Monday, June 6, 2016
စာကြည့်တိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ကွန်ပျူတာသင်ကြားရေးခန်းမများ ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ တာခွတဲကြီးကုန်းကျေးရွာ၌ ဘိုးရာဇာစာကြည့် တိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ကွန်ပျူတာသင်ကြားရေးခန်းမများ ဖွင့်ပွဲကို ဇွန် ၃ ရက်က ကျင်းပခဲ့သည်။
ဘိုးရာဇာ စာကြည့်တိုက်ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော် နီ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ကွန်ပျူတာသင်ကြားရေးခန်းမ ဖွင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်ဂါ့မိုးမြတ်မြတ်သူ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးလှကျော်နှင့် အလှူရှင် ဦးနေလင်းတို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာသင်ကြားရေးခန်းမကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပြီး ကျေးရွာမှလူငယ်များ ကွန်ပျူတာသင်ကြားနေသည်ကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် အထက(တာခွ)ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများအား ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူ များဖြစ်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။ ထို့နောက် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ် ဆိုင်ရာ အချက်အလက်များကို တင်ပြပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အမှာစကား ပြောကြားကာ ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များကို တင်ပြ၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
ဝင်းဗိုလ်(ပြန်/ဆက်)
စာကြည့်တိုက်၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုနှင့် ကွန်ပျူတာသင်ကြားရေးခန်းမများ ဖွင့်လှစ်
Reviewed by timeayeyar
on
5:07 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment