Latest News

Friday, February 15, 2019

အရာတော်မြို့ကို သနပ်ခါးမြို့တော်အဖြစ် သတ်မှတ်မည်

အရာတော်မြို့ကို သနပ်ခါးမြို့တော်အဖြစ် သတ်မှတ်မည်


     မြန်မာပြည်တွင် အကောင်းဆုးံသနပ်ခါးထွက်ရှိပြီး စိုက်ဧက အများဆုးံရှိသော စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့အား သနပ်ခါးမြို့တော်အဖြစ် ခေါ်ဆိုရန်သတ်မှတ်ရန် မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း ဥက္ကဌ ဦးကျော်မိုးကပြောသည်။

ဒေသ၏ နာမည်ကျော်ထွက်ကုန်များကို တင်စားခေါ်ဝေါ်ရာတွင် ပြင်ဦးလွင်မြို့ကိုပန်းမြို့တော်၊ ရွှေဘိုမြို့အား ငါးမည်ရ ပြည်ရွှေဘို၊ မိုးကုတ်မြို့အား  ပတ္တမြားမြေ စသဖြင့် တင်စားကြသကဲ့သို့ အရာတော်မြို့ကိုလည်း သနပ်ခါးမြို့အဖြစ်သတ်မှတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။

  "အလုပ်အမှုဆောင်အစည်အဝေးမှာတော့ ဆုးံဖြတ်ပြီးပြီ၊ မြို့နယ်က သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို တင်ပြီး ဆိုင်းဘုတ်ထောင် သွားမယ် "ဟု ဦးကျော်မိုး ကဆိုသည်။

  အရာတော်မြို့နယ်၏ ၇၅ ရာခိုင်နှုန်းခန့်သည် သနပ်ခါးစိုက်ပျိုးကြပြီးကျန်နေရာများမှာ မူးမြစ်ရေ၀င်ဒေသများဖြစ်၍ သနပ်ခါးစိုက်ပျိုး၍ မရသေးဟု ဒေသခံများက ပြောသည်။

သနပ်ခါးကို ပြည်တွင်းတွင်  ယင်းမာပင်၊ ပုလဲ၊ မုံရွာ၊ ကနီ၊ မြင်းမူ၊ ဘုတလင်၊ ကန့်ဘလူ၊ ရှမ်းပြည်နယ် လင်းခေး၊ အရာတော်၊ ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်တို့တွင် စိုက်ပျိုးကြသည်။

 စစ်ကိုင်းတိုင်းဒေသကြီးတွင် သနပ်ခါး စိုက်ဧက နှစ်သိန်းကျော်ရှိရာ အရာတော်မြို့နယ် တစ်ခုတည်းမှာပင် တစ်သိန်းကျော်စိုက်ပျိုးထားသည်

ကိုသစ္စာ

No comments:

Post a Comment