Latest News
Friday, August 31, 2018
ကျွန်တော့် အစ်မ ဘယ်သွားပါလိမ့်...?
::::::::::::::::::::::::
နောက်ဖေးချောင်... တစ်အိမ်လုံးရှာကြည့်တာ အစ်မ မရှိဘူး..။
အစ်မဘယ်သွားပါလိမ့်..?
::::::::::::::::::::::::
အခု ညနေရောက်ပြီ..။
အစ်မ ပြန်မလာဘူးဗျာ..။
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
:::::::::::::::::::::::::
ကျွန်တော့် အစ်မ...?
ဟုတ်ပါ့ ခင်ဗျာ..။
ကျွန်တော့် အစ်မ အစစ်...။
"အစ်မရေ!!!!"
::::::::::::::::::::::::
::::::::::::::::::::::::
သွေးတွေလဲပေမနေဘူး ..။
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
::::::::::::::::::::::::
:::::::::::::::::::::::::::::::
:::::::::::::::::::::::::::::::
::::::::::::::::::::::::
သက်သေလဲရှိနေပြီ...။
::::::::::::::::::::::::
::::::::::::::::::::::::
အစ်မရည်းစားက ဖုန်းမက်ဆေ့ခ်ျပို့တယ်။
::::::::::::::::::::::::
:::::::::::::::::::::::
::::::::::::::::::::::::
:::::::::::::::::::::::
၂၀၁၈ခုနှစ်
ကျွန်တော် အစ်မကို သတ်တဲ့သူ မသိရသရွေ့ ကျွန်တော့်ရဲ့ ဝမ်းနည်းမှုတွေ မပြေပျောက်နိုင်ဘူး။ အစ်မကို လွမ်းတယ်။
:::::::::::::::::::::::
:::::::::::::::::::::::
:::::::::::::::::::::::
မနက်ပိုင်းရောက်တော့
မိန်းမဗျ....။
ကျွန်တော် ချမ်းတယ်...။
ကျွန်တော် ဗိုက်ဆာတယ်။
အစ်မ ပြန်မလာဘူး...။
:::::::::::::::::::::::
အဲဒီ မိန်းမ ဘယ်သူလဲ...။
အစ်မကို ဘယ်သူသတ်တာလဲ...?
:::::::::::::::::::::::
အစ်မ ဘယ်သွားပါလိမ့်...?
References
그것이 알고싶다 1077 회
부산 배산 여대생 피살사건 미스테리
 မရွှေမိုး( ကိုရီးယား )
# Unicode Version ဖြင့် ဖတ်ပါ #
 အောက်ပါ အကြောင်းအရာများသည် ဖြစ်ရပ်မှန် မှုခင်းများကို ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသောကြောင့် စိတ်မခိုင်သူများနှင့် အသက် ၁၈ နှစ်အောက်များ ဖတ်ရန်မသင့်ကြောင်း သတိပေးအပ်ပါသည်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကျွန်တော် အရမ်းကြိုက်တဲ့ ကာတွန်းကား က တနင်္ဂနွေ မနက် ရ:၃၀ မှာ လာမှာမို့လို့ ကျွန်တော် အိပ်ရာက အမြန်ထလိုက်တယ်။
ကျွန်တော့်ဘေးမှာ ဘယ်သူမှ မရှိကြတော့ဘူးခင်ဗျ...။ ဘယ်သွားကြပါလိမ့်...။
အာ.. အမေက ဂယောင်ဂျူးဘက် (Gyeongju-si )သွားမယ်လို့ ညက ပြောတာ သတိရသွားတယ်..။
အမေကတော့ ထုံးစံအတိုင်း မနက် ၅ နာရီလောက်က အိပ်ရာထပြီး တောင်ပေါ်က ဘုရားစေတီတက်ပြီး ဘုန်းကြီး ဝတ်ပြု... နေ့လည်စာ စားပြီးမှ ပြန်လာမှာပေါ့...။ အမေက ဘုရားတရားနဲ့ပတ်သက်ရင် ဘယ်သူမှတားမရ...။
အဖေက အဆောက်အဦ စောင့်တဲ့ အစောင့်ဝန်ထမ်းပါ... ။ ဒီည ညဆိုင်းဆင်းပြီး အခု အထိပြန်မလာသေး..။
ဒါဆို အစ်မ ဘယ်သွားပါလိမ့်..?
::::::::::::::::::::::::
တောင်ကိုရီးယားရဲ့ ဆောင်းရာသီက ချမ်းလွန်းလို့ ကြမ်းပြင်ကို အပူပေး ဘွိုင်လာနဲ့နွေးအောင်လုပ်ပြီး ကျွန်တော်တို့ အိပ်ကြရတယ်။
ဘွိုင်လာဆီကဈေးကြီးတော့ အမေရယ် ၊အစ်မရယ် ၊ ကျွန်တော်ရယ် အခန်းတစ်ခန်းကိုပဲ အပူပေးပြီး အားလုံးတန်းစီ အိပ်ကြတယ်လေ....။
ဒီနေ့ အိပ်ရာက ထတော့ ကျွန်တော့်ဘေးမှာ တစ်ယောက်မှ မရှိတာ ထူးဆန်းနေတာပါ..။
အစ်မ စာကျက်နေတာများလား..?
နောက်ဖေးချောင်... တစ်အိမ်လုံးရှာကြည့်တာ အစ်မ မရှိဘူူး..။
အစ်မ ဖုန်းကျတော့ ဆိုဖာပေါ်မှာရှိနေတယ်..။
အစ်မဘယ်သွားပါလိမ့်..?
::::::::::::::::::::::::
ကျွန်တော် က အစ်မကို တော်တော်ချစ်တာဗျ...။ အစ်မက ကျွန်တော့်အမေလိုပါပဲ...။
အစ်မ ထမင်းစားချိန်အထိ ပြန်မလာလို့ ကျွန်တော် အတော်စိုးရိမ်မိတယ်..။ အစ်မက ဖုန်းထားခဲ့တော့ အဆက်အသွယ်လဲလုပ်လို့မရဘူး ..။
အစ်မ ဒီလိုပျောက်နေတာ ထူးဆန်းနေတာပါ..။ ကျွန်တော့် အစ်မဟာ ဒီလို မပြောမဆို အပြင်ထွက်လေ့မရှိဘူး။
အစ်မ ပြန်လာမယ့်အချိန်ကို TV ကြည့်ရင်း မနက်စာစားဖို့ စောင့်နေမိတယ်။ ဗိုက်ဆာလှပြီ..။
မစောင့်နိုင်လို့ ကျွန်တော် တစ်ယောက်ထဲ ထမင်းစားလိုက်တယ်။
အခု ညနေရောက်ပြီ..။
အစ်မ ပြန်မလာဘူးဗျာ..။
::::::::::::::::::::::::
အဲဒီနေ့က ၂၀၀၁ ခုနှစ် ၂ လပိုင်း ၄ ရက်နေ့ပေါ့...။
ကျွန်တော်တို့နေတဲ့ ဘူဆန်မြို့- ယောင်ဆန်းဒုံ (Busan, Yong San Dong ) ရဲ့ ညနေ ပိုင်း...။
အဲဒီနေ့က ရပ်ကွက်ထိပ်က ရဲစခန်းမှာ အမျိုးသမီးတစ်ဦး က အာဘောင်အာရင်း သန်သန် ပြောနေတဲ့စကားကို ကျွန်တော်အပါအဝင် လူတွေ အများကြီး ဝိုင်းနားထောင်နေကြတယ်။
::::::::::::::::::::::::
အဒေါ်ကြီးတစ်ယောက်က လူအုပ်ကြီးကို ရှင်းပြနေတာတွေ့တယ်..။
" ကျွန်မ အမြဲတမ်း ကျွန်မ ခွေးလေးနဲ့ ညနေဖက် ဘဲဆန် ( Bae San ) ဆိုတဲ့ တောင်ပေါ် လမ်းလျှောက်နေကျ.. ခွေးလေးက ထူးထူးဆန်းဆန်း ရုတ်တရက် ပြေးထွက်သွားပြီး လမ်းဘေးဘက်ကို ဆင်းချသွားတော့တယ်..။
ဘဲဆန်ဟာ ရှင်တို့သိတဲ့အတိုင်း တောင်အမြင့်တစ်ခုမဟုတ်ပါဘူး.. လမ်းလျှောက်လို့ကောင်းတဲ့ တောင်ကုန်းလေးပါ...။
ကျွန်မ ခွေးလေးကို ဖမ်းဘို့ ပြေးလိုက်သွားတော့ ခွေးလေးက လဲကျနေတဲ့ ကောင်မလေးတယောက်ဆီ သွားပြီး ဟောင်နေတာတွေ့ရတယ်..။
ကျွန်မ ကလေးမလေးကိုကြည့်လိုက်တော့ သွေးတွေနဲ့....
"လာကြပါဦး ကလေးမလေး သွေးတွေနဲ့.." လို့ကျွန်မ အော်ဟစ်အကူအညီတောင်းလိုက်တယ်...။
"မေ့နေတာလား သေများသေနေသလား.."
ပတ်ဝန်းကျင်ကလူတွေက အကူအညီတောင်းပြီး ဖုန်းဆက်တော့ ရဲစခန်း အရာရှိတွေရောက်လာတာပါ...။
အချိန်က ညနေ ၅ နာရီ ၃၀ မိနစ်ပေါ့...။
::::::::::::::::::::::::
" ကျွန်တော်တို့နဲ့ တစ်ခေါက်လိုက်ခဲ့ပြီး အန်တီ ဘယ်လိုဘယ်ပုံ စတွေ့တာကို လိုက်ပြပေးပါခင်ဗျာ..."
အဒေါ်ကြီး မောသွားပုံရတယ်။
ဒီလို စိတ်ဝင်စားဘို့ကောင်းတဲ့ ဖြစ်ရပ်ဖြစ်ပြီဆို ကျွန်တော့် အစ်မ မရှိဘူး။
အစ်မပြန်လာရင် ပြောပြရဦးမယ် ... ။
ကျွန်တော် အမကို ပြန်ပြောပြဖို့ စိတ်စောနေမိတယ်...။
ဒါနဲ့ ကျွန်တော်လည်း လူအုပ်ကြီးနောက်လိုက်သွားတာပေါ့...။
::::::::::::::::::::::::
လူတွေက အများကြီး သိပ်မမြင်ရဘူး...။ ရဲတပ်ဖွဲ့တွေ ဆေးရုံကားတွေ ဝိုင်းဝိုင်းလည်လေတယ်။
ရဲအရာရှိတစ်ဦးက အော်ပြောပြီး ကျန်တစ်ရောက်က ရေးမှတ်တာကို ကျုပ်တွေ့ရတတ်။
"အဲဒီ အသက် ၂၀ ကျော်ရှိတဲ့ မိန်းကလေးရဲ့ ဝမ်းဗိုက်မှာ ဓားဒါဏ်ရာတစ်ခု၊ လည်ပင်းမှာ ၃.၂ cm နှင့် ၂.၁ cm ရှိသော ထိုးသွင်း ပေါက်ပြဲ ဒါဏ်ရာနှစ်ခုနဲ့ တောင်ပေါ်မှာ သေဆုံး.."
"ပြီးပြီလားရှင့်..? အလောင်းကို ဆေးရုံသယ်ရပါမယ်... လမ်းရှင်းပေးကြပါ..." ဆေးရုံဝန်ထမ်းအမျိုးသမီးက ရဲအရာရှိကိုပြောလိုက်တယ်။
:::::::::::::::::::::::::
စပ်စုလိုစိတ်နဲ့ ကျွန်တော် လူအုပ်ကြီးကို တိုးထွက် လိုက်တယ်။ လူသေတာ တစ်ခါမှ မမြင်ဖူးဘူးလေ...။
ဓားနဲ့ အထိုးခံရတာဆိုတော့ သွေးတွေပေနေမလား...?
ကျွန်တော် အရမ်းကြောက်သွားတယ်။
"ဗျာ!!!!! အစ်မ... အစ်မ..." ကျွန်တော် ထိုင်ရက်လဲကျသွားတယ်....။
ကျွန်တော့် အစ်မ...?
ဟုတ်ပါ့ ခင်ဗျာ..။
ကျွန်တော့် အစ်မ အစစ်...။
အစ်မ အမြဲ ဝတ်နေကျ အိမ်နေရင်းအင်္ကျီ...။ ဒူးမှာစုတ်ပြဲနေတဲ့ ဘောင်းဘီအရှည် အဟောင်းလေး...။
အစ်မရယ်... ဖြစ်ရလေတယ်ဗျာ...ကျွန်တော့်အစ်မဟာ အသက် ၂၂ နှစ်ပဲရှိသေးတယ်ခင်ဗျာ....။
"အစ်မရေ!!!!"
ကျွန်တော့် အသံအကျယ်ကြီးထွက်သွားတယ်....။
လူတွေ ကျွန်တော့်ဆီဝိုင်းလာတယ်။
::::::::::::::::::::::::
"ကျောင်းသား.. အဲဒါမင်းအစ်မလား..?"
ဟုတ်ပ....သူမ က ကျွန်တော့် အစ်မ ကင်မ် ဆောန် ဟီး ပါ ခင်ဗျာ..။ အစ်မ ဟာ ကျွန်တော်တို့ကို ရုတ်တရက် ထားခဲ့ပါပြီ..။
အဲဒီတုန်းက ကျွန်တော် အလယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်..။ ကျွန်တော် ဝမ်းနည်းပက်လက်ငိုမိတယ်။
ခေါင်းငြိမ့်ပြရုံကလွဲပြီး ကျွန်တော် ဘာစကားမှ မပြောနိုင်ခဲ့...။
ဖြစ်ရလေ အစ်မရယ်..။ မောင်နှစ်မ နှစ်ယောက်ပဲရှိတဲ့ဘဝ ..ကျွန်တော့်ကိုထားခဲ့ပြီ..။
::::::::::::::::::::::::
ရက်လည်ပြီးတော့ ကျွန်တော် လူသတ်သမားဘယ်သူလဲဆိုတာ အလွန်အမင်းသိချင်လာတယ်။
အစ်မဟာ အိပ်နေရင်း ရုတ်တရက် ဘယ်သူ့ကိုမှပြောပဲ အိမ်နေရင်း အင်္ကျီနဲ့ ဘာလို့ တောင်ပေါ်တက်သွားခဲ့ရတာလဲ ကျွန်တော် စဉ်းစားမရဘူး။
အစ်မ အိမ်မှာနေရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး..။
ရဲထောက်လှမ်းရေးတွေက ပြောတယ်။
အစ်မဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေရင် အစ်မလက်မှာ သွေးတွေပေနေရမယ်တဲ့...။
သွေးတွေလဲပေမနေဘူး ..။
အစ်မ ကိုယ့်ကိုယ်ကိုယ် သတ်တာမဟုတ်ဘူး..အသတ်ခံရတာတဲ့...။
::::::::::::::::::::::::
အစ်မ သူ့ဖာသာ တောင်ပေါ်တက်ရင်း လူယုတ်မာ တစ်ယောက်နဲ့တွေ့ပြီး ဒီလို အသတ်ခံရတာလား..?
လုံးဝ မဖြစ်နိုင်... ကျွန်တော့် အစ်မဆိုတာ တောင်ပေါ်တစ်ခါမှ သွားတဲ့သူမဟုတ်ဘူး..။
လူသတ်သမားက အစ်မကို သတ်ဖို့ အိမ်ပေါ်ကိုလာခေါ်ပြီး တောင်ပေါ်အထိသွားတာ သေချာတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက CCTV တွေလည်း သိပ်မရှိသေးဘူး...။
သက်သေလိုက်နိုင်မယ့်သူ...အစ်မကို မနက်စောစော မြင်တွေ့တဲ့သူ... တစ်ယောက် တစ်လေမှ မရှိ....။
::::::::::::::::::::::::
ရဲထောက်လှမ်းရေးတွေ သံသယဖြစ်တဲ့ ထိပ်ဆုံး စာရင်းထဲ ကျွန်တော့် နာမည်လဲ ပါတယ်ခင်ဗျ...။ အစ်မ နဲ့ အတူ ရှိနေခဲ့တာ ကျွန်တော်လေ...။
ပထမတော့ အခံရခက်တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်တော် နားလည်သွားတယ်။ မောင်နှမ အချင်းချင်းသတ်ပစ်တာမျိုးလည်း ရှိတတ်တာကိုး...။
ကျွန်တော့်အစ်မကို သတ်တဲ့သူဟာ အိမ်မှာ အမေနဲ့ အဖေ မရှိဘူးဆိုတာလည်း သိနေတယ်၊
::::::::::::::::::::::::
ဒါကြောင့် ကျွန်တော့်အစ်မ ရည်းစားနဲ့ ကျွန်တော့်အစ်မ ကျောင်းက ကျောင်းသူ ကျောင်းသားတွေ ကျွန်တော့် အစ်မနဲ့ ရင်းနှီးတဲ့သူတွေ အားလုံး အယောက် ၂၀ ကျော်ကို ခေါ်ပြီး စစ်ဆေးခဲ့တယ်...။
တရားခံလို့ ထင်ရမယ့်သူ နှစ်ယောက်ရှိခဲ့တယ်...။ နှစ်ယောက်လုံး မိန်းကလေးတွေ...။
တစ်ယောက်က ဆိုလ်းမြို့မှာရှိခဲ့ပြီး ကျန်တစ်ယောက်က သူ့အိမ်မှာ အိပ်နေခဲ့တယ်လို့ သက်သေပြနိုင်လို့ ရဲအရာရှိတွေက ပြန်လွှတ်ပေးခဲ့တယ်။
::::::::::::::::::::::::
အစ်မကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်တော့ အစ်မဟာ မုဒိမ်းကျင့် ခံရတာလည်းမဟုတ်ဘူး။
အရိုက်အနှက်ခံရတဲ့ ဒါဏ်ရာလည်း မရှိဘူး ခင်ဗျ..။
အိပ်ဆေး အဆိပ်...ဒါတွေလည်း တစ်ခုမှ မတွေ့ရဘူး။
::::::::::::::::::::::::
ပြီးတော့ အစ်မဟာ လူသတ်သမားဆီက ပြေးဖို့ ရုန်းကန်ဖို့ တစ်ခုမှ ကြိုးစားခဲ့ပုံမရဘူး...။လူသတ်သမားဟာ အစ်မနဲ့ ခင်ပုံရတယ်..။
ဘာဖြစ်လို့လဲ..ဆိုတော့ အစ်မကို အတင်းအဓမ္မဆွဲခေါ်တယ်ဆို အစ်မ ခန္ဓာကိုယ်မှာ အညိုအမည်း တစ်ခုခုရှိနေရမှာ...။
ကျွန်တော့် အစ်မဟာ သေရမှာကို မသိပဲ အသာတကြည်လိုက်သွားပုံရတယ်..။
::::::::::::::::::::::::
လူသတ်သမားဟာ အစ်မကို သတ်ပစ်ချင်တဲ့စိတ် သက်သက်ပဲ...အစ်မဆီမှာ ငွေဆိုလို တစ်ပြားမှမရှိ..။
ဒါဆို အစ်မကို မုန်းတဲ့သူတစ်ယောက်လေလား?..။
::::::::::::::::::::::::
ရပ်ကွက်ထဲမှာ မနက်ပိုင်း လူသတ်သမားရှိတယ်။ စိတ်ညှို့ပြီးခေါ်သွားတာ...။ မနက် တံခါးခေါက်ရင် မဖွင့်ပေးနဲ့လို့ ကောလဟာလတွေပေါ်လာတယ်။
::::::::::::::::::::::::
ရဲအရာရှိနောက်က တစ်ကောက်ကောက်လိုက်နေတဲ့ ကျွန်တော့်ကို သူတို့က ဒီလိုရှင်းပြတယ်....။
လူတစ်ယောက် ဓားနဲ့အထိုးခံရတယ်ဆိုပါစို့...။ ခန္ဓာကိုယ်ထဲ ဓားဝင်လာတဲ့အခါ နာကျင်မှုကြောင့် မသိစိတ်နဲ့ အလိုအလျှောက် ကြောက်လန့်တကြား ရုန်းကန် တုန့်ပြန်လေ့ရှိတယ်တဲ့..။
ဟုတ်တယ်...အနည်းဆုံးတော့ ဓားဝင်သွားရင် နာကျင်လို့ လှုပ်ရှားကြမှာပဲဗျ..။
ရဲအရာရှိက....ဒါကြောင့် လူတစ်ယောက်ကို ဓားနဲ့ထိုးပြီး ပြန်ဆွဲထုတ်လိုက်တဲ့အခါ ဓားဒါဏ်ရာ အဝဟာ လှုပ်ရှားမှုကြောင့် မူလ အရွယ်ထက်ကျယ်သွားတာ ထုံးစံပါပဲ..တဲ့။
ဟင်?! ဒါဆို ...အစ်မ ဘယ်လိုဖြစ်တာလဲ...?
အစ်မဟာ လည်ပင်းကို ဓားနဲ့ အထိုးခံရတာ တုတ်တုတ်မှ မလှုပ်ခဲ့ဘူးလား... ။
ဒါကြောင့် အစ်မဟာ တစ်ကယ်ပဲ စိတ်ညှို့ခံရတာလား..?။
ဓားပြန်ထွက်သွားတဲ့ဒါဏ်ရာက ဓားသွား အရွယ်အစားအတိုင်းပဲလေ...။
အစ်မကို လူသတ်သမားက မေ့ဆေး ထုံဆေးတွေလည်း ပေးမထားခဲ့ဘူးလို့ ဆေးစာထဲမှာပါတယ်။
ဘာကြောင့်လဲ ကျွန်တော် တွေးမရဘူး..။
:::::::::::::::::::::::::::::::
ကျွန်တော် မှုခင်းကျွမ်းကျင်တဲ့ ပညာရှင်တွေ မေးကြည့်တော့ လူသတ်သမားဟာ အစ်မရဲ့ဗိုက်ကို ဓားနဲ့ထိုးလိုက်တယ်။
ဓားက စတစ်ကာတောင် မခွာရသေးတဲ့ အသစ် စက်စက်...အိမ်မှာ သုံးပြီးသား ဓားမဟုတ်.... အစ်မကိုသတ်ဖို့ လူသတ်သမားဟာ ဓားကို ဝယ်လိုက်တယ်။
ပြီးတော့ လူသတ်သမားဟာ ဓားကို လက်ဗွေရာ မပေါ်အောင် အသေအချာ သုတ်ခဲ့တယ်...။
အစ်မဟာ လဲကျသွားပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ ဓားတစ်ချက်တည်းနဲ့ သေအောင် အပြီးထိုးနိုင်တာ ဓားကို ကောင်းကောင်းသိနားလည် ကျွမ်းကျင် သူများလား..?
ကျွမ်းကျင် ပညာရှင်တွေက အစ်မကို မုန်းလှတဲ့ လူသတ်သမားဟာ ဗိုက်ကဓားဒါဏ်ရာကြောင့် သွေးထွက်လွန်ပြီး သေဆုံးသွားတဲ့ ကျွန်တော့်အစ်မကို ကျေနပ်အားရစွာ အသေချာစောင့်ကြည့်ခဲ့ပုံရတယ်။
ပြီးမှ သေမသေ သေချာအောင် အစ်မလည်ပင်းကို ဓားနဲ့ ၂ ချက်ထပ်ထိုးတယ်တာဖြစ်တယ်လို့ ပြောကြတယ်..။
ဒါကြောင့် အစ်မဟာ လည်ပင်းကို ဓားနဲ့အထိုးခံရတဲ့အချိန်မှာ မလှုပ်ရှားနိုင်ခဲ့...။
ဒါဆိုအစ်မကို မုန်းတဲ့သူဘယ်သူလဲ..?
:::::::::::::::::::::::::::::::
အစ်မမှာ ဓားဒါဏ်ရာ ၃ ချက်....။
ဗိုက်ကို ဓားနဲ့အထိုးခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်...။သို့မဟုတ် မသေမရှင် ဖြစ်နေလို့ လည်ပင်းကို ဓားနဲ့ ထပ်ပြီးအထိုးခံရတဲ့အခါ ငြိမ်သက်ပြီး မလှုပ်ရှားနိုင်ခဲ့တာပါ..တဲ့...။
ကျွန်တော့် အစ်မကို မသေမချင်းသတ်တဲ့ လူသတ်သမား...။
ကျွန်တော် အံကြိတ်လိုက်တယ်။
ဘာလုပ်ရမှန်းမသိလို့ ရဲစခန်းက အရာရှိ အကိုကြီးတွေဆီနေတိုင်း သွားထိုင်နေတာ ရဲစခန်းတစ်ခုလုံး ကျွန်တော့်ဆို သိနေပြီ...။
::::::::::::::::::::::::
အစ်မ သေတဲ့နေရာဟာ ကျွန်တော်တို့အိမ်နဲ့ ၁၅၀ မီတာပဲဝေးပါတယ်.. ကျွန်တော် ပြေးသွားရင် တစ်မိနစ်လောက် ပဲကြာတယ်..။
အစ်မကို သတ်တဲ့ဓားကလဲ ပေါ်တင်ကြီး အစ်မ အနားမှာ လွှင့်ပစ်ထားလေရဲ့..။
သက်သေလဲရှိနေပြီ...။
ဓားပေါ်ကသွေးက အစ်မရဲ့သွေးတွေပါ..။
ဓားဒါဏ်ရာကလည်း အဲဒီ ဓားနဲ့ထိုးထားတာမှန်ကန်တယ်။
ဒါပေမယ့် ဓားပေါ်မှာ လက်ဗွေရာတော့ရှာမတွေ့...။
::::::::::::::::::::::::
အစ်မ အသတ်မခံရခင် ရက်အနည်းငယ်အလိုပေါ့...။
အစ်မဟာ အတန်းဖော် သူငယ်ချင်းတွေနဲ့ ခရီးထွက်တယ်။
အဲဒီ ခရီးက ပြန်လာပြီး ကတည်းက သဘောကောင်း အေးဆေးလှတဲ့အစ်မဟာ အရင်လို စိတ်မရှည်တော့ဘူး။ ကျွန်တော် စကားတစ်ခွန်းပြောတာနဲ့ အော်ငေါက်ပစ်တယ်။
အစ်မရဲ့ထူးခြားချက်ပေါ့... ။
::::::::::::::::::::::::
အစ်မဟာ အစ်မကျောင်းက ကျောင်းသား အသင်းအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။
အစ်မ အဲဒီနေ့က ကျောင်းသားအဖွဲ့နဲ့ ခရီးသွားနေတုန်း အစ်မရည်းစား နဲ့ ပြဿနာတတ်ကြတယ်။ ပြီးတော့ ခေါင်းဆောင်ဖြစ်တဲ့ အစ်မဟာ ခရီးမဆုံးခင် အိမ်ကို ပြန်လှည့်လာခဲ့တယ်။
အစ်မဟာ ရည်းစားနဲ့ကွဲပြီး အိမ်ပြန်လာတာဖြစ်တယ်...။
ပြီးတော့ ၂ ပတ်အကြာ...အစ်မ အသတ်ခံရတယ်။
အစ်မ သူငယ်ချင်းတွေ ပြောပြချက်အရ... အစ်မက စပြီး အစ်မရည်းစားကို လမ်းခွဲခဲ့တယ်...။
"ပြန်စဉ်းစားပေးပါဦးဟာ..."ဆိုတဲ့ ရည်းစားရဲ့စကားကို အစ်မအရေးမလုပ်ခဲ့...။
အစ်မရည်းစားက ဖုန်းမက်ဆေ့ချ်ပို့တယ်။
" ငါနဲ့ကွဲတာကို နင်သေတောင် နောင်တမရဘူးပေါ့လေ.. ဟုတ်လား..?" လို့ ပို့ခဲ့တယ်။
::::::::::::::::::::::::
အစ်မ သူငယ်ချင်းတွေဆီ စုံစမ်းကြည့်တော့ ...
"ကင်မ်မှာ ရည်းစားတစ်ယောက်ရှိပါတယ်ရှင့်...။ သူတို့နှစ်ယောက် အရမ်းလိုက်ပါတယ်..။ ဘာဖြစ်လို့လည်းမသိ..သူတို့ နှစ်ယောက် ကွဲသွားကြတယ်ရှင့်"
"သူငယ်ချင်းက ချောတော့ သူ့ကို ကြိုက်တဲ့သူတွေတော်တော် များတာ.."
"ကင်မ်က အရမ်းအေးပြီး ကြင်နာတတ်တယ်..စကားလည်းနည်းတယ်.."
"ဒါပေမယ့်.. သူမ မသေခင် တစ်လ လောက်အလိုမှာ စကားလဲများလာတယ်.. နဲနဲလည်း ရိုင်းလာသလိုပဲ..."
“ မကောင်းသတင်းဆိုတာ မရှိသလောက်ပါပဲ.."
"ရည်းစားနဲ့ကွဲသွားပြီးကတည်း က ရန်လိုတတ်လာတယ်.."
" ကျောင်းသား ဝက်ဆိုဒ်ထဲမှာ ရန်လိုတဲ့ စကားတွေနဲ့ ကွန်မန့်ရေးလာလို့ ကျွန်တော်တို့ အံ့သြနေကြတာ..."
:::::::::::::::::::::::
အစ်မရဲ့ရည်းစားဟာ အစ်မ အသတ်မခံရခင် တစ်ရက်အလိုက ဆိုးလ်မြို့မှာရှိနေခဲ့တယ်။
ဆိုတော့ အစ်မရည်းစားလည်း တရားခံမဟုတ်...။
::::::::::::::::::::::::
ဒီလိုနဲ့ ၁၇ နှစ်ကြာသွားပါတယ်...။
အခု ၂၀၁၈ ခုနှစ်...။ လူသတ်သမားကို ဖမ်းမမိပါဘူး..။
အစ်မကို သတ်တဲ့လူသတ် တရားခံကို ဘာလို့ ရှာမပေးနိုင်ကြသေးတာလဲ ကျွန်တော် မပြောတတ်တော့ဘူး...။
အစ်မ အသတ်ခံရတဲ့ အကြောင်းအရင်းကိုတော့ ခန့်မှန်းကြတယ်။
ကျောင်းက အင်တာနက် ဝက်ဆိုဒ်မှာ အမုန်းစကားတွေ ရေးလို့တဲ့...။
တစ်ယောက်ယောက်က မုန်းမုန်းနဲ့ သတ်ပစ်လိုက်တာတဲ့...။
:::::::::::::::::::::::
၂၀၁၈ခုနှစ်
ကျွန်တော် အစ်မကို သတ်တဲ့သူ မသိရသရွေ့ ကျွန်တော့်ရဲ့ ဝမ်းနည်းမှုတွေ မပြေပျောက်နိုုင်ဘူး။ အစ်မကို လွမ်းတယ်။
ကျွန်တော် အမှုကို မပိတ်ဘဲ ဆက်ရှာပေးဖို့ SBS ရုပ်မြင်သံကြားဋ္ဌာနကို အကူအညီတောင်းခဲ့တယ်..
:::::::::::::::::::::::
ထောက်လှမ်းရေးတို့က လက်မလျှော့ဘဲ ဆက်ကြိုးစားပေးကြပါတယ်။
အစ်မကို မုန်းတဲ့သူ ဘယ်သူဖြစ်နိုင်မလဲ..?
:::::::::::::::::::::::
ဘာမှ စုံစမ်းမရတဲ့အဆုံး ကျွန်တော်က အလွတ်စုံထောက်တွေကို ဒီလိုပြောပါတယ်...။
ကျွန်တော့်ကို အိပ်ငွေ့ချပြီးမေးကြည့်ပါလားခင်ဗျာ...?
ကျွန်တော် တစ်ခုခုသိရင်သိမှာပေါ့.. အစ်မထွက်သွားတဲ့ အချိန် ကျွန်တော်တစ်ယောက်ပဲ အိမ်မှာရှိခဲ့တာ..။
ကျွန်တော့်ကို စိတ်ပညာရှင် ဆရာဝန်တွေက အိပ်ငွေ့ချတယ်။
အိပ်ပျော်တစ်ဝက် မပျော် တစ်ဝက်ပေါ့...။
:::::::::::::::::::::::
"မင်းဟာ ၂၀၀၁ ခုနှစ် ၂ လပိုင်း ၄ ရက်နေ့ ကိုရောက်သွားပြီ...မင်းဘာတွေဖြစ်ခဲ့သလဲ...?"
" အင်း...ကျွန်တော်.... အစ်မနဲ့ TV ကြည့်တယ်
၁၀ နာရီခွဲလောက် ကျွန်တော် အိပ်ပျော်သွားတယ်...၊
မနက်ပိုင်းရောက်တော့
တံခါး ခေါက်သံကြားရတယ်...။
အစ်မ နာမည်ကို တယောက်ယောက်က ခေါ်တယ်...။
မိန်းမဗျ....။
အစ်မ အပြင်ထွက်လိုက်သွားတယ်...။
တံခါးဖွင့်လိုက်တော့ လေအေးတွေ အိမ်ထဲဝင်လာတယ်...။
ကျွန်တော် ချမ်းတယ်...။
ကျွန်တော် ဗိုက်ဆာတယ်။
အစ်မ ပြန်မလာဘူး...။
:::::::::::::::::::::::
အဲဒီ မိန်းမ ဘယ်သူလဲ...။
အစ်မကို ဘယ်သူသတ်တာလဲ...?
ဒီနေ့အထိ ကျွန်တော် လက်မလျှော့သေးပါဘူး။
ကျွန်တော့်ကို ကူညီပြီး လူသတ်သမားကို ရှာပေးကြပါ...။
ပြီးတော့ မနက်စောစော တံခါးလာခေါက်ရင် ဖွင့်မပေးကြပါနဲ့...။
ရန်လိုတိုက်ခိုက်တဲ့ စကားတစ်ခွန်းဟာ အသက်သေတဲ့ အထိ ဖြစ်နိုင်တယ်ဆိုတာ သတိထားစေလိုပါတယ်...။
:::::::::::::::::::::::
အစ်မ ဘယ်သွားပါလိမ့်...?
ကျွန်တော့်ကို အဖြေပေးကြပါ...။
( စာကြွင်း- ယနေ့အထိ လူသတ်သမား ရှာမတွေ့နိုင်သေးသည့် တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကြီး အမှုတစ်ခုဖြစ်ပါသည်။ )
References
그것이 알고싶다 1077 회
부산 배산 여대생 피살사건 미스테리
 မရွှေမိုး( ကိုရီးယား )
အမေ့ခံ အနွယ်တော်များ
ဒီနေ့မနက် ရန်ကုန်က အကိုကြီး နဲ့ တူမလေးတွေ နဲ့ချိန်းပြီး အရင်က အကိုကြီး ပြောထားတဲ့ ခရီးတခုသွားဖြစ်ခဲ့ပါတယ် ။ အဲဒါ ကတော့ ၅ ထပ်ကြီး ၊ ၆ ထပ်ကြီးနဲ့ ကိုးထပ်ကြီး ဘုရား ၃ ဆူကို တမနက်ထဲ လှည့်ပတ်ဖူးဘို့ပါ။
မနက် ၁၀ နာရီလောက်ကစထွက်ပြီး နေ့လယ် ၂ နာရီလောက် အခန်းပြန်ရောက်ပါတယ် ။ နေ့လယ်စာကိုတော့ လမ်းသင့်ရာ အောင်သုခ မှာ ဝင်စားကြတယ် ။
ဒီနေ့သွားခဲ့တဲ့ ခရီးမှာ မှတ်မှတ်ရရ ပြောပြချင်တာကတော့ ငါးထပ်ကြီး ဘုရား ဝိုင်းထဲက ဆွေတော်မျိုးတော်များ သင်္ချိုင်း အကြောင်းပါ ။ ၅ ထပ်ကြီးဘုရားကနေ အနောက်ဖက်ကို ဆင်းတဲ့ တနေရာ ကျောင်းကြိုကျောင်းကြား စောင်းတန်းဟောင်း တခုနဘေးမှာ မြန်မာဘုရင်ရဲ့ အနွယ်တော်တွေကို မြှုပ်နှံခဲ့တဲ့ ဆွေတော်မျိုးတော်များ သင်္ချိုင်း ဆိုတာ ရှိနေတာကို ရန်ကုန်ကလူ ဘယ်နှစ်ဦး လောက်များကြားဘူးကြပါမလဲလို့ တွေးမိပါတယ် ။
ကျွန်တော်က သမိုင်းစာရေးဆရာ ထားဝယ်ဦးသန်းဆွေ ရေးတဲ့ စာအုပ်တွေ ဖတ်ရင်း ဒီနေရာမှာ ဒီသင်္ချုင်း ရှိတာ သိခဲ့ရတာပါ ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တခါရောက်ဖူးလို့ ဒီနေ့ဘုရားသွားရင်း အဲဒီ နေရာကို ထပ်သွားခဲ့ပါတယ် ။ ဘုရားဂေါပက လူကြီးတဦးကို မေးတော့ သူက လမ်းညွှန်ပြပါတယ် ။ အနောက်မုဒ်အတိုင်းထွက် တောင်ပိုင် ဘိုးဘိုးကြီး ရုပ်ထုအလွန် ပေါ်တော်မူ ဘုရားလွန်ရင် အုတ်လှေကား စောင်းတန်း တွေ့မယ် အဲဒီ အတိုင်းဆင်းသွား လို့ လမ်းညွှန်လိုက်ပာတယ် ။ ပေါ်တော်မူဘုရားအလွန်မှာ လမ်းပျောက်ပြီး ဆက် မသွားတတ်တော့လို့ ဇရပ်တခုထဲက ဘုန်းကြီး တပါးကို ထပ်မေးရသေးတယ် ။ အဲဒီနေရာက ဘုရားဖူး အသွားအလာ မရှိတော့တဲ့ အုတ်စောင်းတန်း တခု မို့ ကျူးကျော်တဲတွေ အများကြီးပါ ။ ခွေးတွေကလည်း တအုပ်ကြီးပါ ။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဟန်မပျက် တယောက်ထဲ ဆက်သွားရတယ် ။ ကားထဲမှာ ဖိနပ် ထားခဲ့တာမို့ မြေကြီးနဲ့ကျောက်ခဲပေါ် မညီမညာ လျှောက်ရင်း..အင်း သံဃာတော်များ နေ့တိုင်း ဒီလို ဖိနပ်မပါဘဲ ဆွမ်းခံကြရတာ ၊ ငါကတနေ့တလေပဲလေ လို့ အောက်မေ့လိုက်ပါတယ် ။ အကိုကြီးနဲ့ တူမလေး တို့ကတော့ ဘုရားပေါ်က စောင့်ရစ်တယ် ။
ဆွေတော်မျိုးတော်များ ဂူတွေ အပေါ်မှာ အခု ကျူးကျော် အိမ်တွေ ပွနေအောင် ဆောက်ထားကြပါတယ် ။ စားအိုးစားခွက် ရေပုံး စည်ပိုင်း လှမ်းထားတဲ့ အဝတ်တန်း စတဲ့ အသုံးအဆောင် တွေ ကြားထဲက ရေညှိတွေတက် နေတဲ့အုတ်ဂူတွေကို မနည်းကြည့်ယူရပါတယ် ။ တချို့ ဂူတွေက ကွဲအက်နေကြပြီ ။ ဂူတလုံးကတော့ မြေထဲကျွံကြပြီး စောင်းနေတယ် ။ တချို့ဂူတွေက ကျူးကျော် အိမ်တွေအထဲမှာ စားပွဲ သဖွယ် ရောက်နေပါပြီ ။
ကျွန်တော်လည်း တတ်နိုင်သလောက် ဖယ်ရှားပြီး ဓာတ်ပုံလေးတွေ ရိုက်ယူခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ၁၀ နှစ်က ရောက်တုန်းက ဒီနေရာမှာ တဲအိမ် ၂ လုံး ၃ လုံးသာရှိပြီး ဂူတွေအတော်များများဟာ မြင်သာတဲ့နေရာမှာ ရှိနေခဲ့ကြပါသေးတယ် ။ သစ်ပင်ချုံနွယ်တွေဘဲ များတာပါ ။ အခုတော့ ကျူးကျော် လူနေရပ်ကွက် တခုရဲ့ ဝါးမျိုမှုဒါဏ်ကို ခံနေရပါပြီ ။
နောက်ဆုံး တခေါက်လာတုန်းကတွေ့ခဲ့တဲ့ 'မင်းတပ်ထိပ်ခေါင်တင် သက်တော် ၁၀၂ နှစ်' ဆိုတဲ့ ဂူ အခုလုံးဝရှာမတွေ့ တော့ပါဘူး ။ မင်းတပ်ထိပ်ခေါင်တင် ဆိုတာ မင်းတုန်းမင်းနဲ့ ခုနှစ်ရွာ မိဖုယား တို့ရဲ့ သမီးတော် ၊ သုံးဆယ်မင်းသားကြီးတို့ ၊ ပင်လယ် မင်းသားတို့ရဲ့ နှမတော် အငယ်ဆုံးပါ ။ မင်းတုန်းမင်းရဲ့ သားတော်သမီးတော်တွေထဲမှာ ( ၁၉၆၂ က) နောက်ဆုံးရန်ကုန်မှာ နတ်ရွာစံတဲ့ သမီးတော်ပါ ။
ခုထိရှိနေသေးတာကတော့ ညောင်အုပ်မင်းသား အနွယ်တော် ၊ ပင်လယ်မင်းသား အနွယ်တော် နဲ့ သူတို့ရဲ့မိသားစုတွေ ရဲ့ ဂူတွေပါ ။ ရေညှိတွေကြား မှာ ပျက်စီးနေပေမယ့် ကျောက်ပြားတွေပေါ်က ကမ္ပည်းစာတွေကိုတော့ ဖတ်လို့ရပါသေးတယ် ။
ဒီအုတ်ဂူတွေဟာ ဒီအခြေအနေအတိုင်းသါဆိုရင် နောင် ၁၀ နှစ်လောက်မှာ အကုန် ပျက်စီး ပျောက်ကွယ်သွားတော့မယ့်အနေမှာရှိနေပါတယ် ။ ဒီ ပုဂ္ဂိုလ် တွေရဲ့ သားသမီးမြေးမြစ်တွေ ရော ဘယ်ဆီမှာ ရှိနေကြတယ် ဆိုတာလည်း စဉ်းစားကြည့်မိပါတယ် ။ သူတို့ အဖိုးအဖွားများ အုတ်ဂူတွေ ၅ ထပ်ကြီးဘုရား တနေရာမှာ ရှိနေကြသေးတာကို သိမှ သိကြပါလေစ ။ သိပေမယ့်လည်း အကြောင်း အမျိုးမျိုးကြောင့် မပြုပြင်နိုင်ကြတာလား စတဲ့အတွေးတွေ နဲ့ ကျွန်တော် စိတ်မကောင်းစွာ ကြည့်ခဲ့မိပါတယ် ။
ဒီ ကျူးကျော်တဲတွေကြားထဲမှာ အိုးတွေခွက်တွေ ရေပုံးတွေ အဝတ်လှမ်းတန်းတွေကြားမှာ ရှိကြတဲ့ ဂူတွေထဲက ပုဂ္ဂိုလ် တွေဟာ တချိန်က ရွှေထီးရွှေနန်းဖွား လျှမ်းလျှမ်းတောက်ခဲ့ကြတဲ့ ဘုရင့် သမီးတော် သားတော် မြေးတော် တွေပါ ။
အင်္ဂလိပ်ကမြန်မာပြည်ကို သိမ်းစဉ်က မင်းတုန်းမင်းရဲ့ မိဖုယား သားတော် သမီးတော် မြေးတော် တွေကို နိုင်ငံရေးအရ မန္တလေး နေပြည်တော်နဲ့ဝေးရာ သူတို့လက်အောက်ဖြစ်တဲ့ ရန်ကုန်ကို ပို့ခဲ့ပါတယ် ။ ဒါကြောင့် ဆွေတော်မျိုးတော်များ ဟာ ရန်ကုန်မှာ ကံတော်ကုန်ကြတာများပါတယ် ။ ဟိုတုန်းကတော့ ကွယ်လွန်ကြသမျှ ဆွေတော်မျိုးတော်များ ကို ဒီမှာ ဘဲ မြှုပ်ကြလေမလား ၊ သင်္ချိုင်း က ခုထက်များကြီးခဲ့အုန်းမလားလည်း မဆိုနိုင်ပါဘူး ။
နိုင်ငံခြားမှာဆိုရင် မင်းမျိုးမင်းနွယ်တွေ မဆိုထားနဲ့ သာမန် သူဌေးသူကြွယ် တွေတောင် သူတို့ မိသားစုသင်္ချိုင်းကို တရိုတသေ ဂုဏ်ယူစွာ ထိန်းသိမ်း စေါင့်ရှောက်ထားတတ်ကြတာပါ ။ မင်းမျိုးမင်းနွယ်တွေ သင်္ချိုင်း ဆိုရင်တော့မပြောပါနဲ့တော့ ၊ အင်မတန်ကို ခမ်းခမ်းနားနား ထားကြပါတယ် ။
ကျွန်တော်တို့ မြန်မာပြည်မှာ ဒီအုတ်ဂူတွေကို ထိန်းသိမ်းမယ့်သူမရှိပါဘူး ။ ဘုရား အုတ်စောင်းတန်း အဟောင်း တနေရာက ကျူးကျော် တဲတွေကြားမှာ အင်မတန် မလှမပ ဂုဏ် ငယ်စွာ ရှိနေပါတယ် ။ မကြာခင်လုံးဝ ပျက်စီး သွားတော့မှာပါ ။
ဒါတွေဟာ ရှေးဟောင်းသုတေသနဌာန လက်အောက်မှာ ရှိသင့်သလား ၊ အဲဒီ ဌာနက တာဝန်ယူပြီး ထိန်းသိမ်း သင့်သလား ကျွန်တော် မပြောတတ်ပါ ။ မြန်မာပြည် အစိုးရအနေနဲ့ ဆင်းရဲပျက်စီးနေတဲ့ မြန်မာပြည်ကို မနည်း ရုန်းကန်ပြီး ရှေ့ ဆက်သွားနေရချိန်မှာ ဒီဂူတွေကို ထိန်းသိမ်း ဖို့ထက် အဆပေါင်းများစွာ အရေးကြီးတဲ့ အခြားသော တာဝန်တွေ ထမ်းနေရပါတယ် ။
ဒီဂူတွေကို ဘာကြောင့် ထိန်းသိမ်းသင့်သလဲ ၊ ဘာများ အဖိုးတန်လို့လဲ ၊ ဘယ်သူက စိတ်ဝင်စားမှာလဲ လို့ မေးနိုင်ပါတယ် ။ လူမျိုးတိုင်းမှာ မမေ့သင့်တဲ့ သမိုင်းဆိုတာရှိနေတာပဲလေ ။ ဒီဂူတွေဟာလည်း မြန်မာ့သမိုင်းရဲ့ အစိတ်အပိုင်း တခုပါပဲ ။
လောကမှာ ဘယ်အရာမှ မမြဲဘဲ ပျက်စီးတတ်တဲ့ တရားသဘော ရှိပေမယ့် ကျွန်တော်ကတော့ သမိုင်းကို စိတ်ဝင်စားသူမို့ ၅ ထပ်ကြီးဘုရားဝိုင်းထဲက ပျက်စီးနေတဲ့ ဆွေတော်မျိုးတော်များ ဂူတွေကို ဝမ်းနည်း စိတ်မကောင်းစွာ ကြည့်ပြီး ပြန်ခဲ့ရပါတယ် ။
လှဘူး
သရော်စာအဖြစ်သာ နိုင်ငံရေးမပါ ခံစားကြပါ
အခု မန္တလေးမှာဖြစ်နေတဲ့ ခုတ်ကြထစ်ကြအမှုတွေဟာ လုယက်ရင်းဖြစ်ကြတာမဟုတ်ဘူး။ အကြမ်းဖက်မှုတွေပဲဗျ။ သက်သက်မဲ့ ဘလိုင်းကို လိုက်ခုတ်ကြတာတောင်ရှိတယ်။ ဆိုတော့ လက်နက်ဆောင်ပါတို့၊ ညအပြင်မသွားနဲ့ပေါ့တို့ ဆိုတာတွေကလည်း မှန်ကန်တဲ့ ဖြေရှင်းနည်းတွေမဟုတ်ပါဘူး။ လူထူထူ ညဦးပိုင်းလောက်အခြေနေလေးမှာတင် ခုတ်နေထစ်နေတာပါ။
ကျနော်တို့ မန်းတလေးမယ် အဲ့သလိုဖြစ်လာပြီဆိုရင် ရဲကဘာလုပ်တယ်မှတ်တုန်း လမ်းဆုံလမ်းခွကနေ လက်နက်တွေစစ်တာဗျ။ မိတာပဲ ကျောက်လှည့် ( ဝက်အူလှည့် ) တွေမှမနည်းဘူးရယ်။ ဒီနား ပတ်ကင်းလှည့်နေတုန်း ဟိုနားခုတ်ထစ်သွားတာမျိုးတောင် ရှိတယ်။ ဆိုင်ကယ်အလုခံရတယ်မို့လား၊ လုတဲ့ကောင်ကို နိုင်အောင်ပြန်ရိုက်နိုင်ရင် ပြန်ရမယ်။ မဟုတ်လို့ကတော့ ရဲသွားမတိုင်လေနဲ့ လဘက်ရည်ဖိုးဆုံးရော။ သူတို့က စုဖမ်းတာဗျ၊ အစီး၃၀ပြည့်မှ တခါဖမ်းသလား မသိဘူးရယ်။ ဆိုတော့ လမ်းပေါ်မယ် ခများကိုဓားနဲ့လိုက်ခုတ်ရင် လွတ်အောင်သာပြေးဗျ။ အဲ့ဒီအနီးအနားရဲရှိနေလို့ အားကိုးရှိတယ်ဆို ပေရပ်မနေနဲ့ အဲ့ဒီရဲပါပြေးရမှာ တကယ့်တကယ်ဓားနဲ့လိုက်ရင်လေ။ ပြေးရမှာပေါ့ဗျ လုံခြုံရေးယူထားတဲ့ရဲတဲ့ ဝေါ်ကီတော်ကီနဲ့ ယီးနဲ့လောက်ပါတာရယ်။ လက်လက်ချင်းတောင် ယှဉ်မထိုးရဲတဲ့ အာဂရဲကိုးဗျ။ အဲ့တော့ ရဲအားကိုးလို့မရတော့ ငြိမ်ဝပ်ပိပြားအောင် စစ်တပ်အကူညီယူကြမလား။
သာတောင်ဆိုးသေး။ စစ်ချီတေးမယ်သာ တလက်မမှအကျူးမခံဘာညာ လုပ်နေတာ၊ အပြင်မှာကျ ရေပိုင်နက်ထဲ သင်္ဘောဝင်လာတာတောင် မသိရှာဘူးရယ်။ ဘယ်သိမတုန်းဗျ ကျောက်စိမ်းထွက်တဲ့နေရာလောက် စစ်တိုက်နေတဲ့ ဂျနိုဆိုက်စစ်တပ်ကိုး။ ဒါဆို ဒို့တင်ထားတဲ့ လွှတ်တော်အမတ်တွေရှိနေမှပဲ အရေးကြီးအဆိုတင်ပြီး အရေးဆိုမှနဲ့တူတယ်။ မလုပ်လေနဲ့ဗျို့ ငါးပါးတင်မက သံင်္ဃာစင်ပါ မှောက်လိမ့်ဗျ။ အရပ်ထဲမြောင်းဆယ်ဖို့တောင် ဗဟိုညွှန်ကြားချက်မရှိလို့ဆိုပြီး လဘက်ရည်သောက် စော်က်တင်းထိုင်ပြောပြိးရုံးဆင်းတဲ့ ပါတီကကောင်တွေကိုးဗျ။ မေမေ့မျက်နှာတရွာမှတ်ပြီး ဝင်အရွေးခံခဲ့ကြတဲ့ကောင်တွေကိုး။ ကိုယ့်အရပ်ဒေသက အရေးပေါ်အခြေနေကို အရေးကြီးအဆိုတင်ရတယ်ဆိုတာတောင် မသိရော့လေသလားဆိုတော့ မသိဘူးဗျ။ ခေါင်းပေါင်းစတလူလူနဲ့ အူတူတူကောင်တွေရယ်။ ဒါဖြင့်လည်း ဒို့တင်ထားတဲ့ အစိုးရရှိနေမှ ဟကောင်ရာ တိုက်ရိုက်ပြောကြတာပေါ့ ။ သာဆိုးသေး။ အစိုးရတဲ့ဗျာတို့ရေ စစ်တပ်ဘာလုပ်မလဲ ထိုင်ငေးနေရတာ။ အစိုးရမှတ်လို့မဲပေးလိုက်တာ စစ်အစိုးရအကြံပေးအဖွဲ့ကြီးပဲဗျ။ တပ်မတော်ကြီးကိုမထိနဲ့၊ ခရိုနီတွေကိုမထိနဲ့ ပြည်သူတွေကိုယ့်ကိစ္စကိုယ်ရှင်း ဟမ်းမယ့်လေးလေ့။ လုံခြုံရေးအကြောင်းမပြောနဲ့ ပြည်ထဲရေးကငဒို့လက်အောက်မရှိကစပြီး ကိုယ်စောက်သုံးမကျတာ အရပ်လှည့်အရသာခံနေသေးတာဗျ။
တကယ့် ဆင်ဝှေ့ရန်ရှောင်အစိုးရရယ်။ ပြသနာနဲ့သာထိပ်တိုက်မတိုးတာ ကားကျစီးချင်တယ်ဗျ။ အရင်အစိုးရခိုးတာတွေ ထိုင်ထိုင်ပြောပြီး သူ့ရပိုင်ခွင့်ကျတောင်းတတ်တယ်ရယ်။ လစာဆယ်ချီရနေတဲ့ ကိုယ်စားလှယ်တွေ၊ အစိုးရမင်းတွေကို နှစ်သိန်းခွဲလောက်ရနေတဲ့ကောင်က ကာကွယ်နေတာလည်း အံ့သြလို့ကိုမဆုံးဘူးရယ်။ ဆိုတော့ ခုဖြစ်နေတာတွေနဲ့ ကြုံလာရင် ဘာလုပ်ရမတုန်း။ ဓားကြီးနဲ့လာတာပဲဗျာ ကိုယ်ကလည်းစူပါမန်းမှမဟုတ်တာ ပြေးပေါ့။ လွတ်အောင်သာပြေး။ ပြေးပြေး ဖောရက်စ်ပြေး။ နံပါတ်ပြားမပါတဲ့ ဆိုင်ကယ်မြင်တာနဲ့ပြေး။ ဓားနဲ့ကောင်မြင်တာနဲ့ပြေး။ ပေတိပေစုတ် သုံးယောက်ပူးစီးလာပြီဆိုပြေး။ ရဲမြင်လည်း ပြေး။ ခေါင်းပေါင်းစမြင်လည်းပြေး။ အပွင့်တွေအခက်တွေနဲ့ အကောင်စိမ်းစိမ်းမြင်ရင် အရှိန်ကိုပိုမြှင့်ပြီးပြေး။ လွတ်အောင်သာပြေးပေတော့။ အေး ကျမကလည်း ပြည်သူတွေကိုချစ်ပါတယ်ဆိုတဲ့ အသံကြားရရင် တနာရီမိုင်တရာနှုန်းနဲ့ လီဗာကုန်နင်းပြီးပြေးပေတော့ဗျိုး ။ အဲ့တော့ ကြာနီကံအသံလေးနဲ့ အချင်းချင်းဗျို့ဟစ်ပြီးပြေးကြဗျ '' သားကြီးရှင်မောဂ္ဂလန်ရေ မင်းတယောက်ထဲသာ လွတ်အောင်ပြေးတော့... ပရိတ်သတ်ကြီး ဘာတဲ့ ''' ။ ။
Sue Yit Nwe (ကိုဆူး) 
ချူဆီ....'' သို့မဟုတ် ချူဆီမ,လေးများထဲက တစ်ယောက်
ရွာမှာတုန်းက "မြကလေး".....ကေတီဗီမှာတော့ "မြတ်နိုးခင်"
သူလေးနဲ့ဆိုအိတ်ကပ်တင်မဟုတ်.....ထိပ်ပါပြောင်သွားနိုင်တဲ့...
"ချူဆီ....'' သို့မဟုတ် ချူဆီမ,လေးများထဲက တစ်ယောက်
ICC ၏ ယာယီအချုပ်ခန်းများနှင့် နယ်သာလန်စတိုင်လ် အကျဉ်းထောင်စနစ်
..
ICC က ထိမ်းသိမ်းထားတဲ့ အကျဉ်းသား အခုလက်ရှိမှာ (၆) ဦးရှိတယ်။ သူတို့ကို ဝန်ထမ်း ၃၄ ဦးက ဝန်ဆောင်မှု ပေးတယ်။ ၅ ဦးက ရုံးအလုပ်၊ ကျန် ၂၉ ဦးက အလှည့်ကျနဲ့ အကျဉ်းသားတွေ ကောင်းကောင်းမွန်မွန်ရှိဖို့နဲ့ ထိမ်းသိမ်းရေးစင်တာလုံခြုံဖို့ကို ဆောင် ရွက်တယ်။ သူတို့လိုအပ်တာတွေကို နယ်သာလန်အကျဉ်းထောင်က ကူညီပေးတယ်။ ICC က အကျဉ်းထောင်ဝန်ဆောင်မှုအဖြစ် အကျဉ်းသားလက်ခံထားပေးတဲ့နိုင်ငံကို တစ်နှစ်စာအတွက် ယူရိုငွေ ၂.၅ သန်းပေးတယ်။
..
ICC ဝန်ထမ်းတွေက အင်္ဂလိပ်၊ ပြင်သစ် ဘာသာနှစ်မျိုးပြောကြတယ်။ အကျဉ်းသားထိမ်းသိမ်းရေးအရာရှိတွေထဲမှာ အာရပ်ဘီ ဘာသာ ပြောတဲ့ ဝန်ထမ်းတွေလဲရှိတယ်။ လုံခြုံရေးအရာရှိတွေထဲမှာ စပိန်နဲ့ ဂျာမနီဘာသာပြောနိုင်ကြသူလဲပါတယ်။ အကယ်၍ ဆေးရုံသွား၊ ကုသမှုခံယူ စတဲ့ ခက်ခဲတဲ့စကားများ ဆေးပညာဆိုင်ရာအသုံးအနှုန်းများပြောရမယ့် အခြေအနေမျိုးမှာ တရားရုံးစကားပြန်တွေရဖို့ စီစဉ်ပေးတယ်။ အကျဉ်းသားတွေဟာ ထိမ်းသိမ်းရေးစင်တာမှာပဲ သူနာပြု၊ ဆရာဝန်အချိန်မရွေး ခေါ်ယူနိုင်တယ်။ အထူးကုသမှု၊ ခွဲစိတ်မှု စတာမျိုးတွေ လိုအပ်တဲ့အခါမှာတော့ နယ်သာလန်အကျဉ်းထောင်ကို ပြောင်းရွေ့ ကုသမှုပေးတယ်။ 
..
အကျဉ်းသားတွေ စိတ်ပိုင်းဆိုင်ရာကောင်းမွန်ဖို့အတွက် ပြင်ပ (မိမိနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုဝင်၊ အသိမိတ်ဆွေတွေနဲ့) ဆက်သွယ်ခွင့် တစ်လကို အချိန် မိနစ် ၂၀ဝ ခွင့်ပြုတယ် (၃ နာရီခွဲခန့်) ။ ဖုန်းခေါ်ခကို ICC က ပေးတယ်။ တစ်အိမ်တည်းအတူနေကြတဲ့ အကြင်လင်မ ယားနှစ်ဦးဟာ တကယ်တော့ တစ်လကို မိနစ် ၂၀ဝ ထက်လျော့နည်းပြီးပဲ တစ်ဦးကိုတစ်ဦး စကားပြောဖြစ်ကြတယ်ဆိုတဲ့ လေ့လာမှုကို အခြေခံတယ်။ မိနစ် ၂၀ဝ ထက်ပိုပြီး ဖုန်းပြောချင်ရင်တော့ ကိုယ့်ဖာသာ အကုန်ကျခံရတယ်။ ပိုက်ဆံဘယ်ကရမလဲဆိုရင် အကျဉ်းကျ နေခိုက် ထိမ်းသိမ်းရေးစင်တာမှာ သန့်ရှင်းရေးအလုပ်လုပ်ပြီး ဝင်ငွေရှာနိုင်တယ်။ 
..
ဖုန်းပြောတဲ့အခါမှာ လူတိုင်းနဲ့တော့ ဖုန်းပြောခွင့် မပေးဘူး။ Kenya နိုင်ငံ အမှု မှာ ‘သက်သေ’ အသတ်ခံရတာရှိဖူးတော့ ICC က အကျဉ်းသားတွေ ဘယ်သူတွေနဲ့ ဖုန်းပြောတယ်ဆိုတာကို အလေးအနက်ထားတယ်။ မိနစ် ၂၀ဝ ဖုန်းပြောခွင့်ဆိုတာ မိသားစုဝင်တွေနဲ့ မိတ်ဆွေများသာဖြစ်တယ်။ အကျဉ်းသားက မိမိ ပုံမှန်ဖုန်းပြောလိုသူ (၂၅) ဦးကို စာရင်းပေးထားရတယ်။ ICC က ဖုန်းဆက်သွယ်ခွင့် မပြုမီမှာ အကျဉ်းကျသူရဲ့ ဇနီး၊ ဝမ်းကွဲ (သို့) မိတ်ဆွေ ဟုတ်မဟုတ်ကို အရင်စစ်ဆေးတယ်။ ဖုန်းပြောတာတွေ အကုန်လုံးကို မိမိရဲ့ အမှုပြီးဆုံးတဲ့အထိ မှတ်တမ်းယူထားတယ်။
..
မိနစ် ၂၀ဝ ~ မိသားစုနဲ့ မိတ်ဆွေနဲ့ ဖုန်းပြောခွင့်အပြင် ရှေ့နေနဲ့လဲ လိုအပ်သလို ဖုန်းပြောခွင့်ရှိတယ်။ မိမိရှေ့နေနဲ့ ဖုန်းပြောတဲ့ စကားတွေကိုတော့ ရှေ့နေ-အမှုသည် အခွင့်အရေးဖြစ်တာကြောင့် မှတ်တမ်းမယူဘူး။ အမှုနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ကွန်ပြူတာ ကဆင့် မိမိရှေ့နေ (သို့) တရားရေးကိုယ်စားပြုအဖွဲ့ဆီကို ရယူပေးပို့နိုင်တယ်။ သက်သေအနှောက်အယှက်မဖြစ်ရေး၊ လုံခြုံရေးစတာတွေ ကြောင့် အကျဉ်းသားတွေရဲ့ အခန်းထဲမှာ ကွန်ပြူတာတော့ ထည့်ပေးမထားဘူး။ ဖုန်းခေါ်တဲ့အခါမှာ မိမိသီးသန့် အချုပ်ခန်းထဲနေ ဖုန်းခေါ်ဆိုနိုင်တယ်။
..
နယ်သာလန်နိုင်ငံ Hague မြို့မှာ ထိမ်းသိမ်းထားတာကြောင့် ဇနီးမယားတွေ သားသမီးတွေက အာဖရိကမှာဆိုတော့ နယ်သာလန်ကို ထောင်ဝင်စာလာတွေ့ဖို့က ခက်ခဲမယ်၊ ငွေကြေးတတ်နိုင်မှာ မဟုတ်ဘူး။ ICC အဖွဲ့ဝင်နိုင်ငံတွေက စုပေါင်းထည့်ဝင်ထားတဲ့ ငွေကြေး ရံပုံငွေ Trust Fund ဆိုတာရှိတယ်။ မိသားစုတွေဝင်တွေ အလည်ပတ်လာနိုင်ဖို့အတွက် အဲဒီငွေကို သုံးနိုင်တယ်။ အမှု တစ်ခုချင်းစီ အပေါ်တော့ မူတည်တယ်။ ဝေဖန်ရေးတွေကတော့ “ဒီလိုစစ်ရာဇဝတ်ကောင်တွေအတွက်…” အဲလောက်တောင်လုပ်ပေးရကောင်း လားလို့ စောဒကတက်ကြတယ်။
..
Journalists for Justice အဖွဲ့ကတော့ မိသားစုဘဝတစ်ခုမှာလဲ လူ့အခွင့်အရေးဆိုတာရှိတယ်။ တရားစီရင်စွဲချက်တင်ခံထားရသူ အပြစ်ရှိခြင်း မရှိခြင်းတွေက သီးခြားစီဖြစ်တယ်လို့ ဆိုတယ်။ လူ့အခွင့်အရေးဆိုတာ အပြစ်ရှိသူ၊ အကျဉ်းကျခံရသူမှာလဲ ရှိသလို၊ သူ့ကလေးတွေမှာရော အဖေကို (သို့) အမေကို အချိန်တစ်ခုခုမှာ တွေ့နိုင်ဖို့ဆိုတဲ့ အခွင့်အရေးရှိတယ်။ အပြစ်ရှိခြင်းဆိုတာ အပြစ်မဲတဲ့ ကလေးတွေအပေါ်ထိ ဘယ်နည်းနဲ့မှ မသက်ရောက်ဘူးလို့ ဆိုတယ်။ ကွန်ဂိုနိုင်ငံက စစ်ရာဇဝတ်မှုကျူးလွန်သူ Germain Katanga ဟာ သူ့သမီး သူ့ဆီကို လာရောက်လည်ပတ်ခွင့် အခွင့်အရေးရခဲ့တယ်။
..
နံနက် ၇ နာရီမှာ အချုပ်တံခါးဖွင့်တယ်။ အခန်းထဲမှာ နေနေ၊ အပြင်မှာ လွတ်လွတ်လပ်လပ်သွားလာ လှုပ်ရှားလှုပ်ရှား အခွင့်ရှိတယ်။ ကွန်ပြူတာကျွမ်းကျင်မှု တိုးတက်ချင်ရင် ကွန်ပြူတာလေ့လာနေနိုင်တယ်။ အင်္ဂလိပ်စာတိုးတက်အောင်လဲ လေ့လာနိုင်တယ်။ လူအများသုံးဟောခန်းမှာ တီဗွီကြည့်နိုင်တယ်။ စာကြည့်တိုက်က စာအုပ်တွေ ငှားဖတ်နိုင်တယ်။ နေ့လည် ၁၂ နာရီကနေ ၁ နာရီမှာတော့ ထောင်ဝန်ထမ်းတွေ ထမင်းစားချိန်ဖြစ်လို့ တစ်ကြိမ်၊ ညနေ ထောင်ဝန်ထမ်းတွေ ကော်ဖီသောက်ချိန် ၅ နာရီက ၆ နာရီမှာ တစ်ကြိမ် မိမိအခန်းမှာ ပြန်နေပေးရတယ်။ ည ၈ နာရီခွဲမှာတော့ မိမိအခန်းပြန်ဝင်ရတယ်။ 
..
ဒတ်ခ်ျတွေစားတဲ့ ထောင်အစာက အာလူးပြုတ်၊ အသား၊ ဟင်းသီးဟင်းရွက် အသင့်ချက်ပြီးကို စက်ထဲထည့် ခဏနွှေး၊ ဆား-ငရုတ် ကောင်းဖြူး စားရုံပဲဆိုတော့ အာဖရိကကလာတဲ့ အကျဉ်းသားတွေအတွက် ယဉ်ကျေးမှုကွာဟမှုက ကြီးတယ်။ အဲဒီတော့ အာဖရိကလို ချက်ပြုတ်တဲ့ ဟင်းအမွှေးအကြိုင်တွေရတဲ့ ဆိုင်နဲ့ ချိတ်ဆက်ထားတယ်။ အကျဉ်းသားတွေက ဟင်းခပ်အမွှေးအကြိုင်တွေကို စာရင်းမှာကြည့် မှာရုံပဲ။ ကြက်သွန်ဖြူတို့၊ ငရုတ်သီးတို့ ရတယ်။ ဟင်းခပ်အမွှေးအကြိုင်အတွက် ကုန်ကျတာကိုတော့ ကိုယ့်ဖာသာ ပေးရတယ်။ အကျဉ်းသားတွေ စုပြီးတော့ ချက်ပြုတ်စားသောက်နိုင်တယ်။ 
..
အချို့ကတော့ အာဖရိကရဲ့ ဆင်းရဲမွဲခေါင်တဲ့နေရာက လာကြတဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူအကျဉ်းသားတွေအဖို့တော့ ICC ရဲ့ ယာယီထိမ်းသိမ်းရေးစင်တာဟာ သူတို့ရဲ့ စိတ်ကူးယဉ်အိမ်မက်တွေနဲ့ မျှော်မှန်းထားတဲ့ သူတို့ဘဝကို နေချင်တဲ့ နေရာတစ်ခုများ ဖြစ်နေမလားလို့ ဆိုကြတယ်။ ICC က ရေနွေးကြမ်း၊ ထန်းလျက်ခဲနဲ့ အသင့်လုပ်ပြီး လက်ဖက်နဲ့ပဲခြမ်းစုံ အထုပ်ကလေးတွေလဲ သူ့ဆီမှာ ၀ယ်ထားချင်ပုံရတယ်… … … ။
..
ကိုချမ်းမှိုင်း
သြဂုတ် ၂၀၁၈
..
Ref:
1. International Criminal Court. “ICC Detention Center.” Feb, 2007. Retrieved from www.icc-cpi.int. 
2. Verfuss, Thomas. “Palace or just ‘international standards’: Where and how do the ICC detainees live?” Journalists for Justice. 5 July, 2018. Retrieved 25 August, 2018 from https://medium.com/…/palace-or-just-international-standards….
Thursday, August 30, 2018
စစ်ကျွန်ခေတ်မှာ လူရာမဝင်ချင်ဘူးဟေ့
နိုင်ငံရေး ဒေ၀ဒတ်တွေကလည်း
ရွေးကောက်ပွဲ တောချောက်သူတွေကချောက်၊
နိုင်ငံရေးအပစ်ရပ် ဘိသိက်မြှောက်သူတွေကမြှောက်၊
စစ်ကျွန်ပွဲစား လုပ်သူကလုပ်၊
အညံ့ခံ ထောပနာသြဘာစာဖတ်သူကဖတ်၊
ခွေးတိုးပေါက် သော့ခလောက် ဖြုတ်သူကဖြုတ်၊
နဖားကြိုးတပ်ဒီမိုကရေစီ ဂုဏ်တော်ဖွင့်သူကဖွင့်။
ဒီအတိုင်းသာဖြင့် နိုင်ငံရေး လယ်သမားတွေ၊
နိုင်ငံရေး ခါးပိုက်နှိုက်တွေ၊ နိုင်ငံရေး ငို့ဘတွေ၊
နိုင်ငံရေး ခါတော်မှီတွေ၊ နိုင်ငံရေး ကာလပေါ်တွေ၊
နိုင်ငံရေး ပွဲလန့်ဖျာခင်းသူတွေ၊
နိုင်ငံရေး ဘနဖူးသိုက်တူးသူတွေဟာ
နိုင်ငံရေး စတုဒိသာ ဘုဉ္ဇာဟိပွဲမှာ ခွက်စောင်းခုတ်ပွဲကြီး
အပြိုင်ကြဲကြတော့မှာပါကလား။
ရင်လေးစရာ ကောင်းလှပါဘိ။
နိုင်ငံရေး သင်္ကြန်စာဖတ်သူတွေရဲ့
အသံဗလံတွေကလည်း နားလျှံမတတ်
တညံညံဖြစ်လာနေတယ်။
ရွေးကောက်ပွဲမ၀င်ကြေးဆို
လမ်းဘေးမြောင်းထဲရောက်သွားမှာပေါ့တဲ့။
`သမ္ပုရိသအပေါင်း သူတော်ကောင်းတို့´ လို့
ကြားစေချင်သပဆိုရင်
လွှတ်တော်ကနေ ချွတ်ချော်၊ ဇွတ်အော်၊
စွတ်ကလော်မှ ဖြစ်မှာဗျားတဲ့။
အခြေခံဥပဒေထဲက
သမာခံသဒ္ဒါလန်ပုဒ်မတွေလား။
ဟား ဟား ဟား ပြင်လို့ရပါတယ်။
နှစ်၁၀၀ ပဲစောင့်ရမှာပါဗျ ဘိုးတော်ရဲ့။
အချိန်တွေရှိပါသေးတယ်ဗျာ။
မလောကြပါနဲ့။ ဖြည်းဖြည်းပေါ့လေတဲ့။
ပါလီမလန်ရင် ပါတီမကျန်နိုင်ဘူးဗျို့ ဟိုး ဟိုး ဟိုး တဲ့။
ရွေးကောက်ပွဲကို လေးဘက်ထောက်နွှဲပြီး
သူတကာနဲ့ ယှဉ်မှ လူရာဝင်ပေလိမ့်မပေါ့
အရပ်ကတို့ရဲ့တဲ့။
တော်တိတ်ကြစမ်းဟေ့။
ငါတို့နိုင်ငံအတွက် နိုင်ငံရေးလုပ်တာဟ။
နိုင်ငံရေး မရှိရင် ပါတီမရှိဘူး။
ရှိလည်း သင်္ကြန်အမြှောက်ပါတီ။
ကျည်ဆန်ခွံပါတီ၊ ငှက်တောင်ကျွတ်ပါတီ၊
မင်းဝတ်ပုဆိုး တိမ်မီးခိုးပါတီ၊ စက္ကူ ကျားပါတီ၊
ကြံ့ဖွတ်ကျားပါတီပဲ ဖြစ်မှာပဲ။
နိုင်ငံရေးရှိရင်
မြန်မာပြည်သူသိန်းသန်းကုဋေပါတီဖြစ်နိုင်တယ်။
နိုင်ငံရေးရှိမှ ပါတီမရှိလည်း လှုပ်နိုင်တယ်။
အုပ်နိုင်တယ်။ ဖြုတ်နိုင်တယ်။
လူရာဝင်မှာတဲ့လား။
ကိုလိုနီကျွန်ခေတ်တုန်းက
လွတ်လပ်ရေးတိုက်ပွဲဦးသျှောင် ကဗျာစာဆိုကြီး
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောခဲ့ဘူးတဲ့
စကားတစ်ခွန်းရှိတယ်။
`ကျွန်ခေတ်မှာ လူရာမ၀င်ချင်ဘူးကွဟေ့´ တဲ့။
အဲ့ဒီလိုပဲ
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဦးခိုက်ပြီး
ဒီနေ့ စစ်အာဏာရှင်ခေတ်မှာ ငါတို့ကြုံးဝါးချင်တဲ့
စကားတစ်ခွန်းရှိတယ်။
`စစ်ကျွန်ခေတ်မှာ လူရာမ၀င်ချင်ဘူးဟေ့´
ဟံသာဝတီ ဦးဝင်းတင်
(ဘာလဲဟဲ့ လူ့ငရဲ စာအုပ်မှ ကောက်နုတ်ဖော်ပြတာပါ)
Wednesday, August 29, 2018
အိမ်ကွင်းတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ မော်ရင်ဟိုရဲ့ နည်းပြဘဝတွင် အဆိုးရွားဆုံးဖြစ်ခဲ့
အိမ်ကွင်းတွင်  စပါးအသင်းကို ရှုံးနိမ့်ခဲ့ခြင်းဟာ မော်ရင်ဟိုရဲ့  နည်းပြဘဝတွင်  အဆိုးရွားဆုံးဖြစ်ခဲ့
မန်ယူအသင်းဟာ     စပါးအသင်းကို အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ   သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  အဲဒီလို  ရှုံးနိမ့်ခဲ့ခြင်းဟာ မန်ယူအသင်းနည်းပြမော်ရင်ဟိုအတွက်တော့ နည်းပြဘဝမှာ အိမ်ကွင်းအဆိုးရွားဆုံးပွဲစဉ် လည်းဖြစ်လာခဲ့ပါတယ်။  မန်ယူအသင်းဟာ လက်ရှိမှာ ပရီမီယာလိဂ်ပွဲစဉ်သုံးပွဲကစားထားပြီးပါပြီ။
အဲဒီလို သုံးပွဲကစားအပြီးမှာ အဖွင့်တစ်ပွဲသာနိုင်ပွဲရရှိခဲ့ပြီး  နှစ်ပွဲဆက်တိုက်က ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းကတော့ မန်ယူအသင်းကို ဟယ်ရီကိန်းနဲ့ လူးကက်မိုရာတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာကြောင့် အောင်မြင်မှုရာနှုန်းပြည့်   ရယူထားနိုင်ခဲ့တဲ့ အသင်းဖြစ်လာခဲ့ပြီး      မန်ယူအသင်းကို အနိုင်ရရှိခဲ့တာကြောင့်  ပရီမီယာလိဂ်အမှတ်ပေးဇယားမှာလည်း     ထိပ်ဆုံးက    လီဗာပူး အသင်းနောက်  ဒုတိယနေရာက  ရပ်တည် နိုင်ခဲ့ပါတယ်။   
ပေါ်တူဂီနိုင်ငံသား    နည်းပြမော်ရင်ဟိုဟာ  သုံးပွဲမှာ  နှစ်ပွဲရှုံးခဲ့တယ်ဆို ပေမယ့် လက်ရှိပရီမီယာလိဂ်နည်းပြတွေထက် အောင်မြင်မှုပိုင်းအရ အသာစီးရထားပါတယ်။ ချယ်လ်ဆီးအသင်းမှာ     တာဝန်ယူခဲ့စဉ်က နှစ်ရာသီအတွင်းမှာ  ဖလားသုံးလုံးရယူနိုင်ခဲ့တာပါ။ 
ဂွာဒီယိုလာနဲ့  ပယ်လီဂရီနီတို့ကတော့  မန်စီးတီးအသင်းနဲ့အတူ  ဆုဖလားတစ်ကြိမ်စီသာ   ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြမော်ရင်ဟိုဟာ  ပေါ်တူဂီမြေမှာ ဖလားနှစ်ကြိမ်၊ အီတလီမြေမှာ ဖလားနှစ်ကြိမ်၊ စပိန်မြေမှာ ဖလားတစ်ကြိမ် ချန်ပီယံလိဂ်ဖလားကို
လည်း နှစ်ကြိမ်အထိ ရယူပေးနိုင်ခဲ့တဲ့နည်းပြတစ်ဦးဖြစ်ပါတယ်။   ယူရိုပါလိဂ်ဖလားကိုတော့ ၂ဝ၁၇ ခုနှစ်က မန်ယူအသင်းနဲ့အတူ ရယူနိုင်ခဲ့တာပါ။
၂ဝ၁၈-၂ဝ၁၉ ရာသီအစမှာ မန်ယူအသင်း  နှစ်ပွဲဆက်ရှုံးပွဲကြုံခဲ့ရတာကြောင့် ပရီမီယာလိဂ်  အမှတ်ပေးဇယားမှာ  အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
နိုင်လင်းကြည်
ဂျူဗင်တပ်နဲ့အတူ စီးရီးအေသွင်းဂိုးတစ်ဂိုးရှာဖွေသွားမယ်ဆိုတဲ့ စီရိုနယ်လ်ဒို
ဂျူဗင်တပ်နဲ့အတူ စီးရီးအေသွင်းဂိုးတစ်ဂိုးရှာဖွေသွားမယ်ဆိုတဲ့ စီရိုနယ်လ်ဒို
တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၈ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် လက်ရှိအချိန်အထိ ဂိုးသွင်းယူပေးနိုင်ခြင်းမရှိသေးပါဘူး။
စီရိုနယ်လ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ အတူ စီးရီးအေနှစ်ပွဲအထိ ပွဲထွက်ကစားပေးထားပြီး   ဂိုးမသွင်းယူနိုင်သေးတာကြောင့် စက်တင်ဘာ ၁ ရက်မှာ ကစားမယ့် ပါးမားအသင်းနဲ့ ပွဲစဉ်မှာ စီးရီးအေ သွင်းဂိုးတစ်ဂိုးရှာဖွေဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။
လာဇီယိုအသင်းကို ဂျူဗင်တပ်အသင်းက နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း စီရိုနယ်လ်ဒိုဟာ သွင်းဂိုးတစ်ဂိုးရနိုင်တဲ့အခွင့်အရေး ရှိခဲ့ပေမယ့် အကောင်းဆုံးအသုံးမချနိုင်ခဲ့ပါဘူး။ စီရိုနယ်လ်ဒိုဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂျူဗင်တပ်အသင်းဟာ နှစ်ပွဲစလုံးအနိုင်ရရှိခဲ့တာကြောင့် ရမှတ်ခြောက်မှတ်အပြည့်ရယူထားနိုင်ခဲ့ပါတယ်။
နိုင်လင်းကြည်
မိတ်ဆွေဟောင်းတွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ တိုက်စစ်မှူး နေမာ
မိတ်ဆွေဟောင်းတွေနဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့ တိုက်စစ်မှူး နေမာ
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာဟာ ပီအက်စ်ဂျီအသင်းက အန်ဂါအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ပြီးတဲ့နောက်မှာ ဘာစီလိုနာကို သွားရောက်ပြီး မိတ်ဆွေဟောင်းတွေဖြစ်တဲ့ ဆွာရတ်ဇ်၊ ရာကီတစ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘရာဇီး ကြယ်ပွင့်နေမာဟာ ရာကီတစ်၊ ဆွာရတ်ဇ်နဲ့ ဆွာရတ်ဇ်ရဲ့ သားဖြစ်သူတို့နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့  အင်စတာဂရမ်စာမျက်နှာမှာ  မတင်မီ အချိန်အတော်ကြာ စကားစမြည်ပြောခဲ့ကြတယ်လို့လည်း သိရပါတယ်။
တိုက်စစ်မှူး နေမာဟာ ဆွာရတ်ဇ်၊ ရာကီတစ်တို့နဲ့ တွေ့ဆုံအပြီးမှာ ရာဖင်ဟာနဲ့ တာစတီဂန်တို့ကိုလည်း သွားရောက်တွေ့ခဲ့ပါသေးတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ  နေမာဟာ  နောက်ထပ်ဘာစီလိုနာကစားဖော်ဖြစ်တဲ့ ဂျာရတ်ပီကေးနဲ့ စပိန်ဂေါက်သီးရိုက်သမား ဆာဂျီယိုဂါစီယာတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ပြီး နေမာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပါတယ်။
နိုင်လင်းကြည်
မန္တလေးမြို့မှလေ့လာစရာသမိုင်းဝင် မိကျောင်းတံတား
မန္တလေးမြို့မှလေ့လာစရာသမိုင်းဝင် မိကျောင်းတံတား
မန္တလေး-သြဂုတ်-၂၉
      မန္တလေးမြို့ရှိ စေတီတော်များတွင် မဟာလောကရံသီ အိမ်တော်ရာ စေတီတော်မှာ အထင်ကရ သမိုင်းဝင် စေတီတစ်ဆူ အဖြစ်တည်ရှိနေပြီး မန္တလေး မြို့သက်ထက် ၁၂ နှစ်စောကာ တည်ရှိခဲ့သော စေတီပင်ဖြစ်သည်။ စာ ဆိုများ ပညာရှင်များက အိမ်တော်ရာစေတီသည် မန္တလေးမြို့သမိုင်းနှင့် ယှဉ်တွဲထင်ရှားသော စေတီဖြစ်ပြီးလွတ် လပ်ရေးအစ အိမ်တော်ရာကဟုပင်တင်စားကြသည်။အိမ်တော်ရာ ၁၄ ခန်းဇရပ်မှ မကြောက်တရားသံမှအစ အခြားသော လွတ်လပ်ရေးသမိုင်းများ အမျိုး ဘာသာသာသနာ သမိုင်းများနှင့်အတူ မန္တလေးမြို့၏ သမိုင်းဝင်စေတီ တော်တစ်ဆူအဖြစ်ထင်ရှားခဲ့သည်။
    စေတီအနီးအနားတွင်လည်း လေ့လာစရာ သမိုင်းဝင်နေရာများစွာရှိနေသည်။ထိုသမိုင်းဝင်နေရာများ တွင် မိကျောင်းတံတားလည်းပါဝင်သည်။မိကျောင်းတံတားမှာ အိမ်တော်ရာစေတီ မဟာရံအုတ်တံတိုင်း၏ အနောက်တောင်ထောင့်တွင်တည်ရှိသည်။အနောက်ထီးလင်းတိုက်၏ အရှေ့ မြောက်ထောင့် ၈၉လမ်းပေါ်တွင် တည်ရှိနေသော သမိုင်းဝင်တံတားတစ်ခုပင်ဖြစ်သည်။ လက်ရှိကာလတွင် ခြင်္သေ့ဦး နှင့်တစ်ဖြောင့်တည်း တည်ရှိနေသော သာယာဖြောင့်တန်း မန္တလေးလမ်းအဖြစ် မြင်တွေ့နိုင်သည်။
      အမရပူရခေတ်လက်ရာ အဖြစ်မြင်တွေ့နိုင်သော မိကျောင်းပုံများမှာ လက်ရာမြောက်လှသည်။ ရှေးခေတ် အခါက ခြင်္သေ့နှစ်စီးနှင့် မိကျောင်းနှစ်ကောင်ရှိသောလမ်းမှာ အမရပူရမြို့မှ အိမ်တော်ရာစေတီတော်သို့ ဘုရားဖူး လာရာလမ်းမဟာဟုဆိုထားသည်။လက်ရာမြောက် မိကျောင်းတံတားမှာ  ပုဂံမင်း၏ယောက်ဖတော် တောင်တွင်း ကြီးမြို့ဝန် (မင်းရဲမင်းခေါင်ကျော်)ဘွဲ့ခံ မင်းသားကြီး ဦးကျောက်လုံးကောင်းမှုပင်ဖြစ်သည်။ လမ်း၏ ၀ဲယာတွင် မိ ကျောင်းတစ်ကောင်စီ လက်ရာမြောက်စွာ ပြုလုပ်ထားသည်။လက်ရှိကာလတွင်မိကျောင်းတံတားမှာ အမရပူရ ခေတ်လက်ရာ သမိုင်းဝင်တံတားအဖြစ်တည်ရှိနေပြီး လက်ရာမြောက် မိကျောင်းပုံများကို လေ့လာနိုင်သည်။
နွေနဒီ၊မြစ်ငယ်
နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံးဝယ်ယူသည့်မြန်မာ့လက်မှုပစ္စည်းဘောစကိုင်းအိတ်
နိုင်ငံတကာခရီးသွားဧည့်သည်များ အများဆုံးဝယ်ယူသည့်မြန်မာ့လက်မှုပစ္စည်းဘောစကိုင်းအိတ်
 မန္တလေး-သြဂုတ်-၂၉
      ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အညီ မြန်မာမှု လက်မှု ပစ္စည်းအနုလက်ရာများကို ပြုလုပ် ရောင်းချလျက်ရှိရာ ဘောစကိုင်းစေ့ဖြင့် ပြုလုပ်ထားသည့် အိတ်များနှင့်အခြားအသုံးအဆောင်ပစ္စည်း များကို နိုင်ငံတကာခရီးသွား ဧည့်သည်များ အမှတ်တရအဖြစ် ၀ယ်ယူမှုများပြားလာကြောင်းသိရသည်။
    ဘောစကိုင်းအိတ်လက်မှုပစ္စည်းများပြုလုပ်ရောင်းချရာတွင်ဒေသအခေါ်ဗယားအိတ်(ပိုက်ဆံထည့်သည့် မိန်းမကိုင်အိတ်)၊ယပ်တောင်အိတ်၊ ဖုန်းအိတ်၊လက်ကိုင်ပိုက်ဆံအိတ်၊ဆံထိုး၊လက်ပတ်၊ဆွဲကြိုး၊သော့ချိတ် ၊တစ်ချောင်းထိုးဆံထိုးများကို အဓိက ပြုလုပ်ရောင်း ချကြသည်။ဗယားအိတ်တစ်ခုလျှင် အရွယ်အစားအလိုက် သုံးထောင်မှ တစ်သောင်းတစ်ထောင်အထိရှိပြီး ၊လက်ပတ်များ ၊သော့ချိတ်များကိုမူ တစ်ခုလျှင်ငွေကျပ်၂၅၀နှုန်းဖြင့် ရောင်းချကြကြောင်းသိရသည်။
 မြန်မာမှုဘောစကိုင်းလက်မှုပစ္စည်းရောင်းချသူများမှာ ကိုယ်တိုင်ပြုလုပ်ရောင်းချခြင်းနှင့်အတူ လိုအပ်သည့်လက်မှုပစ္စည်းများကိုဖောက်သည်ယူရောင်းချကြသည်။အများစုမှာဘောစကိုင်းစေ့ကို  ဒိုင်မှဝယ်ယူပြီး အမှတ်တရလက်မှုပစ္စည်းအမျိုးမျိုးပြုလုပ်ကြသည်။လက်မှုပြုပစ္စည်းပြုလုပ်ရာတွင်ဘောစကိုင်းစေ့များ ကို ရေဖြင့်ပြုပ်ပြီးမှပြုလုပ်ရ သည်။ပြုပ်ပြီးသား ဘောစကိုင်းစေ့များကို အ၀တ်စိုကလေးဖြင့်အုပ်ထားပြီး လိုအပ်သည့် အိတ်ကလေးများကိုအပ်ချည်ဖြင့်သီကာပြုလုပ်ကြသည်။ခိုင်ခံ့မှုရှိစေရန်အတွက်ချည်အကောင်းဖြင့်ပြုလုပ်ကြ ရသည်။ဘောစကိုင်းစေ့လက်မှုပစ္စည်းများကို နှစ်စဉ်အဆင်ဒီဇိုင်းအမျိုးမျိုးကြံဆလုပ်ကိုင်ရောင်းချသည့် အတွက်  ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ၀ယ်ယူမှုများပြားလာကြောင်း ဦးပိန်တံတားမှ ဘောစကိုင်းလက်မှု ပစ္စည်း ရောင်းချသူတစ်ဦးကပြောပြသည်။
တိမ်တမန်
ဆွာရေလှောင်တမံကျိုးပေါက်မှူကြောင့်ကျေးရွာအချို့ရေနစ်မြှပ်ကာအရေးပေါ်ရွှေ့ပြောင်းနေရအမြန်လမ်းပိတ်ထားရ
ဆွာရေလှောင်တမံကျိုးပေါက်မှူကြောင့်ကျေးရွာအချို့ရေနစ်မြှပ်ကာအရေးပေါ်ရွှေ့ပြောင်းနေရအမြန်လမ်းပိတ်ထားရ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်းတည်းဆောက်ထားသော ဆွာရေလှောင်တမံသည်သြဂုတ်လ ၂၉ ရက်နေ့ နံနက်ငါးရီခန့်မှစတင်းကျိုးပေါက်မှူကြောင့်ဒေသတွင်းကျေးရွာအချို့အရေးပေါ်ရွှေ့ပြောင်းနေရပြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအက်ကွဲကာရေကျော်နေသည့်အတွက်ပိတ်ထားရသည်။
 အနီးရှိကျေးရွာများနှင့်ဆွာမြို့နေပြည်သူများသည် သာဂရဘက်သို့အရေးပေါ်ရွှေ့ပြောင်းနေရပြီး လူနေအိမ်များ ကျေးရွာများ ရပ်ကွက်များ လယ်ယာစိုက်ခင်းများရေနစ်မြှပ်နေကြောင်းသိရသည်။ နံနက် ၈ နာရီခန့်မှစ၍ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းဟောင်းကာပိတ်ထားရပြီးရထားလမ်းပေါ်သို့ရေကျော်နေကြောင်းသိရသည်။
ကျိုးပေါက်မှူဖြစ်စဉ်မှာရေပိုလွဲ၏ယာဘက်ခြမ်းမှစတင်ကျိုးပေါက်ခြင်းဖြစ်ပြီးစစ်တောင်းမြစ်ကမ်းပါးအနီးတစ်လျှောက်ရှိကျေးရွာများသတိဖြင့်နေထိုင်ကြရန်အရေးကြီးကြောင်းသိရသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
ဧရာဝတီတံတားမကွေး ယာယီပိတ်၍ပြင်မည်ဆိုသည်မှာ ကောလာဟလဖြစ်
ဧရာဝတီတံတားမကွေး ယာယီပိတ်၍ပြင်မည်ဆိုသည်မှာ ကောလာဟလဖြစ်
မကွေး သြဂုတ် ၂၈
ဧရာဝတီတံတား(မကွေး) ယာယီပိတ်၍ ပြင်မည်ဆိုသည့်  သတင်းများဖြစ်ပေါ် နေသည့်အတွက် မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနက ဒေသတွင်းမီဒီယာများ ကို ယနေ့မွန်းလွဲပိုင်းက  ဖိတ်ကြားပြီး ထွက်ပေါ်နေသည့်  သတင်းများမှာ ကောလာဟလသာ   ဖြစ်ကြောင်း၊         ပညာရှင်များ စစ်ဆေးပြီးဖြစ်ကာ တံတား မှာ အ္တရာယ်ရှိသည့် အခြေအနေမျိုး လည်း   မဟုတ်ကြောင်း  အဆိုပါ ဦးစီး           ဌာန ညွှန်ကြားရေးမှူး ဦးရဲမင်းဇော်က အတည်ပြုပြောကြားခဲ့သည်။
 ဧရာဝတီတံတား   (မကွေး)၏ တံတားတိုင်   P-4 နှင့် P- 5  အကြား ရေစွန်းဘက်အခြမ်း Vertical  ခြောက် တိုင်မြောက် သံပေါင်တိုင်လှုပ်ခတ်နေ သည့် ဗီဒီယိုဖိုင်လူမှုကွန်ရက်၌ ပျံ့နှံ့နေမှု အပေါ်  တံတားဦးစီးဌာန အင်ဂျင်နီယာ ချုပ်နှင့် တံတားအထူးအဖွဲ့များ၊ JICA မှ  ဂျပန်ပညာရှင်များက    ဇူလိုင်လ အတွင်း၌ စစ်ဆေးမှုများ  လုပ်ဆောင် ခဲ့ကြသည်။
'' စစ်ဆေးတဲ့အခါမှာ အန္တရာယ်ရှိ နိုင်တဲ့ အစိတ်အပိုင်းကို စစ်ဆေးခဲ့ပါတယ်။ အဓိကကတော့  တံတားကြီးရဲ့  အောက် ခြေပေါ့နော်။    တံတားကြီး    သံပေါင်တွေ ကိုထမ်းတဲ့  တီအာတိုင်   အခြေအနေ         တွေ၊  ရိန်တွေ၊  ဘွတ်နပ်တွေကို စစ်ဆေး တယ်။ ၉၅ ရာခိုင်နှုန်းလောက် အကုန် ကောင်းပါတယ်။ နောက်ပြီး Level တွေ စစ်ပါတယ်။ ဘာကြောင့်လှုပ်တယ် ဆိုတဲ့ အဖြေကိုလည်း    ရှာပါတယ်။ လေတိုက် နှုန်းတွေ  စမ်းပါတယ်။ စစ်ဆေးပြီးတဲ့ အချိန်မှာ    ဘာတွေ့ရှိလဲဆိုတော့ မူမမှန် တဲ့လေတိုးဝင်မှုကြောင့်   သံပေါင်တွေ လှုပ်တယ်လို့ပဲ   အကြမ်းဖျင်း  ယူဆပါ တယ်။   ဂျပန်ပညာရှင်တွေကလည်း သူတို့နိုင်ငံမှာ လေတိုက်နှုန်းကြောင့်လည်း လှုပ်တာတွေရှိတယ်လို့  ပြောပါတယ်။ သံပေါင်တွေရဲ့  ဖွဲ့စည်းတည်ဆောက်မှု အပိုင်းအရတော့ စိတ်ချရမှုရှိပါတယ်။ အ္တရာယ်ရှိမှုအပိုင်းမှာ မရှိပါဘူး '' ဟု တံတားအထူးအဖွဲ့(၃)ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးက ပြောသည်။
လက်ရှိအခြေအနေမှာ တံတားကြီး ကိုပိတ်၍ပြင်ဆင်ရန်မရှိဘဲ ပိတ်ပြီးပြင်  မည်ဆိုပါက ပြည်သူလူထုထံ   မီဒီယာ များမှတစ်ဆင့်  တရားဝင်ကြေညာမည်            ဖြစ်ကြောင်း၊    ပြုပြင်ရန်လိုအပ်သည့် အခြေအနေဖြစ်လာပါကလည်း တံတား ကြီးကိုပိတ်၍ လုပ်စရာအကြောင်း မရှိပါ ကြောင်း၊ ပညာရှင်များဖြင့် ထပ်မံစစ်ဆေး မှုများလုပ်ဆောင်ရန်ရှိကြောင်း ဦးကျော် ဇင်ထွေးက ပြောသည်။
ဧရာဝတီတံတား(မကွေး)မှာ ယာဉ် တစ်စီးချင်း တန် ၆ဝ ဖြတ်သန်းခွင့်ပြု ထားပြီး  ၂ဝဝ၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် တည်ဆောက်ပြီးစီးကာ    နိုဝင်ဘာ  ၂၄ ရက်တွင်   ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)
ဈေးနှုန်းအသင့်အတင့်ကားများ အရောင်းအဝယ်အတန်ငယ်ဖြစ်လာသည့် ရန်ကုန်ကားဈေးကွက်
ဈေးနှုန်းအသင့်အတင့်ကားများ အရောင်းအဝယ်အတန်ငယ်ဖြစ်လာသည့် ရန်ကုန်ကားဈေးကွက်
မော်တော်ကားဈေးကွက်အတွင်း ငွေ$ကျပ် သိန်း ၁၂ဝ မှ ၂ဝဝ အကြား အင်ဂျင်ပါဝါနိမ့် ကားများ အရောင်းအဝယ် အနည်းငယ်တက် လာကြောင်း ကားလောကအတွင်းက သိရှိရသည်။ သို့သော် လက်ရှိတွင် ရန်ကုန်လိုင်စင်နှင့် စတိကားများ မရရှိနိုင်သေးသဖြင့် နယ်လိုင်စင်ကားများလည်း အရောင်းအဝယ် ယခင်ထက် အနည်းငယ်ပိုမိုများပြားလာသည်ကို မြင်တွေ့ရသည်။ စတိနံပါတ်ကားများ လိုချင်ကြသော်လည်း အရောင်းအဝယ်အေးနေပြီး ရန်ကုန်လိုင်စင်ချထားပေးမည့်အစီအစဉ်မှာလည်း လက်ရှိတွင် ငြိမ်သက် နေခြင်းကြောင့် မစောင့်ဆိုင်းနိုင်ကြသူများက အရောင်းအဝယ်ပြန်လည် လုပ်ကိုင်လာကြခြင်းဖြစ်သည်။
''ဒေါ်လာဈေးကလည်း မြင့်နေတော့ စတိနံပါတ်ကားတွေက ဈေးတွေ အလိုလိုတက်သွားကြတယ်။ ဒါကြောင့် ဝယ်သူနည်းပြီး ဂျပန်တစ်ပတ်ရစ်ကတော့ ဈေးက သိသိသာသာတက်သွားတာမျိုးမရှိဘူး။ ဒါကြောင့် အရောင်း အဝယ်နည်းနည်းရှိနေတယ်''ဟု ကားဝယ်ရောင်း ကိုကျော်ဇေယျာဝင်းက ပြောသည်။
လက်ရှိတွင် ဒေါ်လာဈေးမြင့်နေသဖြင့် ကားတင်သွင်းမှု လျော့ကျသွားပြီး ဒေါ်လာဈေးမြင့်တက်ခြင်းကြောင့် အခွန်နှုန်းထား များလည်း လိုက်လံမြင့်တက်သွားရာ စတိဝယ်ယူမည့်သူများ မရှိသလောက်ဖြစ်နေသည်။ ထို့ပြင် ပြည်တွင်းတွင် ထုတ်လုပ်သည့် CKD , SKD ကားများ လူစိတ်ဝင်စားမှု မြင့်တက်နေပြီး အရောင်း အဝယ် ယခင်ထက်စာပါက များစွာတိုးတက်လာကြောင်း ကား လောကအတွင်းမှ သိရသည်။
