Latest News

Thursday, August 2, 2018

လပေါ်တွင် သက်ရှိများနေထိုင်ခဲ့ကြောင်း ပညာရှင်အချို့က အတည်ပြု

လပေါ်တွင်   သက်ရှိများနေထိုင်ခဲ့ကြောင်း   ပညာရှင်အချို့က   အတည်ပြု

ကမ္ဘာမြေမှလူသားများ နေ့စဉ်နီးပါးမြင်တွေ့နေရသော လပေါ်တွင် သက်ရှိများနေထိုင်ခဲ့ဖူးကြောင်း ပညာရှင်အချို့က အတည်ပြုပြောကြားလိုက်ကြောင်း သိရသည်။ လပေါ်တွင် သက်ရှိများနေထိုင်ခဲ့ဖူးသည်ဟု အတည်ပြုပြောကြားလိုက် ခြင်းမှာ ခန့်မှန်းပြောကြားခြင်းမဟုတ်ဘဲ တွေ့ရှိမှုအချက်အလက်များအပေါ်အခြေခံကာ အတည်ပြုလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

လပေါ်တွင်တွေ့ရှိရသည့် ရေအိုင်နှင့် ရေမျက်နှာပြင်များကို အခြေခံကာ ရေထုတည်ရှိနေသည့်အတွက် လေထုလည်း တည်ရှိနေနိုင်မည်ဟု သက်သေပြနိုင်ရန် ကြိုးစားနေကြပြီး လေထုတည်ရှိပါက သက်ရှိများ ရှင်သန်ပေါက်ဖွားခဲ့နိုင်သည်ဟု အဆိုပါပညာရှင်များက ပြောကြားခဲ့ကြသည်။ လပေါ်ရှိ မြေမျက်နှာသွင်ပြင်အနေအထားအရ မီးတောင်များလည်းရှိခဲ့နိုင်ကာ ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့မှုကြောင့် အဆိုပါသက်ရှိများ ပျောက်ကွယ်သွားနိုင်ခြင်းလည်းဖြစ်နိုင်ကြောင်း သိရသည်။ လပေါ်တွင် အလွန်အေးသောရာသီဥတုအခြေအနေများကြောင့် သက်ရှိများရှိခဲ့လျှင် ကမ္ဘာပေါ်ရှိ ဝင်ရိုးစွန်းဒေသများမှ သက်ရှိများကဲ့သို့ အမွှေးထူသတ္တဝါများ၊ ဒိုင်နိုဆောများကဲ့သို့ ရာသီဥတုဒဏ်ခံနိုင် သည့် သက်ရှိများ ရှင်သန်ပေါက်ဖွားကာ နေထိုင်ခဲ့နိုင် ကြောင်း ၎င်းပညာရှင်များက ပြောကြားခဲ့သည်။

သို့ရာတွင် သက်ရှိများရှိခဲ့သည်ဟူသည့် ပြောကြားချက်များကို လက်တွေ့ယုံကြည်နိုင်စေရန် သက်ရှိရုပ်ကြွင်းများကိုမူ မရှာဖွေမတွေ့ရှိဘဲ ရေထု၊ လေထုနှင့် ရာသီဥတုအခြေအနေများကိုခန့်မှန်းကာ ၎င်းတို့က ပြောကြားနေကြခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားချက်များကိုလည်း တွေ့ရှိ
နေရသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃ ဒသမ ၇ ဘီလီယံခန့်တွင် လပေါ်၌ ပြင်းထန်သည့် မီးတောင်ပေါက်ကွဲမှုများရှိခဲ့ပြီး ကမ္ဘာပေါ်တွင် သက်ရှိများ စတင်ပေါ်ပေါက်လာသည့်အချိန်မှာ လွန်ခဲ့သည့်နှစ်ပေါင်း ၃ ဒသမ ၈ ဘီလီယံ နှစ်များမှ
အစပြုခဲ့ရာ အဆိုပါလပေါ်မှသက်ရှိများမှာ မီးတောင် ပေါက်ကွဲမှု သို့မဟုတ် ဥက္ကာခဲများဝင်ရောက် တိုက်မိခြင်း များမှ ရောက်ရှိလာနိုင်ကြောင်း ဆိုကြသည်။

ဇာဏီ

No comments:

Post a Comment