Latest News

Wednesday, October 31, 2018

ဇာတ်ရုပ်တိုင်းကို အလေးထားပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ခဲ့ကြောင်း အောင်ရဲလင်း ပြောကြား

ဇာတ်ရုပ်တိုင်းကို အလေးထားပြီး အကောင်းဆုံးဖြစ်အောင်
ကြိုးစားသရုပ်ဆောင်ခဲ့ကြောင်း အောင်ရဲလင်း ပြောကြား

ရုပ်ရှင်ဇာတ်ကားများကို      ရိုက်ကူးသည့်အခါ မိမိလုပ်နိုင် မည့်ဇာတ်ရုပ်မျိုးကိုသာ အဓိကထား လက်ခံရိုက်ကူးဖြစ်ကြောင်းနှင့်  ယခု ၂ဝ၁၈  ခုနှစ် အတွင်း  ၂၄ နာရီ  ၁ ချစ် ရုပ်ရှင်ဇာတ်ကား အပါ အဝင် ထပ်မံရိုက်ကူးနေသော  ရုပ်ရှင်ဇာတ်ကား များစွာ      ရုံတင်ရန်ရှိကြောင်း    သရုပ်ဆောင် အောင်ရဲလင်းက ပြောသည်။

''လတ်တလောအနေနဲ့တော့   ကျွန်တော်က ငါမုန်းတဲ့အက္ခရာ ဇာတ်ကားမှာ မကြီးစိုးဆီက စပွန်ဆာယူတဲ့ကောင်လေးပေါ့၊ မိခင်ရဲ့ကျန်းမာ ရေးကြောင့်ရယ်      အဆင်မပြေတဲ့အလုပ်တွေ ကြောင့် ဖြစ်လာတဲ့အရာတွေပေါ့၊ အချစ်ဆိုတဲ့ အက္ခရာကို   မုန်းသွားတဲ့သူပေါ့၊  အချစ်ဒရာမာ ဇာတ်ပါပဲ''ဟု     လတ်တလောရိုက်ကူးနေသည့် ဇာတ်ကားနှင့်   ပတ်သက်၍   အောင်ရဲလင်းက ဆိုသည်။
မော်ဒယ်ဘဝမှ သရုပ်ဆောင်အဖြစ် ရွေးချယ် ခဲ့ပြီးနောက်ပိုင်းမှစ၍ ဇာတ်ရုပ်အမျိုးမျိုး ရိုက်ကူး ခဲ့ရာတွင် ဇာတ်ရုပ်တိုင်းအပေါ် အလေးထားရိုက် ကူးခဲ့ကြောင်း ပြောသည်။ ''ကာရိုက်တာပြောင်း ရိုက်တာမှာ ကိုယ့်ကိုအားပေးတဲ့ပရိသတ်ကတော့ လက်ခံမှာပါ၊ ကိုယ့်ကိုအားမပေးတဲ့ပရိသတ်က တော့  လက်ခံချင်  လက်ခံမယ်၊ လက်မခံချင် မခံ ဘူးပေါ့နော်၊  ကျွန်တော့်စိတ်ထဲမှာ  လက်ခံထား တာက ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်ကြိုးစားဖို့ လိုတာပေါ့နော်။ အရေးကြီးတာက ကိုယ်လုပ်တဲ့ အလုပ်မှာ   ကိုယ်က  စေတနာပါဖို့  လိုတယ်ပေါ့၊ စေတနာနဲ့ ကြိုးစားမှု၊  ဒါတွေသာ ပြည့်စုံနေရင် ကျွန်တော်ထင်ပါတယ်၊ မကြိုက်တဲ့သူတွေတောင် ကြိုက်မယ်ထင်ပါတယ်။ ကြိုက်တဲ့သူတွေကတော့ ပိုကြိုက်ကြမှာပေါ့နော်၊ အဲဒါကြောင့် ကျွန်တော် အဲဒီစိတ်နဲ့ အကောင်းဆုံးကြိုးစားပါတယ်''ဟု ပြောသည်။

အောင်ရဲလင်းအား  မာနကြီးသူဟု ပရိသတ် အချို့က   သတ်မှတ်နေကြခြင်းနှင့်ပတ်သက်၍ လည်း အောင်ရဲလင်းက ''ကျွန်တော်ကိုယ်တိုင်က စကားပြောရင်   ပွင့်ပွင့်လင်းလင်းပဲ   ပြောတတ် တယ်၊Romantic တွေသိပ်မလုပ်တတ်ဘူး၊ ဒဲ့ပဲ ပြောတာ၊ ကျွန်တော်က အေးအေးဆေးဆေးပဲ နေချင်တယ်၊  ကျွန်တော်က  စိတ်မာတဲ့သူ၊ အေး ဆေးတဲ့သူ၊ တော်ရုံတန်ရုံကိစ္စမျိုးဆို မတုန်လှုပ် ဘူး။ အနေတည်တာပါ၊  အဲဒါကို  တချို့က  မာန ကြီးတယ်လို့ ထင်ကြတာပါ၊ ခင်တဲ့သူလောက်ပဲ ကျွန်တော်ကလည်း  စကားပြောတာမျိုးဆိုတော့ လေ၊ မခင်တဲ့သူတွေဆို သွားလည်းစကားမပြော သလို လာပြောရင်လည်း  မေးတစ်ခွန်း ဖြေတစ် ခွန်းပေါ့။  ဒါမှမဟုတ်လည်း သူတို့မေးတဲ့ အမေး အပေါ်     ပြန်ပြီးတုံ့ပြန်တာလေးပေါ့''ဟု     သူ၏ စိတ်နေသဘောထားကို        ဖွင့်ဟပြောကြားခဲ့ သည်။
ကိုလင်း

သမီးအတွက် မိခင်ကောင်းဖြစ်ရန်သာ စိတ်နှစ်ထားကြောင်း လင်းဇာနည်ဇော် ပြောကြား

သမီးအတွက် မိခင်ကောင်းဖြစ်ရန်သာ စိတ်နှစ်ထားကြောင်း လင်းဇာနည်ဇော် ပြောကြား

တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားထဲကအတိုင်း ဘဝကို သမီး ဖြစ်သူနှင့်အတူ တစ်ဦးတည်း ဖြတ်သန်းလာခဲ့သည်မှာ ယခုအချိန်ဆို  သမီးဖြစ်သူ  မြူနှင်းကိုကို၏တစ်သက် ရှိပြီဖြစ်ကြောင်းနှင့် ကိုယ့်အတွက်ထက် သမီးအတွက် သာ  စိတ်နှစ်ထားကြောင်း  သရုပ်ဆောင် အကယ်ဒမီ လင်းဇာနည်ဇော်က ပြောကြားသည်။

''အစ်မကတော့   ကိုယ့်ဘဝအတွက်ဆိုတာထက် သမီးလေးအတွက်ပဲ အဓိကထားတယ်၊ ကိုယ့်ဒီအရွယ် မှာ တစ်ခုလပ်ဘဝနဲ့  သမီးလေးကိုပဲ ကိုယ့်ဘဝရဲ့အားလို့ သတ်မှတ်ထားတာကြောင့်    ကိုယ့်ကို    ချဉ်းကပ်ကြတဲ့ အမျိုးသားတွေကို စဉ်းတောင်မစဉ်းစားခဲ့ပါဘူး၊ ကိုယ့် အတွက်ထက် သမီးလေးအတွက်ကိုပဲ အစ်မက ပိုပြီး စိတ်ထဲနှစ်ထားတယ်၊ ဘဝမှာ ကိုယ့်အတွက် သင်ခန်းစာ တွေလည်း အများကြီးရခဲ့ဖူးပြီ၊ နောက်ထပ်ကျန်နေတဲ့ ဘဝလေးကို ဘယ်လို အကောင်းဆုံးဖြတ်သန်းရမယ်ဆို တာပဲ ခေါင်းထဲမှာရှိတော့တယ်''ဟု  လက်ရှိ သူ၏ ဘဝ ဖြတ်သန်းမှုအခြေအနေနှင့် ခံယူချက်ကို လင်းဇာနည် ဇော်က ပြောပြသည်။
လင်းဇာနည်ဇော်သည် ဘဝသရုပ်ဖော်    ဇာတ်ကား များကိုသာ    အဓိကထား    ရိုက်ကူးခဲ့သူဖြစ်ပြီး    ယခု အချိန်တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူး သော  တစ်ခုလပ် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် တိုင်ရွန်၏ မိခင်အဖြစ် သရုပ်ဆောင်ထားကြောင်း သိရ သည်။

''အဓိကကတော့    တစ်ခုလပ်အမျိုးသမီးတွေရဲ့ လက်တွေ့ဘဝက   အင်မတန်  ခက်ခဲတယ်ဆိုတာကို ပြချင်တဲ့အချက်ပါ၊ ပညာပေးထားတဲ့ကားတစ်ကားပေါ့၊ မလင်းကလည်း ကိုယ့်ဘဝနဲ့ တိုက်ဆိုင်နေတဲ့ ဒီကား လေးကို အကောင်းဆုံးတော့ သရုပ်ဆောင်ထားတယ်၊ ကားလေးထဲကအတိုင်း ဘယ်မိန်းကလေးကမှ အဲလို လူတကာအထင်သေးခံဘဝမျိုးကို  မရောက်ချင်ကြဘူး လေ ၊ သို့သော်လည်း ကံအကြောင်းမလှလို့ ဖြစ်လာတဲ့ ဘဝကို ရဲရဲကြီးပဲ ခံယူလိုက်ကြတယ်၊ ဒါကို ပတ်ဝန်းကျင် က အချို့လူတွေကလည်း ဝိုင်းနှိမ့်ချချင်ကြတာပေါ့လေ၊ မလင်းကတော့   ကိုယ့်ဘဝမှာ  မိခင်ကောင်းအဖြစ်ပဲ ခံယူချင်တယ်၊ ကျန်တာ ဘာမှကိုမထည့်ထားပါဘူး''ဟု ပြောသည်။
ကိုလင်း

ခင်ဇာခြည်ကျော်၏ သားနှင့်သမီးက မိခင်၏ အနုပညာအမွေကို ဆက်လက်ခံယူမည်

ခင်ဇာခြည်ကျော်၏ သားနှင့်သမီးက မိခင်၏
အနုပညာအမွေကို ဆက်လက်ခံယူမည်

ငါ သူတစ်ပါး ယောက်ျား မိန်းမ ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ထားခဲ့သည့် အကယ်ဒမီ ခင်ဇာခြည်ကျော်၏  အနု ပညာအမွေကို သားဖြစ်သူ ဘုန်းမင်းနေလနှင့် သမီးဖြစ်သူ ထိန်သစ္စာတို့က ဆက်ခံ လုပ်ကိုင်သွားမည်ဟု သိရပြီး မိခင်၏အနုပညာအပေါ်ထားရှိသည့် သဘောထား များနှင့် သူတို့၏အမြင်များကို ယခုလို ပြောကြားခဲ့သည်။

''အမေက သားတို့အတွက်တော့ စံထားထိုက်သူတစ်ယောက်ပါ၊ အမေက သူငယ် ချင်းလိုလည်း အားကိုးရတယ်၊ အဖေဆိုလည်း ဟုတ်တယ်၊ အမေဆိုလည်းဟုတ်တယ်၊ အမေက အနုပညာသမားတစ်ယောက်ဆိုပေမယ့် သူ့စိတ်က မာတယ်၊ သူ တအား စိတ်ညစ်စရာရှိတောင် ကျွန်တော်တို့  ရှေ့မှာ  အမြဲပြုံးနေတတ်တယ်၊ ကျွန်တော့် အမေပါတဲ့ တစ်ခုလပ် ဇာတ်ကားထဲကအတိုင်းပဲ အမေက သူ့ဘဝကို တစ်ယောက် တည်း ရုန်းကန်ပြီး ကျွန်တော်တို့မောင်နှမနှစ်ယောက်ကို အကောင်းဆုံး စောင့် ရှောက်ပေးနိုင်ခဲ့ပါတယ်၊ အမေ့ရဲ့ အနုပညာကိုလည်း ကျွန်တော်တို့ လေးစားတယ်၊ အမေ အကယ်ဒမီရတဲ့ ငါ သူတစ်ပါး ယောက်ျား မိန်းမ ကားဆို မောင်နှမနှစ်ယောက် အမြဲကြည့်ဖြစ်တယ်၊ ကျွန်တော့်အနေနဲ့ကတော့ အခုချိန်မှာ ပညာရေးဘက်ကို အမေ က ဦးစားပေးခိုင်းတယ်၊ အနုပညာအလုပ်ကတော့ အချိန်ရရင်ရသလို လေ့လာနေပါ တယ်''ဟု ဘုန်းမင်းနေလက ပြောသည်။

သမီးဖြစ်သူ ထိန်သစ္စာကလည်း ''သမီးကတော့ အမေ့ကို အတုယူပြီး အနုပညာ သမားကောင်းတစ်ယောက် ဖြစ်ချင်တာတော့အမှန်ပဲ၊ ရုပ်ရှင်ဘက်တော့ မဟုတ်ဘူး၊ သရုပ်ဆောင်တစ်ယောက်ထက် သီချင်းဆိုတာ ကြိုက်တယ်၊ ဒါကလည်း သမီးရဲ့ ဘဝ အာမခံချက်အလုပ်တော့   မဟုတ်ပါဘူး၊   တကယ်တမ်းဖြစ်ချင်တာက   ဆရာဝန် တစ်ယောက်ပါ၊ အမေက ပညာရေးကို အခုအချိန်မှာ အလေးထားခိုင်းတယ်၊ တကယ် လို့ မထင်မှတ်ဘဲ သရုပ်ဆောင်လုပ်ရမယ်ဆို အချစ်ကားလေးတွေရိုက်ချင်တယ်၊ သမီးအမေကတော့ သမီးတို့ဖြစ်ချင်တဲ့စိတ်ကို ပိုအလေးပေးတယ်၊ အမေနဲ့နေရတာ စိတ်ချမ်းသာတယ်''ဟု ပြောသည်။

သရုပ်ဆောင် ခင်ဇာခြည်ကျော်အနေဖြင့် ယနေ့အချိန်ထိ သားသမီးနှစ်ဦးဖြင့် ဘဝ ကို လျှောက်လှမ်းနေပြီး လက်ရှိအချိန်တွင် သားသမီးများကို အနုပညာအလုပ်ထက် ပညာရေးကိုသာ ဦးစားပေးစေကြောင်း သိရသည်။                                       ကိုလင်း

မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ်တွင် အဖုများပေါက်နေသည့် ဆရာတော်ပထမအကြိမ်ခွဲစိတ်ကုသပြီး၍ မုံရွာသို့ ပြန်လည်ရောက်ရှိနေ

မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ်တွင် အဖုများပေါက်နေသည့် ဆရာတော်ပထမအကြိမ်ခွဲစိတ်ကုသပြီး၍ မုံရွာသို့ ပြန်လည်ရောက်ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့  ကွေ့ကြီးရပ်ကွက် ဇနကာရုံဘုန်းတော်ကြီးကျောင်း တိုက်မှ ဆရာတော်ဦးကောဝိဒ၏ ခန္ဓာကိုယ်နေရာအနှံ့တွင် အဖုများပေါက်နေသည့် ပုံမှာ  Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အလှူရှင်များ၊ ကူညီပံ့ပိုးသူ များ၏ ဝိုင်းဝန်းကူညီမှုဖြင့်စက်တင်ဘာ ၁၆ ရက်က နေပြည်တော် ဇမ္ဗူသီရိဆေးရုံ ကြီးတွင် တက်ရောက်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး ယခုအခါ မုံရွာမြို့သို့ ခေတ္တပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဆရာတော်အား ဆေးကုသရန် ဦးဆောင်ပေးခဲ့သော မုံရွာမြို့ မွန်မြတ်ပရဟိတ အသင်းမှ ကိုမွန်မြတ်က ''ဆရာတော်ရဲ့ပုံကို လူမှုကွန်ရက်ပေါ်မှာ မကူညီနိုင်ကြ တော့ဘူးလားဆိုပြီး တင်ထားကြတာတွေ့တော့ ကျွန်တော်အနေနဲ့ကလည်း ဆင်းရဲ နွမ်းပါးတဲ့လူနာတွေကို ကူညီပေးနေတာဆိုတော့ ဆရာဝန်တွေနဲ့တွေ့တယ်၊ ဒီရောဂါ က ကုလို့ရသေးတယ်လို့သိရတော့ ဆရာတော်နဲ့သွားတွေ့တယ်၊ ဆရာတော်ကို ဘယ်သူတာဝန်ယူထားတာရှိလဲဆိုတော့ တာဝန်ယူထားတဲ့ သူမရှိဘူးဆိုတာနဲ့ တပည့်တော် တာဝန်ယူပေးမယ်ဆိုပြီးတော့ ဘုန်းဘုန်းအတွက် အလှူခံပြီး ကူညီ ပေးခဲ့တာပါ''ဟု ပြောသည်။
ခန္ဓာကိုယ်အနှံ့အဖုများပေါက်
ဆရာတော် ဦးကောဝိဒသည် သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ ဝါ ရှိပြီဖြစ်ကာ မိသားစုတွင်  အငယ်ဆုံးဖြစ်ပြီး မွေးချင်း ခြောက်ယောက်ရှိခဲ့ကြောင်း၊  အသက် ၁၃ နှစ်အရွယ် ကိုရင်ဘဝက နားနောက်ဘက်တွင် အဖုပေါက်ခဲ့သောကြောင့် မုံရွာ ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရာ တစ်လခန့်သွေးမတိတ်ဘဲဖြစ်ခဲ့ကြောင်း၊ ထို့ နောက် အဖုလေးများ စတင်ပေါက်လာရာမှ အသက် ၃ဝ အရွယ်ခန့်တွင် ခန္ဓာကိုယ် နေရာအနှံ့အပြားတွင် အဖုများပေါက်လာခဲ့ပြီး အသက် ၄ဝကျော်အရွယ်တွင် အဖုများ ထပ်တိုးမလာတော့ကြောင်း သိရသည်။
ဆရာတော်ဦးကောဝိဒသည် ခန္ဓာကိုယ်နေရာအနှံ့တွင် အဖုများပေါက်နေသော ကြောင့် လူအများကြား သွားလာလေ့မရှိဘဲ ၄င်းနေထိုင်ရာ ရပ်ကွက်အတွင်း၌ပင် နေထိုင်လေ့ရှိကြောင်း၊  ကုသမှုမခံယူရခင်က ဆရာတော်၏ မျက်စိများ၊ နှုတ်ခမ်း များတွင် အဖုများဖုံးနေပြီး ဘယ်ဘက်နားမှာလည်း အဖုကြီးဖုံးနေသဖြင့် မျက်စိ ကောင်းစွာမမြင်ရခြင်း နားတစ်ဖက်မကြားရခြင်းတို့ကိုလည်း ခံစားခဲ့ရကြောင်း၊  သို့သော် နာကျင်ခြင်း ယားယံခြင်းများမရှိကြောင်း သိရသည်။
''အခုလို ကုသခွင့်ရတာကျေးဇူးတင်ပါတယ်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက လှမ်း လှူနေကြတာလို့ ကြားပါတယ်၊  ဒါယကာ ဒါယိကာမ အပေါင်းကို မေတ္တာလည်းပို့ ပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်၊ ဘုန်းဘုန်းလည်း အခုလိုချိန်မှာ ကုသဖို့ကံကြုံလို့ ကုသခွင့်ရနေရပါတယ်''ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်၏ မိဘများမှာ ငွေကြေးခက်ခဲခြင်းနှင့် ဆရာတော်အနေဖြင့်လည်း  အဖုများကြောင့် နာကျင်ခြင်း၊ ယားယံခြင်း၊ ရောင်ရမ်းခြင်းများကို မခံစားခဲ့ရသော ကြောင့် ကုသရန်စိတ်မကူးခဲ့ကြကြောင်း သိရသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ ဆရာတော်အား   ကုသပေးနေသော  ဇမ္ဗူသီရိဆေးရုံမှ  လက်ထောက်ဆရာဝန် ဒေါက်တာဇင်လင်းမောင်က  ''ခွဲလိုက်လို့ (၁၃ နှစ်သားအရွယ်က မုံရွာတွင်ခွဲစိတ် ခြင်းကြောင့်) ဖြစ်တာမဟုတ်ဘူး၊ နဂိုအစကတည်းကဖြစ်တာ၊ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောတွေက စဖြစ်တာ၊ အရေပြားအောက်တွေမှာ အာရုံကြောတွေရှိတယ်၊ အာရုံကြောရှိတဲ့ နေရာတိုင်းမှာ ဖြစ်နိုင်တယ်၊ ခရိုမိုဇုန်း နံပါတ် ၁၇ နဲ့ ၂၂မှာ အမှား ဖြစ်တာပေါ့နော်၊ အဲဒါက မျိုးရိုးလိုက်တယ်၊ မိဘတွေမှာ ဟိုးဘက်မှာဖြစ်ခဲ့တာ အဆင့်ဆင့် သယ်လာတာပေါ့နော်၊ သူ့လက်ထက်ကျမှ ကိုယ့်အဖေကလည်း သယ် လာတဲ့ရောဂါ၊ ကိုယ့်အမေကလည်း သယ်လာတဲ့ ရောဂါနှစ်မျိုးပေါင်းပြီးမှ ဖြစ်တာ ပေါ့၊ အဓိကက အဲဒါပါပဲ''ဟု ပြောပြသည်။
ဆရာဝန်များအနေဖြင့် အဆိုပါရောဂါမျိုးကို သောက်ဆေးသောက်ရန်နှင့်ခွဲစိတ် ကုသရန် အကြံပေးကြလေ့ရှိပြီး ကင်ဆာရောဂါသို့လည်း ပြောင်းသွားတတ်လေ့ရှိ ကြောင်း သိရသည်။ ''များသောအားဖြင့် အသက် ၆ နှစ်နဲ့ ၁၆နှစ်ကြားမှာ  ရောဂါ လက္ခဏာ စပြီးသိသာလာတယ်ပေါ့၊ မျိုးရိုးဗီဇရောဂါက  လူသုံးထောင်မှာတစ်ယောက် ဖြစ်နိုင်တဲ့အလားအလာများတယ်၊ အဲဒီလိုရှိတဲ့လူတွေကတော့ အိမ်ထောင်မပြုတာ ပိုကောင်းတာပေါ့၊ သူ့သားသမီးမှာ ဖြစ်လာနိုင်တယ်၊ မဖြစ်ရင်တောင် ကယ်ရီယာ ပေါ့၊ ရောဂါသယ်ဆောင်တဲ့သူ ဖြစ်လာနိုင်တယ်''ဟု ဒေါက်တာဇင်လင်းမောင်က ဆက်ပြောပြသည်။
အဆိုပါ မျိုးရိုးဗီဇရောဂါမှာ လူကောင်းကဲ့သို့ လုံးဝကောင်းမွန်သွားရန် ကုသ၍ မဖြစ်နိုင်သော ရောဂါဖြစ်ပြီး လူနာအား နေ့စဉ်နေထိုင်ရသည့် ဘဝနေထိုင်မှုပုံစံတွင် အဆင်ပြေအောင်သာ ကုသပေးနိုင်သည်ဟု သိရသည်။ ''အဲဒါတွေ သက်သာ အောင်ပဲ လုပ်ပေးလို့ရမယ်၊ အရှင်းပျောက်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ သာမန်လူ ကိုပြောရင်တော့အဆီကျိတ်လို့ပဲ ပြောမှာပေါ့၊ တကယ်ကတော့ အာရုံကြောတောက် လျှောက်မှာရှိတဲ့ အာရုံကြောဆဲလ်တွေက ပုံမမှန်ဘဲ ကြီးထွားနေတာပေါ့၊ အဖုတွေ ကို ဖြတ်တာက အပေါ်ယံပဲ ဖြတ်တာပေါ့၊ မျိုးရိုးဗီဇရောဂါက ပျောက်ဖို့မဖြစ်နိုင်ဘူး''ဟုလည်း  ဒေါက်တာဇင်လင်းမောင်က ဆိုသည်။
လက်ရှိအချိန်တွင် ဆရာတော်အား ဇမ္ဗူသီရိဆေးရုံကြီးက မျက်စိတွင်ဖုံးနေသော အဖုများ၊ နားတွင်ဖုံးအုပ်နေသော အဖုများနှင့် နှုတ်ခမ်းတွင်ဖုံးနေသော အဖုများ ကိုခွဲစိတ်ကုသခဲ့ပြီး ယခုအချိန်တွင် မုံရွာမြို့သို့ တစ်လခန့် ပြန်လာကာ ခေတ္တအနား ယူနေသည်ဟု သိရသည်။ မွန်မြတ်ပရဟိတအသင်းမှ ကိုမွန်မြတ်က ''ဘုန်းဘုန်းမှာ အဓိက အလုံးကြီးတွေကို ခွဲထားတယ်၊ မျက်နှာကိုလည်း တော်တော်ခွဲစိတ်ထားတယ်၊ နားမှာအုပ်နေတဲ့အဖုကြီးကို ခွဲစိတ်ပြီးတဲ့အခါကျတော့ ဘုန်းဘုန်းအတွက် ခံနိုင်ရည် အား လိုသေးတယ်လေ၊ ခွဲစိတ်တာတွေ များတဲ့အခါကျတော့ ကျန်းမာရေးအခြေ အနေလည်း ပြန်ကြည့်ရသေးတယ်လေ၊  အောက်တိုဘာ ၈ ရက် ညက မုံရွာပြန် ရောက်တယ်၊ ဒီမှာခဏနားတာပေါ့၊ ခွဲစိတ်နိုင်သေးရင်တော့ တဖြည်းဖြည်းနဲ့ ခွဲစိတ် တာတွေ လုပ်သွားမှာပေါ့''ဟု ပြောသည်။

အာရုံကြောမှ ဖြစ်သောရောဂါ
အဆိုပါရောဂါမှာ အာရုံကြောများမှဖြစ်သည့် ရောဂါဖြစ်သောကြောင့် မကူးစက် နိုင်ကြောင်း သိရသည်။ ဆရာတော်အား ကုသနိုင်ရန် စေတနာရှင်အလှူရှင်များ၊ ပရဟိတအသင်းများ၊ သံဃာတော်များ၊ ခွဲစိတ်သမားတော် ဆရာကြီးဦးမင်းဇော် အောင်နှင့် ဇမ္ဗူသီရိဆေးရုံမှ ဆရာဝန်များက ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြကြောင်း သိရသည်။                                                                         အိမွန်ဆွေ(ရေစကြို)

လမ်းဘေးယာဉ်ရပ်နားခငွေကျပ် ၂ဝဝ ကောက်ခံမှု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လေလံပြန်လည်ခေါ်ယူမည်

လမ်းဘေးယာဉ်ရပ်နားခငွေကျပ် ၂ဝဝ ကောက်ခံမှု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လေလံပြန်လည်ခေါ်ယူမည်

ရန်ကုန်မြို့တွင်း မြို့နယ်များ၌  လမ်းဘေးယာဉ်ရပ်နားမှု  ကားတစ်စီးတစ်နာရီငွေကျပ်၂ဝဝ  နှုန်းကောက်ခံမှုကို  စတင်တော့မည်ဖြစ်ကြောင်း ပြ်ီးခဲ့သောစက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက  တရားဝင်ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ တင်ဒါအောင်ကုမ္ပဏီများက တင်သွင်းကြသည့် လေလံကြေးနည်း၍  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလေလံပြန်လည်ခေါ်ယူမည် ဖြစ်ကြောင်း  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ  ဦးမောင်မောင်စိုးက ပြောသည်။
'' လမ်းဘေးယာဉ်ရပ်နားခ ငွေ$ကျပ်  ၂ဝဝ  ကောက်ခံမှုမှာ      လာလျှောက်တဲ့  ကုမ္ပဏီတွေက တော်တော်လေး များပါတယ်။   လေလံတင်ဒါ အောင်တဲ့     ကုမ္ပဏီကလာလျှောက်တဲ့ထဲက   တစ်ဝက်လောက် အောင်တယ်။ ဒါပေမယ့် သူတို့ ပေးတဲ့ဈေးက အခုလတ်တလော ပေါက်ဈေးတွေ ထက် အများကြီးနည်းနေတယ်။    ပြောချင်တာက ဒါပြည်သူ့ဘဏ္ဍာငွေဖြစ်မှာပါ။   ဘယ်သူတစ်ဦး တစ်ယောက်မှ  ယူမှာမဟုတ်ပါဘူး။  ရန်ကုန်မြို့ တော်   စည်ပင်သာယာရေးကော်မတီကလည်း   ကာလပေါက်ဈေးပဲ လိုချင်တာပါ။ အခု တင်ဒါ အောင်ကုမ္ပဏီတွေပေးတာက    တော်တော်လေး နည်းနေတယ်။  ပြီးတော့လာလျှောက်တဲ့  ကုမ္ပဏီ တွေကညှိနှိုင်းထားတဲ့သဘောတွေလည်း    တွေ့ရ တယ်။  ဒါကြောင့်  ဒီကိစ္စကို   ပြန်လည်သုံးသပ်ပြီး   လေလံပြန်လည်ခေါ်ယူသွားဖို့    ရှိပါတယ်''ဟု       ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောသည်။

ကားပါကင်ကြေးကောက်ခံမည့်ကိစ္စ
ယင်းလမ်းဘေးယာဉ်ရပ်နားရာတွင် ငွေ$ကျပ် ၂ဝဝ ကောက်ခံမှုနှင့်ပတ်သက်၍   ပြီးခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး   ၁၉ ရက် မြောက်နေ့ တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ်     ဒေါ်ကြည်ပြာက အမည်တပ်လမ်းမကြီးများတွင် ကားပါကင်ကြေးကောက်ခံမည့်ကိစ္စနှင့် ပတ်သက်၍ စနစ်တကျ လည်းဖြစ်၊ ပြည်သူလည်းအဆင်ပြေစေရန် မည်သို့ အစီအမံဆောင်ရွက်သွားမည်ကို  လွှတ်တော် မှတစ်ဆင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့   မေးမြန်းခဲ့သည်။ 
လွှတ်တော်၌   မေးမြန်းဆွေးနွေးသော  ဆွေးနွေးချက်များနှင့်  ပတ်သက်၍  ပြန်လည် သုံးသပ်ပြီး  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး ကော်မတီအနေဖြင့် ယခုကဲ့သို့  လေလံပြန်လည်ခေါ် ယူမှုများ   ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အထူးသဖြင့်  လေလံတင်ကုမ္ပဏီများအနေဖြင့် နှုန်းထားများ ပေးသွင်းမှုနည်းနေခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်လေလံတင်ခေါ်ယူ ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းကိစ္စနှင့် ပတ်သက်၍   လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ''အောက်တို ဘာ ၁ ရက်မှာ ကားပါကင် စတင်ကောက်တော့ မယ်ဆို တဲ့  သတင်းကြားကတည်းက လွှတ်တော်တင်ထား ခဲ့တယ်။ လွှတ်တော်မစခင်  ၁ဝ  ရက်ကတည်းက တင်ထားတဲ့မေးခွန်းက ငါးရက်အလိုမှာ စာရောက် လာတယ်။  မနက်  ၈ နာရီကနေ ညနေ ၆ နာရီအထိ တင်ဒါအောင်ကုမ္ပဏီတွေက ကောက်သွားမယ်။ ဒီဇုန်၊ ဒီဇုန်ဒါပဲပါတယ်။   ဘယ်လို စီမံခန့်ခွဲပြီး ကောက်မယ်၊ ဘယ်လိုစနစ်တကျလုပ်မယ်ဆိုတာ မသိရဘူး။  ကားပါကင်ကြေးကတော့ ကောက်ရ မယ်ဆိုတာ   လက်ခံတယ်။   ဒါပေမယ့်  ပြဿနာက ငွေကျပ်၂ဝဝ   ကောက်တယ်ပေါ့။  ဒါပေမယ့် အခုချိန်ထိ ကားပါကင်လိုင်းဆွဲထား တာမရှိဘူး။စတင်ကတည်းက    စနစ်တကျစီမံခန့်ခွဲ ပြီးတော့ နိုင်ငံတကာလို   ဘယ်လိုနည်းလမ်းတွေနဲ့  လုပ်မယ်ဆိုတာမျိုးမရှိသလို သတ်မှတ်မျဉ်းတောင် ဆွဲမထားသေးဘူး။ ဒါကို တင်ဒါအောင်ကုမ္ပဏီက     လာရောက်ကောက်တော့မယ်ဆိုတော့ ဘာကာ ကွယ်မှုပေးမှာလဲ။    တာဝန်ယူမှု၊   တာဝန်ခံမှုက ဘယ်မလဲ။ ဒါကြောင့် ပြည်သူ့ကိုယ်စား လွှတ်တော် မှာ မေးမြန်းခဲ့တာပါ''ဟု ပြောသည်။
အခမဲ့ယာယီရပ်နားခွင့်ရမည်
ရန်ကုန်မြို့တော်   စည်ပင်သာယာရေး ကော်မတီ ကားပါကင်ကြေးမှာ  ၁  နာရီ ငွေကျပ် ၂ဝဝ  နှုန်းဖြင့် ရန်ကုန်မြို့ တွင်ီးသတညွှသတည မြို့နယ်များ၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံမည်ဖြစ်ပြီး ယင်းသတ်မှတ်အချိန်ကာလကျော်လွန်ပါက အခမဲ့ယာယီရပ်နားခွင့် ရမည် ဟုလည်း သိရသည်။
ယာဉ်ရပ်နားကန့်သတ်ဇုန်(၈)ဇုန် သတ်မှတ်  ၍ လမ်းမကြီးများနှင့် အမည်တပ်လမ်းများတွင် ကောက်ခံရန်ဈေးပြိုင်တင်ဒါ ခေါ်ယူခဲ့ရာ ဇုန်သုံးခု တင်ဒါအောင်မြင်ခဲ့ပြီး  ကျန်ဇုန်ငါးခုမှာ ဈေးပြိုင် တင်ဒါဆက်လက်ခေါ်ယူထားဆဲဖြစ်သည်။ ရန်ကုန် မြို့တွင် ကားပါကင်ပြဿနာ  နေရာတိုင်းတွင် ရှိနေသကဲ့သို့ ကားပါကင်ကြေး ပြန်လည်ကောက်ခံ မှုကြောင့် ကိုယ်ပိုင်နေအိမ် ရှေ့၊ ရုံးခန်းရှေ့များတွင် ရပ်နားထားသော ကိုယ်ပိုင်ကားများမှာ တစ်နာရီ လျှင် $ ငွေကျပ်၂ဝဝ နှုန်း စရိတ်တက်နေမည့်ကိစ္စမှာ  ပြည်သူများကြား စိတ်ဝင်စားလျက်ရှိသည်။
'' ရန်ကုန်မြို့တွင်းအများပိုင်နေရာ၊  ပြည်သူ ပိုင်နေရာတွေမှာ  ကိုယ့်မြေနေရာလို  ရပ်ပိုင်ခွင့် မရှိဘူး။ ဒါလူတိုင်းသိတယ်။ ခုချိန်မှာ  စဉ်းစား သင့်တာက ဆီဈေးတွေတက်၊ ဒေါ်လာဈေးတွေ တက်။ ပြည်သူတွေ    စိတ်အနှောင့်အယှက်ဖြစ် နေတဲ့အချိန်  တစ်လ မကောက်လို့  ဘာဖြစ်လဲ။  ပြည်သူတွေနဲ့    ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီးမှ လုပ်သင့်တယ်လို့ထင်တယ်။ အဲဒီလိုမဟုတ်တော့  ကျွန်မတို့အနေနဲ့ ပြည်သူတွေမေးရင် ဘယ်လို ဖြေရမှန်းမသိဘူး''ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောသည်။
တစ်နေကုန် ကားရပ်နားထားမှု
ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်း ကိုယ်ပိုင်ကားများ နာရီနှင့်အမျှ ငွေ$ကျပ် ၂ဝဝ စရိတ်တက်နေမည့်ကိစ္စ သီးခြားပြန်လည်စဉ်းစား ပေးသင့်ကြောင်း၊ ကားပါကင်ကြေးကောက်မှု ကိုလည်း နံနက် ၈ နာရီမှ ညနေ ၆ နာရီကြား ဖြစ်၍  တစ်နေကုန် ကားရပ်နားထားမှု အခြေအနေများ ကို ပြန်လည် စဉ်းစားပေးသင့်ကြောင်း    ကျောက် တံတားမြို့နယ်နေ  ဦးသန်းမောင်က  ပြောသည်။
ပြီးခဲ့သောလေးနှစ်အတွင်း ရန်ကုန်မြို့တွင်း ကားပါကင်     ကြေးကောက်ခံမှုကို သက်ဆိုင်ရာက တရားဝင်ရပ်ဆိုင်းခဲ့သော် လည်း တချို့နေရာများ၌ ဆက်လက်ကောက်ခံနေဆဲ ဖြစ်သည်။

ယင်းကောက်ခံမှုနှင့် ပတ်သက်ပြီး တရားမဝင် ကြောင်း သက်ဆိုင်ရာက  ကြေညာခဲ့သော်လည်း ရန်ကုန်မြို့တွင်း မြို့နယ်အချို့တို့တွင် ကောက်ခံ နေမှုများကို  တွေ့မြင်နေရဆဲဖြစ်သည်။  ယခု  ကားပါကင်ကြေးကောက်ခံမှုသည်  ပြည်သူလူထု နစ်နာမည်ဟု  ဆိုသော်လည်း   အမှန်တကယ် ကောက်ခံသည့် ငွေကြေးမှာ ယခင်ကောက်ခံနေ သည့် နှုန်းထားအတိုင်းဖြစ်နေ၍ လူထု မနစ်နာဘဲ ပြည်သူ့ဘဏ္ဍာအဖြစ်    အသုံးပြုသွားမည် ဖြစ်ကြောင်း မြို့တော်ဝန်က ဆက်လက်ပြောကြား သည်။

မောင်စိန်လွင်(မြန်မာ့အလင်း)

Monday, October 29, 2018

မြန်မာအမျိုးသမီးအသင်း အီရန်ကိုအနိုင်ယူပြီး အကောင်းဆုံးအုပ်စုဒုတိယဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲတက်ရောက်

မြန်မာအမျိုးသမီးအသင်း အီရန်ကိုအနိုင်ယူပြီး အကောင်းဆုံးအုပ်စုဒုတိယဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲတက်ရောက်

ရန်ကုန် အောက်တိုဘာ ၂၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂ဝ၁၉ အာရှ ယူ-၁၉ အမျိုးသမီး ခြေစစ်ပွဲ ပထမအဆင့်အုပ်စု (စ) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက သုဝ္ဏကွင်း၌ ကျင်းပရာ မြန်မာအသင်းသည် အီရန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းသည် အီရန်အသင်းကို  တစ်ဂိုးဖြင့်သာ  အနိုင်ရသောကြောင့် အုပ်စုဒုတိယနေရာသာရခဲ့သော်လည်း အကောင်းဆုံးအုပ်စု ဒုတိယနေရာဖြင့် ဒုတိယ အဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် နှစ်ဂိုးနှင့် အထက်အနိုင်ရပါက အုပ်စုပထမဖြင့် ဒုတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည် ဖြစ်သော်လည်း တစ်ဂိုးဖြင့်သာ အနိုင်ရသောကြောင့် အခြားအုပ်စုရလဒ်များကို စောင့်ကြည့်ခဲ့ရပြီးမှ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ပထမပွဲတွင် ရှုံးနိမ့်ထားသောကြောင့် ယခုပွဲတွင် အနိုင်ရရန် အားထည့်ကစားခဲ့ပြီး အီရန်အသင်းကလည်း မြန်မာကစားသမားများထက် ခန္ဓာကိုယ် ထွားကျိုင်းသောကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ မြန်မာအသင်းသည် ပွဲစကတည်း က ဂိုးရရန် ကြိုးစားသော်လည်း အီရန်အသင်းက ခံစစ်ကိုအားပြုကစားခဲ့သောကြောင့် ဂိုးသွင်းခွင့်ရရန် ခက်ခက်ခဲခဲကစားခဲ့ရပြီး ပထမပိုင်းတွင် ဂိုးမရှိသရေကျနေသည်။
                   
ဒုတိယပိုင်းတွင်  အီရန်အသင်း   ကစားပုံ ပြန်ကောင်းလာပြီး မြန်မာအသင်းဘက် သို့ ဖိအားပေးကစားနိုင်ခဲ့သည်။  မိနစ် ၆ဝ တွင်  အီရန်အသင်း   ပယ်နယ်တီ ကန်ခွင့်ရခဲ့သော်လည်း တိုင်ထိထွက်ခဲ့၍ မြန်မာအသင်း      သက်သာရာရခဲ့သည်။ အီရန်အသင်းသည်   ဒုတိယပိုင်းတွင် ဂိုးသွင်းခွင့် ပိုဖန်တီးနိုင်ခဲ့ပြီး ဂိုးသွင်းခွင့် များမှာ တိုင်နှစ်ကြိမ်ထိထွက်ပြီး မြန်မာ ဂိုးသမား ဇူးလတ်နဒီ လက်စွမ်းပြကာကွယ် နိုင်ခဲ့သောကြောင့်        မြန်မာအသင်း ဂိုးမပေးခဲ့ရခြင်း     ဖြစ်သည်။    မြန်မာ အသင်းအတွက်     တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၅ မိနစ်တွင် နှင်းမြသဇင်က သွင်းယူခဲ့သည်။
အုပ်စု (စ) တွင် အီရန်၊ မြန်မာနှင့် လာအိုအသင်းတို့ သုံးမှတ်စီ တူညီသော် လည်း ဂိုးကွာခြားချက်ဖြင့် အီရန်အသင်း က အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စု ဒုတိယ ရခဲ့သည်။ ပထမအဆင့်အုပ်စုမှ ထိပ်ဆုံးခြောက်သင်းနှင့်   အကောင်းဆုံး အုပ်စု ဒုတိယနေရာရနှစ်သင်းမှာ ဒုတိယ အဆင့်ခြေစစ်ပွဲသို့    တက်ရောက်ခွင့် ရမည်ဖြစ်ပြီး       မြန်မာအသင်းသည် အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့်   နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ် သည်။ 

                ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်

Sunday, October 28, 2018

"ရွှေသောင်ယံတံတား(မကျီးချောင်း)

 NLDအစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး၏ယခင်ဝန်ကြီးချုပ် မန်းဂျော်နီ၏လမ်းညွှန်ချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တံတားအထူးအဖွဲ့(၁၅)မှတည်ဆောက်ပြီးစီးခဲ့သော ပုသိမ် >ချောင်းသာ>ရွှေသောင်ယံ မှသည် ရခိုင်ပြည်နယ် 'ဂွ'မြို့အထိဆက်သွယ်ပေးမည့်"ပြည်ထောင်စုလမ်းမကြီး"ပေါ်ရှိတံတားတစ်စင်းဖြစ်သော"ရွှေသောင်ယံတံတား(မကျီးချောင်း)"ကို ၂၈.၁၀.၁၈.(တနင်္ဂနွေနေ့)တွင် ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။
Soe Winn







စီရိုနယ်လ်ဒို၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဂျူဗင်တပ် ဆက်လက်ဦးဆောင်

စီရိုနယ်လ်ဒို၏ သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး
အမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ဂျူဗင်တပ် ဆက်လက်ဦးဆောင်

အမ်ပိုလီအသင်းနှင့် ဂျူဗင်တပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အီတလီစီးရီးအေပွဲစဉ် ၁ဝ တွင် ဂျူဗင်တပ်အသင်းက အမ်ပိုလီအသင်း ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဂျူဗင်တပ်အသင်းသည် ပွဲကစားချိန် ၂၈ မိနစ်တွင် အမ်ပိုလီကစားသမား ကာပူတို၏ သွင်းဂိုးကို ခွင့်ပြုပေးခဲ့ ရပြီးနောက် ပွဲကစားချိန် ၅၄ မိနစ်နှင့် မိနစ် ၇ဝ တို့တွင် ရရှိခဲ့သည့် တိုက်စစ်မှူးစီရိုနယ်လ်ဒို၏ သွင်းဂိုးများဖြင့် ဂျူဗင်တပ်အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းသည် ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် အီတလီစီးရီးအေပြိုင်ပွဲတွင် ၁ဝ ပွဲကစားပြီးနောက် ကိုးပွဲနိုင်၊ တစ်ပွဲ သရေရလဒ်ထွက်ပေါ်ထားကာ ရမှတ် ၂၈ မှတ်ရရှိထားပြီး ဒုတိယ နေရာမှ အမ်ပိုလီအသင်းကို ခုနစ်မှတ်ဖြတ်ကာ ထိပ်ဆုံးမှ ဦးဆောင် နိုင်ခဲ့ကြောင်းလည်းသိရသည်။

အမ်ပိုလီအသင်းနှင့် ပွဲစဉ်တွင် ဂျူဗင်တပ်အသင်းအတွက် နှစ်ဂိုး သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုမှာ နောက်ဆုံးကစားခဲ့ သည့်  စီးရီးအေပွဲစဉ်သုံးပွဲတွင် သွင်းယူခဲ့သည့်သွင်းဂိုးလေးဂိုးအပါ အဝင် ဂျူဗင်တပ်အသင်းအတွက် ၁၂ ပွဲတွင် ခုနစ်ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

ငွေကြယ်(ကြေးမှုံ)

လာမည့်ဘောလုံးရာသီတွင် မော်ရင်ဟို၏နေရာတွင်အစားထိုးရန်ကွန်တီ သို့မဟုတ် အယ်လ်လီဂရီကို ခေါ်ယူရန် စီစဉ်လျက်ရှိ

လာမည့်ဘောလုံးရာသီတွင် မော်ရင်ဟို၏နေရာတွင်အစားထိုးရန်ကွန်တီ သို့မဟုတ် အယ်လ်လီဂရီကို ခေါ်ယူရန် စီစဉ်လျက်ရှိ

မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီတွင် လက်ရှိနည်းပြ မော်ရင်ဟိုနေရာတွင် အစားထိုးရန်အတွက် ချယ်လ်ဆီးအသင်းနည်းပြ ဟောင်း အန်တိုနီယိုကွန်တီ သို့မဟုတ် ဂျူဗင်တပ်အသင်းနည်းပြ အယ်လ်လီဂရီအား ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မန်ယူအသင်းက ကွန်တီအား ခေါ်ယူရန်စိတ်ဝင်စားနေသော် လည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် အေစီမီလန်အသင်းတို့ကလည်း  ခေါ်ယူရန်ပစ်မှတ်ထားလျက်ရှိကြောင်း သိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိနည်းပြ လိုပက်တီဂေး လက်ထက်တွင် ရလဒ်ပိုင်းဆိုးရွားနေခြင်းကြောင့် အစားထိုးနည်းပြ တစ်ဦးခေါ်ယူရန်  စီစဉ်နေသည့်အသင်းဖြစ်သည်။

လတ်တလောထွက်ပေါ်နေသည့် သတင်းများအရ ရီးယဲလ်မက် ဒရစ်အသင်းက ချယ်လ်ဆီးအသင်းနှင့်အတူ ပထမရာသီတွင် အောင် မြင်မှုရရှိခဲ့သည့် နည်းပြကွန်တီကို ခေါ်ယူရန်စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။ ကွန်တီသည် ပထမရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပရီမီယာလိဂ်ဖလားရယူနိုင်ခဲ့သော်လည်း ဒုတိယရာသီတွင် ချန်ပီယံ လိဂ်ဝင်ခွင့်ပါဆုံးရှုံးခဲ့ရသည်အထိ ရလဒ်ပိုင်းဆိုးရွားမှုဖြင့် ကြုံတွေ့ခဲ့ ရသည်။ သို့ရာတွင် ကွန်တီအနေဖြင့် ချယ်လ်ဆီးအသင်းအတွက် အက်ဖ်အေဖလားကို ရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် မန်ယူအသင်းက မော်ရင်ဟိုနေရာတွင် အစားထိုးရန် နည်းပြကွန်တီကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ငွေကြယ်(ကြေးမှုံ)

အောင်လအန်ဆန် နှင့် ခဏတာတွေ့ဆုံခြင်း

အောင်လအန်ဆန် နှင့် ခဏတာတွေ့ဆုံခြင်း

စိန်ခေါ်သူ  လက်ဘနွန်နိုင်ငံသား  မိုဟာမက်ခရာကီအား အနိုင်ရရှိခဲ့သည့်  ဝမ်းမစ်ဒယ်ဝိတ်တန်း  ကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင်   အောင်လအန်ဆန်နှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်-

ပြိုင်ဘက်ကို ပထမအချီနဲ့ အလဲထိုးအနိုင်ရခဲ့တဲ့အပေါ် ခံစားချက်လေး ပြောပြပေးပါဦး။

အောက်တိုဘာ ၂၆ ရက်က ကစားတဲ့ပွဲက အလွန်နှစ်သက်
တဲ့ပွဲဖြစ်ပါတယ်။   တစ်ချီအတွင်း အလဲထိုးကစားနိုင်ခဲ့
တဲ့အတွက် အလွန်ဝမ်းသာတယ်။ ကျွန်တော် အရင်အင်တာ
ဗျူးတွေမှာလည်း ပြောခဲ့တာရှိပါတယ်။ သုံးချီနဲ့နိုင်မယ်လို့
ယုံကြည်တယ်။ ပြိုင်ဘက်ကလည်း တစ်ခါမှ မရှုံးဖူးသေးတဲ့ ချန်ပီယံတစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ စိတ်လှုပ်
ရှားတယ်။ အကောင်းမွန်ဆုံး ပြင်ဆင်ထိုးသတ်ခဲ့တယ်။ အနိုင်ရခဲ့တဲ့အတွက်လည်း အလွန်ဝမ်းသာတယ်။

ဒီနိုင်ပွဲအတွက် ပြင်ဆင်ဖြစ်ခဲ့ပုံနဲ့ အမှတ်တရရှိရင်လည်း ပြောပြပေးပါဦး။

ပြင်ဆင်မှုအပိုင်းအနေနဲ့က အရေးကြီးတယ်။ ဘဝမှာ
ဘာပဲလုပ်လုပ် ပြင်ဆင်မှုဆိုတာလိုတယ်။   ပန်းတိုင်ကို
ရောက်ဖို့အတွက် ပြင်ဆင်မှုတွေရှိရင် ဘာမဆို အောင်မြင်
ပါတယ်။ မြန်မာနိုင်ငံမှာ  ကစားတဲ့ပွဲတိုင်းက   ကျွန်တော့်
အတွက်   အမှတ်တရတွေချည်းပါပဲ။    မြန်မာနိုင်ငံမှာ
ပထမဆုံးကစားတဲ့   မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲ အနိုင်
ပွဲက အမြဲတမ်းအမှတ်ရနေမယ့်ပွဲ ဖြစ်ပါတယ်။

နောက်ထပ်ယှဉ်ပြိုင်မယ့်ပွဲတွေရှိရင်လည်း ပြောပြပေး ပါဦး။

အကောင်းဆုံး ကစားနိုင်ဖို့လည်း ပညာတွေဆက်ယူ ဦးမယ်။ အခုလောလောဆယ်တော့ သေချာမသိသေးဘူး။ ဂျပန်နိုင်ငံမှာ မတ်လမှာ လိုက်ဟဲဗီးဝိတ်ကိုတော့ ကစားရ ဖို့ ရှိမယ်ထင်တယ်။

မြန်မာနိုင်ငံမှာ MMA သင်တန်းဖွင့်မယ့်အစီအစဉ်ကို ပြောပေးပါဦး။

သင်တန်းပေးဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့ ဆရာတွေCEO
တွေနဲ့   တိုင်ပင်ထားတာတော့   အရင်ဆုံးအတွေ့အကြုံ
ရှိတဲ့သူတွေကို သင်တန်းပေးဖို့ပါပဲ။ ဒီနှစ်မကုန်ခင်တော့
သင်တန်းဖွင့်နိုင်အောင် ကြိုးစားသွားမှာပါ။

မြန်မာ့ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖို့ အစီ အစဉ်ရှိလဲ။

စဉ်းစားထားတာတွေ   ရှိပါတယ်။   ရိုးရာလက်ဝှေ့က သိုင်းပေါင်းစုံမှာ  တော်တော်ကောင်းတယ်။  မြန်မာ့လက်ဝှေ့
ကိုလည်း ကမ္ဘာကသိအောင် လူတွေပိုပြီးနားလည်လာ အောင် ကျွန်တော့်အနေနဲ့ ကြိုးစားပေးချင်ပါတယ်။ ဘာ
ဖြစ်လို့လဲဆိုတော့ အမေရိကမှာဆိုရင် မွေထိုင်းက အလွန်
နာမည်ကြီးတယ်။ မွေထိုင်းလောက် ဘာလို့ နာမည်မကြီး
နိုင်ရမှာလဲ။ အဲဒါအဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် မြန်မာ့
လက်ဝှေ့ကို ပိုသိလာအောင် လုပ်ပေးရမယ်။ 

မြစ်ကြီးနားမှာ ကိုအောင်လရုပ်တုလုပ်ဖို့ အစီအစဉ်ရှိ တာနဲ့ပတ်သက်ပြီး သဘောထားလေး ပြောပြပေးပါဦး။

အရင်ပြောတုန်းက ကျွန်တော် မနှစ်သက်ဘူး။ မလုပ်ခိုင်း
စေချင်ဘူး။ ဒါပေမယ့် လူကြီးတွေပြောတော့ နောက်
လူငယ်တွေသိအောင် လုပ်ပေးချင်တယ်ဆိုတော့ သဘော
တူတာ မတူတာထက် အဲဒီရုပ်တု လုပ်မယ့်နေရာမှာ Gym
ဖွင့်ဖို့ MMA  ဝါသနာပါတဲ့လူငယ်တွေ   လာကစားနိုင်ဖို့ စဉ်းစားထားတယ်။ လူငယ်တွေကို MMA  ကစားတာထက် သူတို့ရဲ့စိတ်ဓာတ်တွေ   ကြိုးစားအားထုတ်ပြီးလုပ်ရင် ဘာမဆို အောင်မြင်နိုင်တယ်ဆိုတာ သူတို့ရဲ့စိတ်ထဲမှာ သိစေချင်တယ်။Gym ကို ရန်ကုန်မှာတစ်ခု၊ မြစ်ကြီးနားမှာ တစ်ခုစပြီးတော့ ဖွင့်ချင်တယ်။ တခြားမြို့တွေမှာလည်း ဖွင့်ဖို့စဉ်းစားထားတယ်။

ပရိသတ်တွေအတွက် စကားလက်ဆောင် ပြောပေးပါဦး။

ကျွန်တော့်ကို အားပေးတာ အလွန်အားရတယ်။ ကောင်း
မွန်စွာကစားနိုင်တာ ပရိသတ်တွေကြောင့်၊ အားပေးတဲ့
ပရိသတ်တွေကို  ချစ်တယ်။  ကျေးဇူးလည်းတင်တယ်။ ဆက်ပြီးတော့ အားပေးပါ။  ဆက်ပြီးတော့ ကြိုးစားမယ်။ ပိုကောင်းတဲ့ပွဲတွေလည်း လာဦးမှာပါ။   

သတင်းနှင့်ဓာတ်ပုံ - ဇာနည်မောင်၊ အေးမင်းသူ(ကြေးမှုံ)

ကြိုးမဲ့စွန်းလေး မဖြစ်စေလို

ကြိုးမဲ့စွန်းလေး မဖြစ်စေလို


တစ်နေ့သ၌ နံနက်ခင်း ဝေလီဝေလင်းအချိန် တွင် ခေါင်းကိုငိုက်စိုက်၍ ဘေးဘယ်ညာသို့ မကြည့်ဘဲ       လူငယ်လေးတစ်ဦးသည် နေမင်းကြီးအား မျက်နှာမူ လမ်းလျှောက်လာ ခဲ့လေ၏။   ဤကဲ့သို့ပင်   နေ့စဉ် ကျန်းမာ ရေးအတွက် လမ်းလျှောက်နေကျ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး    တစ်ဦးသည်လည်း ပုံမှန်ထက် လမ်းလျှောက်နှုန်း အရှိန်ကိုမြှင့်၍ နေမင်းကြီးအားကျောခိုင်းကာ  လမ်းလျှောက် လာခဲ့လေ၏။  သည်လိုနှင့် တိုက်ဆိုင်စွာပင်
လမ်းအချိုးအကွေ့တစ်ခုသို့   ရောက်သော အခါ ကျောင်းအုပ်ဆရာကြီးသည် မြေကြီး၌ ထိုးထွက်နေသော   ခဲအားမမြင်ဘဲ ခလုတ် တိုက်မိလေ၏။ ထို့နောက် ကျောင်းအုပ်ဆရာ
ကြီးသည် မိမိ၏ကိုယ်အရှိန်အား မထိန်းနိုင်ဘဲ ခေါင်းငိုက်စိုက်၍    လမ်းလျှောက်လာသော လူငယ်လေးအား ဝင်၍တိုက်မိလေသည်။

''ခွပ်''

''အား''

အရှိန်မှာ    အနည်ငယ်ပြင်းသောကြောင့် နဖူးပြင်များ အသီးသီး  အတော်ပင်နာသွား ကြလေ၏။   မတော်တဆဖြစ်သည်ဆိုသော် လည်း ကျောင်းအုပ်ဆရာကြီးသည်  မိမိ၏ အမှားဖြစ်သောကြောင့်    ပျာပျာယာယာပင်        ''တောင်းပန်ပါတယ်၊   လူလေးရယ်  အဘိုး တကယ် မမြင်လိုက်မိလို့ပါနော်'' ဟု လေးလေး စားစား ပြောဆိုလိုက်၏။ သို့သော် လူငယ် လေးသည်    ကျောင်းအုပ်ဆရာကြီးအား ခေါင်းပင်မော့၍   မကြည့်ဘဲ  နဂိုကအတိုင်း ခေါင်းကလေး     ငိုက်စိုက်ငိုက်စိုက်ဖြင့် ကျောခိုင်းထွက်ခွာသွားလေ၏။ ထိုစဉ် လူငယ် လေး၏ မျက်ဝန်းများမှ မျက်ရည်အချို့အား ကျောင်းအုပ်ဆရာကြီးသည်   အမှတ်မထင် တွေ့မြင်လိုက်ရလေ၏။  ထို့ကြောင့် မိမိနှင့် တိုက်မိ၍ နာကျင်ငိုကြွေးသွားသည်ဟု ထင် ကာ ကရုဏာသက်မိပြီး   လူငယ်လေး၏ နောက်သို့ ခပ်မြန်မြန်ပြေးလိုက်ကာ-

''လူလေး ခဏလေးကွဲ့၊     စောစောက အဘိုးနဲ့တိုက်မိတာ တော်တော်လေးနာသွားလို့ လားကွယ်'' ဟု ဆိုလိုက်၏။ လူငယ်လေးသည် အခုမှခေါင်းအား မော့၍-

''ရင်ဘတ်ထဲက အနာလောက်တော့ မနာ ပါဘူး အဘိုးရယ်'' ဟု  ကျောင်းအုပ်ဆရာကြီး အား  ပြန်လည်ပြောလေ၏။     ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ်အရွယ်သာ ရှိသေးသော လူငယ် တစ်ယောက်၏ ရင်ဘတ်ထဲမှ အနာဟုဆိုသော စကားကြောင့်    ကျောင်းအုပ်ဆရာကြီးမှာ အံ့အားသင့်သွားလေ၏။   ထို့နောက် လူငယ် လေးအား ကျောင်းအုပ်ဆရာကြီးက -

''ကဲ လူလေး မွန်းကျပ်နေတာလေးတွေရှိ ရင်လည်း ပေါ့ပါးသွားအောင်ဖွင့်ဟချင်တယ် ဆိုရင်  ပြီးတော့ ဗိုက်လည်းစာနေသပဆိုရင်ပေါ့ ကွာ။   ဟိုးရှေ့မှာတွေ့လား အဲဒီလက်ဖက်ရည် ဆိုင်ကို လိုက်ခဲ့ကွာ။    လူလေး ပြောတာတွေ အားလုံး အဘိုးနားထောင်ပေးမယ်။ မုန့်လည်း ကျွေးမယ်ကွာ'' ဟု ကျောင်းအုပ်ဆရာကြီးက ဖိတ်ခေါ်လိုက်လေ၏။          လူငယ်လေးသည် နားမလည်နိုင်သော     မျက်ဝန်းများနှင့် ကျောင်းအုပ်ဆရာကြီးအား        စိုက်၍ ကြည့်ကာ-

''ဟုတ်ကဲ့ အဘိုး ကျွန်တော်ရင်ဖွင့်ပါ့မယ်''ဟုပြောကာ   ကျောင်းအုပ်ဆရာကြီးနှင့်အတူ လိုက်လာခဲ့လေ၏။   လက်ဖက်ရည်ဆိုင်သို့ ရောက်သောအခါ     လူငယ်လေးသည် အီကြာကွေးနှင့်     လက်ဖက်ရည်အား ညကတည်းက ဘာမှမစားရသေးသဖြင့် ဗိုက် အလွန်ဆာနေသောကြောင့်  အငမ်းမရစား သောက်လေ၏။  စားသောက်ပြီးသောအခါ    ကျောင်းအုပ်ဆရာကြီးအား   လူငယ်လေးသည် ဤကဲ့သို့ ရင်ဖွင့်လေ၏။

''ကျွန်တော့်ရဲ့   အဖေက  အရာရာ တင်းကျပ်သူပါအဘိုး။    ကျွန်တော် လူငယ် တစ်ယောက်ဖြစ်ပေမယ့် တစ်ခါမှ လွတ်လပ် ခွင့်မရှိခဲ့ဘူး။ ဟိုဟာမလုပ်ရ၊  ဒီဟာမလုပ်ရနဲ့။ ဟိုကိုမသွားရ၊   ဒီကိုမသွားရနဲ့၊   ကြာတော့ ကျွန်တော့်အပေါင်းအသင်းတွေကြား  မျက်နှာ ငယ်လာတယ် အဘိုးရာ။    ဒါကြောင့် အဖေနဲ့ အတိုက်အခံဖြစ်ပြီး        မနေ့ညကတည်းက  ကျွန်တော်အိမ်ပေါ်က   ဆင်းလာခဲ့တာပါ။ ပိုက်ဆံလည်း  တစ်ကျပ်မှမပါလာခဲ့ပါဘူး။  ခုလို ကျွန်တော့်ကို မနက်စာကျွေးတာ ကျေးဇူး အများကြီးတင်ပါတယ်အဘိုး''ဟု  လူငယ်လေး သည် ကျောင်းအုပ်ဆရာကြီးအား ပြောလေ၏။

လူငယ်လေး၏  စကားဆုံးသည်နှင့်ပင် ကျောင်းအုပ်ဆရာကြီးသည် အနည်းငယ်မျှ ပြုံးလိုက်မိ၏။   ဤအခြင်းအား  လူငယ်လေး မြင်သောအခါ ''ဘာလို့ပြုံးတာလဲ    အဘိုး။ ကျွန်တော်က သိပ်သနားစရာ၊   သိပ်ရယ်စရာ ကောင်းနေလို့လား''။

''မဟုတ်ပါဘူး   လူလေးရယ်။ လူလေး အဖြစ်က အဘိုးဖတ်ဖူးတဲ့ပုံပြင်ထဲက ကလေး လေးနဲ့ တူနေလို့ပါ'' ဟု ကျောင်းအုပ်ဆရာကြီး က ပြောလိုက်လေ၏။

''ဗျာ''

အံ့သြသွားသော      လူငယ်လေး၏ မျက်နှာအားကြည့်ပြီး ကျောင်းအုပ်ဆရာကြီး သည် ကျောင်းဆရာပီပီ  လူငယ်လေးအပေါ် ကောင်းကောင်း     နားလည်လိုက်ပါသည်။သို့သော်လည်း   ငါလူကြီး၊     ငါပြောတာကို နားထောင်ရမည်ဟု     သက်ရောက်မှု မရှိရလေအောင် ကျောင်းအုပ်ဆရာကြီးက-

''လူလေး နားထောင်ချင်သပဆို အဘိုး ပြောပြပါ့မယ်။ နားမထောင်ချင်ရင်တော့ ရှိပါ စေတော့''ဟု ဆိုလိုက်လေရာ လူငယ်လေးက-

''ပြောပါ၊ ပြောပါအဘိုးရယ်၊ ကျွန်တော် နားထောင်ချင်ပါတယ်'' ဟုဆို၏။ ကျောင်းအုပ် ဆရာကြီးသည် ကျောင်းသားတစ်ယောက်အား စာရှင်းပြသကဲ့သို့ပင် စိတ်ရှည်စွာဖြင့်  ပြောပြ ပါလေတော့သည်။

''တစ်ခါက ဖခင်တစ်ဦး စွန်လွှတ်နေတာ ကို သားဖြစ်သူက  သေသေချာချာကြည့်ပြီး ခဏအကြာမှာ   သားဖြစ်သူက ဖခင်အား ဒီလိုပြောတယ် လူလေး''

''ဖေဖေ စွန်ကလေးမှာချည်ထားတဲ့ကြိုး ကြောင့် စွန်ကလေးက လွတ်လပ်စွာ  မပြန် နိုင်ဘူးနော်။ စွန်လေး သနားပါတယ် ဖေဖေ ရယ်။ လွတ်လပ်စွာ   ပျံသန်းနိုင်ဖို့ ကြိုးကို ဖြတ်ပေးလိုက်ပါနော်'' လို့   သားဖြစ်သူက တောင်းဆိုလိုက်တယ်။  အဲဒီအခါ ဖခင်ဖြစ် တဲ့သူက-

ဖြတ်လိုက်လို့မဖြစ်ဘူးလေသားရဲ့။  စွန် ကလေး တည့်မတ်ဖို့ဆိုတာ ဖေဖေတို့ ထိန်း ကျောင်းဖို့လိုတယ် မဟုတ်လား၊  မဟုတ်ရင် စွန်ကလေး    ပျက်စီးသွားမှာပေါ့''   လို့ ပြန်ပြောလိုက်သတဲ့။ ဒါပေမယ့် သားဖြစ်သူ က သူ့အဖေပြောတဲ့စကားကို လုံးဝလက်မခံဘဲ စွန်ကလေးကို လွတ်လပ်ခွင့်ပေးဖို့အတွက်သာ အကြိမ်ကြိမ် တောင်းဆိုတာပေါ့။   ဒီလိုနဲ့ နောက်ဆုံးမှာ အဖေဖြစ်သူက သားဖြစ်သူရဲ့ ဆန္ဒကို   လိုက်ရောပြီး  စွန်ကြိုးကိုဖြတ် တောက်လိုက်တယ်။   ဒီလိုနဲ့ စွန်ကလေးဟာ ကြိုးမဲ့စွန်လေး ဖြစ်သွားတယ်။ ဒါကိုကြည့်ပြီး ကလေးငယ်လေးက ပျော်ရွှင်စွာ ထခုန်တော့ တာပဲ။ ဒါပေမယ့် အဲဒီပျော်ရွှင်မှုဟာ  ခဏ တာမျှနဲ့   ပျောက်ကွယ်သွားတော့တာပါပဲ'' ဟုဆိုလေရာ ထိုအခါကျမှ ပုံပြင်ထဲမျောနေ သော လူငယ်လေးသည် သက်ဝင် လှုပ်ရှားလာ ကာ- ''အဘိုးပုံပြင်က  ကျန်သေးတယ်လေ။ ဘာဖြစ်လို့ ကလေးလေးက ခဏပဲပျော်ရတာ လဲဟင်''

ကျောင်းအုပ်ဆရာကြီးသည် လူငယ်လေး အား ကျေနပ်စွာပြုံးပြရင်း-

''လူလေးရေ    လွတ်လပ်စွာပျံသန်းခွင့် ရသွားတဲ့ စွန်ကလေးမှာက ထိန်းသိမ်းပေးမယ့် ကြိုးမှမရှိတော့တာ။    အဲဒါကြောင့် ခဏ အကြာမှာပဲ  မြေပြင်ပေါ်  ပြုတ်ကျပျက်စီး သွားတာပေါ့။  ဒါကြောင့်မို့ ကလေးငယ်လေး ရဲ့အဖေက    ကြိုးမဲ့စွန်လေးမဖြစ်စေလိုလို့ တားခဲ့တာပေါ့ကွယ်''ဟု ဆိုတော့မှ လူငယ် လေးသည်  ခေတ္တမျှ တွေဝေငေးမောသွားပြီး-

''အဖေ့ရဲ့စေတနာ၊     မေတ္တာတွေကို ကျွန်တော် ကောင်းကောင်း နားလည်သဘော ပေါက်သွားပါပြီ  အဘိုး၊ နောက်နောင် မိဘ တွေရဲ့ စကားကို   ကျွန်တော်နားထောင်ပါ တော့မယ်'' ဟု ကတိပြုကာ ကျောင်းအုပ်ဆရာ ကြီးအား ရှိခိုးကန်တော့၍ လူငယ်လေးသည်  နှုတ်ဆက်စကားဆိုကာ မိဘများ၏ အိမ်သို့     သွက်လက်ပေါ့ပါးစွာ   ပြန်သွားပါလေတော့ သည်။       ။

ချစ်ညီ(ဘဝရသ)

ရေဆန်ကို အန်တု၍

ရေဆန်ကို အန်တု၍


သောကြာနေ့၏ ညနေခင်းရုံးဆင်းချိန်သို့ ရောက်ရှိတော့ မည်ဖြစ်သည်။ ခါတိုင်း သောကြာနေ့များနှင့်မတူဘဲ ယခု တစ်ပတ်၏   နောက်ဆုံးသော  တာဝန်ဝတ္တရားများကို ထမ်းရွက်ရခြင်းသည် ကိုယ်စိတ်နှစ်ပါး ပေါ့ပါးသလို ခံစား နေရသည်။ အကြောင်းမှာ တနင်္ဂနွေတစ်ရက်သာ ရုံးပိတ်ခဲ့ သော ကျွန်တော်တို့ကုမ္ပဏီကြီးသည် စနေနေ့ကိုပါ ရုံးပိတ် ရက်အဖြစ်      ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။ ကျွန်တော်တို့ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာ ရေး စသည့် ကိစ္စအဝဝအတွက်  တစ်ပတ်လျှင်   နှစ်ရက် အနားရမည်ဟူသောကြောင့်    ကျွန်တော်အပါအဝင် ဝန်ထမ်းများအားလုံး  ပျော်မဆုံးဖြစ်နေကြသည်။  စဥ့်ကူး၊ မတ္တရာ အစရှိသည့် မန္တလေးမြို့ကြီးနှင့် မနီးမဝေးသော မြို့ရွာများမှလာ၍ မန္တလေးမြို့တွင် အဆောင်နေပြီး အလုပ် လုပ်ကိုင်နေကြသော ဝန်ထမ်းများအတွက်လည်း စနေ၊ တနင်္ဂနွေ   နှစ်ရက်သည်   အိမ်အလွမ်းဝေဒနာများကို ဖြေသိမ့်ရန်အတွက်    အချိန်လုံလောက်ခဲ့ပြီဖြစ်သည်။ ကျွန်တော်လည်း  မရောက်တာကြာပြီဖြစ်သော  မိဘများ ရှိရာ ဇာတိချက်ြေ<ွက   ရေတော်မြေသို့ပြန်ရန်   စိတ်အား ထက်သန်နေမိတော့သည်။ သို့သော် ဘယ်အချိန် ဘယ်ရာသီ မှာ ပြန်ရမည်ကိုကား မဆုံးဖြတ်နိုင်သေးပေ။

ရုံးဆင်းချိန်ရောက်ပြီဖြစ်သောကြောင့်   ဆရာ့ကို နှုတ်ဆက်ရန် ဆရာ့ရုံးခန်းသို့ ကျွန်တော်သွားရောက်ခဲ့သည်။ ဆရာသည် သူ့အခန်းထဲတွင်ရှိသော   ကွန်ပျူတာဖြင့် တေးသီချင်းတစ်ပုဒ်ကိုဖွင့်လျက်   စိတ်လိုလက်ရရှိစွာ လိုက်လံဆိုညည်းနေလေသည်။ ဆရာသည် သီချင်းအပေါ် မှာ မည်မျှအာရုံစူးစိုက်နေသည်မသိ။ ကျွန်တော်ဝင်လာ သည်ကိုပင် သတိမူမိပုံမပေါ်ပေ။ သူလိုက်၍ ဆိုညည်းနေ သော သီချင်းမှာ အဆိုတော်ခင်မောင်တိုး၏ ဆယ်လမွန် ငါးတို့အပြန်သီချင်းဖြစ်သည်။ ထိုသီချင်းကို ကြားမိတိုင်း တစ်ခုခုကို   လွမ်းသလိုလို၊   အားအင်တွေရှိလာသလိုလို ကျွန်တော် ခံစားရလေ့ရှိသည်။ အထူးသဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကြောင့် စာရေးဆရာကြီးများ ရေးသားထား ကြသော ဆယ်လမွန်ငါးတို့၏   ဘဝဖြတ်သန်း   နေထိုင် ရှင်သန်ကြပုံများကို သိခွင့်ရခဲ့၍ ထိုသီချင်းကို ပို၍ကြိုက်နှစ် သက်ခဲ့သည်။

သီချင်းအဆုံးမှာ ဆရာသည်   ကျွန်တော့်ကို မပြန် သေးဘူးလားဟူသောအကြည့်ဖြင့်  စကားဆိုလေသည်။ ကျွန်တော်ကလည်း ဆရာ့ကို လာနှုတ်ဆက်တာပါဟူသော အပြုံးဖြင့် ပြန်လည်စကားဆိုမိသည်။ ဆရာနှင့်ကျွန်တော် နှစ်ယောက်စလုံး  အိမ်မပြန်ကြသေးဘဲ   ထွေရာလေးပါး စကားပြောကြရင်း ဆရာနားထောင်နေသော သီချင်းအကြောင်း သို့ ရောက်ရှိသွားသည်။ ဆရာက အဆိုတော်ခင်ဝမ်း၏သီချင်းတွေထဲမှာ ဒီဆယ်လမွန်ငါးတို့အပြန် သီချင်းကို အကြိုက်ဆုံးဟု ဆိုလေသည်။

ကျွန်တော်က ခင်မောင်တိုး၏သီချင်းမဟုတ်ဘူးလား ဟုမေးတော့ ဆရာက ကျွန်တော့်ကိုခေါင်းခါပြ၍ ''မဟုတ် ဘူးကွ။ ဒီသီချင်းကို ၁၉၈၁ ခုနှစ်လောက်က အဆိုတော် ခင်ဝမ်းက ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုခဲ့တာ။ မင်းပြောတဲ့ အဆိုတော်ခင်မောင်တိုးက နောက်မှပြန်ဆိုတာ။ အေးလေ မင်းကငယ်သေးတော့ ခင်မောင်တိုးပြန်ဆိုတဲ့အချိန်ကျမှ နားထောင်ဖူးမှာပေါ့''ဟုဆိုရင်း သီချင်းကိုအစမှ ပြန်ဖွင့်ပြ သည်။ စကားလုံးများဖြင့်ဖွဲ့သီ၍  ငြိမ့်ညောင်းလှသော ဂီတအသံဖြင့် တန်ဆာဆင်ထားသော အဆိုတော်ခင်ဝမ်း ၏ ထိုသီချင်းသည် ကျွန်တော့်ရင်ထဲသို့ အတိုင်းအဆမရှိ ဝင်ရောက်နေရာယူနေတော့သည်။ သီချင်းပြီးဆုံးသွား၍ ပိတ်လိုက်သော်လည်း ဆရာနှင့်ကျွန်တော် စကားမပြော ဖြစ်ဘဲ ကိုယ့်အတွေးနှင့်ကိုယ် ရွက်လွှင့်နေမိကြသည်။

အချိန်ဟူသော ဒီရေလှိုင်းတံပိုးသည် ကျွန်တော်တို့ ဆရာတပည့်နှစ်ဦး၏ အတွေးကမ်းစပ်ကို တအိအိ ပုတ်ခတ် နေသည်။ သီချင်းတစ်ပုဒ်၏ ခေါ်ဆောင်ရာနောက်သို့ တကောက်ကောက်လိုက်ပါနေသော်လည်း အိမ်ပြန်ချိန် တန်ခဲ့ပြီဖြစ်သည်။ ပြန်နေကျလမ်းဖြစ်သော်လည်း ဒီနေ့မှ သတိထား၍ အိမ်ပြန်ရာလမ်းတစ်လျှောက် ဘေးဘီဝဲယာ များကို ကျွန်တော် သတိထားကြည့်မိသည်။ ဆယ်လမွန်ငါး အများကြီးကို မြင်တွေ့ခဲ့ရသည်။

တချို့တလေ  ရေဆန်ကိုအန်တု   ကူးဖြတ်နိုင်ရန် အတွက် ရေစုန်မှာမျောရင်း ရှာဖွေနေကြသည်။ တချို့ ကတော့ ခပ်ကြမ်းကြမ်းရေဆန်လမ်းကို မရပ်မနားကူးခတ် နေကြသည်။  မည်သို့ပင်ဖြစ်စေ   တစ်ဘဝတာအတွင်း ရေဆန်လမ်းကို မလွဲမသွေ   ကူးခတ်ကြရမည်ဖြစ်သည်။မည်သူတွေ ရေဆန်ကိုအန်တု၍ လိုရာခရီးကို အရောက် သွားနိုင်ကြမည်နည်း။ မည်သူတွေ လမ်းခုလတ်မှာ ကျရှုံး ကြရမည်နည်း။ သေချာသည့်အဖြေသည်ကား မရှိ။ ရွာက အမျိုးများ အလည်လာတိုင်းကြားရလေ့ရှိသည့် ''မင်းညီလေး က ကိုရီးယားမှာ အလုပ်သွားလုပ်နေတာလေ။ မင်းအစ်ကို က ထိုင်းမှာအလုပ်သွားလုပ်နေတာ သုံးနှစ်ရှိပြီလေ။ ရာသီ ဥတုကဖောက်ပြန်နေတော့ စပါးခင်းတွေ ရေမြုပ်၊ ပဲခင်းက အထွက်မကောင်းတော့ မင်းဦးလေးတောင် နွားနှစ်ကောင် ရောင်းပြီး မလေးရှားကို အလုပ်သွားလုပ်နေရတာ'' စတဲ့ ကျွန်တော့်ဆွေမျိုးညာတိတွေကရော  ရေဆန်မှာ မည်မျှ ကူးခတ်နေကြရမည်နည်း။ ဇာတိချက်ြေ<ွက မွေးရပ်မြေကို စွန့်ခွာပြီး မကျင်လည်ဖူးသည့် သူစိမ်းနယ်ပယ်မှာ မည်မျှ ခက်ခဲကြမ်းတမ်းစွာ ကူးခတ်နေကြရမည်နည်း။  သူတို့ ဘယ်အချိန်မှာ အိမ်ပြန်နိုင်ကြမည်နည်း။ ကျွန်တော့်အတွေး ပေါင်းများစွာသည် နီရွန်မီးရောင်စုံများကြားတွင် ပြေးလွှား နေတော့သည်။

ပြန့်ကျဲနေသောအတွေးများသည် အနှစ်နှစ်အလလ မေ့လျော့ထားခဲ့သော  ကိုယ့်ဘဝထံသို့   အမှတ်မထင် ချင်းနင်းဝင်ရောက်မိသည်။ ဘဝတစ်ခု၏ စားဝတ်နေရေး ဟူသော ခေါင်းစဉ်အောက်တွင် စုန်လိုက်ဆန်လိုက်ဖြင့် ရုန်းကန်နေရသော ကျွန်တော် ဘာတွေရှာဖွေပြီးခဲ့ပြီလဲ။ကိုယ့်ဇာတိရပ်ရွာအတွက်၊ ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံအတွက် မည်မျှစွမ်းဆောင်နိုင်ခဲ့ပါပြီလဲ။     တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်ခဲ့ပါပြီလား။ ကိုယ့်ကိုယ်ကိုယ် မေးမိသော  မေးခွန်းများကိုပင်  ကျွန်တော်မဖြေနိုင်ပေ။သည့်အတွက် ကံကိုတော့ ရိုးမယ်မဖွဲ့ချင်။ ဆယ်လမွန်ငါး တွေကတော့ သူတို့အမျိုး၊ သူတို့ဇာတိအတွက် မရဏကို ဂရုမထားဘဲ ရေဆန်ကိုကူးဖြတ်၍ အလုပ်နှင့် သက်သေပြ ခဲ့ကြသည်။ ကျွန်တော်က ကိုယ့်အမျိုး၊ ကိုယ့်နိုင်ငံအတွက် မဆိုထားဘိ ကိုယ့်အတွက်ကိုပင် လက်ပန်းကျချင်နေသည်။ ဆရာဇော်ဂျီက

သင်...သေသွားသော်

သင်ဖွားသောမြေ သင်တို့မြေသည်

အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ဟု  ''သင်သေ သွားသော်''ကဗျာထဲတွင် မှာတမ်ြးေ>ွခခဲ့သည်။ ကျွန်တော်တို့ က ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသကို တိုးတက်တာမြင်ချင်သည်ဟု ဆိုလေ့ရှိကြသည်။ သို့သော် ကျွန်တော်တို့ ကိုယ့်ရပ်ကိုယ့်ရွာ အတွက် မည်မျှစွမ်းဆောင်ခဲ့ပြီးပြီလဲဟူသည့် မေးခွန်းကို တော့ ဖြေနိုင်သူ အလွန်နည်းပါးပေလိမ့်သည်။

ကျွန်တော်တို့နိုင်ငံတွင် ဆယ်လမွန်ငါးများ များစွာ ရှိသည်။  ရေစုန်မှာမရှာဖွေဘဲ  ဖြစ်သလိုမျှောလိုက်ရင်း ဝဲဂယက်မှာ ပျောက်ပျက်သွားသူများလည်းရှိသည်။ ရေစုန် မှာရှာဖွေပြီး ရေဆန်ကို အန်တုနေကြသူများလည်းရှိသည်။ ရေစုန်ရေဆန်လမ်းနှစ်သွယ်မှာ ကူးလူးရုန်းကန်နေရသူ များစွာလည်းရှိသည်။  ကိုယ့်နိုင်ငံ၊   ကိုယ့်လူမျိုးအတွက် ရေဆန်ကိုအန်တု မရဏနှင့် စစ်ခင်းခဲ့ကြသူများလည်း ရှိသည်။ သို့သော်  ရေဆန်လမ်းကို   ဖြတ်ကူးလာမည့် ဆယ်လမွန်ငါးများကို စောင့်ဖမ်းကြမည့် ဝက်ဝံကြီးများစွာ လည်းရှိသည်။ မည်သို့ပင်ဖြစ်စေ ဆယ်လမွန်ငါးများကဲ့သို့ ရေဆန်ကိုအန်တု၍ မလွဲမသွေကူးခတ်ကြရမည်ကတော့ အသေအချာပင် ဖြစ်တော့သည်။

ရေတော်သား

ဘားအံမြို့နယ်တွင် ယာဉ်လမ်းရှင်းလင်းနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား ချက်ချင်းဖမ်းဆီးရမိ

ဘားအံမြို့နယ်တွင် ယာဉ်လမ်းရှင်းလင်းနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား ချက်ချင်းဖမ်းဆီးရမိ

ဘားအံ   အောက်တိုဘာ   ၂၇

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ယာဉ်ကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဆောက်လုပ်ရေးဝန်ထမ်း တစ်ဦးကို ယနေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး  ဆိုင်ကယ်ဖြင့် လာရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နောင်လုံတံတားဆောက်လုပ်ရေးရုံးညစောင့် တစ်ဦး  ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 အောက်တိုဘာ  ၂၇ ရက်    မွန်းတည့်   ၁၂ နာရီခန့်က ဘားအံမြို့နယ် နောင်လုံတံတားတွင် ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်နေသည့် အိန္ဒု နယ်မြေရဲစခန်းမှ  ရဲဒုတပ်ကြပ် မျိုးဇော်အောင်အား နံပါတ်မပါဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုး သားတစ်ဦးက သေနတ်အတိုဖြင့် အနီးကပ်ပစ်ခတ် ခဲ့ကြောင်း၊ ပစ်ခတ်သည့်ကျည်ဆန်မှာ ရဲဒုတပ်ကြပ် မျိုးဇော်အောင်၏   ဝဲရင်ဘတ်မှ   ကျည်ဝင်ပြီး နောက်ကျောသို့ ဖောက်ထွက်ကာ လုံခြုံရေးတဲပေါ်ရှိ ခုံတန်းတွင်  ထမင်းစားနေသည့် နောင်လုံတံတား ဆောက်လုပ်ရေးရုံး   ညစောင့်ဖြစ်သူ   ကိုသက်လွင် (၄၆နှစ်) နောင်လုံကျေးရွာ    ဘားအံမြို့နယ်နေသူ၏     ဝဲဘက်လက်မောင်းပါ  ကျည်ဖောက်ထွက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား  ဘားအံ ဆေးရုံကြီးသို့  ပို့ဆောင်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင်   ရဲဒုတပ်ကြပ် မျိုးဇော်အောင်မှာ  ရရှိခဲ့သည့်  သေနတ်ဒဏ်ရာကြောင့်   ဘားအံ          ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်သူအား နောင်လုံတံတား ဖြတ်သန်းသွားရန် ရောက်ရှိလာသည့် ဘားအံ မြို့နယ် အိန္ဒုကျေးရွာ ကျိုက်ပွန်ကျောင်းဆရာတော် ဘဒ္ဒန္တကုသလ၊ အကျဉ်းသားများ  ကူညီစောင့်ရှောက် ရေးအသင်းမှ   ဦးအောင်ဝင်း(ခ) အညာသား၊ မြဝတီ မြို့နေသူ၊    ရဲမှုထမ်းအငြိမ်းစား  ဦးလှဝင်းနှင့် ဦးသန်းကျော်စိုးတို့က  ဝိုင်းဝန်းဖမ်းဆီးရာ သေနတ် ဖြင့် ပစ်ခတ်သူ စောသန်းနိုင်(၅၂ နှစ်) ကျော့ကေးကီး ကျေးရွာ ဟတ္တလိုက်ကျေးရွာအုပ်စု ဘားအံမြို့နယ် နေသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့နောက်   နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များထံ   အပ်နှံခဲ့သဖြင့်    အိန္ဒု နယ်မြေ  ရဲစခန်းမှူး   ရဲအုပ်မင်းအောင်ထွန်းက  ဆက်လက်စစ်ဆေးခဲ့ရာ စောသန်းနိုင်ထံမှ   လူဂါ အမျိုးအစား အနက်ရောင်ပစ္စတို   သေနတ်တစ်လက်၊ ယင်းကျည်ကတ်တစ်ခု၊ ၉ မမ  အမျိုးအစား ကျည်ခုနစ် တောင့်၊ ကျည်ခွံတစ်ခုတို့ကို ရှာဖွေသိမ်းဆည်းရရှိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး   အိန္ဒုနယ်မြေရဲစခန်းက  အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း   သိရ သည်။                                                     

မင်းသူ(ဘားအံ)

အမေရိကန် အထင်ကရပုဂ္ဂိုလ်များထံ ပါဆယ်ဗုံးပို့သူကို ဖမ်းမိပြီ

အမေရိကန် အထင်ကရပုဂ္ဂိုလ်များထံ ပါဆယ်ဗုံးပို့သူကို ဖမ်းမိပြီ

ဝါရှင်တန်  အောက်တိုဘာ ၂၇

အမေရိကန်နိုင်ငံရှေ့နေချုပ် ဂျက်ဖ်ဆက် ရှင်က  ဖလော်ရီဒါပြည်နယ်မှ  ပါဆယ်ဗုံး  တရားခံဖြစ်သူ   ဆီဇာဆာရက်အား အက်ဖ်ဘီအိုင်တွင်   ဖမ်းဆီးထိန်းသိမ်း ထားပြီး သီးခြားပြစ်မှု ငါးခုဖြင့် စွဲချက် တင်ထားကြောင်း မကြာသေးမီက ပြော ကြားခဲ့သည်။

ရှေ့နေချုပ် ဆက်ရှင်က ဆာရက် အား   နယ်ကျော်ဖောက်ခွဲရေးပစ္စည်း တစ်ခုပို့ဆောင်မှု၊ ဖောက်ခွဲရေးပစ္စည်း များကို  ပါဆယ်ပို့ဆောင်မှု၊  အမေရိကန် သမ္မတဟောင်းနှင့်  အခြားအထင်ကရ ပုဂ္ဂိုလ်များအား ခြိမ်းခြောက်မှုတို့ အပါ အဝင် စုစုပေါင်း ပြစ်မှုငါးခုဖြင့် အောက် တိုဘာ  ၂၆ ရက်က တရားစွဲဆိုခဲ့ကြောင်း သိရသည်။

တရားခံသည်    ပြစ်မှုကျူးလွန် ကြောင်း တွေ့ရှိပါက ထောင်ဒဏ်  ၅၃ နှစ်အထိ  ချမှတ်ခံရမည်ဖြစ်ကြောင်း ဆက်ရှင်က ပြောကြားခဲ့သည်။

အသက် ၅၆ နှစ်ရှိ  ဆာရက်သည် ရာဇဝတ်ပြစ်မှုများ  ကျူးလွန်ခဲ့ဖူးသည့် နောက်ခံသမိုင်းကြောင်းများ ရှိခဲ့ကြောင်း  သိရသည်။

ဆာရက်ပေးပို့ခဲ့သော အထုပ်  ၁၂ ထုပ်ထဲတွင်   လက်လုပ်ဖောက်ခွဲရေး ပစ္စည်း  ၁၃  ခုပါရှိပြီး  အထုပ်တစ်ထုပ် ချင်းစီတွင်      ခြောက်လက်မအရှည်  ပီဗွီစီပိုက်တစ်ချောင်း၊    နာရီသေး တစ်လုံးနှင့်  ပေါက်ကွဲနိုင်ခြေရှိသည့် ပစ္စည်းများပါရှိကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး   ခရစ္စတိုဖာ ဝါရီက ပြောခဲ့သည်။

အထုပ်တစ်ထုပ်ပေါ်မှ   ရရှိသည့် လက်ဗွေရာမှတစ်ဆင့် စုံစမ်းစစ်ဆေး ရေးမှူးများက ဆာရက်ကို ဖော်ထုတ် နိုင်ခြင်းဖြစ်ကြောင်းနှင့်   နောက်ထပ် အထုပ်တစ်ထုပ်တွင်လည်း မျိုးရိုးဗီဇ ဒီအင်န်အေ  အထောက်အထားဖြစ် နိုင်ဖွယ်ကို  တွေ့ရှိခဲ့ရကြောင်း  ¤င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ    လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများကို သမ္မတဟောင်း အိုဘား မား၊     နိုင်ငံခြားရေးဝန်ကြီးဟောင်း  ဟီလာရီကလင်တန်၊     ရှေ့နေချုပ် ဟောင်း  အဲရစ်ဟိုဒါ၊   ဒီမိုကရက်ပါတီ အောက်လွှတ်တော်အမတ်နှစ်ဦး၊ စီအိုင် အေòန်ကြားရေးမှူးဟောင်း     ဂျွန် ဘရန်နန်   အပါအဝင်  ထင်ရှားသည့် ဒီမိုကရက်များကို လိပ်မူပြီး  ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အေအက်ဖ်ပီ/မြန်မာ့အလင်း

Saturday, October 27, 2018

စန္ဒီမြင့်လွင်က ငါးခွေမြောက် တစ်ကိုယ်တော်အခွေထွက်ရန် ပြင်ဆင်နေ

စန္ဒီမြင့်လွင်က ငါးခွေမြောက် တစ်ကိုယ်တော်အခွေထွက်ရန် ပြင်ဆင်နေ

ဆေးရောင်လှလှ ဟုအမည်ရသည့် တေးစီးရီးထွက်ခဲ့ပြီးနောက် အမျိုးသမီး ရက်ပ် အဆိုရှင်အဖြစ် ပရိသတ်လက်ခံလာခဲ့သူ စန္ဒီမြင့်လွင်အနေဖြင့် ရှော့ခ် ၊ ကလီယို ပတ်ထရာ  စသည့် စီးရီးများဖြင့်လည်း အောင်မြင်မှုရခဲ့ပြီး လက်ရှိအချိန်တွင် ငါးခွေ မြောက် တစ်ကိုယ်တော်အခွေကို ထွက်ရှိနိုင်ရန် သီချင်းများပြင်ဆင်နေကြောင်း သိရ သည်။

စန္ဒီမြင့်လွင်အနေဖြင့် အိမ်ထောင်ကျပြီးနောက်ပိုင်း ဂီတအလုပ်များကို လုပ်နိုင်မှု နည်းလာသလို ပရိသတ်နှင့် အလှမ်းဝေးလာသလို ခံစားရခြင်းကြောင့်  ထပ်မံ၍ ပရိသတ်ထံ သူ့ဂီတများ ပြန်လည်ပို့ဆောင်ပေးနိုင်ရန် စီစဉ်နေကြောင်း၊ ဂီတလောက တွင် အဆိုတော်များအနေဖြင့် ဈေးကွက်ပျက်နေသည့်ကြားမှ  ရုန်းကန်ပြီး  မိမိ၏ ဝါသနာကို မစွန့်လွှတ်နိုင်သောကြောင့် တေးစီးရီးများ ထွက်ရှိနိုင်ရန် ကြိုးစားပြင်ဆင် နေကြရာ ထိုသို့ ကြိုးစားနေသူများထဲတွင် သူလည်းပါဝင်ကြောင်း စန္ဒီမြင့်လွင်က ဆိုသည်။

''ဒီဒီ ရဲ့  ငါးခွေမြောက် တစ်ကိုယ်တော်ခွေ ထွက်နိုင်ဖို့  သီချင်းတွေ ပြင်ဆင်နေပါ တယ်၊ ၂ဝ၁၉ လောက်တော့ ထွက်နိုင်မှာပါ၊ အခုထွက်မယ့်အခွေမှာ ပုံမှန်မြင်နေကျ အတိုင်း ချစ်ကြိုက်၊ ညားကွဲတဲ့ပုံစံမျိုး မြင်ချင်မှ မြင်ရမှာပါ၊ ဒီဒီက သီချင်းခွေ တစ်ခွေ ထွက်တိုင်း ပရိသတ်အတွက် ရသတစ်ခုမဟုတ်တစ်ခုကျန်ခဲ့တာ အားလုံးသိပြီးသားပါ၊ အခု ငါးခွေမြောက်ကိုလည်း ရုပ်ရှင်ဆန်ဆန်လေးလုပ်မှာပါ၊ MTV  ကို အဲလိုလေး ရိုက်မှာပေါ့နော်၊ ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့ သီချင်းလေးတွေပဲ လုပ်ချင်တော့တယ်၊ နောက်ပြီး ဒီဒီရဲ့ဘဝနဲ့သက်ဆိုင်တဲ့ ပုံစံလေးတွေ မြင်ရမယ်လေ၊ ပြီးတော့  ပတ်ဝန်း ကျင်ကလူတွေရဲ့ ဘဝအကြောင်းတွေ ပါအောင်ထည့်မယ်လို့ စိတ်ကူးထားပါတယ်''ဟု အခွေသစ်အတွက် ပြင်ဆင်နေမှုကို ပြောပြသည်။

''အမှန်အတိုင်းပြောမယ်ဆို ဒီဒီတို့လည်း မကိုက်ပါဘူး၊ ပိုက်ဆံကုန်ပေမယ့် ကိုယ့် ပရိသတ်အတွက်၊ ကိုယ့်ဝါသနာအတွက် မစွန့်လွှတ်နိုင်တာပါ ၊ စီးရီးတစ်ခွေလုံးထုတ် လိုက်ရတာထက် သီချင်းတစ်ပုဒ်ချင်း အွန်လိုင်းကနေဖြန့်လိုက်တာ ပိုထိရောက်မယ်လို့ ထင်တယ်၊ တကယ်ထိရောက်ပါတယ်၊ စီးရီးတစ်ခွေလုံးဝယ်ပြီး နားထောင်မယ့်နေ့ကို တော့ မျှော်လင့်မိတာအမှန်ပါပဲ၊ ဘာပဲပြောပြော ဒီဒီကတော့ ပရိသတ်အတွက် အခွေ တွေအများကြီး ထုတ်နိုင်ခဲ့တယ်၊ ပရိသတ်အားပေးမှုလည်း ရခဲ့တယ်၊ ဒီအတွက် ကြောင့် နောက်ထပ် သီချင်းငါးပုဒ်နဲ့ တစ်ကိုယ်တော်အခွေ    ထွက်လာဦးမှာပါ''ဟုလည်း စန္ဒီမြင့်လွင်က ဆက်ပြောသည်။

ကိုလင်း

အကယ်ဒမီ ထွန်းအိန္ဒြာဗို သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်၍ထုတ်လုပ်ရေးသာ ဆက်လုပ်သွားတော့မည်

အကယ်ဒမီ ထွန်းအိန္ဒြာဗို သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်၍ထုတ်လုပ်ရေးသာ ဆက်လုပ်သွားတော့မည်

၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့သည့် ၁၉၉၉ ဟုအမည် ပေးထားသော ပထမဆုံး တစ်ကိုယ်တော်စီးရီးဖြင့် အောင်မြင်မှုများရရှိခဲ့ပြီး အဆိုတော်အဖြစ်နှင့် သာမက သရုပ်ဆောင်အဖြစ်နှင့်ပါ ပရိသတ်၏ အားပေးမှုများကို ရရှိခဲ့သည့် အဆိုတော် သရုပ် ဆောင် ထွန်းအိန္ဒြာဗိုက အသက်အရွယ်ကြောင့် သရုပ်ဆောင်အလုပ်ကို  စွန့်လွှတ်တော့မည်ဖြစ် ကြောင်းနှင့် ထုတ်လုပ်ရေးကိုသာ ဆက်လုပ်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုအချိန်အထိ    ပရိသတ်လက်ခံနေဆဲ အနုပညာရှင်တစ်ယောက် ဖြစ်နေသော်လည်း အနုပညာအလုပ်များ ရပ်နားနေရသည့်ကိစ္စနှင့် ပတ်သက်၍ ထွန်းအိန္ဒြာဗိုက ''ကျွန်မရဲ့Fan စစ်စစ်တွေကိုတော့ တောင်းပန်ပါတယ်။ ကျွန်မ ရှောင်လွှဲလို့မရတဲ့စကားကိုတော့ ကျွန်မပြောရ တော့မှာပါပဲ။ အသက်အရွယ်ကြောင့် အနုပညာ သရုပ်ဆောင်အလုပ်ကနေ   နားပါတော့မယ်။ ထုတ်လုပ်ရေးကတော့   ဆက်လုပ်ဖြစ်ပါမယ်၊ ထုတ်လုပ်ရေးကိုတော့ ပုံမှန် မခိုင်တို့ လုပ်ဖြစ် မှာပါလေ၊ စီးပွားဖြစ်လုပ်တာဆိုတာထက် ကိုယ့် ရဲ့  အနုပညာသူငယ်ချင်းတွေနဲ့လည်း  အဆက် မပြတ်တွေ့နေရမယ်၊ စုစည်းမှုလည်း ရနေမယ် လေ၊ သရုပ်ဆောင်အလုပ်ကို ငြီးငွေ့လာတာ တော့ မဟုတ်ပါဘူး''ဟု ထွန်းအိန္ဒြာဗိုက ပြော သည်။
''တကယ်တမ်းပြောမယ်ဆို ဒီအလုပ်က ကိုယ် စပြီး သရုပ်ဆောင်တော့မယ်ဆို စိတ်ဝင်စားမှုက အဓိကကျပါတယ်၊ မလုပ်ခင်လေးခဏမှာတော့ တော်တော် ဝန်လေးတယ်၊ အရွယ်ကောင်းတုန်း ကတော့ စိတ်ကသိပ်ပြီး အလုပ်အပေါ် အာရုံစိုက် နိုင်တယ်၊ စိတ်ဓာတ်ကလည်း တက်ကြွနေတာကို၊ အဲဒီတုန်းက ကိုယ့်ဟာကို ဘရိတ်မနည်းအုပ်ထား ရတယ်၊ အခုချိန်မှာတော့ စိတ်တွေက ဟိုအောက် ဆုံးကိုရောက်နေတယ်၊   အဲဒီတော့နားပြီး ဘာ သာရေးလေးလုပ်မယ်၊   စီးပွားရေးလုပ်မယ်၊ ချမ်းသာလွန်းလို့တော့ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ အသက်က တဖြည်းဖြည်း စကားပြောလာပြီလေ၊ အဲဒီတော့ လုပ်သင့်တာကိုလုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်က ပိုခိုင်မာပါတယ်၊ ဒီအလုပ်ကို စွန့်လွှတ် တော့မှာပါ''ဟုလည်း ထွန်းအိန္ဒြာဗိုက ဆက် လက်ပြောဆိုခဲ့သည်။

ထွန်းအိန္ဒြာဗိုသည်  ၁၉၉၉ ခုနှစ်တွင် ပထမ ဆုံးစီးရီး အောင်မြင်ခဲ့သည့်အပြင် ထိုနှစ်မှာပင် နှောင်းတမြေ့မြေ့ ရုပ်ရှင်ဇာတ်ကားဖြင့် သူ့ဘဝ ၏ အောင်မြင်မှုနောက်တစ်ခုအဖြစ် ရုပ်ရှင်သရုပ် ဆောင်တိုင်း တောင့်တသည့် အကယ်ဒမီရွှေစင် ရုပ်တုကို ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် ၂ဝဝ၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို အမေ့နို့ဖိုး ရုပ်ရှင် ဇာတ်ကားဖြင့် လည်းကောင်း၊  ၂ဝဝ၄ ခုနှစ်တွင် တတိယအကြိမ်မြောက်အဖြစ် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို မိုးကုပ်စက်ဝိုင်း ကိုကျော်လွန်၍   ရုပ်ရှင်ဇာတ်ကားဖြင့်လည်း ကောင်းရရှိခဲ့ပြီး ဂီတရော၊ ရုပ်ရှင်သရုပ်ဆောင် ဘက်တွင်ပါ အထူးအောင်မြင်သည့် အနုပညာ ရှင်တစ်ယောက်ဖြစ်ခဲ့သည်။

ကိုလင်း

Friday, October 26, 2018

မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန် ဝမ်းမစ်ဒယ်ဝိတ်တန်းခါးပတ် ဆက်လက် ကာကွယ်နိုင်

မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆန် ဝမ်းမစ်ဒယ်ဝိတ်တန်းခါးပတ် ဆက်လက် ကာကွယ်နိုင်

ရန်ကုန် အောက်တိုဘာ ၂၆

One Championship က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အဆင့်မီ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲ ONE: Pursuit of Greatness ကို ယနေ့ညနေ ၆ နာရီခွဲ က ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ယင်းပြိုင်ပွဲတွင် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် အောင်လအန်ဆန်က ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်နိုင်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့သည်။

အဆိုပါပွဲတွင် စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာခီက အောင်လအန်ဆန်အား ချုပ်ကွက်ဖြင့် အနိုင်ယူရန်ကြိုးစားသော်လည်း အောင်လအန်ဆန်၏ လက်သီးထိုးချက်များကြောင့် ၂ မိနစ်နှင့် ၂၂ စက္ကန့်ခန့်တွင် အောင်လအန်ဆန်အား အရှုံးပေးလိုက်ရသည်။

''ကျွန်တော့်လက်သီးက တော်တော်ပြင်းတယ် (ရယ်လျက်) ကျွန်တော်ထိုးလိုက်တာ သူနှာခေါင်းရိုး ကျိုးသွားတယ်။ သူက နှာခေါင်းရိုးကျိုးသွားတော့ လုံးချင်တယ်၊ လုံးချင်တဲ့အချိန်မှာ အကယ်၍ ကျွန်တော် မလုံးတတ်ဘူးဆိုရင်၊ ကိုယ့်ဆီမှာ နပန်းမတတ်ဘူးဆိုရင် အလုံးခံရမှာ၊ မကာကွယ်နိုင်ရင် ရှုံးနိုင်တယ်။ နောက်ပိုင်း လိုက်ဟဲဗီးဝိတ် ကာကွယ်ဖို့ရှိတယ်။ ၁ဝဝ ရာခိုင်နှုန်းတော့ မပြော နိုင်သေးဘူး။ ကျွန်တော့်ကို ဟဲဗီးဝိတ်တစ်ယောက်က စိန်ခေါ်ထားတယ်''ဟု ပွဲအပြီးတွင် အောင်လအန်ဆန်က သတင်းထောက်များကို ပြောသည်။

ပြည်တွင်းပွဲစဉ်တွင် ရဲသွေးနီက မိုက်ရိုင်းအား အမှတ်ဖြင့်လည်းကောင်း၊ ဆူးဘား(မလေးရှား)က ပထမ အချီတွင် ဖိုးသော်(မြန်မာ)အားချုပ်ကွက်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့သည်။

