Latest News
Monday, December 31, 2018
သရက်​ကုန်း​ကျေးရွာတွင်​ ခင်​ပွန်းဖြစ်​သူအား ထင်း​ချောင်းဖြင့်​ မ​သေမချင်းရိုက်​သတ်​မှုဖြစ်​ပွား
ဖောင်းပြင်​/ဒီဇင်​ဘာ ၃၁
ဖောင်းပြင်​မြို့နယ်​၊နန်း​မော်​လိုက်​အုပ်​စု၊သရက်​ကုန်း​ကျေးရွာတွင် (၃၀.၁၂.၂၀၁၈)ရက်​​နေ့၊ည​နေ(၁၇း၁၅)အချိန်​က မိန်းမဖြစ်​သူကခင်​ပွန်းဖြစ်​သူအားသစ်​သားထင်း​ချောင်းဖြင့်​ မ​သေမချင်းရိုက်​သတ်​မှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။
ဦး​ဖေခင်​အားမ​သေမချင်းဦး​ခေါင်းကိုထင်း​ချောင်းဖြင့်​ရိုက်​သူ ​ဒေါ်မိစိန်​(၄၇)နှစ်​၊ဗမာ/ဗုဒ္ဓ၊​တောင်​သူ၊သရက်​ကုန်း​ကျေးရွာ၊နန်း​မော်​လိုက်​အုပ်​စု၊​ဖောင်းပြင်​မြို့နယ်​​နေသူအားအ​ရေးယူ​ပေးပါရန်​ နန်း​မော်​လိုက်​အုပ်​စုအုပ်​ချုပ်​​ရေးမှူးဦးထိန်​လင်းကတရားလိုပြုလုပ်​တိုင်​တန်းသဖြင့်​ ​ဖောင်းပြင်​မမစ(ပ)၁၁၂/၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ ဖြင့်​အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသိရသည်​။
ဇေယျာ(ပြန်​/ဆက်​)
ဦးခင်ညွန့် စာပေဝါသနာ ကြီးပုံအကြောင်း
ကျုပ် စာပေလောကထဲကို 1998ခုနှစ်က စတင်ဝင်ရောက်ခဲ့တယ်။ ဓမ္မစာပေ တစ်ခုထည်းကိုပဲ သန့်ရှင်းစွာ ရေးသားခဲ့တယ်။ ဓမ္မရသ ဝတ္ထုတို ပုဒ်ရေ ၂၀၀ကျော် ဘာသာရေးဆောင်းပါး ၁၀၀ကျော် ကဗျာ ၆၀ကျော် ဓမ္မရသ ဝတ္ထုတိုပေါင်းချုပ် ၂အုပ် ထုတ်ဝေ ခဲ့တယ်။ ဆရာကန်တော့ပန်း ၂အုပ် ရေးခဲ့တယ်။ ကျုပ် ပထမဆုံး ထုတ်ဝေတဲ့ စာအုပ် တော်တော်ပေါက်တယ်။ အုပ်ရေ ၁၀၀၀၀ ကို ၃လ ထည်းနဲ့ အပြတ် ရောင်းကုန်ခဲ့တယ်။
မန္တလေးမှာ စာပေပွဲပေါင်းများစွာ တက်ခဲ့ဖူးတယ်။ အခွင့်ကြုံတိုင်းလည်း စာပေပညာရှင်တွေကြားမှာ မုဒိတာ စကားတို့ စာပေသုံးသပ်ချက်တို့ ဟောပြောခဲ့ဖူးတယ်။ စာပေဝိုင်းမှာ ယနေ့ ကျော်ကြားနေတဲ့ စာပေ ပညာရှင်ကြီးတွေနဲ့အတူ အမြဲ စာပေ ဝေဖန်ခဲ့ ဆွေးနွေခဲ့ ဖူးတယ်။
စာပေဝိုင်းမှာတိုင်းမှာ အဓိက ပြဿနာတက်ရတာ ဦးခင်ညွန့်ရဲ့ အမျိုးသား ထောက်လှမ်းရေးတွေနဲ့ ဖြစ်ခဲ့ရတာပဲ။ စာပေပွဲရှိတိုင်း သူတို့လာတယ်။ စောင့်ကြည့်တယ်။ ဓါတ်ပုံရိုက်တယ်။ ဒါက စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်တာ။ သူတို့ခေတ် တုန်းက နေ့ခင်း ဓါတ်ပုံရိုက်ရင် ည အဆွဲခံရတာ များတယ်။ ဒါမျိုးနဲ့ ဓါတ်ပုံရိုက်ပီး စာရေးဆရာတွေကို ခြိမ်းချောက်တာ။
မှတ်မှတ်ရရ 2002ခုနှစ် လူထု ဒေါ်အမာမွေးနေ့ တောင်သမန်အင်း တောင်လေးလုံးကျောင်းတိုက် မုံရွေး ဦးပညာကျောင်းထဲမှာ ကျင်းပတုန်းကပေါ့။ ကျွေးတာစားပီးတော့ အသာမပြန်ပဲ စာရေးဆရာတွေကို ဝင်နှောက်ယှက်တယ်။
ဝန်ကြီးချုပ်(ဦးခင်ညွန့်)ဆီက အမိန့်လာပါတယ် စာရေး ဆရာများ ကဗျာမရွတ်ပါနဲ့တဲ့။ ဒါနဲ့ အင်းဝဂုဏ်ရည် ဦးကိုလေးက 'ငါတို့က ကဗျာဆရာကွ ကဗျာမရွတ်ရရင် ဘာလုပ်ရမှာလဲ'လို့ ပြန်မေးတယ်။ သီချင်းတော့ ဆိုချင် ဆိုပါတဲ့ ။ အရာရှိဆိုတဲ့လူက ပြောတာ။
စာရေးဆရာတွေလည်း တော်တော် ဒေါကန်နေကြတယ်။ အမေမာ လူထုဒေါ်အမာကို အားနာလို့သာ။ ကျုပ်တို့လို ငယ်ရွယ်သေးတဲ့ စာရေးဆရာ ဦးဇင်းပေါက်စတွေက ဆို ရိုက်ချင်နှက်ချင် လက်တပြင်ပြင် ဖြစ်နေကြပီ။ ဒါနဲ့ အင်းဝဂုဏ်ရည် ဦးကိုလေးက
'ကောင်းပီလေ သီးချင်းဆိုပါဆိုလည်း ဆိုတာပေါ့။ ဟေ့ မြင့်မြင့်သန်း နင် ကဗျာလွတ် ကတတ်သလား'လို့ ပန်တျာ မြင့်မြင့်သန်းကို လှမ်း မေးလိုက်တယ်။ 'ဟုတ်ဆရာ ကတတ်ပါတယ်'လို့ ပြောပီး ပန်တျာမြင့်မြင့်သန်းက ကကြိုး ချီလိုက်ချိန်မှာပဲ ဆရာကြီးက စည်းဝါးတိုက်မထားပဲ
ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းရာဗေဒါတက် လှိုင်းသက်ရာဆင်း
ဆိုပီး မဗေဒါသီးကို ကောက်ဆိုပါ လေရော့။ ဆရာကြီးကောက်ဆိုလိုက်တော့ စာရေးဆရာ တွေအားလုံးက လက်ခုပ်တီးပီး စည်းဝါးလိုက်ပေးတယ်။ ပန်တျာသန်းသန်းမြင့်ကလည်း တကယ့်ကို နာမည်ကြီး မင်းသမီးပီပီ အချိုးအချိပ် အချီအချ ညီနေအောင် ကတယ်။ ဆိုင်းမပါ ဝိုင်းမပါ ဗလာကတာတောင် တအားကို ကြည့်လို့ကောင်းတယ်။ လက်ခုပ်သံက တအားမြိုင်သွားတော့ အစောနားက ထောက်လှမ်းရေးအရာရှိက ဒေါကန်ပီး သီးချင်းမဆုံးသေးဘူး တားပြန်လေရော
ဆရာ တခြားသီးချင်းဆိုပါတဲ့။
ဆရာကြီးက ဘာဖြစ်လို့လဲ လို့မေးတော့ ထောက်လှမ်း ရေးအရာရှိက ပြောတယ်။ ဒီသီချင်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုထားလို့ မဆိုပါနဲ့ တဲ့
အဲဒီမှာ ဆရာကြီးက သူ့ဝါသနာအတိုင်းပဲ ဒေါကန်ကန်နဲ့ ပြောထည့်လိုက်တယ်
ဟေ့ကောင် မင်း ရူးနေသလား ဒီသီချင်းက ဒေါ်အောင်ဆန်းစုကြည် မမွေးခင်ကတည်းက ဆရာဇော်ဂျီ ရေးခဲ့တာကွ သမိုင်းကိုလည်း လေ့လာဦး ရွှီးချင်းရင် ဒိပြင်နေရာ သွားရွှီး ဒီနေရာက တိုင်းပြရဲ့ မျက်လုံး စာပေပညာရှင်တွေ စုထိုင်နေတာ လို့ ပိတ်ပြောလိုက်တယ်။
ဒီမှာပဲ ဆရာ ကြည်အောင် (အင်းဝ)က
အေးပေါ့လေ ဒီသီချင်း မဆိုရလဲ တခြားသီချင်းဆိုတာ ပေါ့လို့ ခပ်အေးအေးပြောပီး မတ်တပ်ထရပ်လိုက်တယ်။ စာရေးဆရာတွေအားလုံးလည်း အလိုလို မတ်တပ်ရပ်ပီး ဖြစ်သွားပြန်တယ်။ ဒီမှာပဲ ဆရာကြည်အောင်က
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ လို့ အစချီလိုက်ရုံရှိသေး စာရေးဆရာတွေအားလုံး ဒို့ပြေ ဒို့မြေ ဆိုပီး ဝိုင်းဆိုကုန်ကြတယ်။ ဒါလည်း ထောက်လှမ်း ရေးက လက်ထောင်ပီး တားတယ် ဒီသီချင်းလဲ မဆိုပါနဲ့တဲ့ ။ ဒီသီချင်း ဆိုခွင့် မရှိဘူးတဲ့ ။
ဒီမှာပဲ ကြီးကြီးကျယ်ကျယ် ပြဿနာ စတော့တာပဲ။ မြန်မာလူမျိုးက မြန်မာ့ နိုင်ငံတော် သီချင်း မဆိုရဘူး လို့ ဘယ်သူ အမိန့်ထုတ်တာလဲ ဘာလဲ နဲ့ တော်တော်ပွဲဆူကုန်တယ်။ ဒီတော့မှ ထောက်လှမ်းရေးလည်း တောင်းပန်တာလိုလို မေတ္တာရပ်ခံ တာလိုလိုနဲ့ အထက်အမိန့်ကြောင့်ဘာညာနဲ့ လျှောချပီး လစ်ပြေးလေရဲ့ ။
ပြောချင်တာက စာပေအပေါ် ဒါလောက်ဖိနှိပ်လာတဲ့ လူတွေက စာတစ်ကြောင်း ပေတစ်ဖွဲ့ လူချင်းတူအောင် မရေးတတ်ပဲနဲ့ ဒီနေ့ စာပေစင်မြင့်ပေါ်တက်ပီး တကယ့် အငတ်ခံ ဆင်းရဲခံ ထောင်ကျခံပီး တိုင်းပြည်အတွက် စာကောင်းပေမွန်တွေ ရေးသားခဲ့တဲ့ စာပေသူတော်စင် ကြီးတွေနဲ့ တစ်တန်းထဲ ရင်ဘောင်တန်း အပူဇော်ခံရ အောင် ကိုယ့်လိပ်ပြာကိုယ် လုံရဲ့လားတောင် မေးချင် တယ်။
ဂုဏ်တုဂုဏ်ပြိုင်ဆိုတာ ဂုဏ်အတုတွေပဲ ပြိုင်လို့ရမှာပါ။ ငါးတုလို့ ခရုပွက် အိုင်ပျက်ရုံပဲရှိမယ်။ တကယ်အစစ်က ဘယ်နည်းနဲ့မှ မဖြနိုင်ဘူးဆိုတာလေးပဲ ပြောချင်ပါတယ်။
လူဆိုတာ ရှက်တတ်ရင် သိက္ခရှိတယ် လိပ်ပြာရှိတယ်။ ကိုယ်ဟာ အပြုသမားလား အဖျက်သမားလားဆိုတာ ကိုယ်သာ အသိဆုံးပါ။ ဖုံးကွယ်မှုတွေနဲ့ အတုတွေ ဘယ် လိုပဲ လုပ်လုပ်
တောင်ပံချင်း တူပေမယ့် ကျီးကန်းဟာ ဥဒေါင်းလို မလှဘူး ဆိုတာ နားလည်ထားသင့်တယ်။:O
ဘုန်းကျော့မှူး
Sunday, December 30, 2018
ယနေ့ထုတ်ကြေးမုံသတင်းစာပါ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ ကျေးဇူးတင်လွှာ
ယနေ့ထုတ်ကြေးမုံသတင်းစာပါ မြန်မာနိုင်ငံစာရေးဆရာအသင်းရဲ့ ကြော်ငြာ
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ
ဆရာမင်းလူသည် ဤကဗျာကြောင့် စစ်အစိုးရ၏ ဒုတိယအကြိမ်မြောက်ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။
ဤကဗျာကို တည်းဖြတ်သူ ကိုမျိုးမြင့်ငြိမ်း ထုတ်ဝေသူ ကိုစိန်လှိုင် တို့သည်လည်း ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရသည်
(၁)
အော်…… ဒုက္ခ ဒုက္ခ...
သူတို့ကြီးစိုးတဲ့ခေတ်မှာ... အာဇာနည်ဖြစ်ရတာ
မစားသာပါလားနော်။
တနှစ်တခါ ၀တ်ကျေတန်းကျေ အလေးပြုခံရ
ဥက္ကဌ ကြီး၏ လမ်းညွှန်မှုဖြင့်လို့
တလျှောက်လုံးအော်ခဲ့ပြီး
မအောင်မြင်ပဲကျဆုံးတော့မှ
ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ခဲ့တာပါလို့
လက်ညှိုးထိုး တရားခံ လုပ်ခံရ၏
သမီးအရင်းရင်း ခေါက်ခေါက်တောင်
လွတ်လွတ်လပ်လပ် ပန်းခွေချခွင့် မရ။
(၂)
ရွှေတိဂုံစေတီတော် ၀တ္တကမြေထဲမှာ
ကျူးကျော်ဆောက်လုပ်ထားလို့ဆိုပြီး
အာဇာနည်ဗိမာန်ကို
လှိုင်သာယာ ပို့မပစ်တာပဲ
ကျေးဇူးတင်ရမလိုလို
တိုင်းပြည်ကို ချစ်သောတပ်မတော်
မျိုးချစ်စိတ်ရှိသောတပ်မတော်
ပြည်သူကိုကာကွယ်ခဲ့သောတပ်မတော်
ဗမာပြည်ကိုကယ်တင်ခဲ့သောတပ်မတော်
သောက်ကျိုးနဲတော်တဲ့တပ်မတော်
လူတိုင်းပါးစပ်ဖျားက “ တော်တော် ” လို့
မြည်နေတဲ့တပ်မတော်
အိမ်ယာမဲ့တွေကို ရေမီးအစုံနဲ့
ပြည်လည်နေရာချထားပေးတာကိုပဲကြည့်
ဟုတ်တယ်လေ
မိုးတွင်းမှာရေကြီးတယ်
နွေမှာမီးလောင်တယ်
ဒါကရေမီးအစုံမဟုတ်ဘူးလား
(၃)
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့
သံဃာတော်တွေကို သင်္ဃန်းဝတ်တွေတဲ့
ဘောင်းဘီဝတ်တွေကစွပ်စွဲတာလေ
ပြီးတော့သူတို့ပဲ
ဝါဆိုသင်္ဃန်းနဲ့ လာဘ်ထိုးတာ
နားမလည်နိုင်စရာ။
စစ်ကိုမုန်းလို့စစ်တိုက်နေရတာပါတဲ့
ပုံပြောကောင်းတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား
ကြားဖူးပါတယ်အောက်မေ့နေ
လက်စသတ်တော့
စတားဝါး စီမံကိန်းကို
ကာကွယ်ပြောကြားသွားတဲ့
အမေရိကန် သမ္မတစကားနဲ့
သွားတူနေတာပါကလား
“ ရေဂင် ” အလုံးက
သူ့ပါးစပ်ထဲရောက်နေတာကိုး။
သတင်းစာဆရာကြီးများတဲ့အတိုင်း
မိမိတို့အနေဖြင့်
ဟ၀ှာပြုလျှင် ဟ၀ှာပြုမည်ဖြစ်ကြေင်း
ဟ၀ှာမပြုလျှင် ဟ၀ှာမပြုမည်ဖြစ်ကြောင်း
ထို့ကြောင့်
ဟ၀ှာပြုစေလိုကြောင်း…..
သတင်း(အချိန်ကုန်) ထုတ်ပြန်ရေးအဖွဲ့ရဲ့
ရှင်းလင်းချက်ပေါ့
ရှင်းပါတယ်နော်။
(၄)
ဟိုတယောက်လေ
တွေ့တဲ့လူကိုနေကောင်းလားမေးတဲ့လူ
ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုး
ဘာမှလည်းနားမလည်ဘဲနဲ့
အဲဒါပေါ့
လက်ညှိုးညွှန်ရာဒုက္ခဖြစ်တယ်ဆိုတာ
လာပါပြီ…. လာပါပြီ….
နိုင်ငံတော်ပန်းခြံတည်ဆောက်ရေးအဖွဲ့
ဥက္ကဌတဲ့…..
(၅)
သူ့ရဲ့ အနှစ်ဆုံးဝါသနာက
မိန့်ခွန်းပြောခြင်းပါတဲ့
“ ကိုယ်မပြောချင်ဘူး
ဒါပေမယ့်ပြောသင့်တာတော့ပြောမယ်
အဲဒါကဘာလဲဆိုရင်
ကိုယ်မပြောချင်ဘူး ဆိုတာပဲ ” တဲ့
မှတ်သားလောက်ပါပေရဲ့
“ ကိုယ်တို့အစိုးရဟာ တရားဝင်အစိုးရ
ကမ္ဘာကအသိအမှတ်ပြုထားတဲ့အစိုးရတဲ့
ဟုတ်ကဲ့
ကမ္ဘာမှာ အရှက်အနည်းဆုံးအစိုးရလို့
တညီတညွတ်ထဲ အသိအမှတ်ပြုကြပါသတဲ့
တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်
လုပ်ဆိုတဲ့အထဲမှာ
အခြေခံဥပဒေနဲ့
အာဏာလွှဲပြောင်းရေးတော့မပါဘူးတဲ့
အခြေခံဥပဒေဆိုတာ
မာရှယ်လောဥပဒေလို
ချက်ချင်းထုတ်လို့ရတာမဟုတ်ဘူးတဲ့
အာဏာလွှဲတယ်ဆိုတာ
အာဏာသိမ်းသလို
ပြီးစလွယ် လုပ်လို့မရဘူးတဲ့
(၆)
ဒါပေမယ့်
လွှဲမှာပါ.. လွှဲမှာပါ..
