Latest News

Saturday, December 17, 2016

"အဆင့်မြင့် ဘတ်စ်ကားမှတ်တိုင်တွေ တည်ဆောက်နိုင်ရေး လာမယ့်အပတ် တင်ဒါခေါ်မည်"



"အဆင့်မြင့် ဘတ်စ်ကားမှတ်တိုင်တွေ တည်ဆောက်နိုင်ရေး လာမယ့်အပတ် တင်ဒါခေါ်မည်"
==================

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အဆင့်မြင့် ဘတ်စ်ကား မှတ်တိုင်တွေ တည်ဆောက်နိုင်ရေး လာမယ့် အပတ်ထဲမှာ တင်ဒါ ခေါ်ယူသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ ကသိရပါတယ်။

လက်ရှိ မှတ်တိုင်တွေ နေရာမှာ ဘတ်စ်ကား လာမယ့် အချိန်၊ ရာသီဥတု အခြေအနေ စတဲ့ သတင်း အချက်အလက်တွေ အများကြီး ထည့်သွင်းထားတဲ့ အဆင့်မြင့် မှတ်တိုင်တွေ တည်ဆောက်ဖို့ အတွက် တင်ဒါ ခေါ်ယူတာ ဖြစ်တယ်လို့ အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပြောပါတယ်။

ဒီလို အဆင့်မြင့် မှတ်တိုင်တွေ တည်ဆောက်ရေးက အချိန်ယူရဦးမှာ ဖြစ်တာကြောင့် အများပိုင် ဘတ်စ်ကား စနစ် စတင် ပြေးဆွဲချိန်မှာတော့ မှတ်တိုင်အဟောင်းတွေ ကိုပဲ အသုံးပြုဦးမှာ ဖြစ်တယ် လို့ ဒေါက်တာ မောင်အောင် က ဆိုပါတယ်။

ရန်ကုန်မြို့တော် အတွင်း ဘတ်စ်ကားတွေကို အများပိုင် စနစ်နဲ့ ပြေးဆွဲရေး ကုမ္ပဏီ (၈) ခု ဖွဲ့စည်းထားပြီး မြို့တွင်း လမ်းမကြီး (၂၀) ခန့် ၊ လမ်းမကြီးနဲ့ ချိတ်ဆက် ပြေးဆွဲမယ့် လမ်းသွယ် (၄၀) ခန့် လျာထားတယ်လို့ သိရပါတယ်။

5 Plus News


No comments:

Post a Comment