ပြည်ပပွဲစဉ်တွင် သြဂတ်စတင်(အင်ဒိုနီးရှား)က အီဘင်(ဖိလစ်ပိုင်)အား ပထမအချီတွင်လည်းကောင်း၊ ဂျ(စ်)ဆူး(အာဖဂန်နစ္စတန်)က မာဇူဒေါင်(တရုတ်)အား ဒုတိယအချီတွင်လည်ကောင်း၊ တိုနာ (သြစတြေးလျ)က လာဆီရီ(အီတလီ)အား အမှတ်ဖြင့်လည်းကောင်း၊ လူးအစ် ဆန်တိုး(စ်) (ဘရာဇီး)က အေဘီ(ဂျပန်)အား ပထမအချီ တွင်လည်းကောင်း၊ ဟန်ဇီဟွာ(တရုတ်)က ရိုင်ယန်ဂျာကီရီ (ဖိလစ်ပိုင်)အား ပထမအချီတွင်လည်းကောင်း၊ မာဆာကဇူ (ဂျပန်)က ရက်ဒင်း(စင်္ကာပူ)အား ပထမအချီတွင် လည်းကောင်း၊ Khbabez (မော်ရိုကို)က Ibrahim (မော်ရိုကို)အား နောက်ဆုံးအချီတွင်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို တွဲဆိုင်း(၁၂)ဆိုင်း ထည့်သွင်း ကျင်းပသော်လည်း အီမီလီရို(အမေရိကန်)နှင့် ကာဇူကီ (ဂျပန်)တွဲဆိုင်းနှင့် ရာဖေး(လ်)(ဘရာဇီး)နှင့် မိုလစ်ဒ်(ရုရှား)တို့ပွဲမှ ကစားသမားနှစ်ဦးမှာ ဆေးကျခြင်းကြောင့် ယင်းတွဲဆိုင်းနှစ်ခုကို ဖျက်သိမ်းခဲ့ရကြောင်း၊ ဆေးကျ သွားသည့် ကစားသမား နှစ်ဦး၏အခြေအနေမှာ ထိုးသတ် ရန်မဖြစ်နိုင်သည့် အခြေအနေတွင်ရှိပြီး ထိုးသတ်ခွင့်ပေးလို့ မရလောက်အောင် အသက်အန္တရာယ်ရှိခြင်းကြောင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ- ဇာနည်မောင်၊ အေးမင်းသူ

ပရီမီယာလိဂ် ထိပ်တန်းကစားသမားတွေ ကျောခိုင်းဖို့ရှိနေတဲ့ ဇန်န၀ါရီဈေးကွက်

ပရီမီယာလိဂ် ထိပ်တန်းကစားသမားတွေ ကျောခိုင်းဖို့ရှိနေတဲ့ ဇန်န၀ါရီဈေးကွက်


ပရီမီယာလိဂ်ရာသီကတော့  ယခင်ရာသီတွေလိုပဲ  ပြိုင်ဆိုင်မှုတွေက  ပြင်းထန်ဆဲလို့ပြောရမယ်။  ဒီနှစ်ရာမှာတော့  ပရီမီယာလိဂ် ထိပ်ဆုံးနေရာအတွက် ချယ်လ်ဆီး၊ မန်စီးတီးနဲ့ လီဗာပူးအသင်းတို့က အပြိုင်ရှိနေကြတယ်။ စပါး၊  အာဆင်နယ်တို့ကတော့ ထိပ်ဆုံးပိုင်း ကိုရဖို့  ကြိုးစားနေရတဲ့အချိန်မှာတော့ မန်ယူအသင်းကတော့ ထိပ်ဆုံးလေးသင်းဝင်ရေးအတွက် အပြင်းအထန် ကြိုးစားနေရတဲ့ အခြေ အနေတွေမှာရှိနေတယ်။   အခုလိုအခြေအနေနဲ့အတူ   လာမယ့်ဇန်နဝါရီမှာတော့   ပြိုင်ဆိုင်မှုပြင်းထန်လွန်းတဲ့  ပရီမီယာလိဂ်ကို  စွန့်ခွာဖို့ ရှိနေတဲ့ ထိပ်တန်းကစားသမား သုံးဦးလည်းရှိနေပါတယ်။ သူတို့ကတော့...
ဟာဇက်
ဟာဇက်နဲ့   ပတ်သက်တဲ့   ရီးရဲမက်ဒရစ်   သတင်း တွေဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ကြားနေခဲ့ ရတဲ့ သတင်းလို့ ပြောရမှာပါ။ ဒါပေမယ့် အခုထပ်မံ  ထွက်ပေါ်လာခဲ့တဲ့  သတင်းတွေထဲမှာတော့   ရီးရဲ မက်ဒရစ်အသင်းဟာ  ဟာဇက်ကို  အရခေါ်ယူဖို့ ပြင်ဆင်နေတယ်     ဆိုတာပါပဲ။    အထူးသဖြင့် ဟာဇက် ကိုယ်တိုင်ကလည်း ရီးရဲမက်ဒရစ်အသင်း မှာ   ပြောင်းရွှေ့ကစားဖို့က   သူ့ရဲ့စိတ်ကူးဆန္ဒလို့ ဆိုထားတာကြောင့်လည်း ဒီအပြောင်းအရွှေ့ဟာ ပိုမိုနီးစပ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
ဟာဇက်ဟာ လက်ရှိအချိန်မှာတော့ သူ့ကစား သမားဘဝရဲ့ အကောင်းဆုံးအချိန်ကို ရောက်ရှိနေခဲ့ တာဖြစ်တာကြောင့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့  ရော်နယ်ဒိုရဲ့နေရာမှာ ဟာဇက်ကို  အစားထိုးဖို့ အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲ မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာတော့ တိုက် စစ်ပိုင်းမှာ ဂိုးရဖို့အတွက် ရုန်းကန်နေရတာကြောင့် လည်း ဇန်နဝါရီမှာ အချိန်မီတိုက်စစ်ပိုင်းအင်အား ဖြည့်တင်းဖို့  ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အသင်းကနေ      ရော်နယ်ဒို ထွက်ခွာသွားခဲ့တဲ့နောက်ပိုင်း  ပုံရိပ်တွေသာမက အသင်းရဲ့တိုက်စစ်ပိုင်းဟာ   အင်အားလျော့နည်း သွားခဲ့တာတွေကြောင့် ဒီကွက်လပ်ကို ဖြည့်တင်း ဖို့ဆိုရင်တော့   ဟာဇက်ဟာ   အကောင်းဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒီနှစ်ရာသီမှာ    ရီးရဲမက်ဒရစ်အသင်းဟာ နိုင်ပွဲတွေ    ပျောက်ဆုံးမှုနဲ့အတူ   ဂါရတ်ဘေးလ်၊ အဆန်စီယိုတို့ရဲ့  ခြေစွမ်းတွေကလည်း အားရစရာ မရှိဘူးလို့ ပြောရမှာပါ။ ဒါကြောင့်လက်ရှိ ဈေးကွက် အခြေအနေတွေအရတော့    အခြားထိပ်တန်း ကစားသမားတွေထက်   ဟာဇက်ဟာ   ရီးရဲမက် ဒရစ်အသင်းအတွက် အသင့်တော်ဆုံးလို့ ပြောရမှာ ဖြစ်ပါတယ်။
အယ်ဒါဝီရယ်
ဘယ်လ်ဂျီယံကစားသမား အယ်ဒါဝီရယ်ဟာ ယခုနှစ်ရာသီအစောပိုင်းမှာတော့ မန်ယူအသင်း ကို   ပြောင်းရွှေ့ကစားဖို့   နီးစပ်ခဲ့ပြီး  နောက်ဆုံး အချိန်ရောက်မှ အပြောင်းအရွှေ့  ပျက်ပြယ်သွားခဲ့ တာဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့အပြောင်း အရွှေ့ဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာတော့ ဖြစ်ပေါ်လာနိုင်သေးတယ်လို့ ပြောရတာလည်း ဖြစ် ပါတယ်။   အခုအချိန်မှာတော့    အယ်ဒါဝီရယ်ကို ခေါ်ယူဖို့အတွက် ဂျာမနီနဲ့စပိန်ကလပ်အသင်းတွေ ကလည်း    စိတ်ဝင်စားစွာ    စောင့်ကြည့်နေကြ ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ    ဒီနှစ်ရာသီ မှာတော့ ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေ ကောင်းမွန် ဖို့အတွက်  ရုန်းကန်နေရတဲ့အသင်း  ဖြစ်ပါတယ်။ ဒါကြောင့်လည်း  ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းရဲ့ခံစစ်ပိုင်းအင်အားအတွက် အယ်ဒါဝီရယ် ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင်  ဘာစီလိုနာအသင်းကလည်း အမ်တီတီ ဒဏ်ရာရရှိနေခဲ့တာကြောင့် သူ့ရဲ့နေရာမှာ အစား ထိုးဖို့အတွက် ခံစစ်မှူးတစ်ဦး ရှာဖွေနေတာလည်း ဖြစ်ပါတယ်။
ဘာစီလိုအသင်း     အားကစားဒါရိုက်တာ အက်ဘီဒဲလ်ကလည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် အယ်ဒါဝီရက်ဟာ သင့်တော်တယ်လို့ဆိုပါတယ်။ သူဟာ    ညာနောက်ခံကစားသမားအဖြစ်လည်း ကစားနိုင်စွမ်းရှိတာကြောင့်    ဥရောပထိပ်တန်း အသင်းကြီးမှာတော့    အကောင်းဆုံးကစားနိုင်မှာ ဖြစ်ပါတယ်။     စပါးအသင်းအနေနဲ့ကလည်း   ပရီးမီးယားလိဂ်      ပြိုင်ဘက်အသင်းတွေသာ    မဟုတ်ဘူးဆိုရင်တော့         အယ်ဒါဝီရယ်ကို ရောင်းထုတ်သွားမှာလည်း ဖြစ်ပါတယ်။
ပေါ့ဂ်ဘာ
မန်ယူအသင်း       ကွင်းလယ်တိုက်စစ်မှူး ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက မော်ရင် ညိုနဲ့ ဆက်ဆံရေးဟာ  ကောင်းမွန်ခြင်း  မရှိတာ ကြောင့်   အသင်းကနေ   ထွက်ခွာဖို့ရှိနေတယ်လို့  သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။  နွေရာသီ ဈေးကွက်မှာ     ဘာစီလိုနာအသင်းက  ပေါ့ဂ်ဘာ    ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပေါ့ဂ်ဘာကတော့ အသင်းမှာပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမယ့် မန်ယူအသင်းရဲ့ ခြေစွမ်းတွေက တိုးတက်မှုရှိမလာခဲ့သလို သူနဲ့မော်ရင်ညိုကြားက ဆက်ဆံရေးကလည်း  ပိုမိုဆိုးရွားလာခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့   ဘာစီလိုနာအသင်းရဲ့  ရလဒ်တွေကလည်း    ရုန်းကန်နေခဲ့ရတာကြောင့် အသင်းရဲ့   အခြေအနေတွေကို   အကောင်းဆုံး ပြန်ထိန်းနိုင်ဖို့အတွက်     ပြင်သစ်ကစားသမား ပေါ့ဂ်ဘာအပေါ် မျက်စိကျလာပြန်ပါတယ်။
ပေါ့ဂ်ဘာအနေနဲ့ မန်ယူအသင်းရဲ့ အပြောင် မြောက်ဆုံး   မကစားနိုင်ပေမယ့်   အချက်အလက် တွေအရ    ပြောရမယ်ဆိုရင်တော့    အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ်      ရှိနေပါသေးတယ်။ ဒါပေမယ့်    နောက်တစ်ချက်စဉ်းစားစရာကောင်း တာက   မန်ယူအသင်းမှာ   မော်ရင်ညိုသာမရှိတော့ ဘဲ  သူ့ရဲ့နေရာကို  ဇီဒန်းသာဝင်ရောက်လာခဲ့မယ် ဆိုရင်တော့   ပေါ့ဂ်ဘာရဲ့အနာဂတ်ဟာ   တစ်မျိုး တစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။    ဒါမှမဟုတ်ရင် တော့ လာမယ့် ဇန်နဝါရီဟာ ပေါ့ဂ်ဘာအတွက်တော့ မန်ယူအသင်းကို ဒုတိယအကြိမ်စွန့်ခွာဖို့ နီးစပ်နေပြီ လို့ ပြောရမှာပါ။

အောင်က

Thursday, October 25, 2018

အကျဉ်းထောင်တွင်းက ကျနော်ဖတ်ဖူးခဲ့သော ကဗျာတပုဒ် ။(၄)




ဦးလေးဦးကြည်တင်ဦး(ကဗျာဆရာဘဲဥ)၊ သူက လူဟောင်းတယောက်သာ ဖြစ်သည်။ ဤနရသိန်အကျဉ်းထောင်းကြီးက သူအတွက်တော့ အမွေဆိုင် အိမ်အိုဟောင်းကြီးတခုဖြစ်သည်။ သူကို လူဟောင်းတယောက်လို့ ပြောရခြင်းအကြောင်းက သူဘ၀၏ လူငယ်ကျောင်းသားဘ၀ ဖြတ်သန်းမှုက စတင်၍ နဖူးတွေ့  ဒူးတွေ ကြုံတွေခဲ့ရသော အတွေ့ အကြုံက စစ်အာဏာရှင်စစ်ဘီလူးသဘတ်တို့ ၏ တိုင်းပြည်ကို အာဏာသိမ်းယူစဉ်နဲ့  ထိပ်တိုက်ကြုံတွေ့ လိုက်ရခြင်းဖြစ်သည်။ ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ စစ်ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည့်နေ့ က သူသည် တက်ကြွသော ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂ ကျောင်းသားငယ်တယောက်ဖြစ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အအုံးကြီးဖြစ်သော တကသအဆောက်အဦးကြီထဲတွင် ထိုအချိန်က တကသ အမှုဆောင်များဖြစ်ကြသူတွေဖြစ်သော ကျောင်းသားခေါင်ဆောင်များနှင့် အတူရှိနေခဲ့သည်။ ထိုနောက်ပိုင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်(ဗကသ)၏ စစ်တပ်က စစ်အာဏာသိမ်းယူခဲ့မှုအပေါ် တလျှောက်လုံးဆန့် ကျင်ကန့် ကွတ်နေခဲ့သော လှုပ်ရှားမှုတိုင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့သော အထက်တန်းကျောင်းသား ခရိုင်ကျောင်းသားသမဂ္ဂအဖွဲ့ ဝင်တယောက်ဖြစ်နေခဲ့သည်။ ထိုခေတ်က ဗိုလ်နေ၀င်း၏ ဆိုရှယ်လစ်အတုအယောင်နောက်သို့  ပါလီမန်ခေတ် ပါလီမန်တွင်တိုက်ပွဲများတွင် လက်စောင်ထက်၍ ပြောဆိုဆွေးနွေး ဦးဆောင်နိုင်ခဲ့သောကြောင့် ၀ိဒူရအမတ်ဘွဲ့ ခံ ပမညတ ခေါင်းဆောင်ကြီး ၀ိဒူရသခင်ချစ်မောင်ပင် နေ၀င်း၏ ဆိုရှယ်လစ်အတုအယောင်အပေါ် အထင်ကြီးပြီး ဆိုရှယ်လစ်လူဘောင်အား တည်ဆောက်မည်ဆိုပါက သူအနေဖြင့် ခွေးကတက်နေပဲ နေရနေရ နေပါမယ်။ ပါဝင်ပါမယ်လို့ ပြောဆိုခဲ့သည့်အတွက်ကြောင့် သူအားနိုင်ငံရေးအသိုင်းအ၀ိုင်ကြားတွင် ၀ိဒူရဘွဲ့ ပြုတ်ခဲ့ရပြီး ခွေးကတက် ချစ်မောင်ဘ၀သို့ ရောက်သွားခဲ့ရလေသည်။

ထိုခေတ်က စစ်အာဏာသိမ်းယူပြီး ဆိုရှယ်လစ်အနံပေးခဲ့သော စစ်အာဏာရှင်နေ၀င်း၏နောက်သို့  အမြီးနံလိုက်သွားခဲ့ကြသော လက်ဝဲကြောင် လူတစုရှိနေကြသော်ငြာလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ ချုပ်အနေနှင့် စစ်အာဏာသိမ်းမှုအပေါ် ဖြောင့်ဖြောင့်ကြီးကို ခုခံဆန့် ကျင်နေခဲ့ကြပုံမှာ ကျနော်တို့ ခေတ် စစ်အာဏာသိမ်းအမှုအပေါ် ကျောင်းသားထုက အန်တုဆန့် ကျင်နေခဲ့ကြပုံခြင်း အတူတူ တသဘောတည်းကျရောက်နေခဲ့သည်။ ကျောင်းသားလူငယ်အရွယ် ကျောင်းသားများက ထိုခေတ်က စစ်အာဏာသိမ်းအစိုးရအား မြေအောက်ကျောင်းသားလှုပ်ရှားမှုအသွင်ပြောင် နည်းမျိုးစုံအောင် ဆန့် ကျင်လှုပ်ရှားမှုက ကျနော်တို့ ခေတ်နဲ့ ထပ်တူဖြစ်ကြသလို မတူညီမှုများလဲ ရှိနေခဲ့ပြန်သေးသည်။ သူတို့ ခေတ်က စစ်အာဏာသိမ်းယူမှုနောက်ပိုင်း စစ်အာဏာရှင် ချုပ်ငြိမ်ရေးခေါင်းစဉ်အောက်တွင် တော်လှန်ပုန်ကန်ခဲ့ကြသော တော်လှန်ရေးမြေအောက်အဖွဲ့ အစည်းများထဲတွင် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အစည်းများမှ လွှဲပြီး ဗမာတိုင်းရင်းသားများ၏ တော်လှန်ပုံကန်မှုများထဲတွင် ဗကသ ကျောင်းသားအဖွဲ့ အစည်းနှင့် လက်ဝဲကွန်မြူနစ်ပါတီတို့ က စနစ်တကျ အဖွဲ့ အစည်းအသွင်နဲ့ ဆန့် ကျင်လှုပ်ရှားခဲ့ပြီး အာဏာသိမ်းခံလိုက်ရသော ဖဆပလ နိုင်ငံရေးပါတီကြီးမှ လွတ်တော်အမတ်များ ၊ ပါတီဝင်များက အာဏာသိမ်းဖြစ်စဉ်၏ နောက်ပိုင်း ကြက်ပြောက် ငှက်ပြောက် ပြောက်ကုန်ခဲ့ကြသည်။ စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်ကြသော်လည်း အဖွဲ့ အစည်း အသင်းအဖွဲ အဖွဲ့ အနေနှင့် မြေအောက်ဆင်း လှုပ်ရှားမှုများကို မတွေ့ ရသလောက်ကိုရှားပါခဲ့ကြသည်။ ထို့ အတွက်ကြောင့် စစ်အာဏာသိမ်းမှုအပေါ် မလိုလားကြသူသော ကျောင်းသားလူငယ်များအနေနဲ့  ဗမာပြည်ကွန်မြူနစ်ပါတီဖက်သို့  ယိုင်ခဲ့ကြပြီး ပူပေါင်းခဲ့ကြခြင်း၊ ပါဝင်သွားကြခြင်းက ခေတ်သမိုင်း၏ ပြဋ္ဌာန်းတောင်းဆိုချက်သာဖြစ်တော့သည်။