ပုခက်လွှဲသလို လွှဲမှာပါ
ဒေါက်တာမောင်မောင် စာအုပ်ဖတ်ကြည့်
ဆရာမောင်မောင်ရဲ့ စာအုပ်ကိုကြည့်တဲ့
တခါလာလဲ ဒေါက်တာမောင်မောင်
တခါလာလဲ ဒေါက်တာမောင်မောင်
စာအုပ်ကြော်ငြာပေးတာလား
ဒါဆိုဒီလိုလုပ်လေ
ဆရာမောင်မောင်ရဲ့စာအုပ်တအုပ်ဝယ်ရင်
ဆရာမောင်ဆေးနီမှုန့်တထုပ်
လက်ဆောင်ပေးမယ်ဆိုရင် မကောင်းဘူးလား
သိပ်ရောင်းကောင်းမယ်နော်။
ဒါနဲ့နေစမ်းပါအုံး
မိန့်ခွန်းပြောရင် ဘာဖြစ်လို့ရယ်တာလဲဟင်
သွားကြီးဖြဲဖြဲပြတာ ကြောက်စရာကြီး
ရှေးက ကဗျာတပုဒ်ထဲက
စာကြောင်းတကြောင်း သတိရမိတယ်
“ ဘီလူးသွားကို လဖြဲ ” တည်းတဲ့
နိဂုံးချုပ်အားဖြင့်ပြောရရင်
တပ်မတော်ရဲ့
လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့
“ ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ
ဒို့အဖေကြီးမို့ကာကွယ်မလေ ”
အလိုဗျာ…. ဘာတွေဖြစ်ကုန်ကြပြီလဲ
မင်းလူ(၁၉၈၉)
အရှင်သုမင်္ဂလာ လင်္ကာရ
မနုသကျော်ဝင်း တို့ ပွဲထုတ်ဖို့ ကြိုးစားလာတဲ့ ..
((( ဗိုလ်ခင်ညွန့် ဆိုသူဟာ ))) ..
သက်တော် ၂၇ နှစ်နဲ့ (ကမ္ဘာ့ အသက်အငယ်ဆုံးစံချိန်တင်) တိပိဋကဓရ ဘွဲ့ရခဲ့တဲ့ အရှင် သုမင်္ဂလာလင်္ကာရ ဆရာတော်ကြီးကို ဖမ်းပြီး အင်းစိန်ထောင်ပို့ခဲ့ဘူးတယ်။
အင်းစိန် ထောင်ထဲမှာ တိပိဋကဓဆရာတော်မှန်း သိလို့ ထောင်ဝန်ထမ်းတွေကပါ ဆွမ်းကပ်ကြတဲ့ သတင်းကြားလို့ ..
ဗိုလ်ခင်ညွန့် ဒေါသူပုန်ထခဲ့ဘူးတယ်။
အဲဒါနဲ့ ..
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင် သုမင်္ဂလာလင်္ကာရ ဆရာတော်ကြီးကို ရာသီဥတု ဆိုးပြီး ဗုဒ္ဓဘာသာနည်းတဲ့ ကချင်ပြည်နယ် မချမ်းဘောထောင် ထဲက (၁၀)ပေပတ်လည် အကျဉ်းခန်းထဲမှာ (၃)နှစ်ကျော်(၄)နှစ်နီးပါး ထောင်အ၀တ်ဖြူကို ၀တ်ဆင်စေပြီး ဒုက္ခဆင်းရဲကြီးစွာရအောင် လုပ်ခဲ့ဘူးတယ်။
တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက အရှင် သုမင်္ဂလာလင်္ကာရ ဆရာတော်ကြီး ဟာ ထောင်ကလွတ်လာပြီးနောက်ပိုင်း ..
ရန်ကုန်မြို့၊ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံကျောင်းတော်၌ စာသင်သားရဟန်းတော် (၄၀၀) ဗုဒ္ဓကျမ်းစာ စာပေပို့ချနေရင်း ၂၀၀၆ ခုနှစ် သက်တော် (၆၁)နှစ်မှာ ထောင်ထဲက ပါလာတဲ့ ဝေဒနာဟောင်း တွေနဲ့ ခန္ဓာဝန်ချုပ်ငြိမ်းခဲ့တယ်။
သမိုင်း ဆိုတာ ..
ဖျောက်လို့ရတဲ့ အရာမှ
မဟုတ်တာ ..။
 Thein Win
ဒဂုံမြို့သစ်​အ​ရှေ့ပိုင်းမြို့နယ်​ တိုင်း​ဒေသကြီး အမှတ်​(၁)လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦ်ီးတင်​မြင့်
အချိန်​က၄-၆-၂၀၀၃
နေရာက​မြောက်​ဒဂုံ ​ဘေလီတံတားအဆင်း ၊ ထလရ (၂၆)
အ​ကြောင်းအရာက ဒီပဲယင်းအ​ရေးအခင်းနဲ့ဆက်​နွယ်​တယ်
အ​မေးအ​ဖြေလုပ်​​နေကြတဲ့အသံ​တွေကို ကိုယ့်​အခန်းထဲက
ကြား​နေရတယ်​...မကြာခင်​ ကိုယ့်​အလှည့်​လဲတဖန်
ပြန်​လာဦးမယ်​ဆိုတာသိတယ်​..
မေးတာကို​ဖြေ​နေတဲ့သူက -
တလာကမှကွယ်​လွန်​သွားတဲ့ ဒဂုံမြို့သစ်​အ​ရှေ့ပိုင်းမြို့နယ်
တိုင်း​ဒေသကြီး အမှတ်​(၁)လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​လေးဦ်ီးတင်​မြင့်
မေး- မင်းဘာလို့အဲဒီလူ​တွေကို မဲ​ဆောက်​ကိုပို့တာလဲ
ဖြေ-ကိုယ်​ကူညီနိုင်​တာကို ငါကူညီတာ
မေး-ဖွက်​ထားတဲ့စာရွက်​​တွေနဲ့ဂြိုလ်​တုဖုန်းကဘယ်​မှာလဲ
ပေး...
ထုတ်​မ​ပေးလို့က​တော့ မ​အေရိုး ​သေဖို့သာပြင်
ဖြေ-ကျုပ်​မှာမရှိတာကိုဘယ်​လို​ပေးရမှာလဲ
ဖြောင်းကနဲ...​ဖြောင်းကနဲ...​လေးငါးချက်​ကြားလိုက်​ရတယ်
မေး-မ​အေရိုး ၊ငါ-ိုးမသား ကုလားမပါတီထဲကိုေ-ာက်​လုပ်
ေ-ာက်​ကိုင်​မရှိဝင်​ ... အုတ်​နံရံကို​ခေါင်းနဲ့တိုက်​တယ်​ဟုတ်​လား....ဒုန်း...ဒုန်းနဲ့ကိုင်​​ဆောင့်​​နေပြန်​တယ်​...
ကိုယ့်​ကိုအဲဒီ​နေ့သိပ်​မစစ်​ဖူး
ကိုယ်​အ​ပေါ့သွားမယ်​​ပြောလို့အပြင်​ထွက်​ရတယ်
ဦး​လေးတင်​မြင့်​အခန်းတံခါးကို ခပ်​ဟဟဖွင့်​ထားတယ်
ပုဆိုးတစ်​ထည်​မှာသူ့ကိုစလွယ်​သိုင်းပြီး အမိုးထိပ်​ကသံချိတ်​မှာချိတ်​ဆွဲထားလို့ ချာလည်​ချာလည်​​ဖြစ်​​နေတာကို​တွေ့ရတယ်
ဒါ​ပေမဲ့ ကိုယ့်​ကိုမြင်​​တော့ သူကပြုံးလို့
ကောက်​​နေတဲ့သူ့ရဲ့လက်​က​လေးတစ်​ဖက်​နဲ့ နှုတ်​ဆက်​ရှာတယ်​...
ဒီပုံရိပ်​​တွေကို​သေ​တောင်​မ​မေ့ဖူးကွ ...
Soe July
ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ
အရင်တစ်ခေါက်တုံက အိတ်ဖွင့်ပေးစာ (၁) ဆိုပြီးတော့ သန်လျင်ရေနံချက်စက်ရုံ ဗုံးခွဲတယ်ဆိုပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်မတရား ဖမ်းဆီး အကျဉ်းချခံထားရတဲ့ သန့်ဇော်အကြောင်း ရေးခဲ့ပါတယ်။ ဒီတပါတ်မှာတော့ ဗိုလ်ချုပ်ကြီး တို့ရဲ့ မတရားတဲ့ အမိန့်တွေကို နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့တဲ့ ကိုအောင်ကျော်မိုးအကြောင်းကို ပြောပါမယ်။ သူဘာကြောင့် သေရသလဲ ဆိုတော့ အဲဒီအချိန် ၁၉၉၈ ခုနှစ် သာာယ၀တီထောင်မှ ထောင်ပိုင်ဖြစ်ခဲ့တဲ့ ထောင်ပိုင်ကြီး ၀င်းမြင့်နဲ့ အဖွဲ့တွေ ၀ိုင်းရိုက်သတ်လို့ သေရတယ်လို့ ပြောရမှာပါ။ အဲဒီလိုဆိုတော့ ကိုအောင်ကျော်မိုး ရိုက်အသတ်ခံရတာဟာ ဗိုလ်ချုပ်ကြီးနဲ့ မဆိုင်ဖူးလို့ ပြန်ရှင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ ဗိုလ်ချုပ်ကြီးမှာ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြသနာကို အသေအချာ စုံစမ်းစစ်ဆေးမူမလုပ်တာရယ်၊ ထောင်တွင် နှိပ်စက်ညှင်းပမ်းမူတွေရှိနေတာကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ထားတာရယ်က ဗိုလ်ချုပ်ကြီးတို့က ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို နှိပ်စက်ညှင်းပမ်းခွင့်ပေးထားသလို၊ လိုင်စင်ထုတ်ပေးထားသလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ကျနော်က မြန်မာနိုင်ငံမှာ နှိပ်စက်ညှင်းပမ်းမူတွေက အစိုးရက ကျူးလွန်နေတာပါလို့ ကျနော်စွပ်စွဲနေခြင်းဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်ကနေ စပြီးတော့ သီးသန့်နဲ့ သာမန်သီးသန့်အကျဉ်းသားတွေကို အထူးသဖြင့် ယူဂျီအမူနဲ့ ဖမ်းဆီးခြင်း ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထေင်ဥပဒေအရ ခံစားခွင့်ပြုထားတဲ့ အခွင့်အရေးတွေကို ရုပ်သိမ်းလိုက်တာက စတဲ့ ပြသနာပါ။ အဲဒီအချိန်က စခဲ့တဲ့ မတရားတဲ့အမိန့်ဟာ အခု အစိုးရသစ်လို့ ပြောနေတဲ့ ဦးသိန်းစိန်ကလည်း လက်ကိုင်ထားနေတုံးပါဘဲ။ ကိုအောင်ကျော်မိုးဟာ ၁၉၈၉ ခုနှစ် ဂျူလိုင်လ ၂၀ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ယူဂျီတစ်ယောက်ဖြစ်တယ် ဆိုပြီး အဖမ်းခံခဲ့ရပါတယ်။ စစ်ကြောရေးကာလ အတွင်းမှာလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် သူ့ကို ထောင်ဒဏ် ၂၀ ဆိုပြီး အကျဉ်းနည်းနဲ့ အမိန့်ချခဲ့ပါတယ်။ မျှတတဲ့ တရားစီရင်မူ ဆိုတာလည်း ရခဲ့တာ မဟုတ်ပါဖူး။
ဒါပေမဲ့ ၁၊ ၉၃ ဆိုပြီး ၁၀ နှစ်အထက်တွေ ၁၀ နှစ်တည်ဆိုတဲ့ လွတ်ငြိမ်းအမိန့်ထွက်လာတော့ သူက ထောင်ဒဏ် ၂၀ ကနေပြီးတော့ ၁၀ နှစ်ဖြစ်သွားခဲ့ပါတယ်။
ထောင်ထဲမှာ ပုံမှန်ထောင်ကျတယ် ဆိုရင် ၁၀ နှစ်ကျရင် ထောင်ကပေးတဲ့ လျှော့ရက်နဲ့ဆိုရင် ၆ နှစ်နဲ့ ၈ လဆိုလွတ်ပါတယ်။ အခြားသာမန်အမူတွေမှာတော့ ပိုက်ဆံပေးပြီး လျှော့ရက်ကို ထောင်ပိုင်ဆီက ၀ယ်လေ့ရှိပါတယ်။ ဒါကလည်း ထောင်အာဏာပိုင်တွေအတွက်တော့ လုပ်စားကွက်ကြီးပေါ့။ ဒီလိုနည်းနဲ့ ထောင်အာဏာပိုင်တွေ ကြီးပွားချမ်းသာနေကြတာတွေကိုလည်း ခင်ဗျားတို့ ထောက်လှမ်းရေးတွေ သိသိကြီးနဲ့ အရေးမယူဘဲ မသိချင်ယောင်ဆောင်နေကြတာပါ။
ရသင့်ရထိုက်တဲ့ အခွင့်အရေးကို သိထားတဲ့ အတွက် အဲဒီအခွင့်အရေးအတိုင်း ကိုအောင်ကျော်မိုး ထောင်အာဏာပိုင်အဆင့်ဆင့်ကို တင်ပြပါတယ်။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေကို ဒါဟာ သူတို့ချမှတ်ထားတာ မဟုတ်ဘဲ အထက်က ချတဲ့ အမိန့်လို ပြောဆိုပါတယ်။ အဲဒါဆို အဲဒီ အထက်က လူတွေနဲ့ စကားပြောချင်တယ် တွေ့ဖို့ စီစဉ်ပေးပါဆိုတော့လည်း မစီစဉ်ပေးပြန်ပါဖူး။ အဲဒီလိုနဲ့ တင်ပြလို့ မရနိုင်တဲ့အဆုံးမှာမှ ကိုယ့်အခွင့်အရေး ရဖို့အတွက်ကို အစာငတ်ခံ ဆန္ဒပြတဲ့ အဆင့်ထိ ရောက်ရတာပါ။
ကျနော်လည်း သိထားပါတယ်။ ကျနော်တို့ဟာ အကျဉ်းထောင်ထဲမှာ နေနေရတယ် ဆိုပေမဲ့ ကျနော်တို့ကို ထိမ်းချုပ်နေတာဟာ ထောက်လှမ်းရေးဖြစ်တယ်ဆိုတာကိုဘဲ။ အကျဉ်းထောင်က တာဝန်ရှိတာက ကျနော်တို့ ထွက်မပြေးဖို့နဲ့ ကျနော်တို့ ထောင်ထဲမှာ ဘယ်လိုနေထိုင်တယ် ဆိုတာကို ခင်ဗျားတို့ဆီကို ပုံမှန်သတင်းပို့နေ ဖို့ပါဘဲ။ အကြောင်းအရာ တော်တော်များများကို ဗိုလ်ချုပ်ကြီးတို့ဘဲ စီမံခန့်ခွဲနေတာပါ။ ဒါကြောင့်မို့လို့လဲ ဗိုလ်ချုပ်ကြီးတို့ဆီမှာ တာဝန်ရှိတယ်လို့ ပြောနေတာပါ။
ကိုအောင်ကျော်မိုးနဲ့အဖွဲ့ဟာ ဗိုလ်ချုပ်ကြီးတို့နဲ့ တွေ့ခွင့်တောင်းတဲ့အခါမှာ တွေ့ခွင့်မပေးခဲ့လို့ ဗိုလ်ချုပ်ကြီးတို့ သိအောင် အစာငတ်ခံ ဆန္ဒပြရတာပါ။ ဒါပေမဲ့ ပြသနာကို ဖြေရှင်းပုံက တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာတာ မဟုတ်ပဲနဲ့ အကြမ်းဖက် ရိုက်နှက်ဖြေရှင်းခဲ့လို့ ကိုအောင်ကျော်မိုးက သေဆုံးသွားခဲ့ရတာပါ။ ကိုအောင်ကျော်မိုးရဲ့ တောင်းဆိုချက်က ရိုးရိုးလေးပါ။ အကျဉ်းထောင်ရဲ့ ဥပဒေအရ သူဟာလွတ်မြောက်ရမဲ့ အချိန်ဖြစ်နေပြီ။ ဘာကြောင့်မလွတ်ရတာလဲ။ ထောင်အာဏာပိုင်ကလည်း သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မရှိတဲ့အတွက် သူတို့ ဖြေရှင်းမပေးနိုင်ပါ။ အထက်ကို တင်ပြပေးပါမယ်။ အထက်ကလည်း ပြန်လည် ဖြေရှင်းခြင်းမပြုတဲ့အတွက် မသေသင့်ဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက် ရိုက်အသတ် ခံလိုက်ရတယ်။
အဲဒီ ကိုအောင်ကျော်မိုး တို့ အစာငတ်ခံဆန္ဒပြနေတဲ့ အချိန်မှာ ကျနော်ဟာလည်း သာယာဝတီထောင် ၃ တိုက် အခန်းနံပါတ် ၅ မှာ ရှိနေပါတယ်။ ကိုအောင်ကျော်မိုး သေဆုံးသွားတဲ့ သတင်းကို ကြားရတဲ့ နေ့ကတော့ ၁၉၉၈ ခုနှစ်မေလ ၁၃ ရက်နေ့ဖြစ်တယ်လို့ ကျနော်မှတ်မိနေပါတယ်။
အကျဉ်းထောင်ဆိုတာ ကျနော်တို့လို နိုင်ငံရေးတက်ကြွလူပ်ရှားသူတွေ ကြောက်သွားအောင်၊ ယုံကြည်ချက်တွေ ယိုင်လဲသွားအောင်၊ ဗိုလ်ချုပ်ကြီးတို့ကို မဆန့်ကျင်ရဲအောင်၊ အကျဉ်းထောင်ထဲမှာ မသေလို့ ပြန်ထွက်လာခဲ့ရင်တောင် ဘာမှ လုပ်ကိုင်စားသောက်လို့ မရအောင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရည်ရွယ်ချက်ရှိရှိနဲ့ တည်ဆောက်ခဲ့တာပါ။
အခု ဗိုလ်ချုပ်ကြီးကိုယ်တိုင်လည်း မတရားသဖြင့် ခံစားရတယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လိုခံစားရမယ်ဆိုတာကို နားလည်လောက်ပါတယ်။ ဒီတော့ ဗိုလ်ချုပ်ကြီးအနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ပြန်စဉ်းစားပါ။ မှားတာကို မှားတယ်လို့ လူသိရှင်ကြား ၀န်ခံပါ။ ဒါဟာ တိုင်းပြည်အတွက် အကောင်းဆုံး ဗိုလ်ချုပ်ကြီး ခင်ညွန့်လုပ်ဆောင်နိုင်တာ ဖြစ်ပါလိမ့်မယ်လို့ အကြံပေးပါရစေ။ အဲဒီအပြင် ဗိုလ်ချုပ်ကြီးတို့ မတရားလုပ်ခဲ့တဲ့ နစ်နာတဲ့ လူတွေအတွက်ကို အကောင်းဆုံးဘယ်လို ပြန်ကုစားပေးမလဲဆိုတာကို စဉ်းစားပါ။ ဖြစ်ပျက်ခဲ့ပြီးတာတွေကို ကျနော်အနေနဲ့ ခွင့်လွတ်လို့ ရကောင်းရနိုင်ပေမဲ့ မေ့လို့တော့ မရနိုင်ပါ။
ဘိုကြည်
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
ဖေဖေါ်ဝါရီ ၉၊ ၂၀၁၂
Saturday, December 29, 2018
ဓနုဖြူတွင်ဒေါ်အောင်ဆန်းစုကြည်ကိုသေနတ်ဖြင့်ပစ်ခတ်ရန်လုပ်စဉ် တားမြစ်ခဲ့သူ ဗိုလ်မှူးတင်ဖေအေး
'''ကိုကျဉ်ထိုး''''
ဦးဆောင်ပြီလာတယ်။
ဆိုပြီးဗိုလ်မြင့်ဦး လက်က ကာဘိုင်ပြောင်းကိုတွန်းဖယ်လိုက်တယ်။
သူကကျနော့်ကိုယုံတယ်။
ရောက်လာမှတားရတာလဲ
ထွက်လာတယ်။ဆက်ပြောမယ်။ဘယ်သူတားလဲဆိုတာ
တင်ဖေအေးပြောတာနော်)
လို့မေးလိုက်တယ်။
လေးနဲ့ဖြေလိုက်တာက
''ဒုံး''
ဆိုတော့ မရေးဖြစ်ဘူး။
ဗိုလ်မှူတင်ဖေအေး ကွယ်လွန်ချိန် သင်္ချိုင်းမှာ မမဝင်းထံခွင့်တောင်း
အောင်မြင်သူ
.............................................
ဗိုလ်မြင့်ဦးက တပ်စိပ်ကို
'''ကိုကျဉ်ထိုး''''
ကျဉ်ထိုးလို့အမိန့်ပေးလိုက်တယ်
ဓနုဖြူမြို့ကကြိုဆိုသူတွေကို ဒေါ်အောင်ဆန်းစုကြည်ရှေ့ဆုံးက
ဦးဆောင်ပြီလာတယ်။
အဲဒီလိုရုတ်ရုတ်သဲသဲထြစ်နေချိန်မှာ အစည်းဝေးကပြန်လာတဲ့
ဗိုလ်မှူးတင်ဖေအေးကဒေါ်အောင်ဆန်းစုကြည်နောက်က လူအုပ်ကြီးကိုအတင်းတိုးဝှေ့ထွက်လားပြီး
''ဟေ့ ဒါစစ်မြေပြင်မဟုတ်ဘူး နိုင်ငံရေး'''
ဆိုပြီးဗိုလ်မြင့်ဦး လက်က ကာဘ်ိုင်ပြောင်းကိုတွန်းဖယ်လိုက်တယ်။
ဗိုလ်မြင့်ဦးကမကျေနပ်ဘူး
ဒီဖြစ်စဉ်ကို ဗိုလ်မှူးတင်ဖေအေးက ကျွန်တော့ရုံးခန်းထဲမှာပြောတါ
မပြောခင် သူကအာလေးထပြီး ကျနော့်ရုံးခန်းက Lock ချလိုက်တယ်။
သူပြောချိန်မှာ ကျနော့်ရုံခန်းထဲမှာ ဦးမျိုးလွင် Myo Lwin ရယ်ဦးတင်ထွန်းရယ် ရှိပါတယ်။
ဦးမျိုးလွင်က အခု Singapore ကသားဆီမှာထင်တယ်။ဦးတင်ထွန်းက အမှတ် ၅ ဖျာပုံလမ်းမှာ။
မှူးတင်ဖေအေးက ဘာလို့ Lock ချလဲဆိုတော့ တခြားလူမသိစေချင်ဘူး။
ကျနော်ကတော့အမြဲ ငါ့ညီမလေး မစု မစု နဲ့ပြောနေတော့
သူကကျနော့်ကိုယုံတယ်။
ပစ်ခတ်ဖို့အထက်ကအမိန့်ပေးထားတယ်။
အဲဒီနားမှာ ခမရ ၁၀၈ ကဗိုလ်မှူးတယောက်ရှိတယ်။
သူကအမိန့်ပေးထားလား။သူဘာလို့ဝင်မတားပဲ ဗိုလ်မှူးတင်ဖေအေး
ရောက်လာမှတားရတာလဲ
ကျနော်က ဆောင်းပါးရေးပြီးမှ ဝင်တားတာသူပါဆိုပြီး အသံတွေ
ထွက်လာတယ်။ဆက်ပြောမယ်။ဘယ်သူတားလဲဆိုတာ
ဒီသတင်းတိုင်းမှူး ဗိုလ်ချုပ်မြင့်အောင်ဆီရောက်သွားတယ်။
Brieffing မှာ ဗိုလ်မှူးတင်ဖေအေးကိုအရေးယူမယ်ပြောတယ်။
ဗိုလ်မှူးတင်ဖေအေးမျက်နှာသေလေးနဲ့ရပ်နေတယ်(ဒါဗိုလ်မှူး
တင်ဖေအေးပြောတာနော်)
စားပွဲကိုလက်နဲ့ထုပြီးခေါသတကြီးနဲ့
''မင်းဘာလို့ဝင်တားတာလဲ''
လို့မေးလိုက်တယ်။
ကဲစာဖတ်နေတဲ့သူတွေ စဉ်းစားပြီးဖြေကြည့်ပါ
ဗိုလ်မှူးတင်ဖေအေးကသတိလေးဆွဲ ခါးလေးညွှတ်ပြီး မျက်နှာသေ
လေးနဲ့ဖြေလိုက်တာက
''ကျနော်ဗိုလ်ချုပ်ကို ဂဠုံဦးစောလိုမဖြစ်စေချင်လို့ပါ''
တိုင်းမှူးက ခနငြိမ်နေတယ်။
မှူးတင်ဖေအေးရင်တထိတ်ထိတ်ပေါ့ အဲဒီအချိန်မှာ
''ဒုံး''
ဆိုစားပွဲကိုလက်သီးနဲ့ထုလ်ုက်တယ်။မှူးတင်ဖေအေး လန့်သွားတယ်
တိုင်းမှူးအသံထွက်လာတယ်။
''အေး မင်းပြောတာမှန်တယ်''
ဒီဆောင်းပါးကိုရေးတော့ ဗိုလ်မြင့်ဦးက ပထမ ပြသနာရှာသေးတယ်။
ကျနော်ရေးဖို့မှူးတင်ဖေအေးဆီခွင့်တောင်းတော့ သူက
''ညီလေးမရေးပါနဲ့ ကိုယ်ကလုပ်သင့်တာလုပ်တာဘာမှမလိုအပ်ဘူး'
ဆိုတော့ မရေးဖြစ်ဘူး။
ဗိုလ်မှူတင်ဖေအေး ကွယ်လွန်ချိန် သချင်္ုိင်းမှာ မမဝင်းထံခွင့်တောင်း
ပြီးရေးခဲ့တာဖြစ်ပါတယ်။
စိတ်ထားမွန်မြတ်တဲ့ကျနော့်နောင်တော်ကြီး စစ်သားကြီး
ကောင်းရာမွန်ရာ ဘဝ ကိုရောက်မှာမလွဲပါဘူး။ရဲသော်မသေ
သေသော်ငရဲမလား ဆိုတဲ့ စစ်သားကြီးပါ။
အောင်မြင်သူ
...............................................
လူသတ်ကောင်ကို ပုဂ္ဂိုလ်ကန်တော့ခံ ဖြစ်ကြောင်းမကြံကြလေနှင့်။
ရန်ကုန်မြို့တော်ခန်းမ၌ ဒီဇင်ဘာလ၂၉ရက်နေ့ နက်ပိုင်းက ကျင်းပတဲ့  ၁၃၈၀ ပြည့်နှစ် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ စာအုပ်အချို့ ရေးသားခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ပါဝင်နေတာကြောင့် ၈၈ကျောင်းသားဟောင်းကိုမင်းကိုနိုင်ကယခုလို ရေးသားခဲ့ပါတယ်
မဟာမိတ်တွင်း စစ်အေးတိုက်ပွဲ
ဦးလွင် ။ ။ မင်းလာတာ တိုင်းရင်းသားတွေကိုကိုယ်စားပြုလား, ,. . . ။
ထောင်ခိုထန်း။ ။ ကျုပ်လာတာ တိုင်းရင်းသားတွေ လွတ်လိုက်လို့ ကိုယ်စားပြု ပါတယ်။ ခင်ဗျား ကရော ဗမာတွေကို ကိုယ်စား ပြုပါသလား. . . . .။
ထောင်ခိုထန်၏ တုံ့ပြန်စကားကြောင့် NLD အတွင်းရေးမှူး ဦးလွင် (တည်မြဲ ဖဆပလ နှင့် မဆလ ခေတ်ဝန်ကြီး အငြိမ်းစား။ ဗိုလ်ချုပ် အငြိမ်းစား။ သမ္မတဦးထင်ကျော်၏ယောက်ခထီး) သည် ဒေါသထွက်ကာ လက်ကိုင် တောင်ဝှေးကို ဆုပ်ကိုင်ရင်း သွေးတက်သွား လေသည်။ ဦးစိုးဝင်း(CRPP)အဖွဲ့ဝင်နှင့် ဦးဥာဏ်ဝင်းတို့မှ ဖြန်ဖြေပေးလို့ လူစုခွဲပြီး NLD ရုံးချုပ်မှ ထောင်ခိုထန် ပြန်လာခဲ့သည်။
ရုံးချုပ်မျက်စောင်းထိုး Yuzana ဟိုတယ်ရှေ့ တွင် စောင့်နေသော ကျွန်ုပ်လည်း ထောင်ခိုထန်နှင့်အတူ Taxi ငှားကာ အမြန်လစ်ရ တော့သည်။
ငါ့တူရေ အဖိုးကြီး သွေးတက်ပြီး ကျန်ခဲ့ပြီကွ ငါ့ကို တုတ်ကောက်နဲ့မရိုက်ခင် ငါထွက်လာ ခဲ့တာ။ သူ တခုခုဖြစ်ရင် ငါ့ကိုဝိုင်းဆော်ကြလိမ့် မယ်။ ဖြစ်ပုံက ဒီလိုကွ (xx xx xx xx xx) ဒါကြောင့် ငါအမြန်ထွက်ခဲ့ရတာ။
ယင်းအဖြစ်အပျက်သည် ၂၀၀၇ ဖေဖော်ဝါရီ ၁၃ ရက်နေ့ NLDဌာနချုပ်ရုံးတွင်ဖြစ်ပါသည်။
x x x x x x x x
နှစ် ၆၀ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား ကို CRPP မှ ကြီးမှူး၍ NLD ရုံးချုပ်တွင် ကျင်းပခဲ့ပါသည်။ လူမျိုးစုပါတီများဘက်မှ ခွဲတမ်း ငါးသောင်းကျပ် ပေးရသော်လည်း ရှစ်သောင်းကျပ်ထည့်ဝင်ခဲ့ပါသည်။ သဘာပတိက နိုင်ထွန်းသိန်း( မွန် )ဖြစ်ပြီး CRPP ထုတ်ပြန်ချက်ကို အန်ကယ်ထောင်ခိုထန်မှဖတ်ကြားပါသည်။ သဘာပတိမိန့်ခွန်းကို ကျွန်ုပ်ရေးခွင့်ရသောကြောင့် နိုင်ငွေသိမ်း။ဦးရွှေအုံး။ပူကျင့်ရှင်းထန်တို့ထံ ချဉ်းကပ်ကာ အချက်အလက်ယူ ရေးခဲ့ပါသည်။ စာသားကြမ်းလို့ NLD ဥက္ကဌ ဦးအောင်ရွှေမှ ကန့်ကွက်သော်လည်း နိုင်ထွန်းသိန်းမှ ( ကျွန်တော်ဖတ်ရမှာမို့ ကျနော်တာဝန်ယူပါတယ်)ဟု ပြောမှသာ သဘာပတိ မိန့်ခွန်း ဆင်ဆာဖြတ်မှု လွတ်ခဲ့ ရပါသည်။
ထိုနေ့ည နန်းသီတာဆိပ်ကမ်း ရွှေဘဲတွင် လူမျိုးစုများကျင်းပသော ပြည်ထောင်စုနေ့ ညစာစားပွဲကျင်းပခဲ့သည်။ ဝါရင့်အဖိုးများမှအစ ၈၈ မျိုးဆက်အဆုံး တက်ရောက်ကြပါသည်။
ထိုည BBC. RFA မီဒီယာတွင် CRPP ပြော ခွင့်ရ ပူထောင်ခိုထန် အစား ဦးမြင့်သိန်း ( NLD ပြောခွင့်ရ။ ကျိုက်မရောအမတ်။ ယခုကွယ်လွန်)က အာရွှန်းရွင်ရွင် အင်တာဗျူးခဲ့ ပါသည်။ ယင်းကိစ္စကို လူမျိုးစုပါတီခေါင်း ဆောင်များ ဘဝင်မကျ ဖြစ်မိပြီး ပူထောင်ခိုထန် ကို ဖုန်းဆက်ကာ ဦးမြင့်သိန်းနှင့်သွားရှင်း လင်းရန် စေလွတ်ပါတော့သည်။
မှတ်မှတ်ရရ ညစာစားပွဲအပြီး ကျွန်ုပ်တို့ လူငယ်များနှင့် နိုင်ထွန်းသိမ်း။ နိုင်ငွေသိမ်း။ ပူကျင့်ရှင်းထန်။ ပူကင်ကမ်းလျန်။ဦးအုန်းတင်။ ဦးရွှေအုံးတို့ လူစုမကွဲသေးဘဲ ရှိနေချိန် ပူထောင်ခိုထန်အား ဖုန်းဆက်မှာကြားပြီး အားလုံး ကိုယ်စား NLD ရုံးချုပ်၌ရှင်းလင်းရန် တာဝန် ပေးလိုက်ပါတော့သတည်း။
နောက်တနေ့နံနက်တွင် ပူထောင်ခိုထန်မှ ကျွန်ုပ်အား လှမ်းခေါ်ပြီး ရွှေဂုံတိုင်သို့ ချီတက်မိကြသည်။ ကျွန်ုပ်သည် ရုံးချုပ်အနီး ယုဇန ဟိုတယ်ရှေ့တွင် နေရစ်ခဲ့ပြီး ပူထောင်ခိုထန်သာ ရုံးချုပ်ထဲ ဝင်သွားပါသည်။
အဓိက ရှင်းရမည့်သူသည် ဦးမြင့်သိန်း ဖြစ်ပါလျက် ဗီရိုနောက်ကွယ်ကြား ဖွက်ထားပြီး ဖိုက်တာ ဦးလွင်ကို ရှေ့တန်းတင်ကာ ပူထောင်ခိုထန်နှင့် တည်ပေးလိုက်သည့် သမိုင်းမှတ်တမ်း ဖြစ်ပါသည်။
ထိုညတွင်လည်း ဦးအောင်ရွေနှင့် CRPP အတွင်းရေးမှူး ဦးအေးသာအောင်ကို ပြည်ထဲ ရေးဝန်ကြီး
ဗိုလ်ချုပ်မောင်ဦးက ခေါ်ယူ ကြိမ်းမောင်းပါလေသတည်း။
ပုံစာညွှန်း** CRPP ကော်မတီဝင်များ။
ရှေ့တန်ကပ်လျက်ထိုင်နေသူ (ဦးလွင် တောင်ဝှေးကိုင်နှင့် ကူကီးဝတ်စုံဖြင့် ပူထောင်ခိုထန်)
*** 2018, Dec 27 ရက်ညတွင် ကွယ်လွန်သူ ပူထောင်ခိုထန် UNLD သဘာပတိအဖွဲ့ဝင်နှင့် CRPP အဖွဲ့ဝင်။
Pine Land
Friday, December 28, 2018
မြောင်းမြတံတား ကမ်းနှစ်ဘက် စတင် ချိတ်ဆက်နိုင်ခဲ့ပြီ
မြောင်းမြ တံတားကျန်ရှိသောသံပေါင် တစ်ခန်းအား
အပြီးသတ်တပ်ဆင်ခြင်း
Bottom chordနှစ်ချောင်းတပ်ဆင်ပြီး..
ဒေါက်တာစိုးမိုးသူ
မြောင်းမြ(28.12.2018 11:00 AM)
ကျွန်တော် ဘုံသမား - ရေးသူ - မောင်နု (သခင်နု *1)
■ နေပါဦး ကိုစိန်၊ ခင်ဗျား ဘယ်လိုက ဘယ်နှယ် ဒီလို အဖြစ်မျိုး ရောက်လာတာလဲ
☭ ဒါတွေပြောရင်တော့ ဆုံးမှာ မဟုတ်ဘူးဗျာ။ ဒီကနေ့ ခင်ဗျားနဲ့ တိုင်ဝင်ချင်တဲ့ ကိစ္စတခု ရှိတယ်
■ ဟုတ်ကဲ့
☭ မြန်မာပြည်မှာ လူဦးရေ ၁၄ သန်း ရှိတယ် မဟုတ်လား အဲဒီ ၁၄ သန်းထဲ လူတန်းစေ့အောင် မစားရတဲ့ လူဦးရေ ဘယ်လောက်ရှိမယ် ထင်သလဲ"
■ အင်း ဆိုစမ်းပါအုံး
☭ ဒီ ၁၄ သန်း ထဲမှာ လူတန်းစေ့ အဝတ်မဝတ်ရတဲ့ လူဦးရေ ဘယ်လောက်ရှိမလဲ။ နာဖျား မကျန်းရှိလို့မှ လူတန်းစေ့ ဆေးဝါး မကုသရတဲ့ လူဦးရေ ဘယ်လောက်ရှိမလဲ။ ကျွန်တော့ ခန့်မှန်းခြေ အတိုင်းဆိုရင် ဒီလူစားတွေ အကုန်စုပေါင်းထားတဲ့ လူဦးရေဟာ အဖျင်းဆုံး ၁၂ သန်း လောက်တော့ ရှိမှာဘဲ။ *2
■ ဟုတ်ကဲ့ ဆက်စမ်းပါအုံး
☭ လူဦးရေ ၁၄ သန်း ရှိတဲ့အနက် ၁၂ သန်း လောက် လူတွေ လူတန်းမစေ့ဘဲ နေရတာဟာ အစားအသောက် အဝတ်အစား ဆေးဝါးတွေကို ဝယ်နိုင်တဲ့ ပစ္စည်းအင်အား မြန်မာပြည်မှာ မရှိလို့လား။ ရှိပေတဲ့လဲ သည်ပစ္စည်းတွေကို ကျန် ၂ သန်း လောက်ရှိတဲ့ လူတစုက ချုတ်ချယ်သိမ်းပိုက်ထားလို့လား ဆိုတာ လေးလေးနက်နက်တွေးရမယ်။ အဲဒီလို လေးလေးနက်နက်တွေးလိုက်ရင် ထွက်လာတဲ့ အဖြေကတော့ လူ ၁၂ သန်း လူတန်းစေ့ မနေရတာဟာ ၂ သန်းလောက် လူစုက လူတန်းစေ့အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေကို လက်ဝါးကြီးအုပ်ထားလို့လားဘဲ ဆိုတာ ထွက်လာလိမ့်မယ်။ အဲဒီတော့ တခါထပ်ပြီး စဉ်းစားရလိမ့်အုံးမယ်။ ဒီတိုင်းပြည်အတွင်းမှာ ၂ -သန်းသော လူတစုက လူတန်းစေ့အောင် လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေကို ချုတ်ချယ်တဲ့ နည်းစံနစ်ဟာ မှန်သလား မှားသလားဆိုတာ ဆက်ပြီး စဉ်းစားရလိမ့်မယ်။ ဒီဟာကို ဆက်ပြီး စဉ်းစားလိုက်ရင် ဒီစံနစ်ဟာ မှားတယ်ဆိုတဲ့ အဖြေထွက်လာလိမ့်မယ်။ ဒီအဖြေရရင် ဒီမှားတဲ့ စံနစ်ကို ဘယ်လိုလုပ်ပြီး ပြင်ရမယ် ဆိုတာကို ဆက်ပြီး တွေးရလိမ့်မယ်။
လူ ၂-သန်းလောက်က လူ ၁၂-သန်းလောက်ကို လူတန်းမစေ့အောင် ချုတ်ချယ်ထားနိုင်တာဟာလဲ စင်စစ်သော လူ ၁၂ သန်းဟာ မစည်းလုံးမိသေးတာဟာဘဲ စင်စစ်သော ဒီလူ ၁၂-သန်းဟာ မသိနားမလည်ကြသေးလို့ဘဲ။ အဲဒီတော့ လူ ၁၂ သန်းလောက်ကို ၂ သန်းမျှလောက်သော လူတစုက လူတန်းမစေ့ရအောင် ချုတ်ချယ်ထားတဲ့ စံနစ်မှားကို မြန်မာပြည်က ပျောက်ကွယ်သွားအောင် လုပ်ကိုင်ကြရင် လူတန်းမစေ့တဲ့ လူ ၁၂ သန်း ကို သိနားလည်အောင် လုပ်ပေးကြရပေလိမ့်မယ်။
ဘာတွေ နားလည်အောင် လုပ်ပေးရမယ်ဆိုရင် ဒီလူ ၂ သန်းမှာရှိတဲ့ ပစ္စည်းတွေကို ခင်ဗျားတို့ကသာ ပေးရသောကြောင့် စင်စစ်မှာ ခင်ဗျားတို့သာလျှင် ဒီလူ ၂သန်း ချုတ်ချယ်သိမ်းပိုက်ထားသော ပစ္စည်းရှင်များ ဖြစ်ကြတယ်။ သို့ပေမဲ့ ခင်ဗျားတို့က မသိနားမလည်တဲ့အတွက် အလုပ်လုပ်ပေးရတော့ ခင်ဗျားတို့၊ စည်းစိမ်ခံစားစရာရှိတော့ သူတို့၊ ခင်ဗျားတို့မှာတော့ လူတန်းမစေ့တဲ့ ဘဝနဲ့ပဲ တင်းတိမ်မြဲ တင်းတိမ်နေကြရတာဘဲ။ ခင်ဗျားတို့ သိနားလည်လာတဲ့ တနေ့မှာ ခင်ဗျားတို့ စုရုံးမိကြပေလိမ့်မယ်။ အဲဒီလိုစုရုံးမိတဲ့နေ့မှာ သူတို့လက်ထဲရှိတဲ့ ပစ္စည်းတွေဟာ ခင်ဗျားတို့လက်ထဲရောက်လာလိမ့်မယ်။ သူတို့မော်ချင်တိုင်းမော် ပျော်ချင်တိုင်းပျော်နေတဲ့ ပစ္စည်းတွေဟာ ခင်ဗျားတို့ကိုယ်ကို ခင်ဗျားတို့ လူတန်းစေ့နေနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်ဟူသော အသိဉာဏ်များကို ဒီလူ ၁၂ သန်းစလုံးရဲ့ ဦးနှောက်ထဲ သံမှိုနဲ့ ရိုက်သွင်းထားသလိုနေအောင် လုပ်ပေးရလိမ့်မယ်။ အဲဒီလိုလုပ်ပေးပြီးတဲ့နေ့မှာ မှားနေတဲ့စနစ်ကြီးဟာ ကျွန်တော်တို့ပြည်မှ တပါတည်းပျောက်ကွယ်၍ သွားရမှာဘဲ၊
ကျွန်တော်ကတော့ သည်းမခံနိုင်ဘူး။ ကျွန်တော်မှန်တယ် ထင်တဲ့ဟာကို လုပ်တော့မှာဘဲ။ အဲဒါကိုနု ကူမလား၊ ကူနိုင်ပမလား။ ဒီကနေ့ ကိုနုတို့ကို ဒီကိုခေါ်လာတဲ့ အကြောင်းကတော့ ဒါပြောချင်လို့ဘဲ။ ဘယ်နဲ့လဲ ပါမယ် မဟုတ်လား။
■ ခင်ဗျားဟာ ရုရှားဘုံဝါဒဘဲ
☭ ခင်ဗျား ယုံချင်လဲ ယုံတော့ ရုရှားပြည်နဲ့ ဘုံဝါဒအကြောင်းဆိုတာလဲ သတင်းစာထဲလောက်မှာသာ ဘတ်ဘူးတာဘဲ။ ကျုပ် ရုရှားပြည်မှာ ဘာဖြစ်နေတာကို ဂရုမစိုက်ဘူး။ ဗမာပြည်မှာ စံနစ်မှန်ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုသာ ဂရုစိုက်တယ်။
■ ကျွန်တော်လဲ ကွန်မြူနစ်ဇင်၊ ဆိုရှယ်လစ်ဇင်ဆိုတဲ့ ဝါဒတွေကို နံမည်လောက်သာ ကြားဘူးတာဘဲ။ သေသေချာချာတော့ မဘတ်ပါဘူး။ အင်း ... တခါတလေ ဘတ်ဘူးတဲ့ မိတ်ဆွေများက ပြန်ပြောတဲ့အခါ နဲနဲပါးပါး ကြားရပါရဲ့။ ဒီစာအုပ်တွေကို နည်းနည်းပါးပါးလောက်တော့ သဘောသိရအောင် ဘတ်ထားဘို့ မိတ်ဆွေများက ပြောကြပါရဲ့။ သို့ပေမဲ့ ကွန်မြူနစ်ဇင် ဆိုရှယ်လစ်ဇင်ဆိုတဲ့ဝါဒတွေဟာ ဘာသာတရားကို ပစ်ပယ်တယ်ဆိုတာ ကြားရတော့ ဒီစာအုပ်တွေကို ဘတ်ကို မဘတ်ရဲဘူးဗျ။ ဗုဒ္ဓဘာသာတရားတော်ဟာ တရားစစ်တရားမှန်ပေတဲ့ လူတိုင်းယုံကြည်နိုင်တဲ့ တရား မဟုတ်ဘူး။ ပါရမီရှိသူများသာ ယုံကြည်နိုင်တဲ့တရားဗျ။ ပါရမီကလေး ရှိလို ဒီဘဝမှာ လူဖြစ်ရတာတောင် လူရိုးရိုး မဖြစ်ဘဲ ဗုဒ္ဓဘာသာတရားတော်ကြီးကို ယုံကြည်သက်ဝင်တဲ့လူ ဖြစ်ရတာ၊ အဲဒီတော့ ဒီစာအုပ်တွေကို ဘတ်မိရင် ပုထုဇဉ်တို့ သဘောဆိုတာ အခက်သားဗျ၊ စိတ်ပြောင်းချင် ပြောင်းသွားမှာ အဲဒီလို ပြောင်းသွားရင် ပါရမီရှိလို့ တွေ့နေရတဲ့ ဗုဒ္ဓဘာသာကြီးကို စွန့်မိမှာ အကြောက်ကြီး ကြောက်ပြီး ၊ ဒီစာအုပ်တွေကို မဘတ်ဘဲ နေတာဘဲ။
☭ ကဲဗျာ ဒါတွေထားပါတော့ ဒီဝါဒတွေကို ကျွန်တော်လဲ နားမလည်ပါဘူး။ ကျွန်တော်ပြောတဲ့ စံနစ်မှန်ဟာ မြန်မာပြည်မှာ တည်အောင် ကူမလား။
■ ဒီလိုရှိတယ်ဗျ၊ ဒီဓနရှင်တွေကလဲ ခင်ဗျားပြောသလိုဘဲ ဆိုးပါတယ်။ သို့ပေမဲ့ ဒီဓနရှင်တွေကို ပျက်စီးဘို့ကို လုပ်ဘို့ မပြောထားနဲ့၊ ဒင်းတို့ ပျက်စီးပါစေဆိုတဲ့ စိတ်ကိုတောင် မမွေးရဘူးလို့ ဘုရားကိုယ်တော်မြတ်ကြီး ဟောခဲ့တယ်။ အဲဒီတော့ ကိုစိန်ပြောတဲ့ စံနစ်မှန်ဆိုတာကို မြန်မာပြည်မှာ တည်အောင်လုပ်ရရင် ဘုရားကိုယ်တော်မြတ်ကြီးအလိုနှင့် ဆန့်ကျင်ဘက်ကျနေမှာဘဲ။
☭ ကိုနုရေ ... ရှေမနေနဲ့ဗျာ။ ကျွန်တော်ပြောတဲ့ စံနစ်မှန်ကို ခင်ဗျားလုပ်မလား မလုပ်ဘူးလား။
■ မလုပ်ဘူး
☭ ဘာဖြစ်လို့
■ ဘုရားအလိုတော်နှင့် ဆန့်ကျင်ဘက်ဖြစ်လို့
☭ ခင်ဗျားတို့ အတော်ကြပ်တဲ့လူဘဲ (ဒေါသနှင့်) ခင်ဗျား ဘယ်တော့မှ ဘုရားအလိုကို မဆန့်ကျင်ဘူးလား။ ဘုရားက အိမ်ထောင်ခြင်း၊ သားမွေးခြင်းဆိုတဲ့ ရွာသူတို့ရဲ့ အလုပ်ဟာ အင်မတန်ယုတ်တဲ့ တရားလို့ ဓမ္မစကြာထဲမှာ အတိအလင်း ဟောသေးတယ် - ဒီအလိုကို ဆန့်ကျင်ပြီး ခင်ဗျားတို့ မယားတွေ ယူတယ်၊ သားသမီးတွေ မွေးခဲ့ကြတယ်။ ခုသာ မွေးရုံမကဘူး၊ နောင်လဲ မွေးကြအုံးမှာဘဲ။ ဒီတော့ ခင်ဗျားတို့ဟာ ဘုရားအလိုတော်ကို ခုသာ မဟုတ်ဘူး၊ နောင်လဲ ဆန့်ကျင်မယ်ဆိုဒါ ဖြစ်မနေဘူးလား။ ဒီတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ လုပ်ချင်ဒါဆိုရင် ဘုရားအလိုတော်နဲ့ ဆန့်ကျင်ပေစေ လုပ်မယ်။ မကြိုက်တာဆိုရင် ဘုရားအလိုနဲ့ ဆန့်ကျင်လို့ မလုပ်ချင်ဘူးလို့ ဆင်ခြေဆင်လက်တွေ ပေးတယ်။ ကျွန်တော် မလုပ်ရဲဘူးလို့ ခပ်ရဲရဲပြောပါဗျ။ ဘုရားကိုယ်တော်မြတ်ကြီးကို လွှဲမချနေပါနဲ့။
လူ ၁၂ - သန်း ရဲ့ ဝဝစားရမှု၊ လူတန်းစေ့ အဝတ်ဝတ်ရမှု၊ အသက်ရှည်မှု၊ စိတ်ချမ်းသာမှုကို ခင်ဗျား လေးလေးနက်နက် စဉ်းစားပါ။
ဘုရားအလိုနဲ့ ရှေးဦးစွာ ဆန့်ကျင်တာကတော့ ခင်ဗျား ခုတင်က ပြောသွားတဲ့ ဘာဆိုလဲ ဓနရှင် ဟုတ်လား၊ အင်း အဲဒီ ဓနရှင်တွေဘဲ၊ ဘယ်လိုဆန့်ကျင်သလဲ သိလား၊ ဘုရားကိုယ်တော်မြတ်က လောဘ,ဒေါသ,မောဟတို့သည် သံသရာကြီးထဲတွင် ကျင်လည်အောင် လုပ်တတ်တဲ့ သဘောရှိလို့ ဒီမီးတွေကို သေအောင် သတ်နိုင်ရင် သတ်၊ မသတ်နိုင်သေးရင်လဲ ဒီမီးတွေကို ပါးနိုင်သလောက် ပါးရမယ်လို့ ဟောကြားပစ်ခဲ့တယ်။ ဒီဓနရှင်တွေက ဒါ ငါ့လယ်တွေ၊ ဒါ ငါပစ္စ္စည်းတွေဆိုပြီး လောဘမီးတွေကို ထင်းထိုးပေးနေကြတယ်။ လောဘဆိုတဲ့ အရင်းခံ တဏှာဟာ ကြီးလာပြီဆိုမှဖြင့် ဒေါသ,မောဟ ဆိုတဲ့ တဏှာတွေကော ရောက်မလာကြတော့ဘူးလား။ အဲဒီတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တဏှာမီးတွေကို သတ်ဘို့ဟောတယ်။ ဓနရှင်တွေက တဏှာမီးတွေကို မွှေးပေးနေတယ်။ စင်စစ်မှာ ဆိုရင် ဓနရှင်တွေသာ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေကြဒါ။
ဒီပစ္စည်းတွေကိုယူပြီး ဘုံပစ္စည်းလုပ်လိုက်ရင် ငါ့လယ် - ငါ့ငွေ - ငါ့ပစ္စည်း စွဲလမ်းစရာမရှိလို့ ထင်းမရှိတဲ့ မီးဟာ ငြိမ်းသွားရသလိုဘဲ၊ လောဘမီးရဲ့ ထင်းနဲ့ တူတဲ့ ငါ့ပစ္စည်း - ငါ့ငွေ-ငါ့လယ်တွေ မရှိရင် ဒီလောဘမီးတွေလဲ ငြိမ်းရမယ် မဟုတ်လား။ မငြိမ်းနိုင်သေးရင်လဲ မီးတောက်သေးရမယ် မဟုတ်လား။ ဒီတော့ ဘုံပစ္စည်းဖြစ်အောင် လုပ်ပေးနိုင်တဲ့ လူတွေဟာ ဘုရားအလိုတော်ကျ ဖြစ်အောင် လုပ်ပေးတဲ့လူ၊ ဘုံပစ္စည်းဖြစ်အောင် လုပ်ပေးတဲ့စံနစ်ဟာလဲ ဘုရားအလိုတော်ကျဖြစ်တဲ့ စံနစ်လို့ ဆိုရင် မှားမလား။
နောက်ပြီး အဘိဇ္ဈာဆိုတဲ့ စိတ်ကို မမွေးနဲ့ ဆိုတာ ဟုတ်ပါတယ်။ ခင်ဗျားကို ဥပမာတခုနဲ့ ပြမယ်။ ကျားကို မကြောက်ကြနဲ့လို့ မောင်းခတ်ထားတယ်။ သို့ပေမဲ့ မြို့ထဲမှာ ကျားတွေ လမ်းလျှောက်နေတာကို မြင်ရရင် မြင်ရတဲ့ လူတွေ မကြောက်ဘဲ နေမလား၊ ဒီကျားတွေကို ဖျောက်ဖျက်ပစ်လိုက်ရင် ကြောက်စရာကျားတွေ မရှိတဲ့အတွက် ကြောက်တဲ့လူတွေ ရှိကြအုံးမလား။ လူတယောက်ဟာ သိပ်ချမ်းသာနေတယ်။ လူတယောက်ဟာ သိပ်ဆင်းရဲနေတယ်။ ထုံးစံအတိုင်း ဆင်းရဲတဲ့လူက ချမ်းသာတဲ့လူအပေါ်မှာ အဘိဇ္ဈာစိတ်ထားဘဲ၊ ဒီအကောင့်ပစ္စည်းတွေ ငါဘဲရပါတော့ ဆိုတဲ့ စိတ်မွေးမှာဘဲ။ သို့ပေမဲ့ ဘုံပစ္စည်းလုပ်ပစ်လိုက်တဲ့အခါမှာ ဘယ်ဆင်းရဲသားလဲ မရှိ၊ ဘယ်ဓနရှင်လဲ မရှိလို့ ဘယ်အဘိဇ္ဈာစိတ်ကော ပေါ်နိုင်ပါအုံးမလား၊ အဘိဇ္ဈာစိတ်ပျောက်သွားတယ်ဆိုရင် လုံးလုံးမပျောက်တောင် နဲသွားတယ်ဆိုရင် ကျွန်တော် ပြောတဲ့စံနစ်ဟာ ဘုရားအလိုတော်ကျ စံနစ် မဖြစ်နိုင်ဘူးလား။ "
■ ချမ်းသာတယ် ဆင်းရဲတယ်ဆိုဒါတော့ ကုသိုလ်၏ ဖန်တီးမှုဘဲလို့ ဘုရားကိုယ်တော်မြတ်ကြီးဟ ဟောခဲ့တယ်။ ကိုစိန်ရဲ့ ဘဝသံသရာက ဒါနမျိုးစေ့ချခဲ့တာကြောင့် ယခုမျက်မှောက်မှာ လာပြီး ချမ်းသာကြရတာ၊ ဒီတော့ ယခုဘဝမှာ ဆင်းရဲကြရဆိုရင် ထိုဘဝသံသရာက ဒါနမျိုးစေ့ မချခဲ့လို့ဘဲ မဟုတ်လား။ ခင်ဗျားမြင်တဲ့အတိုင်း ကျွန်တော်လဲ ဆင်းရဲနေဒါဘဲ။ သို့ပေမဲ့ ကိုယ့်ဒါနမျိုးစေ့ မရှိလို ဆိုပြီး သည်းခံနိုင်တယ်။ နိဗ္ဗာန်မရသေးမီ ဘဝဆက်တိုင်း ချမ်းသာအောင်ဆိုပြီး ဒါနမျိုးစေ့ကို အခွင့်ရတိုင်း စိုက်ပျိုးတယ်။ နောက်ပြီးတော့ -
