Latest News

Friday, December 18, 2015

ဧရာဝတီတိုင်းဒေသကြီးဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာမှာငွေလုံးငွေရင်းအတွက်ကျပ်သန်း(၉၅၀)ကျော်ပါဝင်


(၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်ဧရာဝတီတိုင်းဒေသကြီးရဲ့နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုဒီဇင်ဘာ(၁၆)ရက်မှာကျင်းပတဲ့ပထမအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၅)ပထမနေ့မှာဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဘဏ္ဍာရေးဝန်ကြီးဦးဝင်းကိုကိုက တင်သွင်းခဲ့ပါတယ်။ အဲဒီလိုဥပဒေကြမ်းကိုအတည်ပြုနိုင်ဖို့ တင်သွင်းရာမှာ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှာဌာနပေါင်း(၂၆)ခုရှိတဲ့အနက်ဌာန(၁၇)ခုအတွက်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုအနေနဲ့သာမန်အသုံးစရိတ်ကျပ်(၁၁၄၅ဒသမ၄၆၇)သန်း၊ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်(၁၇၃၈ဒသမ၅၃၇)သန်းစုစုပေါင်းကျပ်(၂၈၈၄ဒသမ၀၀၄)သန်းကိုတောင်းခံခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အဲဒီဖြည့်စွက်ခွင့်ပြုငွေကျပ်သန်း(၂၈၀၀)ကျော်တောင်းခံထားရာငွေလုံးငွေရင်းအတွက်ကျပ်သန်း(၉၅၀)ကျော်ပါဝင်တယ်လို့ဦးဝင်းကိုကိုကပြောပါတယ်။အဲဒီဖြည့်စွက်ခွင့်ပြုငွေတောင်းခံတဲ့အထဲမှာစရိတ်တွေ၊ချီးမြှင့်ငွေတွေ၊ဌာနဆိုင်ရာတွေကအသုံးပြုထားတဲ့မြေတွေအတွက် မြေယာလျှော်ကြေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။အဲဒီဥပဒေကြမ်းကိုလွှတ်တော်မှာအတည်ပြုပြီးသွားရင်မတ်(၃၁)ရက်မတိုင်ခင်သုံးစွဲရမှာဖြစ်လို့အမြန်ဆောင်ရွက်မှာဖြစ်တယ်လို့လည်းဦးဝင်းကိုကိုကပြောပါတယ်။ယခင်ကများများတင်တောင်း၊ပေးသလောက်ယူခဲ့ပေမယ့်ယခုနှစ်မှာတော့ နိုင်ငံတော်ကနိုင်ငံတကာကျင့်သုံးတဲ့ဘက်ဂျက်မူဝါဒပေါ်မှာပါဝင်မှုအချိုးတွေပေါ်မှာမူတည်ပြီးတစ်နိုင်ငံလုံးအတိုင်းအတာနဲ့တိကျတဲ့တိုင်းတာတွက်ချက်မှုပေါ်မှာမူတည်ကာခွင့်ပြုငွေတောင်းခံခြင်းကိုဆောင်ရွက်နိုင်ခဲ့တယ်လို့ဦးဝင်းကိုကိုကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ကိုယ့်ရဲ့ဝင်ငွေအပေါ်မှာဘဲဖြည့်စွက်ခွင့်ပြုငွေကိုသုံးတယ်ဆိုတဲ့အနေအထားတစ်ရပ်ကိုဖန်တီးပေးနိုင်ခဲ့တယ်လို့လည်းဦးဝင်းကိုကိုကပြောပါတယ်။အဲဒီအထူးအစည်းအဝေးပထမနေ့မှာဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတင်စိုးက(၂၀၁၅-၂၀၁၆)ဘဏ္ဍာရေးနှစ်ဧရာဝတီတိုင်းဒေသကြီးရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းနဲ့တင်ပြပြီးတင်ပြဆဲစီမံကိန်းလုပ်ငန်းများကိုရှင်းလင်းပြောကြားပြီးနိုင်ငံတော်ကချမှတ်ထားတဲ့ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနဲ့ညီညွတ်ခြင်းရှိမရှိ၊နိုင်ငံတော်နဲ့ပြည်သူများအတွက်အကျိုးကျေးဇူးများမများ၊ခေတ်နဲ့အညီဖြစ်ပေါ်လာတဲ့EITI,EIA,SIA,HIAစသည်တို့နဲ့ကိုက်ညီမှုရှိမရှိပါကျွမ်းကျင်တဲ့ပညာရှင်များရဲ့အကူအညီ၊မိမိလေ့လာထားတဲ့ဗဟုသုတများအပေါ်အခြေခံပြီးတိုင်းဒေသကြီးအတွက်နဲ့နိုင်ငံတော်အတွက်ပြည်သူလူထုများရဲ့အကျိုးကျေးဇူးများအတွက်အများဆုံးရရှိခံစားစေနိုင်ရေးအတွက်မျှတတဲ့စိတ်ထားနဲ့စီစစ်ဝေဖန်အကြံပြုပေးကြဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဒီသတင်းကိုရုပ်သံသတင်းထောက် စိုးသိမ်းကပုသိမ်ဗျူရိုကနေပေးပို့ထားပါတယ်။
CNB

Tags

Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား

Labels

Recent Post