ကျနော်တို့ ခေတ်က လဲ ကျတော်တို့ ခေတ်၏ သမိုင်း၏တောင်ဆိုမှုအတိုင်းသားဖြစ်ခဲ့သည်။ ကမာတလွှား နိုင်ငံများက ဒီမိုကရေစီတောင်းဆိုချိန်ဖြစ်ပြီး ကွန်မြူနစ်စနစ်အားနည်းလာချိန်ဖြစ်ကြသောကြောင့် ကျောင်းသားလူငယ်များက ကွန်မြူနစ်ပါတီဖက်သို့ မယိုင်ကြတော့ပဲ အနောက်တိုင်းနိုင်ငံများ၏ ဒီမိုကရေစီအုပ်ချုပ်ပုံစနစ်များ နိုင်ငံများကို အားကျအထင်ကြီးကြချိန်ဖြစ်ခဲ့သည်။ သိုသော် ဦးလေးဦကြည်တင်ဦးတို့ ခေတ် ကျောင်းသားလူငယ်များနှင့် ကျနော်တို့ ခေတ် ကျေားင်းသားလူငယ်များကြား တူညီမှုများက ဗကသအပေါ် ချစ်ခင်မြတ်နိုးမှု၊ စစ်အာဏာသိမ်းမှုအပေါ်မလိုလာမှု၊ လူငယ်ကျောင်းသားများပီသစွာ စွန့် လွတ် စွန့် စားလိုကြသော သမိုင်းဆိုင်ရာ တာဝန်ယူမှုတို့ က အတူတူပဲဖြစ်သည်။ ၁၉၆၈ ခုနှစ်များစီက (၆)ခရိုင်ငြိမ်းချမ်းရေးလှုပ်ရှားမှုများအတွင်း သူက တက်တက်ကြွကြွပါဝင်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေပွဲ ပျက်သွားခဲ့ချိန်မှာတော့ အခြားနိုင်ငံရေးသမားများ၊ ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီထောင်ပို့ ခံရချိန်မှာတော့ သူလဲ ဖမ်းဆီးထောင်ချထားခံခဲ့ရတော့သည်။ ထိုကြောင့် သူအား လူဟောင်းတယောက်ဟုပြောရခြင်းဖြစ်သည်။ သူ၏ လူငယ်ဘ၀တွင် သီးသန့် ထောင်သို့ ရောက်ရှိခဲ့သည်။ ထိုအချိန်က အင်းစိန်သီးသန့် ထောင်၏ အနေအထားက အင်္ဂလိပ်ခေတ် လက်ကျန်ပုံဟောင်း သီးသန့်ထောင်ဖြစ်သည်။ ထောင်အုတ်ရိုးနှိပ့်နှိပ်နဲ့ ဖြစ်ပြီး ယခုကဲ့သို့  တိုက်ဆောင် တိုက်ခန်များမဟုတ်ကြသေးချေ။ အဆောင်ပုံစံ ဟောခန်းများဖြစ်ခဲ့ပြီး ကုတင်၊ ခြင်ထောင်တို့ ဖြင့် အိပ်ခွင့်ရခဲ့သေးသည်။ ပုံစံပြည့်သော ထောင်ထမင်း၊ ထောင်ဟင်းတို့ ကို စားခဲ့ရသေးသည်။ အဆောင်ဖွင့်ချိန် မနက်ခင်းမှ အဆောင်ပိတ်ချိန်ညနေခင်အထိ အဆောင် တောင်ယာခင်များအတွင်းနေထိုင် သွားလာလို့ ရသေးသည်။ ၁၉၆၉ ဖေဖေါ်ဝါရီလ(၁၂)နေ့ က နိုင်ငံရေးအကျဉ်းသား ထိန်းသိမ်းခံများကို ကိုကိုးကျွန်း ကိုယ်ထူကိုယ်ထ ကျွန်းအကျဉ်းထောင်သို့  ပို့ ဆောင်ခံရချိန်မှာတော့ သူက အင်းစိန်ထောင်တွင် ချန်ထားခံခဲ့ရပြီး ထောင်အတွင်း (၃)နှစ်တာမျှ ထိန်းသိမ်းခံခဲ့ရပြီးကာမှ ထောင်မှ ပြန်လွတ်ပေးခံခဲ့ရပြန်တော့သည်။ သူက ထောင်မှပြန်လွတ်ပြီးနောက်ပိုင်း သူနှင့် စိတ်တူကိုယ်တူ တရပ်ကွက်ထဲနေ ဒေါ်ရီဝေနှင့် ဖူးစာဆုံမတ်ပေါင်ဖက်ခဲ့ကြပြီး စာအုပ်အဟောင်းရောင်းဝယ်ခြင်း ကဗျာရေးသားခြင်းတို့ ဖြင့် သူ၏ဘ၀ကို အခြေချခဲ့တော့သည်။ စာပေနယ်ပယ်မှာလဲ ကြည်တင်ဦးအမည်ဖြင့် ကဗျာများသူကိုယ်တိုင် ရေးသာနေခဲ့သလို သူဇနှီ ဒေါ်ရီဝေမှာလည်း မရီဝေ ကလောင်နဲ့ ကဗျားများကိုရေးသားနေခဲ့ကြသည်။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်နေ၀င်း၏ မြန်မာဆိုရှယ်လစ် လမ်စဉ်ပါတီကြီး အုတ်မြတ်ချအခြေတည် ခိုင်မာအောင်ကြိုးစားခဲ့သော ခေတ်တွင် သူလဲ ခရိုင်ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်မဟုတ်တော့ပဲ ကဗျာဆရာ ကြည်တင်ဦးအနေဖြင့် ကလောင်တဖက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ပြန်သည်။ သူနဲ့ အတူ ကဗျာကလောင်းကိုင်ပြီး စစ်အာဏာရှင်ကို ဆန့် ကျင်ခဲ့ကြသူတွေက ကဗျာဆရာမ မအိ၊ ကဗျာဆရာ အုန်းမြင့်လှိုင်၊ ကဗျာဆရာမ မစိမ်းပင်၊ ကဗျာဆရာ အောင်ချိမ့်၊ကဗျာဆရာ ဇော်(ပျဉ်းမနား)၊ ကဗျာဆရာ သခွပ်တို့ ဖြစ်ကြသည်။ ၁၉၇၆ခုနှစ်မှာ ဆယ်စုနှစ်တစု အတွင်းကဗျားကလောင်တဖက်နဲ့ လှုပ်ရှားနေခဲ့ရင်း ဒုတိယအကြိမ် ဖမ်းဆီးခံခဲ့ရပြန်သည်။ ဒီတကြိမ်မှာလဲ အမွေဆိုင်အိမ်ကြီးဖြစ်သော အင်းစိန်သီးသန့် ထောင်ကြီးသို့ ထပ်ရောက်ခဲ့ပြန်သည်။ အမွေဆိုင်အိမ်ကြီး၏ ထူးခြားချက်က စစ်အာဏာရှင်ဗိုလ်နေ၀င်း၏ ဆိုရှယ်လစ်အတုအယောင်အောက် ပြားပြား မှောက်ကာ ပုံစံများပြောင်းနေခဲ့ပြီးဖြစ်သည်။ ထောင်အုတ်ရိုးကြီးက ၃ပေလောက် ထပ်မြင့်တက်သွားသည်။ အဆောင်များတွင် နိုင်ငံရေးအကျဉ်းသားများအား အိပ်ရန်ပေးထားသော ကုတင်များမရှိတော့။ ခြင်ထောင်များမပေးတော့။ ပုံစံထမင်းဟင်တို့ သည်က ဖြစ်သလို့ ဖြစ်ပြီး ထောင်ပုံစံပြည့်မကျွေးမွေးနိုင်တော့။ ဆိုရှယ်လစ်ခေတ်ကို အကောင်အထည်ဖေါ်ရန် ကြိုးစားသည့်အနေနဲ့  နိုင်ငံရေးအကျဉ်းသားဟုသော အဆင့်အတန်းခွဲခြားသတ်မှတ်ချက်မထားတော့ပဲ ထောင်ကျသူတိုင်း အလုပ်လုပ်ခိုင်းတော့သည်။ နေ့ စဉ် ဆိုရှယ်လစ် နိုင်ငံတော်အလံကို အလေးပြုခိုင်းတော့သည်။ အလေးမပြုသူ ၊ အလုပ်မလုပ်လိုသူများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်အရေးယူမှုတွေကို ထောင်အဏာပိုင်များက တိတိကျကျ ကိုင်တွယ်လာကြတော့သည်။ သူနဲ့ ရဲဘော်တချို့ က ဗိုလ်နေ၀င်း၏ ဆိုရှယ်လစ်အတုအယောင် နိုင်ငံတော်အလံကို အလေးမပြုလိုကြသလို ဆိုရှယ်လစ် နိုင်ငံတော်သီချင်းကိုလဲ မဆိုချင်ကြ။ ထိုကြောင့် ထောင်းတွင်းဆန့် ကျင်မှုတွေ လုပ်ကြရတော့သည်။ ထိုအတွက်ကြောင့် တချို့ က ထောင်တွင်ပြစ်ဒဏ် တိုက်ပိတ်ခံ၊ ညှင်ဆဲခံခဲ့ကြရသလို့  တချို့ က ထောင်မကြီးရှိ ရာဇ၀တ် အကျဉ်းသားများ ထားရှိရာ အဆောင်များသို့ ပို့ ဆောင်ခံရပြီး ရာဇ၀တ်အကျဉ်းသားများကဲ့သို့  နေထိုင်ပုံစံသွင်းခံရတော့သည်။ သူက အင်းစိန်ထောင်မကြီး(၃)ဆောင်တွင် အခြားရဲဘော်များနှင့်အတူ ရာဇ၀တ်အကျဉ်းသားများကဲ့သို့ နေထိုင်ခဲ့ရပြီး ထောင်ထဲတွင် (၄)နှစ်မျှနေထိုင်သွားခဲ့ရသည်။

ထောင်ကပြန်လွတ်ပြီး မိသာစုနဲ့ အတူ နေထိုင်ခွင့်ပြန်ရခဲ့ပြီးမှ ကဗျာဆရာ၊ စာအုပ်အဟောင်းရောင်းဝယ်ရေးအလုပ်နှင့် အသက်ဝမ်းကြာင်းခဲ့သည်။ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်လာသောအခါ သူ၏သားဖြစ်သူကျော်ဇော်မှာ သူငယ်စဉ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော အရွယ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ စစ်အာဏာရှင်စနစ်သည် စစ်အာဏာရှင်တယောက်မှ စစ်အာဏာရှင်တယောက်၏ လက်ထဲသို့ လက်ဆင့်ကမ်ခဲ့သလို့  စစ်အာဏာရှင်ဆန့် ကျင်သူတွေဖက်ကလဲ လက်ဆင့်ကမ်း ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသလို မရည်ရွယ်ပဲဖြစ်ခဲ့ရပြန်သည်။ ကျော်ဇော်ထောင်ကျခဲ့သဖြင့် သူက ထောင်ဝင်စာလိုက်တွေ့ ခဲ့ရပြန်သည်။ ဤထောင်သို့ ထောင်ဝင်စာတွေ့ အလှည့်က သူအလှည့်ဖြစ်ခဲ့ရမှ မမျော်လင့်ပဲ သူလဲ သူ၏အမွေဆိုင်အိမ်ကြီးထဲသို့  သားဖြစ်သူပြန်မလွတ်ခင်မှာ ရောက်ခဲ့ရပြန်သည်။ ရောက်ခဲ့ရပုံမှာလဲ သူနှင့် အမှာတန်ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်သော ပြည်သူ့ တိုးတက်ရေးပါတီမှာ ပါတီခေါင်းဆောင် ဦးညိုဝင်းတယောက်က ၁၉၉၁ ခုနှစ်၊ မတ်လ(၈) ရက်နေ့ တွင် အင်းစိန်အကျဉ်းထောင်အတွင်းဖမ်းဆီးထောင်ချခံထားရစဉ် ကျဆုံးခဲ့ရသည်။ သူနှင့်ဦးညိုဝင်းတို့ က ငယ်စဉ်ဘ၀ ကျောင်းသားလှုပ်ရှားမှုများ၊ စစ်အာဏာသိမ်း စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်ရေးလှုပ်ရှားမှုများတွင် ဦးညိုဝင်းက ကျောင်းသားခေါင်းဆောင်အဖြစ် ဦးဆောင်လှုပ်ရှားခဲ့ပြီး ဦးကြည်တင်ဦးက ခရိုင်ကျောင်းသားတဦးအနေနဲ့ ပါဝင်ခဲ့ကြသူတွေဖြစ်သည်။ ဦးညိုဝင်းက ၁၉၅၄ခုနှစ်မှ ၁၉၆၀ခုနှစ် အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်၏ အလုပ်မှုဆောင်တဦးဖြစ်ခဲ့သည်။ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ)၏ အတွင်းရေးမှုးလဲဖြစ်ပြီး ကျောင်းသားညီညွတ်ရေးတပ်ဦး၏ ဥက္ကဌ တဦးလဲဖြစ်ခဲ့သည်။ သူတို့ ၏သံယောဇဉ်က ကျောင်းသားလှုပ်ရှား စစ်အာဏာရှင်ဆန်ကျင်ရေးလှုပ်ရှားမှုတို့ တွင် ခိုင်းမြဲခဲ့ကြသူတွေ ဖြစ်တာကြောင့် ဘ၀တလျှောက်လုံး အတူလက်တွဲခဲ့ကြသူတွေလဲဖြစ်သည်။ ဦးညိုဝင်း အင်းစိန်အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဦးညိုဝင်း၏ ဇနီးဖြစ်သူ ဆရာမကြီးနဲ့ ဦးညိုဝင်း၏ ရဲဘော်များက ဆွမ်းကျွေးနှစ်လည်းအထိမ်းအမှတ်များကို လုပ်ခဲ့ကြသည်။

၁၉၉၄ မတ်လ(၈) ရက်နေ့ ကျရောက်မည်ဖြစ်သော (၃)နှစ်မြောက် နှစ်လည်ဆွမ်းကျွေးပွဲအတွက် ရင်းနှီးရာ ရင်းနှီးကြောင်း ရဲဘော်ရဲဖက်တချို့ကို ဖိတ်ကြားရင် ဦးကြည်တင်ဦးက တာဝန်ယူပေးခဲ့သည်။ ထိုနှစ်လည်ဆွမ်းကျွေးပွဲသို့  ဗမာပြည်ကွန်မြူနစ်ပါတီမှ အလယ်ပိုင်းဗြူရိုတာဝန်ခံဖြစ်သူ ကိုငြိမ်မြင့်လဲ လာရောက်ခဲ့ကြောင်းကို စစ်ထောက်လှမ်းရေးမှ သတင်းရရှိခဲ့ပြီး ၁၉၉၀ ဒီဇင်ဘာလ လောက်ကတည်းက အနံရရှိနေခဲ့သော ကွန်မြူနစ်ပါတီ မြေအောက်လုပ်ငန်းအဖွဲ့ ၏အစကို ပြန်တွေ့ သွားခဲ့သဖြင့် စစ်ထောက်လှမ်းရေးက သဲကြီးမည်းကြီး မြေလှန်ရှာပါတော့သည်။ အလယ်ပိုင်းဗြူရိုတာဝန်ခံ ကိုငြိမ်မြင့်နဲ့  ဦးကြည်တင်ဦးတို့ မှာလဲ အရင်ကတည်းက ရင်းနှီးနေကြသူတွေဖြစ်ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် အရှေ့ မြောက် လွတ်မြောက်နယ်မြေအတွင်းမှ လက်နက်ကိုင်လှုပ်ရှားတော်လှန်မှုများကို စွန့် လွတ်ခဲ့ရပြီးနောက်ပိုင်း ပါတီကို မြေအောက်ပါတီအဖြစ်ရပ်တည်ပြီးနောက်ပိုင်း အလယ်ပိုင်ဗြူရိုသည် မြေအောက်လှုပ်ရှားမှုတွေမှာ အရေးပါခဲ့သလို ပါတီ၏မြေအောက်လုပ်ငန်းများလုပ်ကိုင်ခဲ့ရာမှာလဲ ပါတီဝင်များနှင့်သာ သီးသန့် လုပ်ဆောင်ခဲ့သော အရင်ပုံစံဟောင်းမဟုတ်တော့ပဲ ပါတီကိုထောက်ခံသူများ၊ ပါတီနှင့်အတူ တွဲဖက်လုပ်ကိုင်လို့ ရသူများနှင်ပါ ဆက်ဆံလုပ်ကိုင်လာခဲ့သည်ကိုတွေ့ ရသည်။ လူဟောင်းပါတီဝင်များ၊ ပါတီနှင့်ဆက်ဆံလို့ ရနိုင်သူများကို ရှာဖွေလုပ်ဆောင်နေသောကာလ လဲဖြစ်ခဲ့ပြန်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှု အလယ်ပိုင်းဗြူရိုအား အနံခံရသွားသော စစ်ထောက်လှန်းရေးတို့ က အနီစပ်ဆုံး လူဟောင်းဖြစ်သူများကို ဖမ်းဆီးခဲ့ရာ ဦးကြည်တင်ဦးအား ဖမ်းဆီးစစ်ကြောခဲ့တော့သည်။ စစ်ကြောရေးစခန်းတွင် နည်းမျိုးစုံအောင် နှိပ်စက်ညှင်းပန်ခံရပြီး အင်းစိန်သီသန့် ထောင်သို့  တတိယအကြိမ်းရောက်ခဲ့ရပြန်သည်။ ဒီတကြိမ်းမှာတော့ သူ၏အသက်အရွယ်က (၅၀)ထဲသို့ ရောက်ရှိနေပြီးဖြစ်သော လူကြီးပိုင်းဖြစ်နေပြီဖြစ်တော့သည်။ သူသား ကျော်ဇောအား ထောင်ဝင်စာ လာရောက်တွေ့ခဲ့စဉ်က သူသားပြောပြခဲ့သော သူ၏ သမိုင်ဆိုင်ရာ အမွေဆိုင်အိမ်ကြီးက သူအရင်ရောက်ခဲ့ဖူးသော ပုံစံယောင်းများမဟုတ်တော့ပဲ ပုံစံသစ် ၈ပေ၊ ၁၁ ပေ ပတ်လည် တိုက်ခန်းများဖြစ်နေကြောင်း သိရသော်လည်း မည်သို့ မျှ စိတ်ကူးထဲဖေါ်ကြည့်မရခဲ့ပေ။ ယခုသူကိုယ်တိုင်ရောက်လာမှာပဲ သူ၏အမွေဆိုင်အိမ်ကြီးက အခန်းကျဉ်းများနဲ့  တိုက်ခန်းများဖြစ်နေခဲ့ပြီးဖြစ်သည်။ ထိုတိုက်ခန်းကျဥးကျဉ်းလေးထဲမှာပင် သူက ထမလ္လင်ခွေ အခန်းပေါက်ဝတွင် ထိုင်ကာ သူလိုပဲ စစ်အာဏာရှင်များကို ဆန့် ကျင်သောသူများ ထောင်ချထားခြင်းခံရကာ ရေချိုး၊မိလ္လာချ(၁၅)မိနစ်အချိန်တိုလေးအတွင်း အပြေးအလွှာလုပ်နေခဲ့ကြသည်။ တချို့ က သူတို့ ရသော အချိန်တို လေးအတွင်မှာပဲ သူကို လာရောက်နုတ်ဆက်နေခဲ့ကြသည်။

သူတို့၏ ကျောင်းသားဘ၀ စစ်အာဏာရှင်တိုက်ပွဲများလို ထောင်တွင်းရောက်ရှိနေသူများက အရွယ်စုံ အမျိုးစုံ လူတန်းစားပေါင်းစုံတို့ မှ ဖြစ်ကြသည်။ ဒီအချိန်မှာတော့ သူက လူကြီးအရွယ်ရောက်နေပြီး တက်ကြွနေကြသော လူငယ်မျိုးဆက်သစ်တို့ ၏ ဖျတ်လတ်တက်ကြွမှုတို့ ကို ပြန်တွေ့ နေခဲ့ရတော့သည်။ ထို့ကြောင်း သူတို့ ငယ်စဉ်ကျောင်းသားလှုပ်ရှားမှုများကို သူက ပြန်သတိရနေလိမ့်မည်။ သူတို့ အမှု၏ ချုပ်ရက်က တိုတောင်းလှသည်။ ထောင်ထဲ ၁လခွဲလောက်သာ ချုပ်ထားခဲ့ပြီး ရုံးထုတ် တရားရုံးတင် စစ်ဆေးခြင်းမျိုးမလုပ်တော့ပဲ အထူးတရားရုံးထုတ်ကာ တထိုင်ထဲ ထောင်(၁၀)ချလိုက်တော့သည်။ သူတို့ အမှုတွင် ဗမာပြည်ကွန်မြူနစ်ပါတီ အလယ်ပိုင်ဗြူရို မြေအောက်လုပ်ငန်း တာဝန်ခံ ကိုငြိမ်းမြင့်နဲ့ တိုက်ရိုက်ပတ်သတ်ခဲ့သူ ကိုကိုးကျွန်းပြန် ဦးသိန်းထွန်းက အနှစ်(၂၀)ထောင်ချခဲ့ပြီး ဦးကြည်တင်ဦး၊ ဦးရှိန်တင်၊ ကိုညီညီတို့ ကို ထောင်(၁၀)နှစ်ဆီ ချလိုက်ခြင်းဖြစ်သည်။ ကိုစည်သူမြသန်း(စာရေးဆရာသခင်မြသန်း၏သား) ကို သူတို့ အမှုတွဲထဲ ရောထည့် ထားသော်ငြာလည်း သူတို့ အမှုနဲ့ မသက်ဆိုင်ပါ။ သူက တရုတ်ပြည်ထဲရှိ သူ၏ညီမဖြစ်သူ မေထွန်းနှင့် ညီဖြစ်သူ စိုးထွန်းထံ သွားရောက်ခဲ့ခြင်းသာ ဖြစ်သဖြင့် သူပုန်ဆက်သွယ်ရေးပုဒ်မ ၁၇(၂)ဖြင့်သာ ထောင်ပြစ်ဒဏ် (၃)နှစ်ချခံလိုက်ရသည်။

(ဆက်ရန်)

ထွန်းထွန်း(အရေးတော်ပုံတပ်သား)

၂၆-၁၀-၁၈

Wednesday, October 24, 2018

MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲကြီးတွင် စိန်ခေါ်သူ ခရာခီက ခါးပတ်ပိုင်ဆိုင်ခွင့် ရာနှုန်းပြည့်နီးပါးရှိဟုပြောကြား

MMA မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲကြီးတွင် စိန်ခေါ်သူ ခရာခီက ခါးပတ်ပိုင်ဆိုင်ခွင့် ရာနှုန်းပြည့်နီးပါးရှိဟုပြောကြား

ရန်ကုန်   အောက်တိုဘာ  ၂၄

One Championshipအဖွဲ့က ဦးဆောင်စီစဉ်ကျင်းပလျက် ရှိသော MMA(Mixed  Martial  Arts) ကမ္ဘာ့ကိုယ်ခံပညာ အတိုက်ပြိုင်ပွဲတွင် လက်ရှိကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကချင် ပြည်နယ်ဖွား     အောင်လအန်ဆန်ကို    စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်မည့် လက်ဘနွန်နိုင်ငံသား ခရာခီက ယခုပွဲတွင် ခါးပတ် ပိုင်ဆိုင်ခွင့်   ရာနှုန်းပြည့်နီးပါးရှိကြောင်း   မီဒီယာများအား ပြောကြားလိုက်သည်။

ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ Junction  City  ၌  ကျင်းပသေOne Championshipကစီစဉ်သည့်  Pursuit of Greatness One Workout & Face- Off  ပွဲကြိုစာနယ်ဇင်းရှင်းလင်း ပွဲတွင် လက်ရှိချန်ပီယံ  အောင်လအန်ဆန်အား   စိန်ခေါ်သူ  လက်ဘနွန်နိုင်ငံသား ခရာခီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