☭ ကဲကဲ- နားလည်ပြီ ဒီလောက်ဆို တော်ပြီ ကိုနု ဆင်းရဲတာ ချမ်းသာတာ ကုသိုလ် အကုသိုလ်၏ ဖန်တီးမှုဘဲလို့ ဘုရားကိုယ်တော်မြတ်ကြီး ဟောတယ်ဆိုပြီး ခင်ဗျားပြောတယ် မဟုတ်လား။ ဒါကို ကျွန်တော်လဲ ယုံတယ်။ ငြင်းစရာ မရှိ။ ဘုရားက ဒါဘဲ ဟောပစ်ခဲ့သလား။ ဘုရားကိုယ်တော်မြတ်ကြီးက ဟေ့ သူဌေးတွေ၊ မင်းတို့ ချမ်းသာတာဟာ ဟိုဘဝက ဒါနမျိုးစေ့ချခဲ့လို့ဘဲ၊ ဒါကြောင့် မင်းတို့ ချခဲ့တဲ့ မျိုးစေ့ရဲ့ အသီးအနှံတွေကို မင်းတို့ မိန်မိန်ရှက်ရှက် သုံးနေကြတော့၊ ဆင်းရဲသားတွေကလဲ ဒါနမျိုးစေ့ မချခဲ့မိလို့ ဆင်းရဲရတာ ဖြစ်သမျှကိုဘဲ သည်းခံကြတော့လို့ ဒါဘဲဟောပစ်ခဲ့သလား။ ဒီကုသိုလ် အကုသိုလ်တွေကြောင့် သံသရာကြီးထဲမှာ လယ်ရတယ်။ ဒီသံသရာကြီးထဲမှာ လယ်ရလို့ ပဋိသန္ဓေနေခြင်း ဒုက္ခ၊ အိုခြင်းဒုက္ခ၊ နာခြင်းဒုက္ခ၊ သေခြင်း ဒုက္ခ၊ ချစ်တဲ့လူတွေနဲ့ ကွဲရတဲ့ ဒုက္ခ၊ မချစ်တဲ့လူတွေနဲ့ ပေါင်းသင်းရတဲ့ ဒုက္ခ ဆိုတဲ့ ဒုက္ခအမျိုးမျိုးတွေနဲ့ တွေ့ကြမယ်။ ဒီဒုက္ခတွေက လွတ်ချင်ရင် ဒီကုသိုလ် အကုသိုလ်တွေကို စွန့်နိုင်တဲ့ မဂ်တရားရအောင် အားထုတ်ကြ၊ ဒီလိုအားထုတ်မှသာ ငါဘုရား၏ အလိုတော်ဖြစ်တယ်လို့ကော ဘုရားကိုယ်တော်မြတ်ကြီး မဟောခဲ့ဘူးလား။
ဒီတော့ ကုသိုလ်ကြောင့် ချမ်းသာတယ်ဆိုတာဒင် ရပ်ထားပြီး ကုသိုလ်ကြောင့် ဒုက္ခတွေအမျိုးမျိုး တွေ့ရတယ်။ ဒီဒုက္ခတွေ မတွေ့အောင် ဒီကုသိုလ်ကိုလဲ စွန့်ရမယ်ဆိုတဲ့ အယူအထိ ဆက်မယူတာ သူဌေးတွေရဲ့ အလိုတော်ဗျ၊ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အလိုတော် မဟုတ်ဘူး။ ဓနရှင်အယူဝါဒဗျ။ ဘုရားကိုယ်တော်မြတ်ကြီးရဲ့ အယူဝါဒမဟုတ်ဘူး
စင်စစ်တော့ ဒီဓနရှင်တွေဆိုတာ ဘုရားကိုယ်တော်မြတ်ကြီး ဟောပစ်ခဲ့တဲ့ တရားတွေကို သူတို့ရဲ့ ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ပစ်နေကြတာပဲ။ ဒါကြောင့် ကျွန်တော့လိုဘဲ ဘုံဝါဒကို နှစ်ခြိုက်နေတဲ့ လူတစုကတောင် ဘာသာတရားဆိုတာ ဘယ်ဘုရားရဲ့ ဘာသာတရားဖြစ်ဖြစ် သူဌေးတွေကိုသာ ကာကွယ်တဲ့ ဘာသာတရားဖြစ်လို့ လူအများစုဖြစ်တဲ့ ဆင်းရဲသားတွေ ချမ်းသာချင်ရင် ဘာသာတရားကို အကုန်ပယ်ရမယ်လို့ ပြောကြကုန်ပြီ။
အခု ဒီလောက်ဖြစ်နေရင် နောက်ဒီထက်ထိ ဆင်းရဲတဲ့ လူတွေက ဆင်းရဲငတ်ပြတ်ပြီး ချမ်းသာတဲ့ လူတွေကလဲ သိပ်နှိပ်ပြီး ချမ်းသာကုန်ကြရင် ရတနာသုံးပါးကို လူတွေဟာ ဒါထက် ပစ်ပယ်ကြလိမ့်အုံးမယ်။
စင်စစ်မှာတော့ ဘာသာတရားက ဓနရှင်တွေကို ကာကွယ်တာ မဟုတ်ဘူး။ ဓနရှင်တွေကသာ သူတို့ကို ကာကွယ်အောင် ဘာသာတရားကို အလွဲသုံးစားလုပ်တာ။ သည့်ပြင် ဘာသာတရားတွေကိုတော့ ကျွန်တော်လဲ နားမလယ်လို့ မပြောတတ်ဘူး။ ဗုဒ္ဓဘာသာတရားကိုတော့ ဓနရှင်တွေ အလွဲသုံးစားလုပ်နေတာ အမှန်ဘဲ။
အဲဒီတော့ ကိုနုက ဘုရားကိုယ်တော်မြတ်ကြီးရဲ့ ကျေးဇူးတော်ဟာ အနန္တရှိတယ်ဆိုတာကို ခင်ဗျားယုံကြည်ရင် ဘုရားကိုယ်တော်မြတ်ကြီးကို ကျေးဇူးပြန်ဆပ် အကောင်းလုပ်ပါ။ ရတနာသုံးပါးကို ကြည်ညိုနေတဲ့ လူတွေ နည်းပါးအောင် ကိုယ်ကျိုးအတွက် ဘာသာတရားတော်ကြီးကို အလွဲသုံးစားလုပ်နေတဲ့ ဓနရှင်စံနစ်ကို အမြစ်ကပါ သုတ်သင်ပစ်ဘို့ဘဲ။
ရတရာသုံးပါးကို ကြည်ညိုနေတဲ့ လူတွေ နည်းပါးတယ်ဆိုတဲ့ စကားကို ပြောလို့ ရတနာသုံးပါးကို ကြည်ညိုနေပေတဲ့လဲ မဆည်းကပ်တဲ့ လူတွေရဲ့ အကြောင်းကို ပြောရအုံးမယ်။
အူမ,တောင့်မှ သီလစောင့်နိုင်မယ်ဆိုတဲ့ စကားကို ကြားဘူးတယ် မဟုတ်လား။ အဲဒီတော့ လူတွေဟာ ဒါလောက်ငတ်ပြတ်ပြီး တနေ့ထက် တနေ့ အလျင်မှီအောင် ရှာဖွေရ လုပ်ရ ကိုင်ရနဲ့ ရတနာသုံးပါးကို ဆည်းကပ်ဘို့ စိတ်နဲ့ လူနဲ့ အားပါအုံးမလားလို့ ငတ်လေ သာပြီး မအားလေဘဲ။ ကျွန်တော့ကို ကြည့်လေ။ ဒီအသက်နဲ့ ဒီကိုယ်မြဲအောင် တလုပ်တခဲ ရပါမဲ့အကြောင်း ဝီခေါ်နေအောင် ရှာနေရတော့ ရတနာသုံးပါးဆိုတာ ဘယ်အနားနေမှန်း မသိတာ ဘယ်လောက်ကြာပြီလဲဆိုတာ မပြောနိုင်တော့ဘူး။
လောကနီတိဆရာကလဲ ဆိုထားတယ် မဟုတ်လား။ စိတ်ချမ်းသာမှ ကောင်းမှုပြုနိုင်မယ်လို့ ဒီငတ်နေတဲ့ လူတွေဟာ ဘယ်မှာသွားပြီး စိတ်ချမ်းသာနိုင်ပါ့အုံးမလဲ။ စိတ်မချမ်းသာကြရင် ဘုရားကိုယ်တော်မြတ်ကြီး အလိုတော်ကျဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားကို အားထုတ်နိုင်ပါအုံးမလဲ။
ကျွန်တော်ပြောတာ မှန်မမှန်ကို ဘယ်မှာမှ သွားကြည့်မနေနဲ့။ ဥပုသ်သီတင်းနေ့ ကျောင်းတို့ ဇရပ်တို့မှာ လိုက်ကြည့်၊ ကြည့်ပြီးတော့ ရှေ့မှီနောက်မှီ လူကြီးတွေကို မေး၊ တရာမေးရင် တရာလုံးက ရှေ့ကလောက် ဥပုသ်ဇရပ်တွေမှာ လူတွေ မစည်ဘူးလို့ ပြောလိမ့်မယ်။ ဒါ ဘာဖြစ်လို့လဲ။ ရှေ့က လူတွေဟာ စားနိုင်သောက်နိုင် ချောင်ချောင်ချိချိ ဆိုတော့ တရားအားထုတ်ဘို့ စိတ်လဲ အားတယ်၊ လူလဲ အားတယ်၊ ခုအခါဆိုတော့ တနေ့နဲ့ တနေ့ အလျင်မှီအောင် မသေရုံကလေး စားရအောင် ပြေးလွှားနေရတော့ ဘယ်မှာ စိတ်အားလူအား ရှိနိုင်ပါ့မလဲ။
ဒီတော့ ဓနရှင်စံနစ်ဟာ ဘယ်လောက်ဆိုးသလဲ ဆိုတာ ကိုနုတွေ့ပြီ မဟုတ်လား။အချို့လူတစုကို ဘာသာတရားကို ပစ်ပယ်အောင် ဒီ ဓနရှင်စံနစ်က လုပ်ခဲ့တယ်။ ကြည်ညိုနေတဲ့ လူများကိုလဲ ရတနာသုံးပါးကို မဆည်းကပ်အောင် ဒီဓနရှင်စံနစ်ကဘဲ လုပ်ပေးပြန်တယ် မဟုတ်လား။
ဘုံပစ္စည်းလုပ်လိုက်ရင်, အားလုံးလူတွေ လူတန်းစေ့ ဝတ်စား နေထိုင်ကြရလို့ အားလုံးလူတွေ စိတ်ချမ်းသာကြလိမ့်မယ်။ အားလုံးလူတွေ စိတ်ချမ်းသာကြတော့ ဒီလူတွေဟာ ရတနာသုံးပါးကို ဆည်းကပ်နိုင်ကြလိမ့်မယ်။
ခုနေအခါ စားရမဲ့သောက်ရမဲ့ ဖြစ်ကြလို့ လူတွေဟာ ခိုးဝှက်တိုက်ခိုက်ခြင်းဆိုတဲ့ အကုသိုလ် ဒုစရိုက်တွေကို ကျူးလွန်ကြရင် ဘုံပစ္စည်းလုပ်လိုက်တဲ့ အခါ ဘယ်သူ့ပစ္စည်းမှလဲ ခိုးစရာ တိုက်စရာမရှိတဲ့ အတွက် ခိုးမှု,တိုက်မှုဆိုတဲ့ ဒုစရိုက်တရားတွေလဲ တိုင်းပြည်အတွင်းမှာ ပပျောက်ကုန်ကြမှာဘဲ။
ဒီတော့ ဓနရှင်စံနစ်ရှိတဲ့ အတွက် လောဘမီး,ဒေါသမီး,မောဟမီးတွေ တဟုန်းဟုန်းတောက် ပြင်းလာတယ်။ အဘိဇ္ဈာစိတ်တွေ လွှမ်းမိုးနေတယ်။ ဘာသာတရားကို ပစ်ပယ်တဲ့ လူဦးရေတိုးလာတယ်။ ဘုရား,တရား,သံဃာ, ရတနာမြတ်သုံးပါးကို ကြည်ညိုပေတဲ့လဲ မဆည်းကပ်ကြတဲ့ လူတွေများလာတယ်။ တိုင်းပြည်အတွင်းမှာ စိတ်မချမ်းသာတဲ့ လူတွေ များမယ်။ ခိုးမှု တိုက်မှုဆိုတဲ့ ဒုစရိုက်တရားတွေ များလာရမယ်။
ဘုံစံနစ်ရှိရင် ဘာဖြစ်မလဲ၊ လောဘ,ဒေါသ,မောဟ မီးတွေ တခါထဲ ငြိမ်းမသွားတောင် မီးအားသေးရမယ်။ အဘိဇ္ဈာစိတ်တွေ တခါထဲ ကုန်မသွားတောင် အဘိဇ္ဈာစိတ်တွေ နည်းရမယ်။ ဘာသာတရားကို ကြည်ညိုတဲ့ လူဦးရေ တိုးလာမယ်လို့တော့ အမှန်မပြော နိုင်ဘူး။ သို့ပေမဲ့ ကြည်ညိုနေတဲ့ လူတိုင်းတော့ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ကြရလိမ့်မယ်။ ကိုယ့်ဝမ်းစာအတွက် အလုအယက် တိုက်ခိုက်ပြီး မစားရတဲ့ အတွက် တယောက်နဲ့ တယောက်ကိုလဲ ပိုမိုရင်းနှီး ချစ်ခင်လာကြလိမ့်မယ်။ ရန်အဖြစ် နဲမယ်။ လူတန်းစေ့ စားရသောက်ရလို့ လူတွေ ပိုပြီး စိတ်ချမ်းသာလာလိမ့်မယ်။ အလုအယက် အတိုက်အခိုက်ဆိုတဲ့ ဒုစရိုက်တွေလဲ တိုင်းပြည်အတွင်းမှာ နဲသွားလိမ့်မယ်။ "
ထိုအတွင်း အသက် ၇၀ - အရယ်လောက်ရှိသော အမေကြီးတဦး နှမ်းပစ်မုန့်များ ထည့်ထားသော ဘမ်းကို ရွက်၍ သူ့ကိုယ်ကို မနိုင်တနိုင်နှင့် သယ်ယူကာ လမ်းလျှောက်ရင်း နှမ်းပစ်- နှမ်းပစ်ဟု ဟစ်အော်သွားသံကို ကြားရလေ၏။ ကိုစိန်သည် ထိုအမေကြီးကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် (သက်မချ၍) --
☭ ကြည့်စမ်း - ကိုနု၊ ဒီသေခါနီး အမယ်ကြီးဟာ ထမင်းတလုပ်အတွက် သေပြေး - ရှင်ပြေး အလုပ်-လုပ်နေ ကြရသေးတယ်။ ဒီဓနရှင်တွေဟာ ကိုယ်သုံးနိုင်ဒါထက် ပိုနေတဲ့ ပစ္စည်းတွေကို မှိုတက်ခံပြီး လှောင်ထားတော့ ဒီလောက်အရွယ် အမယ်ကြီးတွေ အဘိုးကြီးတွေ လဲ အခုအထိ ပြေးလွှားနေရသေးတာပေါ့။ "
■ လှောင်ထားဆို ဒီလိုရှိသေးတာကိုး။ အသက်က ဘယ်လောက်အထိ နေကြရမယ်ဆိုဒါ မသိကြတော့ တသက်မှာ တင့်တင့်တယ်တယ် နေသွားနိုင်အောင် လှောင်ထားရတော့ ဒါဘဲ။ ဒါမှမကသေးဘူး၊ မိဘတွေ သေသွားပြန်ရင်လဲ သူတို့ရဲ့ သားသမီးတွေ တင့်တင့်တယ်တယ် နေထိုင်စားသောက်သွားနိုင်အောင် လှောင်ထားရတာဘဲ ကိုစိန်ရဲ့။
☭ အဲဒါ ဒီလူတွေ မှားဒါဘဲ။ ချမ်းသာတဲ့လူတွေ သောက်သောက်လဲ ချမ်းသာရင်းက ကုန်းကောက်စရာ မရှိအောင် မွဲသွားကြဒါတွေ၊ ခင်ဗျားတို့ မျက်စိအောက်မှာ တပုံကြီး မဟုတ်လား။ သားသမီးဆိုဒါတော့ မပြောနဲ့လေ။ ပိုက်ဆံချမ်းသာတဲ့ မိဘတွေ သေပြီး သားသမီးတွေ ငတ်နေတာ ပြည့်လို့ မဟုတ်လား။ ဘုံပစ္စည်းစံနစ်ရှိနေရင် ငါ့ပစ္စည်း ပျက်စီးများသွားမလားလို့ ပူနေရတဲ့ သောကလဲ ပျောက်မယ်။ သူ့တသက် မဟုတ်ဘူး။ သူ့သားသမီး မြေးမြစ် တသက်ကို ရောက်ပစေ ဘုံစနစ်ရှိသ၍ ဘယ်သူမှ မစားရမှာ မစိုးရိမ်ရ၊ မဝတ်ရမှာ မစိုးရိမ်ရဘူး မဟုတ်လား။
အဲဒီတော့ ကိုနု - ခင်ဗျား ဘုံစံနစ်ကို သဘောကျပြီ မဟုတ်လား။ ဒီစံနစ် မြန်မာပြည်မှာ တည့်အောင် ကျွန်တော်တို့ လူစု လုပ်နေတယ်။ ခင်ဗျားရဲ့ အကူအညီလဲ လိုချင်တယ် ပေးမလား။
■ ဆင်းရဲသားတွေ ချမ်းသာအောင် လုပ်ပေးချင်တာနဲ့ ဓနရှင်တွေကို ဖျောက်ဖျက်ပစ်ရမယ်ဆိုတာ မတရားဘူး ထင်တယ် ကိုစိန်
☭ ဆင်းရဲသားတွေ ချမ်းသာအောင် လုပ်ပေးချင်တာနဲ့ ဆိုတဲ့ စကားကို မသုံးပါနဲ့။ ခုပြောခဲ့တာတွေကိုလဲ ခင်ဗျားကြားခဲ့ပြီးပြီ။ ဒီတော့ ဆင်းရဲသားတွေချမ်းသာအောင် လုပ်ပေးချင်တာနဲ့ ဆိုတဲ့ စကားအစား လောကကြီးနဲ့ သာသနာတော်ကြီးရဲ့ အကျိုးစီးပွားအတွက် ဓနရှင်စံနစ်ကို ဖျောက်ဖျက်ပစ်ရမယ်ဆိုရင် ခင်ဗျားစကားဟာ သာပြီး မှန်မှာဘဲ။
တရားတယ် မတရားဘူးဆိုတာတော့ မပြောနဲ့။ ကျွန်တော်တို့ ဘုရားအလောင်းဟာ ဂဏန်းလက်မ ဖြစ်စဉ်က သူ့မိတ်ဆွေပုဏ္ဏားရဲ့ မျက်စေ့ကို စားချင်တဲ့ ကျီးကန်းနဲ့ ကျီးကန်းရဲ့ မိတ်ဆွေ မြွေရဲ့ လည်ပင်းတွေကိုတောင် လောကကြီး အကျိုးစီးပွားအတွက် ဖြတ်ပစ်လိုက်သေးတာ နိပါတ်တော်ထဲမှာ အထင်အရှားဘဲ မဟုတ်လား။ ကျီးကန်းနဲ့ မြွေရဲ့ လည်ပင်းကို ဖြတ်တာတော့ ကျီးကန်းနဲ့ မြွေရဲ့ ဘက်က ကြည့်ရင် မတရားဘူးပေါ့။ သို့ပေမဲ့ သူတို့ကို မသုတ်သင်လိုက်ရင် နောက်ကို လူတွေ တိရစ္ဆာန်ရဲ့ အကျိုးစီးပွားပျက်စီးအောင် ဒီကျီးနဲ့ ဒီမြွေ ၂ ကောင်ပေါင်းပြီး လုပ်နေမှာဘဲ မဟုတ်လား။ ဒီလိုလုပ်မှာစိုးလို့ ဘုရားအလောင်းကိုယ်တိုင်ဘဲ သုတ်သင်ပစ်လိုက်ရတယ် မဟုတ်လား။ နိပါတ်တော်ထဲမှာ ရှာရင် ဒါမျိုးတွေ ပြည့်နေမှာဘဲ။
အဲဒီတော့ ဆင်းရဲသားတွေ ချမ်းသာအောင် မလုပ်ချင်နေ လောကကြီးအတွင်းမှာ ခိုးမှု၊ တိုက်မှု ဒုစရိုက်တွေ ပပျောက်အောင် ခင်ဗျားမလုပ်ချင်ဘူးလား။ အဘိဇ္ဈာစိတ်တွေ ပါးကုန်အောင် မလုပ်ချင်ဘူးလား။ ကြည်ညိုသူတိုင်း ရတနာသုံးပါးကို ဆည်းကပ်နိုင်အောင် ခင်ဗျား မလုပ်ချင်ဘူးလား။ ဗြဟ္မစိုရ်တရားတွေ တလောကလုံး ပြန့်ပွားအောင် ခင်ဗျား မလုပ်ချင်ဘူးလား။ လောဘမီး-ဒေါသမီး-မောဟမီးတွေ ပါးရှားအောင် ခင်ဗျား လုပ်မပေးချင်ဘူးလား။
