![]() |
weather |
၂၀၁၉ ခုနှစ် ၊ ဇန်န၀ါရီ ၃ ရက်၊ ကြာသပတေးနေ့
ထိုင်းနိုင်ငံမိုးလေ၀သဌာနမှထုတ်ပြန်ထားသည့် မုန်တိုင်းသတိပေး ချက်နှင့်ပက်သက်၍ထိုင်းတောင်ပိုင်ဒေသများတွင် နေထိုင် အလုပ်လုပ်
ကိုင်ကြသည့် မြန်မာအလုပ်သမားများသတိပြုနိုင်ရန် ထပ်ဆင့်ဖော်ပြ
လိုက်ပါသည်။
(၂.၁.၂၀၁၉) ညနေ(၄)နာရီအချိန်တွင် အပူပိုင်းမုန်တိုင်း (PABUK)သည် တရုတ်ပင်လယ်ပြင်အနိမ့်ပိုင်းတွင် ဗဟိုလတ္တီကျူး အနိမ့်အမြင့်၆.၀ဒီဂရီအထက်၊ အရှေ့လောင်တီကျူ။၁၀၈.၀ဒီဂရီ တစ်နာရီကို ၆၅ကီလိုမစ်နှုန်းဖြင့်မုန်းတိုင်းမှာ အနောက်ဖက်သို့ တဖြည်းဖြည်းရွှေ့လျားနေပါသည်။ အဆိုပါမုန်တိုင်းသည်
အင်ဒိုချိုင်းနားမှ တဆင့် ဇန်န၀ါရီ (၂ရက်မှ၃ရက်)အတွင်းထိုင်းပင်လယ်ကွေ့ သို့ရောက်ရှိနိုင်ကြောင်းခန့်မှန်းရသည်။
၎င်းမုန်တိုင်းသည် ဇန်န၀ါရီ (၄)ရက်နေ့ ညဦးယံ၌ ထိုင်းနိုင်ငံ
တောင်ပိုင်းဒေသများဖြစ်ကြသည့်ချွန်ဖော်ခရိုင်၊ဆူရတ်ဌာနီခရိုင်
သို့ရောက်ရှိလာနိုင်ပြီးဇန်န၀ါရီလ ၃ရက်မှ၅ရက်အတွင်း ထိုင်းတောင်ပိုင်း
ဒေသများတွင် မိုးလေ၀သကိုသတိပြုရန်နှင့် ၎င်းဒေသများတွင် မိုးရွာသွန်းမှုပိုမို
များပြားကာ အချို့ဒေသများတွင်မိုးသည်းထန်းစွာရွာသွန်မှုကြောင့် သဘာ
ဝဘေးအန္တရာယ် များဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် သတိထား
ရန်လို အပ်ပါသည်။
ဇန်န၀ါရီလ(၃ရက်မှ၎ရက်)အတွင်း မုန်တိုင်းကြောင့် လေတိုက်နှုန်းနှင့်
မိုးရွာသွန်းမှုများပြားမည့် ဒေသများမှာ ချွန်ဖော်ခရိုင်၊ဆူရတ်ဌာနီခရိုင်၊
နခွန်စီထမရခရိုင်၊ဖတ်ထလူခရိုင်၊စုန်ခလာခရိုင်၊ပါတနီခရိုင်၊ရလာခရိုင်၊
နလာထီးဝါးခရိုင်၊ကဘီခရိုင်၊တလန်ခရိုင်နှင့်စတူခရိုင်တို့ဖြစ်ပါသည်။
ဇန်န၀ါရီလ(၄ရက်မှ၅ရက်)အတွင်း ဖစ်ခ်ျဘူရီခရိုင်၊ ပါကျွတ်ခီလီခံခရိုင်၊ချွန်ဖော်ခရိုင်၊ချွန်ဖော်ခရိုင်၊ဆူရတ်ဌာနီခရိုင်၊
နခွန်စီထမရခရိုင်၊ဖတ်ထလူခရိုင်၊စုန်ခလာခရိုင်၊ပါတနီခရိုင်၊
ရလာခရိုင်၊နလာထီးဝါးခရိုင်၊ကဘီခရိုင်၊ရနောင်းခရိုင်၊ဖန်ငခရိုင်၊
ဖူးကစ်ခရိုင်များတွင်း မိုးအနည်းငယ်ရွာသွန်းကာ အချို့ခရိုင်များ
တွင် လေတိုက်နှုန်းနှင့်မိုးရွာသွန်းမှုပိုမိုများပြားမည်။
သို့ဖြစ်ပါ၍ ကမ်းရိုးတန်းတစ်လျှောက်နေထိုင်ကြသည့် ပြည်သူလူထုများသည် သဘာဝဘေးအန္တရာယ် ကင်းဝေးစေရန် အထက်ဖော်ပြပါကာလအတွင်း
သတိပြုနေထိုင်ရန်ဖော်ပြလိုက်ပါသည်.။
အထူးသဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းဒေသများတွင် နေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ
၊အထူးသဖြင့် ရေလုပ်သားများအနေဖြင့် မိုးလေ၀သအခြေနေများကို သိရှိနိုင်ပါစေရန်နှင့် သဘာဝဘေးအန္တရာယ်
ကြိုတင်ကာကွယ်နိုင်စေရန် အလုပ်သမားသံအရာရှိရုံးအနေဖြင့် အသိပေးဖော်ပြအပ်ပါသည်။
အလုပ်သမားသံအရာရှိရုံး
(ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့)
LA-Thailand
No comments:
Post a Comment