အကောင်းဆုံးယှဉ်ပြိုင်မှာပါ
''ဒီပွဲအတွက် တစ်လခွဲ၊ နှစ်လလောက် အချိန်ပေးပြီး သေချာပြင်ဆင်ထားပါတယ်။    အကောင်းဆုံးပွဲဖြစ်အောင် ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။ လွယ်ကူမယ့်ပွဲတစ်ပွဲတော့ မဟုတ် ဘူးဆိုတာ ကျွန်တော်သိပေမယ့် ၉၉ ရာခိုင်နှုန်း၊ ရာနှုန်းပြည့်နီးပါး အောင်မြင်မှုရရှိမယ်လို့    မျှော်မှန်းထားပါတယ်။   ပြိုင်ဘက် အောင်လနဲ့ ပတ်သက်ပြီး ကျွန်တော်သေချာလေ့လာထားပါ တယ်။ အိမ်ရှင်ဆိုတဲ့ ဖိအားမျိုးတော့ စိတ်ထဲမှာမထားဘူး။ ဒီလို ပွဲမျိုးကစားရတာ ကျွန်တော့်အတွက် ရိုးနေပါပြီ။ ဘယ်နှချီအတွင်း ပြိုင်ဘက်ကို အနိုင်ရမယ်လို့တော့ မပြောနိုင်ပေမယ့် အရင်ပွဲတွေ ကလိုပဲ ကျွန်တော် ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ဘယ်နှချီအတွင်း  ပြိုင်ပွဲကို  အဆုံးသတ်နိုင်မယ်ဆိုတာတော့ ပြောလို့မရပါဘူး။ ပြိုင်ပွဲအခြေအနေပေါ်မူတည်ပြီး ကျွန်တော် အကောင်းဆုံးဖြစ်အောင်တော့   ကြိုးစားယှဉ်ပြိုင်သွားမှာပါ''ဟု   ခရာခီက ပြောကြားသည်။

လက်ရှိချန်ပီယံ အောင်လအန်ဆန်အား စိန်ခေါ်ယှဉ်ပြိုင် ထိုးသတ်မည့် ခရာခီသည် အသက်  ၂၇  နှစ်သာ  ရှိသေးပြီး အောင်လအန်ဆန်ထက်   ငါးနှစ်မျှ  ငယ်သူတစ်ဦးဖြစ်သည်။ ခရာခီသည် လက်ရှိ MMA ကိုးပွဲ ယှဉ်ပြိုင်ထိုးသတ်ထားရာတွင် ကိုးပွဲစလုံး အနိုင်ရရှိထားပြီး ငါးပွဲမှာ ဂျူဂျစ်စုနည်းဖြင့် အနိုင်ရ ထားကာ သုံးပွဲမှာ အလဲထိုးနှင့် နောက်ဆုံးတစ်ပွဲသာ အမှတ်ဖြင့် အနိုင်ရထားသူဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် အထူးချွန်ဆုံး ကစားသမားထဲ၌ တစ်ဦးအပါအဝင်ဖြစ်ပြီးMMA လောက ၏  ဖီးနစ်ငှက်ဟုပင်   တင်စားခေါ်ဝေါ်ခံရသည်ဟု  ကျော်ကြား ခဲ့သည်။

အဆိုပါပွဲနှင့် ပတ်သက်ပြီး လက်ရှိ MMA ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းနှင့်   ကမ္ဘာ့လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံ  အောင်လ အန်ဆန်က ''ပြိုင်ဘက်ကောင်းတစ်ဦးနဲ့ ကျွန်တော်ယှဉ်ပြိုင် ထိုးသတ်ရမှာပါ။ ဒီပြိုင်ပွဲအတွက် ဝိတ်နည်းနည်းချလိုက်ရပေမယ့် အခက်အခဲမရှိပါဘူး။ အကောင်းဆုံးကစားပေးမယ်လို့ ပရိသတ် ကြီးကို ကတိပေးပါတယ်။  တစ်ဖက်ပြိုင်ဘက်ကGround Fight မှာ အလွန်ကောင်းပါတယ်။  ဒါကြောင့်  ကျွန်တော် Stand  Fight  နဲ့  အနိုင်ယူဖို့   အထူးပဲပြင်ဆင်ထားပါတယ်။  ပြိုင်ဘက်ကို    သုံးချီအတွင်း အနိုင်ရအောင်  ကစားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ရာနှုန်းပြည့်ပြင်ဆင်ထားပြီးပါပြီ''ဟု မီဒီယာများအား ပြောကြားသည်။

အခြားတွဲဆိုင်းများ
ချန်ပီယံကာကွယ်ပွဲကြီးကို  လာမည့် အောက်တိုဘာ ၂၆ ရက်   ညပိုင်းတွင်    ရန်ကုန်မြို့   သင်္ဃန်းကျွန်းမြို့နယ်  သုဝ္ဏ     မိုးလုံလေလုံအားကစားပြိုင်ပွဲရုံ(၁)၌  ကျင်းပသွားမည်ဖြစ်ပြီးယင်းနေ့တွင် ယှဉ်ပြိုင်ထိုးသတ်သွားမည့်  အခြားတွဲဆိုင်းများမှာ ဖိုးသော်(မြန်မာ)နှင့် ဆူဘား(မလေးရှား)၊ ရာဖေးလ်(ဘရာဇီး)နှင့် မိုလစ်ဒ်(ရုရှား)၊ အီမီလို(အမေရိကန်)နှင့် ကာဇူကီ(ဂျပန်)၊ အီဗရာဟင်(မော်ရိုကို)နှင့် တာရစ်ခ်(မော်ရိုကို)၊ ဒီဂျေဒမ်မောင်း (ထိုင်း)နှင့် ဟာမန်းရှု (အိန္ဒိယ)၊ ဟန်ကျိုးဟွာ(တရုတ်)နှင့် ရိုင်ယန်(ဖိလစ်ပိုင်)၊ ရဲသွေးနီ (မြန်မာ)နှင့် မိုက်ရိုင်း(မြန်မာ)၊ လူးဝစ်(ဘရာဇီး)နှင့် ဒိုင်ချီ( ဂျပန်)၊ ဂျိုးဇက်(အီတလီ)နှင့် တိုနာ (သြစတြေးလျ)၊ မာရှုဒေါင် (တရုတ်)နှင့် အာမက်(အာဖဂန် နစ္စတန်)၊ ရူဒီ(အင်ဒိုနီးရှား)နှင့် အစ္စလမ်(ဘင်္ဂလားဒေ့ရှ်)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။ 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

အထောင်မှ ကျုံပျော် ရန်ကုန်သို့ မောင်းနှင်လာသော ပြုံးပန်းတစ်ရာယာဉ် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၂ ဦး အတွင်းလူနာအဖြစ်ကုသနေ

အထောင်မှ ကျုံပျော် ရန်ကုန်သို့ မောင်းနှင်လာသော ပြုံးပန်းတစ်ရာယာဉ် တိမ်းမှောက်၊ တစ်ဦးသေဆုံး ၁၂ ဦး အတွင်းလူနာအဖြစ်ကုသနေ


ကျုံပျော်     အောက်တိုဘာ ၂၄

ကျုံပျော်မြို့မှ ရန်ကုန်သို့  ထွက်ခွာသွားသည့်  ပြုံးပန်းတစ်ရာ ခရီးသည် ပို့ဆောင်ရေးယာဉ်သည့် ယနေ့ နံနက် ၈ နာရီခွဲက ကျုံပျော်မြို့ပြင်၌ တိမ်းမှောက်ခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး  ကျုံပျော်ဆေးရုံမှာ ဓာတ်မှန်ရိုက်စစ်ဆေးခြင်း များပြုလုပ်၍ ခရီးသည် ၁၂ ဦးအရေးပေါ်အခြေအနေဖြစ်ဆေး ကုသမှုခံယူ နေရပြီး  ၁၇  မှာ  ပြင်ပလူနာဌာနတွင် ကုသနေရ ကြောင်း သိရသည်။

  ဖြစ်စဉ်မှာ တစ်ဖက်ယာဉ်ကြောမှလာသည့် မော်တော်ဆိုင်ကယ်ကိုရှောင်တိမ်းခဲ့ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ယာဉ်မောင်း စိုးထိုက်အား ကျုံပျော်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းဇော်ဦး  ရေကြည်

Monday, October 22, 2018

ဆင်မ မိုမို ၆၅ နှစ်ပြည့် မွေးနေ့ပွဲ ပျော်ရွှင်စွာ ဆင်ကာနွှဲ

ဆင်မ မိုမို ၆၅ နှစ်ပြည့် မွေးနေ့ပွဲ ပျော်ရွှင်စွာ ဆင်ကာနွှဲ

ရန်ကုန်  အောက်တိုဘာ  ၂၁

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကြီးထဲတွင် သက်တမ်းရှည်ကြာစွာ နေထိုင်ကြီးပြင်းခဲ့သည့် ဆင်မမိုမို၏ ၆၅ နှစ်ပြည့်မွေးနေ့ မင်္ဂလာပွဲသည်    မိုမိုကိုချစ်သောပြည်သူတို့၏   Happy Birthdayဆုတောင်းသံများဖြင့်   ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ပဲ့တင်ထပ်လျက်ရှိသည်။

''ဆင်မကြီးမိုမိုကို သူ့ရဲ့မွေးနေ့မှာ ပရိသတ်တွေက အသက်ရာကျော်ရှည်ပါစေလို့   ဆုတောင်းပေးသံတွေ ကြားရတဲ့အတွက် အခုလို မွေးနေ့ကျင်းပပေးရတာကို ကျေနပ်ဝမ်းသာဖြစ်မိပါတယ်''ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မှ စီမံမန်နေဂျာ ကိုမျိုးကျော်သူက ပြောသည်။

ယနေ့ကျင်းပသည့်  ၆၅ နှစ်ပြည့်မွေးနေ့တွင် ဆင်မလေး မေသဲဖြူ၊  မျိုးမျိုး၊   မိုသော်ပြည့်၊  မလှချော  စသည့် ဆင်များကို ခြံရံပြီး ပျော်ရွှင်စွာ မွေးနေ့ပွဲဆင်နွှဲနေသည့် ဆင်မမိုမိုသည် ၁၉၆၁ ခုနှစ်မှစတင်၍ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။ ထိုစဉ်က ဆင်မလေးမှာ အသက် ခုနစ်နှစ်အရွယ်။

မိခင်နှင့်ကွဲကွာပြီး တောထဲမျက်စိလည်နေခဲ့သည့် ဆင်မလေးမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ခဲ့ရာ သူ၏ ပထမဆုံးသခင်  ဦးခွန်စန္ဒက  တောခေါင်းကြီး၏ ဇနီး ကရင်မလေး နော်မိုးမို၏  အမည်ကိုယူပြီး  မိုမိုဟု အမည်ခေါ်ခဲ့ရာမှ ပြည်သူ့အချစ်တော် မိုမို ဖြစ်လာခဲ့သည်။

ယနေ့ မိုမို၏မွေးနေ့ပွဲကို  နံနက် ၆ နာရီက သံဃာ တော်များအား ဆွမ်းကပ်လောင်းလှူမှုဖြင့် စတင်ခဲ့ပြီး မိုမို မွေးနေ့အခမ်းအနားကို ဆင်မလေးမေသဲဖြူက ဖွင့်လှစ်ပေး ခဲ့သည်။ ထို့နောက် တစ်မူထူးခြားစွာ မိုမိုနှင့်အတူ ဆင်နွှဲသည့် ဆင်များအားမွေးနေ့ကိတ်အစားဘူဖေးစားသုံးစေခဲ့သည်။ မိုမို၏ ဘဝဖြတ်သန်းရာ ဘဝဖြစ်စဉ်ကို ဟောပြောခဲ့ရာ လာရောက်သူဧည့်ပရိသတ်များ မိုမိုကို ချစ်အားပိုခဲ့ကြသည်။

''မိုမိုကလေ ဆံမဖြူ သွားမကျိုးဘူး။ ကျန်းမာရေးက တော့ အခုလက်ရှိ ဒေါင်ဒေါင်မြည်ပါပဲ။  ဧည့်သည်လာရင် တကျင်ကျင်လို့ နှုတ်ဆက်နေဆဲပဲ။   အသက်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပါတယ်''ဟု  ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ       အကြီးတန်း  တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာမြင့်သိန်းက ပြောသည်။

တိရစ္ဆာန်ပင်ဖြစ်လင့်ကစား၊  ဆင်မည်းပင်ဖြစ်လင့် ကစား သိနားလည်ပြီး လိမ္မာသည့် ဆင်မလေးမိုမိုသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ဖျော်ဖြေပွဲများစွာတွင် ပြည်သူ များ နှစ်ခြိုက်စေသည့်အကများကို  ကြီးမားသောသူ၏ ခန္ဓာကိုယ်ကြီးကို လှုပ်ရမ်းကပြရင်း မိမိ၏အခန်းကဏ္ဍကို ကျေပွန်စွာ  ဆောင်ရွက်ခဲ့သူပင်ဖြစ်သည်။    နိုင်ငံတော် အထင်ကရ အခမ်းအနားများတွင်လည်း တတ်စွမ်းသမျှ  ပါဝင်ခဲ့ဖူးသည့် ပြည်သူ့အချစ်တော် မိုမိုပင်ဖြစ်သည်။

''အခုလည်း ဆိုင်းသံ ဗုံသံကြားရင် ကချင်စိတ်ရှိနေ တုန်းပဲ။ ခန္ဓာကိုယ်က လှုပ်နေတာ။ သူ့နာမည်ခေါ်ရင်လည်း အမြဲထူးတယ်၊ အစာကျွေးမှ မကျွေးမှ မဟုတ်ဘူး။ ပြီးတော့ သူက ဒီမှာ ဆင်တွေအားလုံးထဲမှာ အသက်လည်းအကြီး ဆုံးပဲ။ သူကခေါင်းဆောင်ပဲ''ဟု  ဆင်ဦးစီး ကိုအောင်ဝင်း သောင်းက ပြောသည်။

ဆင်မမိုမို၏   မွေးနေ့ပွဲကို   မျက်လှည့်ကိုခိုင်၏ ဆန်းပြားသောပြကွက်များနှင့် ဖျော်ဖြေမှု၊ မြန်မာ့ခြင်းလုံး အလှကစားခြင်း၊ တိရစ္ဆာန်လေးများ၏ လိမ္မာကျွမ်းကျင်မှု ပြကွက်များ၊ ချစ်စရာ့အရွယ် ကလေးငယ်များ၏ ဖျော်ဖြေ မှု၊ ပျော်ရွှင်စရာ ဥာဏ်စမ်းပဟေဠိနှင့် ကလေးငယ်များ အတွက် ကံစမ်းမဲအစီအစဉ်၊Life & Dance အဖွဲ့သားများ ၏ ကကွက်ဆန်းများနှင့် ဖျော်ဖြေမှု၊Myanmar Idol Season 3 မှ နေခန့်မင်းသစ်၏ သီဆိုဖျော်ဖြေမှု၊ ဧည့်သည် အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ဈေးရောင်း ပွဲတော်နှင့် အနုပညာရှင်များ၏ ပရဟိတ ဈေးရောင်းပွဲတော် များကလည်း ပါဝင်အားဖြည့်ထားပြန်သည်။

တစ်ခေတ်တစ်ခါက    မြန်မာ့အသံရေဒီယိုကနေ တနင်္ဂနွေနေ့များ၌ ထုတ်လွှင့်နေကျ ''မိသားစု တနင်္ဂနွေ'' သီချင်းစာသားကနေ အောင်မြင်ကျော်ကြားလာသည့် မိုမို၊  မိဘတို့က သားငယ်သမီးငယ်များကို ဆင်သဖွယ်  ကျီစယ် ကစားသည့်အခါ ''မိုမိုရေ --- ဝူး''ဆိုသည့် မိုမိုနာမည်ကို ထည့်သွင်းကစားသည်အထိ ပြည်သူ့အသည်းကျော်လေး ဖြစ်ခဲ့သည့် မိုမို ။

တောဆင်ရိုင်းများ  သတ်ဖြတ်မှုမှ  ကာကွယ်ရန်၊ ထိန်းသိမ်းပေးရန် လှုံ့ဆော်ရာတွင်လည်း ဆင်များအားလုံး ကို ကိုယ်စားပြုသည့်အမည်မှာ ''မိုမို''ပင်ဖြစ်သည်။  ယခု ဆင်မမိုမို  အသက် ၆၅ နှစ်ပြည့်ပါပြီ။  ပြည်သူချစ်သော မိုမို အသက်ရာကျော်ရှည်ပါစေ ''Happy Birthday''ပါ မိုမို။ 

သတင်း-သီသီမင်း၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

တရုတ်(တိုင်ပေ)တွင် ခရီးသည်တင်ရထားတစ်စင်း ပြေးလမ်းချော်တိမ်းမှောက်၊ လူ ၁၇ ဦးသေဆုံး

တရုတ်(တိုင်ပေ)တွင် ခရီးသည်တင်ရထားတစ်စင်း
ပြေးလမ်းချော်တိမ်းမှောက်၊ လူ ၁၇ ဦးသေဆုံး

တရုတ်(တိုင်ပေ) အောက်တိုဘာ  ၂၁

တရုတ်(တိုင်ပေ)  အရှေ့မြောက်ပိုင်း  ယီလန်မြို့တွင် ခရီးသည်တင်မီးရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့ရာ လူ ၁၇ ဦးအနည်းဆုံးသေဆုံးခဲ့ပြီး ၁၂ဝ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

တိမ်းမှောက်ခဲ့

ခရီးသည် ၃၆၆ ဦးကို   သယ်ဆောင်လာခဲ့သော အဆိုပါရထားသည် အောက်တိုဘာ ၂၁ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၄ နာရီ မိနစ် ၅ဝ တွင် ¤င်း၏တွဲဆိုင်း အားလုံး   ပြေးလမ်းချော်ခဲ့ပြီး  တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးဆောင်ရွက်

ရထားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ် ရေးလုပ်သားများက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးလျက်ရှိသည်။ ရထားအတွဲများအတွင်း ပိတ်မိနေသူ တစ်ဦးတစ်ယောက်မျှမရှိနိုင်ကြောင်း   ကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။

ရဲအရာရှိများက အဆိုပါအခင်းဖြစ်ပွားမှု၏ အကြောင်း ရင်းခံကိုသိရှိရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

Mirror

ထိုင်းနိုင်ငံ ဗန်ကောက် - မဲဆောက်လမ်းပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် မြန်မာအလုပ်သမား ၁၁ ဦး သေဆုံး

ထိုင်းနိုင်ငံ ဗန်ကောက် - မဲဆောက်လမ်းပိုင်းတွင်
ယာဉ်မတော်တဆမှုကြောင့် မြန်မာအလုပ်သမား ၁၁ ဦး သေဆုံး

နေပြည်တော် အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံ   ဗန်ကောက် - မဲဆောက်လမ်းပိုင်းတွင် အောက်တိုဘာ ၂၁ ရက် နံနက် ၇ နာရီခန့်က မြန်မာ အလုပ်သမား ၁၄ ဦး လိုက်ပါလာသည့် မော်တော်ယာဉ် လမ်းဘေးသစ်ပင်ဝင်တိုက်မိ၍ ယာဉ်မောင်းအပါအဝင် ၁၁ ဦး သေဆုံးကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံး က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦးအပါအဝင် ၁၅ ဦး လိုက်ပါလာသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်သည် ဗန်ကောက်မြို့အနီးရှိ ဆမွတ်ဆခွန်ခရိုင် မဟာချိုင်မြို့မှ မဲဆောက်မြို့သို့  မောင်းနှင်လာစဉ်  ကန်ဖယ်ဖစ်ခရိုင် ခေါင်းခူမြို့နယ်    လုံစီခုံဒစ်(ခ်ျ)အနီးကားလမ်း   မိုင်တိုင် ၄၂၁ ကီလိုမီတာ၌ လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ  မီးလောင်ကျွမ်းခဲ့မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ယာဉ်မောင်း အပါအဝင် မြန်မာအလုပ်သမားကိုးဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ခုနစ်ဦးကို ဆေးရုံသို့ ပို့ဆောင် ထားစဉ် မြန်မာအလုပ်သမား နှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ ငါးဦးကို ကန်ဖယ်ဖစ်ဆေးရုံနှင့်Klong  Kronk    ဆေးရုံများတွင်  ကုသလျက်ရှိသည်။ မြန်မာအလုပ်သမားများအတွက်  လိုအပ်သည့်အုပ်ချုပ်မှု ကိစ္စရပ်များကို  ထိုင်းနိုင်ငံရှိ  မြန်မာအလုပ်သမား သံအရာရှိရုံးမှ အလုပ်သမားသံအရာရှိ ဦးအောင်မင်းက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးနေပြီး မြန်မာ အလုပ် သမားများနှင့် ပတ်သက်သည့်   သတင်းအချက်အလက် များကို စိစစ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း    အလုပ် သမား သံအရာရှိရုံးက ကြေညာထားသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍   မေးမြန်းစုံစမ်းနိုင်ရန် အလုပ်သမားသံအရာရှိရုံး    ဖုန်း-ဦးစန်းမောင်ဦး  ဝ၉-၄၈၈၄၅၄၈၄၊  ဦးသန်းနိုင် ဝ၆၅၂၂ဝ၆၉၅၂၊   ဦးအောင်မင်း   ဝ၆၅၃၂ဝ၆၉၅၃၊ ဦးဇော်မင်းအောင် ဝ၆၅၂၂ဝ၆၉၅၁ နှင့် ဦးဦးခင်မောင်  ဝ၉-၉ဝ၅၉၂၃၅၂ တို့သို့  ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။                           

မောင်ယဉ်ကျေး