Latest News

Monday, March 11, 2019

သစ်တော ဌာန ခွင့်ပြုမိန့်ရပါက ဇလုံတောင်တွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်မည်

သစ်တော ဌာန ခွင့်ပြုမိန့်ရပါက ဇလုံတောင်တွင် ဆက်သွယ်ရေး တာဝါတိုင် စိုက်မည်

  စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ဗန်းမောက်မြို့နယ်တွင် နှစ်စဉ် မြန်မာပြည်အနှံ့မှ ဘုရားဖူးများနှစ်စဉ် သောင်းချီလာရောက်ရာဇလုံတောင်တော်တွင် ဖုန်းလိုင်းမိရေး ဆက်သွယ်ရေး တာဝါတိုင် တစ်ခုကို သစ်တောဦးစီးဌာန ခွင့်ပြုမိန့်ရပါက တ စိုက်ထူသွားမည်ဟု လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးသန်းညွန့်ဝင်း ကပြောသည်။

     ဇလုံတောင်ပေါ်တွင် ဖုန်းလိုင်းမမိသဖြင့် ဘုရားဖူးဧည့်သည်များမှာ ဆက်သွယ်ရေးခက်ခဲသဖြင့်MPT တာဝါတိုင်စိုက်ထူပေးရန် လိုအပ်နေခြင်းဖြစ်သည်။

    "တာဝါတိုင် ထောင်မယ့်နေရာကို အဖွဲ့စုံနဲ့ မြေနေရာလည်း ရွှေးပြီးပြီ၊ ဇလုံတောင်က သဘာဝထိန်းသိမ်းရေးနယ်မြေ ထဲပါတာမို့ ခွင့်ပြုမိန့်တောင်းထားတာလို့ သိရတယ်၊ခုဘုရားဖူး ရာသီထိ မစိုက်နိုင်သေးဘူး "ဟု ဗန်းမောက်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီဟန်က ပြောသည်။

   သစ်တောဌာနခွင့်ပြုသည်နှင့်တပြိုင်နက် လုပ်ငန်းအပ်နှံထားသော ZTE ကုမ္ပဏီမှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည် ဟု လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး က ပြောဆိုသည်။

ကိုသစ္စာ

No comments:

Post a Comment