အဲဒါတွေ လုပ်ချင်ရင် ဘုံစံနစ်ကို လုပ်ပေတော့။ ဘုံစံနစ်ကလွဲလို့ ဒီလောကကြီးထဲမှာ ဒီဟာတွေကို လုပ်ပေးနိုင်တာ မရှိတော့ဘူး။ "
ကိုစိန်၏ စကားများသည် ကျွန်တော့အား စိတ်ဝင်စားရုံသာမက များစွာနှစ်သိမ့်စေ၏။ ဘုံဝါဒသည် ဘုရားဝါဒနှင့် ဆန့်ကျင်သည်ဟု ရှေးက ထင်ခဲ့မိသောကြောင့်၊ စစ်ဆေးခြင်း မပြုဘဲ ဘုံဝါဒကို ရှောင်ရှားခဲ့၏။ ယခုမူကား လေးသင်္ချေနှင့် ကမ္ဘာတသိန်းပတ်လုံး သတ္တဝါတွေ၏ အကျိုးစီးပွားအတွက် ပါရမီဖြည့်ခဲ့ပြီး ကျေးဇူးတော်အနန္တနှင့် ပြည့်စုံတော်မူသည့် ဘုရားကိုယ်တော်မြတ်ကြီး၏ ကျေးဇူးကို ဆပ်လိုလျှင် ဘုံဝါဒကို တည်မြဲအောင် လုပ်မှပင် ဖြစ်ရတော့မည်ဟု စိတ်ထဲ အတော်လှုပ်ရှားသွားလေသည်။ ဘုရားကိုယ်တော်မြတ်ကြီးသည် ၄၅ -ဝါ ပတ်လုံး သက္ကာယဒိဌိကို ပယ်ရန် ဟောပြောခဲ့၏။ ဘုံဝါဒသည် ထိုဒိဌိကို ပယ်ရန် ပဌမ စခမ်း ဖြစ်သည်ကို တွေ့ရ၏။
ကျွန်တော်၏ အယူအဆတို့မှာ တမျိုးပြောင်းလဲလာသည်ကိုလည်း အနည်းငယ်ခံစားစပြုလာလေ၏။
ကျွန်တော်၏ ရှေ့တွင်ရှိသော ခလေးအလောင်းသည်လည်း တစတစ ညိုမဲ၍ လာလေ၏။ ၎င်းကိုသင်္ဂြိုဟ်ရန်အတွက် ဘာမျှ ပြင်ဆင်ပြီးသည်ကို မတွေ့ရ၊ အလိုက်သိစွာ ကျွန်တော်တို့ စီးလာသော မော်တော်ကားသမားအား ခလေးထည့်ရန် သေတ္တာတလုံးနှင့် ကန်တော့ပွဲဝယ်ရန် ငွေပေးပြီး လွှတ်လိုက်ရလေ၏။
အတော်ကလေးကြာသောအခါ မှာလိုက်သော ပစ္စည်းများ အားလုံးရောက်လာသဖြင့် ကျွန်တော်တို့ စီးလာသော မော်တော်ကားပေါ်သို့ ကားမောင်းသမားကို တောင်းပန်၍ တင်ပြီး သုဿန်သို့ ပို့လိုက်ရလေ၏။
အားလုံးကိစ္စများ ပြီးစီး၍ အိမ်သို့ပြန်လာသောအခါ အခြားအလုပ်များကို ထိုနေ့အဘို့ မလုပ်နိုင်တော့ပဲ ကိုစိန်ပြောလိုက်သော စကားများကိုသာ အဖန်တလဲလဲ တွေးတော၍ နေလေတော့သတည်း။
မောင်နု
____________________
*1 ( စာရေးသူ သခင်နုသည် နဂါနီစာအုပ်အသင်းကို ထူထောင်ပြီး မာ့က်စ်ဝါဒ (ခ) ကွန်မြူနစ်ဆိုရှယ်လစ်ဇင်ကို ဗမာပြည်တွင် ကနဦး ဖြန့်ဝေသူများတွင် တဦးအပါအဝင်ဖြစ်သည်။ )
*2 ( ရှေးက ဗမာပြည် လူဦးရေ စုစုပေါင်း ၁၄ သန်း ရှိပြီး အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားဦးရေမှာ ၁၂ သန်း ရှိသည်။ ထိုအချိုးအစားအတိုင်း ၂၀၁၅ တွင် လူဦးရေ စုစုပေါင်း ၅၃ သန်း တွင် ၄၅ သန်းသည် အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားဦးရေ ဖြစ်သည်။ )
ထွေအုပ်​အားလုံးအရပ်​ဖက်​လက်​အောက်​သို့ပြောင်းရွှေ့ကြောင်းယနေ့တရားဝင်​စာထွက်
ထွေအုပ်​အားလုံးအရပ်​ဖက်​လက်​အောက်​သို့ပြောင်းရွှေ့ကြောင်းယနေ့တရားဝင်​စာထွက်
ကိုစိုးမိုးဟိန်းသေဆုံးမှု နဲ့ပတ်သက်ပြီး အမ၀မ်းကွဲဖြစ်သူရဲ့ပြောကြားချက်
ဒီဇင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီလောက်မှာ ရတနာပုံတက္ကသိုလ်၌ ကုန်ထုတ်ဓာတုဘာသာရပ်ဖြင့်တက်ရောက်ပညာသင်ကြားနေသော နောက်ဆုံးနှစ်ကျောင်းသား မောင်စိုးမိုးဟိန်းကို အမည်မသိလူလေးဦးက ပိုက်ဆံအိတ်လုယက်ပြီးဓါးနဲ့ထိုးခဲ့တာကြောင့်မောင်စိုးမိုးဟိန်းဟာ မန္တလေးပြည်သူ့ဆေးရုံကြီးကို တက်ရောက်ကုသနေစဉ်မှာ သေဆုံးသွားခဲ့ပါတယ်။ ဒီဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အမ၀မ်းကွဲတော်သူက ယခုလိုရေးသားထားပါတယ်။ 
.....ကျွန်မမောင်ဝမ်းကွဲက ရန်ဖြစ်တာမဟုတ်ပါဘူး ပစ္စည်းလုယက်ချင်လို့ ဓားနဲ့၃ချက်ထိုး အသတ်ခံရတာပါ တရားမျှတအောင်လုပ်ပေးပါ ရဲစခန်းက ရဲကြေးနန်းက ရန်ဖြစ်ရင်းဖြစ်တယ်လို့မီဒီယာကို ပြောပီးအမှန်တရားကို ဖုံးကွယ်ချင်နေပါတယ်
ကျွန်မမောင် စိုးမိုးဟိန်း က ည၇နာရီအချိန်က သူ့ညီမလေးကိုသွားကြိုဖို့ အချိန်စောနေသေးလို့ သူ့ကောင်မလေးကို ချိနိးပီး ဦးပိန်ကန်ဘောင်မှာ ထိုင်စကားပြောနေစဉ် mask ဟုတ်ထားသော လူ၎ဦးက ဆိုင်ကယ်ပိတ်ရပ်ပီး ပထမဦးဆုံးကောင်မလေးကို ပါးစပ်ကိုပိတ်ပီး ဓားနဲ့အရင်ထိုးတယ် ကောင်မလေးက ရုန်းတော့ မထိုးမိလိုက်ဘူး
စိုးမိုးဟိန်းကို အနောက်က ၂ယောက်ကချုပ်ပီး တစ်ယောက်က ၃ချက်ထိုးပါတယ် ကောင်မလေးက ဝင်လုံးပါတယ် ဓားနဲ့ထိုးတဲ့သူရော ကောင်မလေးရော စိုးမိုးဟိန်းရော ကန်ရေစပ်ထိ လုံးကြသွားတယ် ပြီးတော့ လုယက်သူတွေက ဆိုင်ကယ်သော့တွေဖုန်းတွေကိုရှာနေတုန်း ကောင်မလေးက အကူညီလှမ်းတောင်းတော့ အ့ကောင်မကိုပါ
ပါးစပ်ပိတ်ပစ်လို့အပေါ်ကအကောင်က အော်တယ် ဘေးကလူတွေထွက်လာတော့ ဘာပစ္စည်းမှမယူပဲထွက်ပြေးသွားတယ် ဒါမျက်မြင်သက်သေဖြစ်တဲ့ကောင်မလေးရဲ့ ပြောပြချက်ပါ
မောင်လေးကတော့ အသက်ဆုံးရှုံးလိုက်ရတယ် ရဲကတော့ ရန်ဖစ်တယ်လို့ ကောက်ချက်ချနေတယ် မတရားတာတွေဖစ်သွားမှာကြောက်တယ် အသက်လဲဆုံးရှုံးပီးပါပီ 😭😭😭
Yadanar Yu Hlaing Kyu
ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး
ညီမတစ်ဦးနှင့်သားအမိ(၃)ယောက်တို့အတူနေအိမ်၌ည အိပ်ပျော်နေစဉ် ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး
ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းကျေးရွာတွင်ညီမငယ်တစ်ဦးနှင့် သားအမိ(၃)ယောက်တို့အတူနေအိမ်၌ ညအိပ်ပျော်နေစဉ် မည်သည့်ရန်ငြိုးရန်စမရှိဘဲ တစ်ရွာတည်းနေအမျိုးသားတစ်ဦး တက်လာပြီး ဓားခုတ်မှုဖြစ်ပွားရာ မိခင်ဖြစ်သူအမျိုးသမီးကြီး
မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ တည်ပြုပြောကြားသည်။
ဒီဇင်ဘာလ ၂၇ ရက် ညဥ့်သန်းခေါင်းယံ ၁ နာရီ အချိန့်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ခမီးကြိမ်ချောင်းကျေးရွာနေ ဒေါ်နေလင်းမေ (သေဆုံး)သူမှာ ခင်ပွန်းဖြစ်သူ ဦးနီထွန်းအောင် အခြားကျေးသို့ စပါးရိတ်သိမ်းရန် အငှားအဖြစ်သွားရောက်နေစဉ်တွင် အသက်(၁၂)အရွယ် ညီမငယ် မနေခင်စိုး၊ သားဖြစ်သူ မောင်ဟန်ချစ်ဦး၊သမီးငယ် မပန်းဖြူတို့နှင့် အတူ အိပ်ပျော်နေကြစဉ် တစ်ရွာ
တည်းနေ ဦးမောင်မြင့်မှာ ဓားတစ်ချောင်းကိုင်ကာ နေအိမ်သို့ တက်လာပြီး ဒေါ်နေလင်းမေအား ဓားနှင့်ခုတ်ခဲ့ရာ ဒေါ်နေလင်းမေ၏ ဦးခေါင်းဝဲဘက်နောက်စေ့မှနားရွက်ထိ (၉)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊နှာခေါင်းနှင့်ဝဲ မျက်လုံး(၅)လက်မခန့်ရှိပြတ်ချက်ဒဏ်ရာ(၁)ချက်၊ နောက်ကျောခါးရိုးအထက်(၉)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးသွားသည်။
အဲဒီနောက် သေဆုံးသူ၏ညီမဖြစ်သူအား ဆက်ခုတ်ရာ ဝဲလက်မ တွင် ပြတ်ချက်ဒဏ်ရာ(၁)ချက် ရရှိကာ မနေခင်စိုးအား ရဲ၏ဆေးစာဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ပို့ဆောင် ထားပြီး သေဆုံး၏ ခင်ပွန်းဦးနီထွန်းအောင် တရားလို၏ တိုင်းတန်းချက်အရမြို့မရဲစခန်းမှ ဒုရဲမှူး ခင်မောင်အေးနှင်နယ်ထိန်းရဲတပ်အဖွဲ့မှ ပြစ်မှုကျူးလွန်သူအားနေ့လည်(၂)နာရီခန့်တွင် ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဦးမောင်မြင့်(၂၆)နှစ်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း ပုဏ္ဏားကျွန်း(မြို့မ)ရဲစခန်းမှူးက ပြောကြားသည်။
မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Thursday, December 27, 2018
အဘဦးစိန်မြ ဗိုလ်ချုပ်တင့်ဆွေနဲ့ သမိုင်းအမှား
အဘဗိုလ်မှုးကြီးဟောင်းစိန်မြကွယ်လွန်တဲ့ ၂၅ နှစ်မြောက်အခန်းအနားကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကရန်ုကုန်မှာလုပ်တယ် ..
ပြည်ထဲရေးဝန်ကြီးဟောင်းဦးစိန်မြဟာ ၁၉၈၈မှာ နယ်စပ်တော်လှန်ရေးနယ်မြေကိုထွက်ပြီး စစ်အာဏာရှင်တွေကိုလက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ ရာထူးအကြီးဆုံး အနစ်နာအခံခဲ့ဆုံးပုဂ္ဂိုလ်ကြီးဖြစ်တယ်..
ပြည်သူ့ကာကွယ်ရေးတပ် PDF ကိုမွန်ပြည်နယ် ဘုရားသုံးဆူဒေသမှာထူထောင်ပြီး ဘုရားသုံးဆူတိုက်ပွဲကာလမှာ မွန် ကရင် ကျောင်းသားတပ်တွေနဲ့အတူ မဟာမိတ်တပ်ပေါင်းစုကိုဦးဆောင်မှုပေးခဲ့တယ် .. သူ့ရဲ့အသက်အရွယ်နဲ့ ကျန်းမာရေးကိုတောင်ပဓာနမထားဘဲ ရှေ့တန်းစစ်မြေပြင်မှာ တုတ်ကောက်တချောင်းနဲ့သွားလာကွပ်ကဲပေးခဲ့သူဖြစ်တယ် ..
သူဟာ လူကြီးရောဂါနဲ့ ချင်းမိုင်မြို့ (ဇင်းမယ်)ဆေးရုံမှာ ၁၉၉၃ခုနှစ်ဒီဇင်ဘာလမှာကွယ်လွန်ခဲ့တယ် .. နယ်စပ်နဲ့ပြည်ပရောက် နိုင်ငံရေး တော်လှန်ရေးအဖွဲ့တွေအားလုံးကသူ့ကိုတခန်းတနားဂုဏ်ပြုသင်္ဂြိုလ်ပေးခဲ့ကြတယ် .. စွန့်လွှတ်အနစ်နာခံရဲသူ သူရဲကောင်းကြီးတဦးအဖြစ်တလျှောက်လုံးလေးစားခဲ့ကြတယ် ..
ဒါကအဘဦးစိန်မြရဲ့သမိုင်းအမှန် ..
ဒီလိုပြောင်မြောက်ရဲရင့်တဲ့သမိုင်းကို ပေါက်လွတ်ပဲစားရေးပြီး အမျိုးသားစာပေဆုတောင်ချီးမြှင့်ခံခဲ့ရတဲ့စာအုပ်တအုပ်ရှိတယ် ..
ဗိုလ်ချုပ်တင့်ဆွေရဲ့ "ကျောပိုးအိပ်လေးကိုချီကာလွယ်"ဆိုတဲ့ ကိုယ်တိုင်ရေးအထုပတ္တိစာအုပ် ..
သူ့ရဲ့အတွေ့အကြုံတွေ အမျှော်အမြင်ကြီးမားမှုတွေ သဘောထားကြီးစာနာမှုတွေကိုကြွားလုံးထုတ်ရင်း တနေရာမှာတော့လက်လွန်သွားတယ် ..
"ဗိုလ်မှုးကြီးစိန်မြက သောင်းကျန်းသူတို့နဲ့ဆက်သွယ်ကာ ထိုင်းနိုင်ငံနယ်စပ်ကိုရောက်ရှိသွားပြီး မွန်ပြည်သစ်ပါတီဝင်ဖြစ်သွားသည်"
"ထိုင်းနယ်စပ်တွင်ဗိုလ်မှုးကြီးစိန်မြအားကရင်သောင်းကျန်းသူတို့ကသေနတ်နှင့်ပစ်သတ်ကာအလောင်းကိုမြန်မာပြည်ဘက်ခြမ်းဖြစ်ငောနတ်အိမ်ထောင်တွင်လာ၍ပစ်ထားသည်"..
"ဒေသခံတပ်များက ဗိုလ်မှုးကြီးစိန်မြအလောင်းလာပစ်ထားကြောင်းသတင်းပို့တော့ . အေးကွယ်အလောင်းကိုကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ပေးလိုက်ကြဟု လှမ်းပြောခဲ့ရပါသည်" (စာ-၂၁၃)
တကဲ့ကို ယုတ်မာပက်စက်စွာလုပ်ကြံရေးထားတဲ့ Bull Shit ပါ .. ဒီစာအုပ်ကို အမျိုးသားစာပေဆုပေးလိုက်တော့ပိုဆိုးတာပေါ့ .. အဲဒီနှစ်အမျိုးသားစာပေဆုရွှေးချယ်ရေးအဖွဲ့ဝင်တွေဟာ တကယ့်ခွေးချီးတွေချည်းဘဲလို့ ဝါးလုံးနဲ့သိမ်းကြုံးရိုက်ပြီးလဲကျနော်ဆဲပါတယ် .. သမိုင်းအထောက်အထားဆိုတာတွေကိုမလေ့လာမစူးစမ်း အချက်အလက်မှန်မမှန်မစိစစ်ဘဲ ဖားယားဆုပေးခဲ့တဲ့သူတွေ အင်မတန်ရှက်သင့်ပါတယ် .. သိက္ခာကိုဆယ်ချင်ရင် အမှားကိုဝန်ခံသင့်ပါတယ်..
၈၈ တုန်းကနယ်စပ်ကိုထွက်တဲ့ကျောင်းသားတွေထဲမှာ ကျနော်က အဘဦးစိန်မြနဲ့အနီးစပ်ဆုံးဆိုမမှားဘူး .. သူပထမဆုံး ကရင်နယ်စပ်ကဖြတ်ထွက်ပြီး ဘန်ကောက်မှာလိုအပ်သူတွေနဲ့ တွေ့ဆုံဘို့.. နောက် မုဒုံဘက်ပြန်ဝင်နေပြီး ဒုတိယအကြိမ် ဘုရားသုံးဆူ ဝင်းကဘက်ရောက်လာခဲ့တာကအစ နောက်ဆုံး ပြည်သူ့ကာကွယ်ရေးတပ် PDF ဖွဲ့ပြီးတဲ့အထိ ထိုင်းမှာ ကျနော်က Laison Officer ပြင်ပဆက်ဆံရေးအရာရှိအဖြစ်လုပ်ပေးခဲ့တာ ..
၁၉၉၀ နှစ်ကုန် ကျနော် လန်ဒန်ကိုထွက်တဲ့နေ့က ဘန်ကောက်ကကျနော့်တို့အိမ်လေးမှာ အဘက ကျနော့်ကို နက်ကတိုင်လေးစည်းပေးရင်းမျက်ရည်ဝဲနေခဲ့တာခုထိမမေ့ဘူး ..
၁၉၉၃ သူဇင်းမယ်မှာဆုံးတော့ ကျနော် လန်ဒန်ဘီဘီစီမှာ အသံလွှင့်သတင်းထောက်လုပ်နေပြီ..
ဗိုလ်ချုပ်တင့်ဆွေရေးတဲ့ အမျိုးသားစာပေဆုရစာအုပ်မှာ အဘဦးစိန်မြနဲ့ပါတ်သက်ပြီိးစော်စော်ကားကားရေးခဲ့တဲ့ ဗြောင်လိမ်ဗြောင်စားသမိုင်းအမှားကြီးအကြောင်း ဗိုလ်ချုပ်တင့်ဆွေမသေခင်ကထဲက သူနဲ့နီးစပ်သူတွေကိုရော ထုတ်ဝေသူအပါအဝင် တွေ့တဲ့သူတိုင်းကိုကျနော်ပြောတယ် .. ဒါပေမဲ့ အမှားမပြင်ကြဘူး.. အခုဒုတိယ တတိယအကြိမ်ထုတ်တွေလဲ ဒီအတိုင်းဘဲလို့သိရတယ် .. မှိန်းတုပ်ဆက်လုပ်နေကြတာပေါ့..
အယင်နယ်စပ်မှာလုပ်တဲ့ အဘဦးစိန်မြအမှတ်တရအခန်းအနားတွေမှာလဲ သူ့ရဲ့တချိန်က PSO နဲ့ လက်ရှိ PDF ခေါင်းဆောင်ကိုကျော်ထက်တို့ကိုလဲကျနော်ပြောခဲ့ဘူးတယ် ..
အခုဆိုအဘဦးစိန်မြကွယ်လွန်ခြင်းအမှတ်တရ ၂၅ နှစ်မြောက်အခန်းအနား ရန်ကုန်မှာလုပ်နိုင်တဲ့အခြေအနေတောင်ရောက်လာခဲ့ပြီ .. မှတ်တမ်းမှားကြီးကိုမပြင်နိုင်ကြသေးဘူး.
ဒါကြီးအတည်ဖြစ်ပြီး နောက်လူတွေဆက်အမှတ်မှားကြတော့မှာပေါ့ ..
ဗိုလ်ချုပ်တင့်ဆွေရဲ့စာအုပ်အမှားကိုပြင်သင့်တယ်..
အမျိုးသားစာပေဆုကိုပြန်ရုတ်သိမ်းသင့်တယ်..
ပြည်တွင်းမှာရှိတဲ့ စာရေးဆရာတွေ သမိုင်းသိသူတွေကတာဝန်ခံလှုံ့ဆော်သင့်တယ်..
ဒါဟာစောင့်ထိန်းရမဲ့သစ္စာတရားဘဲ
သန်းလွင်ထွန်း
၂၈ ဒီဇင်ဘာ ၂၀၁၈
လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)အဖွဲ့ဝင်နဲ့ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(တမူးမြို့နယ်) ဦးထောင်ခိုထန်းကွယ်လွန်
27-12-2018 (၁၀း၀၀)နာရီတွင်
လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP)အဖွဲ့ဝင်နဲ့
၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(တမူးမြို့နယ်) ဦးထောင်ခိုထန်း အာရှတော်ဝင်ဆေးရုံတွင်ကွယ်လွန်။
ပူထောင်ခိုထန် 1990 တမူးမြို့နယ်အမတ်
၁၉၈၈ အရေးတော်ပုံအပြီး ပါတီများ မှတ်ပုံတင်သောအခါ လူမျိုးစု တိုင်းရင်းသား ပါတီ ၂၆ ခု ဖွဲ့စည်းထားသော UNLD ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ဝင်။ UNLD သည် လွှတ်တော် ၄ နေရာပြိုင်ရာတွင် တမူးအမတ် ပူထောင်ခိုထန်သာ အနိုင်ရရှိခဲ့သည်။ ဦးရွှေအုံး ညောင်ရွှေ ရှုံး။ ဦးသာဘန်း သာကေတ ရှုံး။ နိုင်ငွေရ တောင် ဥက္ကလာပ ရှုံးကြပါသည်။
နဝတ အမျိုးသားညီလာခံကို သပိတ် မှောက်ထွက်ခဲ့သောကြောင့် နဝတ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို မရှု မလှ ခံခဲ့ရသည်။
NLD နှင့် လူမျိုးစုပါတီများ ဖွဲ့စည်းထား သော ပြည်သူ့လွှတ်တော်ကိုယ်စား ပြု ကော်မတီ CRPP တွင်လည်း အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီး ခြင်း ခံရပြန်သည်။
ယနေ့  ၂၁ ရာစု ပင်လုံအုတ်မြစ် ကလေးမြို့ကျေညာချက်တွင် အဓိက ပါဝင်ကူညီခဲ့သည်။
 Dec,27 တွင် အာရှတော်ဝင်ဆေးခန်းတွင် ခရစ်တော်၌အိပ်ပျော်ခဲ့ပါသည်။
ရုပ်ကလပ်ကို ယနေ့ ရန်ကုန်မှ တမူး မြို့ထိ သယ်ဆောင်ပြီး ဈာပနကို တမူးတွင် ကျင်းပမည်ဖြစ်ပါသည်။
ဦးထောင်ခိုထန်းတစ်ယောက် ကောင်းရာသုဂတိ ရောက်ပါစေ။
ကြည်နူးလွမ်းဆွတ်စရာ
ဇာတ်လမ်းရဲ့အစကတော့ ဗိုလ်ချူ ပ် ပင်ပန်းပြီး နေမကောင်းဖြစ်ရာက စတာပေါ့။ မူလက အကူသူနာပြုဆရာမက မတင်ထွေးပါ။(နောက် ဒေါက်တာမြင့်ဆွေနှင့် လက်ထပ်) ထိုမှ ဘီအိုင်အေဆေးရုံကြီးကို ရောက်သွားတော့ သူနာပြုဆရာမက မခင်ကြည်။ လူကြမ်း စိတ်ကြမ်းသမားကြီး ကိုအောင်ဆန်းသည် `မခင်ကြည်တိုက်မှ ဆေးသောက်မယ်´ ဖြစ်သွားရပါတော့တယ်။
တစ်ညတွင် ဒေါက်တာမြင့်ဆွေသည် အလုပ်အားလပ်ချိန်တွင် မိမိအခန်း ဝရန်တာသို့် ထွက်ပြီး တယောတီးနေသည်။ လှိုင်ထိပ်ခေါင်တင်၏ စိန်ချူးကြာညောင်ဘောလယ်ကို ဆိုတီး နေပေသည်။ ဤသည်ကို ဗိုလ်ချူ ပ်ကြားပြီး နောက်တစ်နေ့ သူ့အိမ်သို့ ခဏပြန်ရန် အောက်ထပ်ဆင်းလာရာတွင် တယောလက်သံရှင် ဒေါက်တာမြင့်ဆွေကို တွေ့ပြီး ပြုံးပြသွားပေသည်။
ဤသို့ဖြင့် အချိန်က ည ၇ နာရီခွဲလောက်တွင် ဒေါက်တာမြင့်ဆွေ တယောတီးနေစဉ် တံခါးခေါက်သံကြားပြီး တံခါးဖွင့်ပေးလိုက်သော် ဗိုလ်ချူ ပ်နှင့် ဗိုလ်စကြာတို့ဖြစ်ပြီး (ဗိုလ်စကြာက ဗိုလ်ချူ ပ်အရင် ဆေးရုံတက်နေရ) ဒေါက်တာမြင့်ဆွေကို တယောပါယူစေပြီး ဆေးရုံကြီးအပေါ်ထပ် ဒေါ်ခင်ကြည်တို့ရှိရာ အခန်းသို့ တက်သွားခဲ့ကြပါသည်။
ထိုညက ဗိုလ်ချူ ပ်သည် နာလန်ထစ ရွှင်ပြသွက်လက်နေပြီး နူးညံ့ပျော့ပျောင်းသော ပြုံးအလှပိုင်ရှင် ဖြစ်နေသည်။ "ဆရာမ ကျွန်တော်တို့တစ်တွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ ခရီးတစ်လျှောက်မှာ ဆရာမတို့လို ကြင်နာယုယစွာ ပြုစုပေးခြင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ပါဘူး။ သည်ဆေးရုံကြီးရောက်မှ ဆရာမတို့နဲ့ တွေ့တာပဲ၊ ယခုလို ပြုစုတာခံရတော့ စိတ်ထဲမှာ ဘယ်လိုနေမှန်းမသိဘူး။ ချမ်းမြေ့ပြီးကြည်နူးနေမိတယ်။ ကိုင်း ဆရာမ သီချင်းတစ်ပုဒ်ဆိုစမ်းပါ၊ ဒေါက်တာမြင့်ဆွေက တယောကိုင်ပြီး တီးပြပါ"
`အို.. ဗိုလ်ချူ ပ်ကလည်း ဘယ်ဆိုတတ်မလဲ၊ ရှက်စရာကြီး ..
ဆိုသာဆိုပါ၊ ရှက်စရာမရှိပါဘူး၊ ကျွန်တော်တို့ချည့် ရှိတာပဲ´
ထိုညက ဒေါ်ခင်ကြည် သီဆိုသောသီချင်းမှာ `ခေတ်ပေါ်သံဆန်း စိန်ခြူးကြာညောင် မယ်ခုမျှော်´ သီချင်းပင် ဖြစ်ပါသည်။ (ဆက်ရန်)
AK moe.
ကိုးကား - ဒေါက်တာမြင့်ဆွေ ရေး ဗိုလ်ချူ ပ်နှင့် ဒေါ်ခင်ကြည်တို့၏ နဖူးစာ
ဟံသာဝတီ သတင်းစာ
1966 July 19 Tue
ဇာတ်လိုက် (နှင်းခါးမိုး)
လှသန်းရေ
သေတာတောင်
မင်းနဲ့ ကဒါဖီမတူဘူး၊
မင်းက ရှင်တုန်းက
ကုန်သေတ္တာထဲ နေခဲ့ရဘူးတယ်
ဒီတုန်းက ကဒါဖီက သူ့နန်းတော်ထဲမှာ၊
အခု ကဒါဖီက ကုန်သေတ္တာထဲပိုးစိုးပက်စက်
မင်းကတော့ ချစ်ကြသူတွေရဲ့ အလွမ်းပန်းတောထဲမှာ။
ကဒါဖီမှာ ရွှေသေနတ်တလက်ရှိတယ်
ဒါပေမယ့် သူ့သေနတ်က သူ့ကိုမကယ်နိုင်ခဲ့ဘူး၊
မင်းမှာတော့ ကဗျာကလောင်တလက်ရှိတယ်
သေတာတောင် မင်းကို ရှင်နေစေအုန်းမယ်။
အာဏာရှင်နဲ့ ကဗျာဆရာ
ဒီပြဇာတ် ဒီမှာပြီး၏
စစ်​သား​ကောင်းကြီး
သူဟာ မိတ်​​ဆွေအရင်းအခြာမ​ပြောနဲ့ ရန်​သူကို​တောင်​ ​နောက်​​ကျောက​နေ အနိုင်​မယူချင်​တဲ့
ဖြစ်​အင်​သာဓက​တွေ ပြုခဲ့သူပါ။အတိုချုံး​ပြောပြရရင်​ဖြင့်​......
စစ်​တိုင်းမှူးဘဝက ဧရာဝတီတိုင်းမှာ တာဝန်​ကျစဉ်​က ကရင်​တိုင်းရင်းသားလက်​နက်​ကိုင်​​တွေရှိတဲ့ကျွန်းကိုဘသူဦးစီးတဲ့တပ်​က ​ရွှေပုဇွန်​​ရေယာဉ်​ကြီးနဲ့သွား​ရောက်​တိုက်​ခိုက်​ခဲ့ချိန်​က​ပေါ့။
ကရင်​​တွေရဲ့ ကတုတ်​ကျင်း​တွေထဲကို ဒီ​ရေ​တွေလှိမ့်​ဝင်​လာလို့ ပြန်​တိုက်​ချိန်​မရပဲ ​နောက်​ဆုတ်​ထွက်​​ပြေး​နေကြတယ်​။အဲဒီအချိန်​ အသင့်​ဖြစ်​​နေတဲ့ တပ်​မ​တော်​က ပစ်​မိန့်​မ​ပေးတာ​ကြောင့်​ ဘာ​ကြောင့်​လဲလို့ ​မေးကြတဲ့အခါ Commanderဖြစ်​တဲ့ သူရဲ့စိတ်​ဓာတ်​ကို ရန်​သူ​ရောမိတ်​​ဆွေပါ​လေးစားအသိအမှတ်​ပြုခဲ့ကြတယ်​။
သူက ကိုယ့်​ကို ရန်​မမူနိုင်​ပဲ ​ကျောခိုင်း​ပြေး​နေတဲ့ရန်​သူကို ​နောက်​​ကျောက​နေ မပစ်​ရဘူး။အဲဒါစစ်​သားတို့​စောင့်​ထိန်းရမယ့်​စည်းကမ်းလို့ သူ့လက်​​အောက်​က အရာရှိ​တွေကို သင်​​ပေးခဲ့ရှာတယ်​။
မကြာခင်​မှာပဲ ​ရွှေပုစွန်​သ​င်္ဘောအနီးကို
လှေငယ်​​လေးတစင်း ​မျောလာတယ်​။အဲဒီ​လှေ
ပေါ်မှာ ရန်​သူဘက်​ကလို့ အမည်​တပ်​လို့ရတဲ့
ကရင်​တိုင်းရင်းသားလက်​နက်​ကိုင်​တဦးရဲ့ဇနီး
ဟာ သူတို့ရဲ့မျိုးဆက်​သစ်​ကို ခက်​ခက်​ခဲခဲ မီးဖွား​နေတာကို​တွေ့ရတယ်​။ အဲဒီအချိန်​မှာ က​လေးဟာ ချက်​ကြိုးတန်းလန်း​လေးပဲ ရှိ​သေး
တယ်​။သူတို့ဟာ ရန်​သူရဲ့ဇနီးမှန်းလည်း သူသိရှာတာ​ပေါ့။ဒါ​ပေမယ့်​ မီးဖွားတဲ့ကိစ္စကို ပြီး
ဆုံး​အောင်​ကူညီ​စေပြီး လိုအပ်​တဲ့ပစ္စည်း​တွေပါ
ပေးကာ က​လေးကို"​ရွှေပုစွန်​"လို့အမည်​​ပေးဖို့
မှာကြားပြီး ပြန်​လွှတ်​​ပေးလိုက်​တယ်​။
အဲဒီ ​ရွှေပုစွန်​ ဆိုတဲ့မိန်းက​လေးဟာ(၁၉၉၀)
ရွေး​ကောက်​ပွဲကာလမှာ သူ ဧရာဝတီတိုင်းဘက်​ကို စည်းရုံး​ရေးဆင်း​တော့ မြို့တစ်​မြို့မှာ တည်းခိုရပ်​နားစဉ်​ ကျမ"​ရွှေပုစွန်​"ပါလို့ လာ​ရောက်​နှုတ်​ဆက်​ကန်​​တော့ခဲ့တာ​ကြောင့်​ အတိတ်​က သူ့ရဲ့လုပ်​ရပ်​ကို ပြန်​သိခဲ့ရတာပါ။
ဒီလိုသာဓက​တွေ ဖြစ်​အင်​​တွေက သူ့ရဲ့စိတ်​ဓာတ်​အင်​အားကို အတိအကျ တွက်​ပြ
နေသလိုပါပဲ။ရန်​သူကို​တောင်​ ​နောက်​​ကျောက
နေ အနိုင်​မယူခဲ့သူတစ်​​ယောက်​ဟာ သူယုံကြည်​ရာမိတ်​​ဆွေ​တွေကို ဘယ်​​လောက်​တန်​ဖိုးထားလိုက်​မလဲဆိုတာ ​ရေးပြဖို့စကားလုံးမရှိ​တော့ပါဘူး.........
သူ ဆိုတာက​တော့..
"နိုင်​ငံ​ရေးတွင်​ စစ်​တပ်​ပါဝင်​မှုကို အစဉ်​ဆန့့်​ကျင်​ခဲ့သူ"
"အရိုးပုံ​ပေါ်မှာ ဂူဗိမာန်​မ​ဆောက်​လိုသူ"
မေတ္တာအပြုံးပိုင်​ရှင်​နှင့်​ဂရုဏာရှင်​ ဘဘဦးကြည်​​မောင်​ ဖြစ်​ပါတယ်​ခင်​ဗျား။
သန်းဝင်း
စာကိုး။
စိန်​မိမိ....စိုက်​ထူချင်​​သော အမှန်​တရား
Wednesday, December 26, 2018
စစ်ပြီးသော်လည်း ခြောက်လှန့်ဆဲမို့. . . .
စစ်ပြီးသော်လည်း ခြောက်လှန့်ဆဲမို့. . . .
