Friday, August 31, 2018
သရော်စာအဖြစ်သာ နိုင်ငံရေးမပါ ခံစားကြပါ
အခု မန္တလေးမှာဖြစ်နေတဲ့ ခုတ်ကြထစ်ကြအမှုတွေဟာ လုယက်ရင်းဖြစ်ကြတာမဟုတ်ဘူး။ အကြမ်းဖက်မှုတွေပဲဗျ။ သက်သက်မဲ့ ဘလိုင်းကို လိုက်ခုတ်ကြတာတောင်ရှိတယ်။ ဆိုတော့ လက်နက်ဆောင်ပါတို့၊ ညအပြင်မသွားနဲ့ပေါ့တို့ ဆိုတာတွေကလည်း မှန်ကန်တဲ့ ဖြေရှင်းနည်းတွေမဟုတ်ပါဘူး။ လူထူထူ ညဦးပိုင်းလောက်အခြေနေလေးမှာတင် ခုတ်နေထစ်နေတာပါ။
ကျနော်တို့ မန်းတလေးမယ် အဲ့သလိုဖြစ်လာပြီဆိုရင် ရဲကဘာလုပ်တယ်မှတ်တုန်း လမ်းဆုံလမ်းခွကနေ လက်နက်တွေစစ်တာဗျ။ မိတာပဲ ကျောက်လှည့် ( ဝက်အူလှည့် ) တွေမှမနည်းဘူးရယ်။ ဒီနား ပတ်ကင်းလှည့်နေတုန်း ဟိုနားခုတ်ထစ်သွားတာမျိုးတောင် ရှိတယ်။ ဆိုင်ကယ်အလုခံရတယ်မို့လား၊ လုတဲ့ကောင်ကို နိုင်အောင်ပြန်ရိုက်နိုင်ရင် ပြန်ရမယ်။ မဟုတ်လို့ကတော့ ရဲသွားမတိုင်လေနဲ့ လဘက်ရည်ဖိုးဆုံးရော။ သူတို့က စုဖမ်းတာဗျ၊ အစီး၃၀ပြည့်မှ တခါဖမ်းသလား မသိဘူးရယ်။ ဆိုတော့ လမ်းပေါ်မယ် ခများကိုဓားနဲ့လိုက်ခုတ်ရင် လွတ်အောင်သာပြေးဗျ။ အဲ့ဒီအနီးအနားရဲရှိနေလို့ အားကိုးရှိတယ်ဆို ပေရပ်မနေနဲ့ အဲ့ဒီရဲပါပြေးရမှာ တကယ့်တကယ်ဓားနဲ့လိုက်ရင်လေ။ ပြေးရမှာပေါ့ဗျ လုံခြုံရေးယူထားတဲ့ရဲတဲ့ ဝေါ်ကီတော်ကီနဲ့ ယီးနဲ့လောက်ပါတာရယ်။ လက်လက်ချင်းတောင် ယှဉ်မထိုးရဲတဲ့ အာဂရဲကိုးဗျ။ အဲ့တော့ ရဲအားကိုးလို့မရတော့ ငြိမ်ဝပ်ပိပြားအောင် စစ်တပ်အကူညီယူကြမလား။
သာတောင်ဆိုးသေး။ စစ်ချီတေးမယ်သာ တလက်မမှအကျူးမခံဘာညာ လုပ်နေတာ၊ အပြင်မှာကျ ရေပိုင်နက်ထဲ သင်္ဘောဝင်လာတာတောင် မသိရှာဘူးရယ်။ ဘယ်သိမတုန်းဗျ ကျောက်စိမ်းထွက်တဲ့နေရာလောက် စစ်တိုက်နေတဲ့ ဂျနိုဆိုက်စစ်တပ်ကိုး။ ဒါဆို ဒို့တင်ထားတဲ့ လွှတ်တော်အမတ်တွေရှိနေမှပဲ အရေးကြီးအဆိုတင်ပြီး အရေးဆိုမှနဲ့တူတယ်။ မလုပ်လေနဲ့ဗျို့ ငါးပါးတင်မက သံင်္ဃာစင်ပါ မှောက်လိမ့်ဗျ။ အရပ်ထဲမြောင်းဆယ်ဖို့တောင် ဗဟိုညွှန်ကြားချက်မရှိလို့ဆိုပြီး လဘက်ရည်သောက် စော်က်တင်းထိုင်ပြောပြိးရုံးဆင်းတဲ့ ပါတီကကောင်တွေကိုးဗျ။ မေမေ့မျက်နှာတရွာမှတ်ပြီး ဝင်အရွေးခံခဲ့ကြတဲ့ကောင်တွေကိုး။ ကိုယ့်အရပ်ဒေသက အရေးပေါ်အခြေနေကို အရေးကြီးအဆိုတင်ရတယ်ဆိုတာတောင် မသိရော့လေသလားဆိုတော့ မသိဘူးဗျ။ ခေါင်းပေါင်းစတလူလူနဲ့ အူတူတူကောင်တွေရယ်။ ဒါဖြင့်လည်း ဒို့တင်ထားတဲ့ အစိုးရရှိနေမှ ဟကောင်ရာ တိုက်ရိုက်ပြောကြတာပေါ့ ။ သာဆိုးသေး။ အစိုးရတဲ့ဗျာတို့ရေ စစ်တပ်ဘာလုပ်မလဲ ထိုင်ငေးနေရတာ။ အစိုးရမှတ်လို့မဲပေးလိုက်တာ စစ်အစိုးရအကြံပေးအဖွဲ့ကြီးပဲဗျ။ တပ်မတော်ကြီးကိုမထိနဲ့၊ ခရိုနီတွေကိုမထိနဲ့ ပြည်သူတွေကိုယ့်ကိစ္စကိုယ်ရှင်း ဟမ်းမယ့်လေးလေ့။ လုံခြုံရေးအကြောင်းမပြောနဲ့ ပြည်ထဲရေးကငဒို့လက်အောက်မရှိကစပြီး ကိုယ်စောက်သုံးမကျတာ အရပ်လှည့်အရသာခံနေသေးတာဗျ။
တကယ့် ဆင်ဝှေ့ရန်ရှောင်အစိုးရရယ်။ ပြသနာနဲ့သာထိပ်တိုက်မတိုးတာ ကားကျစီးချင်တယ်ဗျ။ အရင်အစိုးရခိုးတာတွေ ထိုင်ထိုင်ပြောပြီး သူ့ရပိုင်ခွင့်ကျတောင်းတတ်တယ်ရယ်။ လစာဆယ်ချီရနေတဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရမင်းတွေကို နှစ်သိန်းခွဲလောက်ရနေတဲ့ကောင်က ကာကွယ်နေတာလည်း အံ့သြလို့ကိုမဆုံးဘူးရယ်။ ဆိုတော့ ခုဖြစ်နေတာတွေနဲ့ ကြုံလာရင် ဘာလုပ်ရမတုန်း။ ဓားကြီးနဲ့လာတာပဲဗျာ ကိုယ်ကလည်းစူပါမန်းမှမဟုတ်တာ ပြေးပေါ့။ လွတ်အောင်သာပြေး။ ပြေးပြေး ဖောရက်စ်ပြေး။ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်မြင်တာနဲ့ပြေး။ ဓားနဲ့ကောင်မြင်တာနဲ့ပြေး။ ပေတိပေစုတ် သုံးယောက်ပူးစီးလာပြီဆိုပြေး။ ရဲမြင်လည်း ပြေး။ ခေါင်းပေါင်းစမြင်လည်းပြေး။ အပွင့်တွေအခက်တွေနဲ့ အကောင်စိမ်းစိမ်းမြင်ရင် အရှိန်ကိုပိုမြှင့်ပြီးပြေး။ လွတ်အောင်သာပြေးပေတော့။ အေး ကျမကလည်း ပြည်သူတွေကိုချစ်ပါတယ်ဆိုတဲ့ အသံကြားရရင် တနာရီမိုင်တရာနှုန်းနဲ့ လီဗာကုန်နင်းပြီးပြေးပေတော့ဗျိုး ။ အဲ့တော့ ကြာနီကံအသံလေးနဲ့ အချင်းချင်းဗျို့ဟစ်ပြီးပြေးကြဗျ '' သားကြီးရှင်မောဂ္ဂလန်ရေ မင်းတယောက်ထဲသာ လွတ်အောင်ပြေးတော့... ပရိတ်သတ်ကြီး ဘာတဲ့ ''' ။ ။
Sue Yit Nwe (ကိုဆူး)
သရော်စာအဖြစ်သာ နိုင်ငံရေးမပါ ခံစားကြပါ
Reviewed by timeayeyar
on
7:04 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment