားတဲ့အိမ်က အသက်၂၇နှစ်အရွယ် ယောက်ကျားတစ်ယောက်...

ကျမ မိတ်ဆွေများ သီးခံပြီး ဖတ်ပေးကြပါနော် မကြားဝံ့မနာသာတွေဆိုပေမယ့် အမှန်အတိုင်းရေးပြမှသာ သမီးလေးဘယ်လောက်ထိခံစားခဲ့ရလဲဆိုတာသိကြမှာပါ...

သမီးလေးကိုမေးတော့ သူ့ကို လက်နဲ့ဘယ်လိုနှိုက်တာ, ပါးစပ်ထဲ ဘယ်လိုထည့်တာ,ပါးစပ်ကို လက်နဲ့ပိတ်ပြီး ပါးကို ဘယ်ပြန်ညာပြန် ရိုက်တယ်​. နင့်အဖေကို ပြောရင် ဓားနဲ့ခုတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်. ဘယ်​လိုလုပ်တာတွေ အုပ်ချုပ်ရေးမှုးကိုပြောပြတယ်တဲ့...

ဆေးရုံကိုပို့တော့ ဆရာဝန်က တစ်ကြိမ်တခါတည်း စော်ကားထားတာ မဟုတ်ကြောင်း အကြိမ်ကြိမ်အခါခါမို့ သမီးလေးရဲ့ သားအိမ်​တစ်ခုလုံး ကြေမွသွားလို့ သားအိမ်ကိုလဲ ထုတ်ပစ်လိုက်ရပါတယ်...

စအိုကနေလဲ သွေးတွေထွက်ထွက်နေလို့ အခုချိန်ထိကျန်းမာရေးစိတ်မချရသေးပါဘူး.

မတရားစော်ကားသူကိုတော့ ဖမ်းမိထားပေမယ့်လဲ သမီးလေးတို့ မိသားစုကအရမ်းချို့ တဲ့လွန်းတဲ့အတွက် အမှုရင်ဆိုင်ဖို့အင်အားမရှိပါဘူး.

ကျမဆီကို မနေ့ညက တွံတေးမြို့ ရတနာလူမှုကူညီရေးအသင်းက ဖုန်းဆက်ပြီး အကူအညီတောင်းလို့ ဒီနေ့ကျမ ခရီးထွက်လာရပေမယ့် အဖွဲ့သားများမှ သမီးလေးဆီသွားပြီး လိုအပ်သောအရာများ,အစားအစာများ,အရုပ်များသွားရောက်ပေးအပ်ပြီး အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်...

သမီးလေးက ဘယ်လောက်တောင် နာကျင်ကြောက်ရွံ့ခဲ့လဲမသိပါဘူး။ သူ့လက်ကိုလာဆွဲရင် အမေတွေ အစ်မတွေကိုတောင် ပြန် ရိုက်တာမျိုး အော်တာ,ငိုတာ,ကိုက်တာတွေအထိ ပြန်တုန့်ပြန်နေတယ်လို့ သိရပါတယ်. အရွယ်နဲ့မလိုက်ကြမ်းတမ်းကြောက်ရွံ့စိတ်တွေဖြစ်နေပါတယ်ရှင်...

မိဘတွေက မပြည့်စုံပေမယ့် ငွေဘယ်လောက်ပေးပေး မကြေအေးနိုင်ပါဘူးတဲ့

အမှုမှန်ပေါ်ပေါက်အောင်ကူညီပေးကြဖို့ ​မေတ္တာရပ်ခံထားပါတယ်...

သမီးလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ဥပဒေလမ်းကြောင်းအတိုင်း အမှုရင်ဆိုင်နိုင်ဖို့ ကလေးစိတ်ကျန်းမာရေး ဆရာဝန်များ, ဥပဒေပညာရှင်များ, ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများအနေနဲ့ဝိုင်းဝန်းဆောင်ရွက်ကူညီပေးကြပါလို့ ကျမအနေနဲ့ အနူးညွတ်မေတ္တာရပ်ခံချင်ပါတယ်ရှင်...

မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ရပ်တွေဟာ အများကြီးဆိုပေမယ့် ကျမတို့ လက်လှမ်းမှီသလောက် ကာကွယ်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်.

သမီးလေးအတွက် အစစအရာရာ အဆင်ပြေချောမွေ့ဖို့နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ ဝိုင်းဝန်းကူညီကြရအောင်ပါလားရှင်...

(သရုပ်ဆောင် ခိုင်နှင်းဝေ)

No comments:

Post a Comment