စစ်ပွဲဟူသည်
ကမ္ဘာ့ဒေသအသီးသီးတွင် အယူအဆမတူသူ များအကြား၌သော်လည်းကောင်း၊  ခံယူချက် မတူသူများအကြား၌သော်လည်းကောင်း၊ နိုင်ငံ ရေးအမြင်မတူသူများအကြား၌    သော်လည်း ကောင်း၊ စစ်ပွဲများဖြစ်ပွားလေ့ရှိကြသည်။ တစ်ခါ တစ်ရံ၌မူ အင်အားကြီးသူတို့က အင်အားနည်းသူ တို့အပေါ်    နိုင်လိုမင်းထက်ပြုမူလိုကြခြင်းနှင့် တစ်ပါးသူတို့၏နယ်မြေဒေသများကို လက်ဝါးကြီး အုပ် ခြယ်လှယ်ကြီးစိုးလိုကြခြင်းတို့၏ သရုပ် သကန်များအဖြစ်လည်း စစ်ပွဲများကို မြင်တွေ့ရ နိုင်သည်။ ထူးခြားဖြစ်စဉ်များအနေဖြင့်မူ နိုင်ငံ နယ်နိမိတ်အငြင်းပွားရာမျိုးမှတစ်ဆင့်   စစ်ပွဲ အသွင်ဆောင်လာခဲ့သည်များကိုလည်း  တွေ့ရှိ နိုင်သည်။
သက်ဦးဆံပိုင်ပဒေသရာဇ်တို့  အုပ်စိုးမင်းမူ ခဲ့သော ခေတ်ကာလများကမူ  နိုင်ငံ့ဦးသျှောင် အရှင်သခင်အချို့က မိဖုရားတစ်ပါးအတွက် နိုင်ငံ သားတို့၏အသက်အိုးအိမ်တို့ကိုစတေးကာ စစ်ပွဲ များအဖြစ်  ဖန်တီးတိုက်ခိုက်စေခဲ့သည်များကို လည်း ကမ္ဘာ့သမိုင်းစာမျက်နှာများပေါ်၌ အထင် အရှား လေ့လာတွေ့ရှိနိုင်သည်။ နိုင်ငံနှင့်လူမျိုးလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခိုက် သော  စစ်ပွဲများသည်   သူ့ကျွန်ဘဝက   လွတ် မြောက်လိုသော မျိုးချစ်သူရဲကောင်းတို့၏ ဂုဏ်ယူ ဖွယ်ရာဖြစ်ပြီး သူတစ်ပါးနိုင်ငံနှင့် နယ်မြေဒေသ ကို ကျူးကျော်နယ်ချဲ့လိုသောသဘောဖြင့် စစ်ပွဲ ဆင်နွှဲသူများ၏ စစ်ဆင်ရေးသည်ကား စက်ဆုပ် ရွံရှာဖွယ်လုပ်ရပ်များအဖြစ် ကမ္ဘာ့သမိုင်း၌ မှတ် တမ်းတင်ကျန်နေခဲ့မည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ   အချစ်နှင့်စစ်မှာ မတရားသည်မရှိဆိုသော လူ့လောကဆိုရိုးစကား ကိုလည်း ပစ်ပယ်၍မရနိုင်ချေ။ ချစ်ခြင်းမေတ္တာ နှင့် ပတ်သက်လာလျှင် ရယူပိုင်ဆိုင်လိုသူများ ကြောင့်  စွန့်လွှတ်အနစ်နာခံရသူများ    ရှိလာရ သလို စစ်ပွဲနှင့်ပတ်သက်လာလျှင်လည်း အင် အားမမျှသောကြောင့် မတရားသဖြင့်အနိုင်လို ချင်သူများကို အမှန်တရားလက်ကိုင်ပြုထားသူ များက အရှုံးပေးလိုက်ရသည်များလည်း ရှိနေ သည်။
စစ်ပွဲနှင့် လက်နက်များ
ပထမကမ္ဘာစစ်နှင့်   ဒုတိယက္ဘာစစ်ကြီး ကြောင့် ကမ္ဘာ့ဒေသအတော်များများတွင် ခံစား ခဲ့ကြရသော လူမှုဒုက္ခအပေါင်းကို သင်ခန်းစာ ရယူလျက် စစ်တားဆီးရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးတို့အတွက် နိုင်ငံအများအပြား ပါဝင်သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့ စည်းခဲ့ကြသည်။  ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး သည် နိုင်ငံအချင်းချင်း တန်းတူရည်တူရှိရေး၊ စစ်ကိုရှောင်ရှားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်ရေးတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ ထိုသို့သော ကြိုးပမ်းမှုများ ကြောင့် ယနေ့အချိန်ကာလအထိ တတိယကမ္ဘာ စစ်ကြီးဟူ၍ ဖြစ်ပွားမလာခဲ့သေးသော်လည်း၊ ဒေသတွင်းစစ်ပွဲများ၊ ပြည်တွင်းစစ်ပွဲများသည် ကား နေ့စဉ်လိုလို ဖြစ်ပွားနေဆဲပင်ဖြစ်သည်။
စစ်ပွဲတစ်ရပ်ဖြစ်ပွားလာခဲ့ပြီဆိုလျှင် တတ်နိုင် သမျှ၊ ရနိုင်သမျှသော ခေတ်မီလက်နက်မျိုးစုံတို့ ကို  သုံးစွဲလေ့ရှိကြသည်။ ရင်ဆိုင်တိုက်ပွဲများ အတွက် လက်နက်ကြီး၊ လက်နက်ငယ်များကို သုံးစွဲကြသလို နိုင်ငံဖြတ်ကျော်စစ်ပွဲများအတွက် မြေပြင်မှမြေပြင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်များကိုလည်း အသုံးပြု လျက်ရှိကြသည်။ ထိုသို့ အသုံးပြုခဲ့ကြသော စစ်လက်နက်မျိုးစုံတို့၏ လုပ်ငန်းတာဝန်မှာ စစ်ပွဲ ပြီးဆုံးခြင်းနှင့်အတူ တစ်ပါတည်း အဆုံးသတ် သွားရသည်။
မြေမြှုပ်မိုင်းများ
ပစ်ခတ်တိုက်ခိုက်ခဲ့သောလက်နက်များ၏ အခန်းကဏ္ဍက ပြီးဆုံးသွားသောစစ်ပွဲနှင့်အတူ နိဂုံးကမ္ပတ်အဆုံးသတ်သွားပြီဖြစ်သော်လည်း စစ်အေးခေတ်ကာလသို့ ရောက်ရှိလာသည့်တိုင် ဆက်လက်တိုက်ခိုက်နေသော လက်နက်တစ်မျိုး ကတော့ ရှိနေဆဲ၊ လှုပ်ရှားနေဆဲ၊ သတ်ဖြတ်နေ ဆဲဖြစ်သည်။ ထိုလက်နက်သည်ကား Land-mines ခေါ် မြေမြှုပ်မိုင်းများပင် ဖြစ်သည်။
ကိုယ့်နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာ မည့် ရန်သူများကို အထိရောက်ဆုံး ဟန့်တား နှောင့်ယှက်နိုင်ရန်၊ စစ်ပွဲဖြစ်ပွားရာနယ်မြေအတွင်း သို့ ချင်းနင်းဝင်ရောက်လာသော ရန်သူများကို အင်အားချည့်သွားစေရန်၊  အင်အားမမျှတမှု ကြောင့် ခံစစ်ဖြင့်တိုက်နေရစဉ်အတွင်း စစ်ကူ ရောက်မလာမီ  မိမိ၏ခြေကုပ်စခန်းမကျဆုံးစေ ရန် စသော ရည်ရွယ်ချက်များဖြင့် မြေမြှုပ်မိုင်း များကို အသုံးပြုခဲ့ကြသည်။
ရိုးရှင်းစွာတည်ဆောက်ထားသော မြေမြှုပ် မိုင်းများကို အကောင်းဆုံးသောသက်တော်စောင့် များအဖြစ်  စစ်ဗျူဟာရှင်တို့က  ယုံကြည်ကြ သည်။ ယုံကြည်သည့်အတိုင်းလည်း က္ဘာ့ဒေသ အသီးသီးရှိ    စစ်ပွဲများ၌   မြေမြှုပ်မိုင်းများကို အမြောက်အမြား   အသုံးပြုခဲ့ကြသည်။  စစ်ပွဲ တစ်ပွဲ၏အနိုင်အရှုံးကို မြေမြှုပ်မိုင်းများက အဆုံး အဖြတ်မပေးနိုင်သော်လည်း၊ ကြားဖြတ်ဟန့်တား နှောင့်ယှက်လိုမှုအတွက်ကိုမူ မြေမြှုပ်မိုင်းများက အထိရောက်ဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သည်။
မပြီးဆုံးသေးသော လက်နက်
စစ်ပွဲများပြီးဆုံးသွားသည့်အခါ     ယှဉ်ပြိုင် တိုက်ခိုက်ခဲ့ကြသောတပ်ဖွဲ့များက  ကိုယ့်နေရာ အသီးသီးသို့ ပြန်သွားခဲ့ကြသော်လည်း မြေမြှုပ် မိုင်းများကမူ စစ်ဖြစ်ခဲ့ရာနေရာ၌ပင် ကျန်နေခဲ့ ကြရသည်။ နှစ်ကာလကြာရှည်လာသောအခါ စစ်ပွဲဖြစ်ပွားခဲ့သည့် နေရာအတိအကျကို သတိ မပြုမိကြတော့ပေ။ ဥတုရာသီပြောင်းလဲမှုများ သည် စစ်မက်ဖြစ်ပွားခဲ့သော လွင်ပြင်နှင့် တောင် ကုန်းများကို သဘာဝအလျောက်ပေါက်ရောက် သော အပင်များဖြင့် စိမ်းလန်းစိုပြည်လာစေခဲ့ သည်။
ဝမ်းရေးအတွက် သစ်ပင်ခုတ်သူများနှင့် အမဲ လိုက်သူများမှသည် စိုက်ပျိုးမြေဖော်ထုတ်သူ များနှင့်   စီမံကိန်းလုပ်ငန်းဆောင်ရွက်သူများ အထိတို့သည် မြေမြှုပ်မိုင်းများကိုနင်းမိပြီး ဒုက္ခိတ ဘဝသို့ ရောက်ကြရသည်။ အသက်ဆုံးကြရ သည်။ စစ်ပွဲများပြီးဆုံးခဲ့သည်မှာ ကြာပြီဖြစ် သော်လည်း   မြေမြှုပ်မိုင်းများက  ဆက်လက် သတ်ဖြတ်နေဆဲ၊ သတ်ဖြတ်ရန် အသင့်ရှိနေ ဆဲပင် ဖြစ်သည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုများ
ကမ္ဘာ့ဒေသအသီးသီးတွင် သန်းနှင့်ချီသော မြေမြှုပ်မိုင်းများသည် မြေကြီးထဲ၌ရှိနေဆဲဖြစ်ပြီး နှစ်စဉ် လူပေါင်း ၁၅ဝဝဝ မှ  ၂ဝဝဝဝ အထိသည် မြေမြှုပ်မိုင်းများကြောင့် ဒဏ်ရာရခြင်း၊ ကိုယ် လက်အင်္ဂါပျက်စီးခြင်း၊ သေဆုံးခြင်းများ ဖြစ်ပွား လျက်ရှိနေသည်။ ယင်းပမာဏ၏ ၈ဝ ရာခိုင်နှုန်း မှာ  အရပ်သားများဖြစ်ကြပြီး   ယင်းတို့အနက် သုံးပုံတစ်ပုံမှာ    အရွယ်မရောက်သေးသော ကလေးသူငယ်များ ဖြစ်ကြသည်။
ကမ္ဘာ့နိုင်ငံပေါင်းတစ်ရာခန့်တွင် မြေမြှုပ်မိုင်း များကြောင့် ထိခိုက်ဒဏ်ရာရမှုသေဆုံးမှုများ ဖြစ်ကြရကြောင်း သုတေသနပြုတွေ့ရှိရပြီး ယင်း တို့အနက် အင်ဂိုလာ၊ ဘူရွန်ဒီ၊ ဘော့စနီးယား၊ ဟာဇီဂိုးဗီးနား၊ ချေချင်းညာ၊ ကိုလံဘီယာ၊ အီရတ်၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ နီပေါနှင့် သီရိ လင်္ကာတို့တွင် အများဆုံးဖြစ်ပွားကြောင်း တွေ့ရှိ ရသည်။ ထိုနိုင်ငံများထဲတွင် ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားတို့သည် မြေမြှုပ်မိုင်းအြ<ွကင်း အကျန်ပြဿနာ အကြီးမားဆုံးသော နိုင်ငံများ ဖြစ်ကြသည်။
၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း၌ ဘော်လ် ကန်ဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အရှေ့ တောင်အာရှဒေသများ၌ ဖြစ်ပွားခဲ့သော ပဋိ ပက္ခများကိုအကြောင်းပြု၍ မြေကြီးထဲ၌ သန်း နှင့်ချီ၍ရှိနေခဲ့သော မြေမြှုပ်မိုင်းများကြောင့် အသုံးပြု၍မရသော မြေနေရာအများအပြား သည် ဒေသဖွံ့ဖြိုးရေးကို အကြီးအကျယ်ခြိမ်း ခြောက်လျက် ရှိနေသည်။
မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့
စစ်ပွဲများ၏အကြွင်းအကျန် မြေမြှုပ်မိုင်းများ ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ရှင်းလင်း ဆောင်ရွက်နိုင်ရန် အစိုးရမဟုတ်သောအဖွဲ့အစည်း ခြောက်ခုတို့ ပူးပေါင်းကာ နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှုအဖွဲ့ (Internatio-nal Campaign to Ban Landmines) ကို ၁၉၉၂ ခုနှစ်က ဖွဲ့စည်းခဲ့သည်။  ထိုအဖွဲ့ကြီး၏ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံပေါင်း ၁၂၂ နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြသော မြေမြှုပ်မိုင်းတားဆီးရေးစာချုပ်သည် နိုင်ငံတကာဥပဒေအဖြစ် အသက်ဝင်လာခဲ့သည်။
ထိုအဖွဲ့ကြီး၏ မြေမြှုပ်မိုင်းရှင်းလင်းရေး လေ့ လာစောင့်ကြည့်မှုများကြောင့် က္ဘာ့ဒေသ အသီးသီး၏ မြေကြီးအောက်မှ မြေမြှုပ်မိုင်း စုစု ပေါင်း ၄၂ သန်းကို ရှင်းလင်းဖျက်ဆီးပစ်နိုင်ခဲ့ သည်။ ထိုသို့ ရှင်းလင်းဖျက်ဆီးပစ်နိုင်ခြင်းနှင့် အတူ   ကမ္ဘာအရပ်ရပ်တွင်    မြေမြှုပ်မိုင်းများ ကြောင့် ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးသူဦးရေသည် လည်း   တစ်နှစ်ထက်တစ်နှစ်  လျော့ကျလာခဲ့ သည်။
ခေတ်သစ် မြေမြှုပ်မိုင်းနည်းပညာ
အခြားတစ်ဖက်တွင်လည်း      မြေမြှုပ်မိုင်း၏ အစွမ်းအာနိသင်ကို ထိန်းချုပ်ကန့်သတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရေးအတွက် တွန်း အားပေးမှုများ  မြင့်မားလာခဲ့သည်။  ဤသို့ဖြင့် နှစ်ပေါင်းများစွာ    ကြာညောင်းလာသည့်တိုင် အသက်ဝင်နေဆဲဖြစ်သော  မြေမြှုပ်မိုင်းများ ကြောင့်    စစ်ပွဲနှင့်မပတ်သက်သည့်   အရပ်သား အများအပြား ထိခိုက်၊ သေဆုံးရမှုများမှ ရှောင် လွှဲနိုင်ရန်အတွက်  မြေမြှုပ်မိုင်းထုတ်လုပ်သည့် နည်းပညာကိုပြောင်းလဲရန် ကြိုးပမ်းအားထုတ် လာခဲ့ကြသည်။
စမ်းသပ်ရှာဖွေဖော်ထုတ်၍   မရနိုင်အောင် တည်ဆောက်ထားသော မြေမြှုပ်မိုင်းများနှင့် နှစ်ကာလကြာရှည်စွာ  အသက်ဝင်နေသော မြေမြှုပ်မိုင်းများနေရာတွင် စစ်ဆင်ရေးကာလ အတွင်း ရက်ပိုင်းမျှသာ အသက်ဝင်ပြီး လနှင့်ချီ ၍ကြာသွားသည့်အခါ လုံးဝမပေါက်ကွဲနိုင်တော့ သော မြေမြှုပ်မိုင်းများနှင့် ကာလကြာသည့်အခါ အလိုအလျောက် အာနိသင်ပျက်ပြယ်သွားသော မြေမြှုပ်မိုင်းများကို လက်နက်ဆိုင်ရာသုတေသီ များနှင့် လက်နက်ထုတ်လုပ်သည့် ကျွမ်းကျင် ပညာရှင်များက ပြောင်းလဲထုတ်လုပ်လာခဲ့ကြ သည်။ လက်တွေ့စမ်းသပ်ရာ၌လည်း ရည်မှန်း ချက်အတိုင်း အောင်မြင်မှုများရရှိနေပြီဖြစ်သည်။
သိပ္ပံနှင့် နည်းပညာများ ပြောင်းလဲတိုးတက်နေသည့်ခေတ်ကာလနှင့် လျော်ညီစွာ တီထွင် ကြံဆ ထုတ်လုပ်နိုင်ကြပြီဖြစ်သော ခေတ်သစ် မြေမြှုပ်မိုင်းများက အပြစ်မဲ့သူတို့ ထိခိုက်ဒဏ်ရာ ရ သေကျေပျက်စီးရခြင်းတို့ကို ရှောင်လွှဲပေးနိုင် ပြီဖြစ်သည်။  တစ်နည်းဆိုရသော်   စစ်ပွဲများ အတွင်း၌ သက်တော်စောင့်တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်ပေးမည်ဖြစ်သော်လည်း စစ်ပွဲ အလွန်ကာလများသို့      ရောက်ရှိလာခဲ့လျှင်မူ စစ်အေးခေတ်၏ လူသတ်သမားအဖြစ်သို့ ရောက် မလာနိုင်တော့သော ခေတ်သစ်မြေမြှုပ်မိုင်းများ သည်   စစ်ပွဲ၏အကြွင်းအကျန်   မြေမြှုပ်မိုင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်နေ ကြသော အဖွဲ့အစည်းအသီးသီးတို့၏ မြေမြှုပ် မိုင်းအဟောင်းများ ရှင်းလင်းဖျက်ဆီးရေးလုပ်ငန်း စဉ်များကိုလည်း တုံ့ဆိုင်းအားပျော့စေနိုင်တော့ မည် မဟုတ်ပေ။
သို့ဖြစ်၍ အနာဂတ်ကမ္ဘာ၌ ကြုံတွေ့လာရ ဖွယ်ရှိသော ပဋိပက္ခများသည် မလွှဲမရှောင်သာ ဘဲ စစ်ပွဲအသွင်သို့ဆောင်ခဲ့ပါက  စစ်ပွဲအလွန် ကာလများတွင် အပြစ်မဲ့သူတို့ ထိခိုက်သေကျေ ရမှု မရှိစေရေးအတွက် စစ်ပွဲပြီးဆုံးသည်နှင့် မပေါက်ကွဲနိုင်တော့ဘဲ   အလိုအလျောက်ပျက်စီး သွားမည့် ခေတ်သစ်နည်းပညာသုံး မြေမြှုပ်မိုင်း များအသုံးပြုရေးကို တစ်ကမ္ဘာလုံးက ကျယ်ကျယ် ပြန့်ပြန့် ကျင့်သုံးသွားကြခြင်းအားဖြင့် အေးချမ်း စွာ နေထိုင်ရှင်သန်လိုကြသည့် အများပြည်သူတို့ ကို လူမှုဒုက္ခအပေါင်းမှ ကင်းဝေးစေနိုင်လိမ့်မည် ဖြစ်ပေသည်။       ။
သိပ္ပံစာရေးဆရာကိုကိုအောင်
ရန်ကုန်-ပုသိမ် လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်လေဆိပ်တွင် ဒီဇင်ဘာလ၂၅ရက် ညနေပိုင်းအချိန်၌ နိုင်ငံပိုင် လေကြောင်းလိုင်းဖြစ်သည့် မြန်မာ့အမျိုးသား လေကြောင်းလိုင်းနှင့် အေရှားဝါးကုမဏီခွဲITA Internatinal Travel Asiaအနေနဲ့MMAနဲ့ပူးပေါင်းထားသည့် ရန်ကုန်-ပုသိမ် လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသတင်းရ ရှိသည်
အဆိုပါဖွင့်ပွဲအားဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရ အဖွဲ့ ဝင်များ ဝန်ကြီးများ လွှတ်တော် ဥက္ကဋ္ဌ နှင့် လွှတ်တော် ကိုယ်စားလှယ်များ ဋ္ဌာန ဆိုင်ရာ အကြီးအကဲများ သတင်းမီဒီယာများတက်ရောက်ခဲ့ကြ သည်
နိုင်ငံခြားသားခရီးသည်အတွက် ရန်ကုန်ပုသိမ်ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၅၅ ဒေါ်လာ ပုသိမ် ရန်ကုန် ခရီးစဉ်ကို ၅၃ ဒေါ်လာ မြန်မာနိုင်ငံ သားတွေအတွက် ရန်ကုန်ပုသိမ် ခရီးစဉ် ကို ၅၅၀၀၀ ကျပ် ပုသိမ်ရန်ကုန် ခရီးစဉ် ၅၃၀၀၀ ကျပ် သတ်မှတ်ထားကြောင်းလေကြောင်းလိုင်းကို တနင်္လာအင်္ဂါ ကြာသပတေးစနေနေ့ ညနေပိုင်း ၃ နာရီ ကနေ ၄ နာရီခွဲထိ တစ်နေ့ကိုအသွားအပြန် တစ်ခေါက် ပျံသန်း ပြေးဆွဲသွားမှာဖြစ်ကြောင်းလေယာဉ်ပျံသန်းချိန်မှာ မိနစ် ၄၀ ကြာမြင့်မှာ ဖြစ်ကြောင်း ခရီးစဉ်တစ်ခေါက်လျှင် ခရီးသည် ၇၂ ဦးတင်ဆောင်သွားမှာဖြစ်ကြောင်း ပုသိမ်လေဆိပ်စခန်းတာဝန်ရှိသူထံမှသိရသည်
သတင်းနှင့်ဓာတ်ပုံ=ရွှေရည်ဝင်း