စလစ်ဈေးများ အနည်းငယ်ကျဆင်းနေပြီး လက်ရှိတွင် သက်တမ်း နှစ်၂ဝ စလစ်မှာငွေ$ကျပ် ၁၂၅သိန်းရှိပြီး တိုက်ကြေ စလစ်မှာမူ ငွေကျပ်$ ၁၁၇သိန်းတွင် တန့်နေသည်။''ဈေးကွက် က ပုံမှန်အရောင်းအဝယ်ကောင်းတာမျိုးတော့ မရှိပါဘူး။ ဒီရက်ပိုင်းမှာ နယ်အကြိုက်ကားလေးတွေ အရောင်းအဝယ် ပိုဖြစ်တယ်။ ကားဈေးတန့်နေတော့ နယ်ဝယ်လက် ပြန်ဆင်း လာတယ်။ ဒါကြောင့် နယ်လိုင်စင်ရော၊ ရန်ကုန်လိုင်စင် နံပါတ် အနိမ့်လေးတွေရော  အရောင်းအဝယ်  နည်းနည်းပြန်တက် လာပါတယ်''ဟု ကားဝယ်ရောင်းတစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်နေသည့် ကားများမှာ မူလကတည်းက လူကြိုက်များ တန်ဖိုးနည်းကားများဖြစ်သော ဟွန်ဒါဖစ်၊ ဘယ်လ်တာ၊ ပရိုဘောက်စ်နှင့် ဗစ်ဇ်တို့ ဖြစ်ကြပြီး ပရိုဘောက်စ်ကားအများစုမှာ နီးစပ်ရာ နယ်ဝယ်လက်များ ပိုမိုသဘောကျ ဝယ်ယူကြပြီး ကျန်အမျိုးအစားများမှာ မြို့ပေါ်လူတန်းစားများ ရွေးချယ်ဝယ်ယူကြကြောင်း သိရသည်။
မိုးရာသီဖြစ်ခြင်းကြောင့် အရောင်းစင်တာများတွင်လည်း အရောင်းအဝယ်အားနည်းလျက်ရှိသည်။ သို့သော် မိုးရာသီပရိုမိုးရှင်းအစီအစဉ်များ ရေးဆွဲကာ အရောင်း အဝယ်မြင့်တက်ရန် ဆောင်ရွက်နေကြသည်ကိုလည်း မြင်တွေ့ရသည်။ ''မိုးတွင်းကတော့ အရောင်းအဝယ်ပါးတတ်တယ်။ ဒါပေမယ့် အားလုံးသိပ်မသိကြသေးလို့ပါ။ မိုးတွင်းက ဝယ်လို့အကောင်းဆုံးကာလပဲ။ အရောင်းစင်တာ တွေကလည်း အရောင်းထိုင်းတဲ့အချိန်မို့ တတ်နိုင်သလောက် လျှော့ပြီး ရောင်းပေးကြတယ်။ ဝယ်လက်ပါးတဲ့ အချိန်မို့ စိတ်ကြိုက် ရှာရတာ ပိုကောင်းတယ်''ဟု ဝေဇယ္တာလမ်းမပေါ်ရှိ ကားအရောင်းစင်တာတစ်ခုမှ တာဝန်ခံ ကိုကျော်စွာက ပြောသည်။     
မင်းသော်
အိပ်မက်ဆုံရာ ရာသက်ပန်နှင့် သံစဉ်များနဲ့ကမ္ဘာ Winner နှစ်ဦး၏ ဂီတ အားပြိုင်မှု
အိပ်မက်ဆုံရာ ရာသက်ပန်နှင့် သံစဉ်များနဲ့ကမ္ဘာ Winner နှစ်ဦး၏ ဂီတ အားပြိုင်မှု
 ယခုလ ၂၉ ရက်မှာစတင်ပြီး အဆိုတော် ဖြိုးပြည့်စုံနှင့် အောင်ထက်တို့ ဂီတ ညီအစ်ကို နှစ်ဦး ပါဝင်သီဆိုထားသည့် ''ကြယ်'' ဟုအမည်ပေးထားသော တေးစီးရီး ကိုြ့ ညငအနိ မှ ဖြန့်ချိမည်ဟု သိရသည်။
အဆိုပါ တေးစီးရီးခွေကို ဖန်တီးကြသည့် လူငယ်ဂီတသမား  နှစ်ဦးအနက် ဖြိုးပြည့်စုံသည်  ၂ဝ၁ဝ ပြည့်နှစ်က  ''သံစဉ်များနဲ့က္ဘာ'' တေးသီချင်းဆိုပြိုင်ပွဲမှ ဂီတလောကကို ဝင်ရောက်ခဲ့သူဖြစ်သည်။ အဆိုတော် အောင်ထက် အနေဖြင့်၂ဝ၁ဝ တွင် ပြိုင်ပွဲတွေနှင့်  ကြိုးစားနေသူတစ်ယောက်အဖြစ် ရှိခဲ့ပြီး  ၂ဝ၁၅  ခုနှစ်က ပြုလုပ်သည့် ''အိပ်မက်ဆုံရာ ရာသက်ပန်'' သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ရောက်လာခဲ့သည်။ အဆိုတော်  ဖြိုးပြည့်စုံသည်  ထိုအချိန်က ''မျှော်နိုင်သမျှ'' တေးစီးရီးကို ထွက်ရှိခဲ့ချိန်ဖြစ်သည်။
ဖြိုးပြည့်စုံ
''အဆိုတော်တွေအပြင်မှာ  ဘယ်လောက်ပဲ  သီချင်းတွေ  ဆိုပါစေ၊  အခွေ ထွက်ရင်  ပရိသတ်အားပေးဖို့ဆိုတာ  မလွယ်ကူတဲ့ အချိန်ပါ။  ဈေးကွက်အရရော၊ စီးပွားရေးအရရော တော်တော်ကို အဆင်မပြေကြတာပါ။ ဒါပေမယ့်လည်း ထုတ်လုပ် သူတွေအနေနဲ့ ကိုယ်တွေရဲ့  ဂီတကို တန်ဖိုးထားတဲ့အတွက် အရှုံးခံပြီး ထုတ်ပေးနေ တာကိုလည်း သိပါတယ်။ သီချင်းလေးတွေ အားလုံးကိုလည်း သေချာမကြိုက်မချင်း ကျွန်တော်တို့  ရွေးချယ်ထားပြီး   လုပ်တာမို့   ပရိသတ်အတွက်  အကြိုက်တွေ့မယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့  နှစ်ယောက်လာတဲ့နေရာမတူပေမယ့် ကြိုးစားမှု ချင်းကတော့ အတူတူပါပဲ၊ ကျွန်တော်တို့  ကြိုးစားမှုလေးကို အသိအမှတ်ပြုပေး ပါလို့ ပြောပါရစေ'' ဟု ဖြိုးပြည့်စုံက ပြောသည်။
အောင်ထက်
''ကျွန်တော်တို့ နှစ်ဦးရဲ့  စိတ်ကူးလေးတွေက တစ်ယောက်နဲ့ တစ်ယောက် တူကြတယ်။  ကျွန်တော်ကလည်း   ပြိုင်ပွဲက   တက်လာတဲ့သူဖြစ်တယ်။   ဖြိုးပြည့်စုံ  ကလည်း ဒီလိုပဲ၊  အဲ့ဒီတော့   နှစ်ယောက်သား   တူညီတဲ့အတွေးတွေ   ပေါင်းစပ် မိပြီး   အခုလို  သီချင်းလေးဖြစ်လာတာပါ။  ဒီသီချင်းလေးက  ကျွန်တော်တို့ နှစ်ယောက်ထဲကို  ပြောတာမဟုတ်ပါဘူး။  ဂီတလောကထဲမှာရှိတဲ့  မောင်နှမတွေ   အကုန်လုံးအတွက် ရည်òန်းပြီး  ကျွန်တော်တို့ ဖန်တီးထားတာပါ။ ကိုယ်တိုင် ရေးထားတဲ့ ကိုယ်ပိုင်သံစဉ်   သီချင်းလေးပါ။  ပရိသတ်တွေကို ကျွန်တော်တို့ ပုံစံ ကွဲလေးတွေ တင်ဆက်ချင်တာကြောင့်လည်း အခုလို ဖန်တီးဖြစ်ခဲ့တာပါ'' ဟု အောင်ထက်က ပြောသည်။
    အဆိုပါ တေးစီးရီးတွင် တေးသီချင်း  ၁၂  ပုဒ်ပါဝင်ပြီး  တေးသီချင်းများကို တေးရေး စောခူဆဲလ်၊ အောင်ထက်၊ ဝေကြီး၊ စည်သူမင်း၊  ကီးရှိန်းတို့  ရေးသား ထားကြောင်း သိရသည် ။
ယင်းတေးသီချင်းများထဲတွင် ကြယ်တေးသီချင်းကို အဆိုတော် အောင်ထက်က ရေးသားထားပြီး ပရဟိတဆန်သော တေးသီချင်းဟု သိရသည်။
ကိုလင်း
ရန်ကုန်မြို့လယ်စည်ပင်ဖွံ့ဖြိုးရေးမှသည် ပြည်သူများအပန်းဖြေရေးဆီသို့ . . .
ရန်ကုန်မြို့လယ်စည်ပင်ဖွံ့ဖြိုးရေးမှသည်
ပြည်သူများအပန်းဖြေရေးဆီသို့ . . .
ရန်ကုန်မိုးသည် နံနက်ပိုင်းကပင် စွေလိုက်ဖွဲလိုက်ဖြင့် မိုးရာသီ၏သရုပ်ကိုပြသလျက်ရှိသည်။ ရန်ကုန်မြို့၏ကျက်သရေဆောင် မြို့တော်ခန်းမဝန်းကျင်၊  ဗန္မုလပန်းခြံတွင်းနှင့်တစ်ဝိုက်တွင်            ပြည်သူများ စည်စည်ကားကား  သွားလာကြလျက်ရှိသည်။ဆူးလေစေတီတော်တစ်ဝိုက်နှင့် ဆူးလေခုံးကျော်တံတားကြီး ပေါ်တွင် မြို့ပြနေပြည်သူတို့ လှုပ်လှုပ်ရှားရှားဖြင့် ရန်ကုန်မိုးဖွဲဖွဲ အောက်တွင်  ထီးကိုယ်စီဖြင့်   သွားလာနေကြသည့်နည်းတူ           ယာဉ်များမှာလည်း တရွေ့ရွေ့ဖြင့် ယနေ့ရန်ကုန်မြို့ပြပုံရိပ်ကို  ပြသလျက်ရှိသည်။
ဆူးလေ  လူကူးခုံးကျော်တံတားပေါ်တွင်  လူငယ်အချို့         ထီးကိုယ်စီဖြင့်  ဆူးလေစေတီနှင့်မိုးမျှော်   ဟိုတည်ကြီးများကို နောက်ခံပြုလျက် စုပေါင်းမှတ်တမ်းဓာတ်ပုံများ  ရိုက်နေကြသည့်နည်းတူတံတားအောက်ဘက်တွင်  တရွေ့ရွေ့သွားလာနေ သော ယာဉ်တန်းကြီးကို နောက်ခံပြုကာ ဥရောပနိုင်ငံတစ်ခုကို ရောက်ရှိနေသည့်ပမာ  တစ်ဦးနှင့်တစ်ဦး ဓာတ်ပုံအလှ ရိုက်နေ ကြသည်မှာ ဘဝအပူကင်းလျက် တစ်ဦးနှင့်တစ်ဦး နောက်ပြောင် ကျီစယ်ပြုံးပျော်နေသော  လူငယ်တို့ကိုလည်း တွေ့ရသည်။အထူးသဖြင့် ရန်ကုန်မြို့ပြ၏အလှကို လူငယ်များချစ်မြတ်နိုးကာ အသိအမှတ်ပြုလာခြင်းပင်ဖြစ်သည်။ ထိုဆူးလေ လူကူးခုံးကျော် တံတားနေရာသည် အများပြည်သူ  ဖြတ်သန်းသွားလာမှု               များသောနေရာဖြစ်ပြီး    နိုင်ငံခြားသားများလည်း  အများဆုံး            ဖြတ်သန်းသွားလာရာ  နေရာလည်း ဖြစ်သည်။ ယာဉ်သွား လာမှုများသော နေရာဖြစ်သောကြောင့် ရန်ကုန်မြို့အတွင်း အများပြည်သူ ယာဉ်အ္တရာယ်ကင်းရှင်းစေရန်  ထိုနေရာတွင်  စတုရန်းလေး ထောင့်ပုံ လူကူးခုံးကျော်တံတားကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ထိုတံတားပေါ်မှ မြို့တော်ခန်းမ၊ ဆူးလေစေတီတော်၊ မဟာ ဗန္ဓုလပန်းခြံလွပ်လပ်ရေးကျောက်တိုင်၊ ဆူးလေစကွဲယားတာဝါ၊ ဆာကူရာ တာဝါနှင့် ရှန်ဂရီလာဟိုတယ်တို့ကို  တွေ့မြင်နိုင်ရာ   ရန်ကုန်မြို့၏ အလှနှင့်လိုက်ဖက်ညီစေလျက်မြို့ပြ၏ တိုးတက် ပြောင်းလဲလာ မှုကိုတစိမ့်စိမ့်ခံစားနိုင်သောနေရာလည်းဖြစ် သည်။ ပြည်သူများ ယာဉ်အ္တရာယ်ကင်းရှင်းစွာသွားလာနိုင် ရန်ထိုလူကူးခုံးကျော်တံတားကြီးကို တည်ဆောက်ခဲ့ခြင်းဖြစ်သော် လည်း တံတားပေါ်ရှိ  ပေါင်းမိုးအောက်လူသွားစင်္ကြံတွင်  ဈေးသည်အချို့ဈေး  ရောင်းချလျက်ရှိသည့်နည်းတူ  ဆူးလေ စကွဲယားနှင့်ကပ်လျက်  တံတားအဆင်းတွင်လည်း  တောင်းရမ်း သူတို့ကြောင့်  တံတားပေါ်မှ  ဖြတ်သန်းသွားလာသူတို့မှာ သွားလာရေးအနှောင့်အယှက် ဖြစ်လျက်ရှိသည်။
ဆူးလေမြောက်ဘက်မုခ်၊ မြို့တော်ခန်းမအနီးတွင်ရှိသော ကားမှတ်တိုင်တွင် မှန်လုံအဲယားကွန်းယာဉ်များ ဦးဒဟိုဝင်ထွက် သွားလာလျက်ရှိပြီး  မြို့လယ်မှတ်တိုင်အဂ¯နှင့်အညီ   တည်         ဆောက်ထားရာ ခရီးသွားများအဆင့်မြင့်စွာဖြင့် နားခို၍ လိုရာ ခရီးကို စိတ်လက်ပေါ့ပါးစွာ သွားလာကြလျက်ရှိသည်။ ထိုနေရာ တွင် ကော်ထိုင်ခုံဖြင့်ဈေးရောင်းခြင်း၊ ခရီးသွားများထိုင်ခုံတွင် ထိုင်၍    ဈေးရောင်းနေသောကြောင့်   ရန်ကုန်မြို့လယ်နှင့် လိုက်ဖက်မှုမရှိသည်ကို  တွေ့မြင်ရလျက်ရှိသည်။ ရန်ကုန်မြို့လယ် တွင်  အများပြည်သူနှင့်နိုင်ငံခြားသားများ စိတ်အပန်းဖြေနိုင်ရန် ရုံးပိတ်ရက်တို့တွင် စင်တင်ဂီတပွဲများ၊ တစ်ကိုယ်တော်စန္ဒရား၊ တယော၊ မြန်မာ့ဆိုင်းဝိုင်းနှင့် တွဲစပ်ထားသော တီးဝိုင်းများဖြင့်      ဖျော်ဖြေရေးအစီအစဉ်အဖြစ် ဖော်ဆောင်နိုင်ပါက ရန်ကုန်မြို့ရှိ ပြည်သူနှင့်   နိုင်ငံခြားခရီးသွားတို့အတွက်  စိတ်အပန်းဖြေရာ နေရာ  တစ်ခုအဖြစ်ပေါ်ထွန်းလာမည်  ဖြစ်သည်။   ယင်းသို့ ဖော်ဆောင်နိုင်ပါက         ယခုလာမည့်     ပွင့်လင်းရာသီတွင် နိုင်ငံခြားသားခရီးသွားလုပ်ငန်းကို ပို၍ဆွဲဆောင်နိုင်စေမည် ဖြစ်သည်။
ရန်ကုန်မြို့လယ်၏ မြို့ပြယဉ်ကျေးမှုနှင့်ရှေးဟောင်းအမွေ အနှစ်များစုစည်းရာ   မြို့တော်ခန်းမကြီးတစ်ဝိုက်သည် ရန်ကုန်မြို့ ၏  အဓိကနေရာတစ်ခုဖြစ်သောကြောင့် ပို၍သန့်ရှင်း သာယာလှပခေတ်မီရန်လိုအပ်လာပြီဖြစ်သည်။ အထူးသဖြင့် နိုင်ငံခြား သားခရီးသွားများ လည်ပတ်ရန်နေရာ တစ်ခုဖြစ်သည့်အတွက် သန့်ရှင်းသာယာလှပသောနေရာတစ်ခုအပြင်    ခေတ္တနားခို အပန်းဖြေရာနေရာတစ်ခုအဖြစ် မြို့ပြအဂ¯နှင့်အညီ ဖော်ဆောင် နိုင်ပါက  ပြောင်းလဲလာသော  ခေတ်စနစ်နှင့်အညီ  တိုးတက် ပြောင်းလဲမှု၏   အသီးအပွင့်ကို   မြို့ပြနေပြည်သူတို့  ခံစား ရရှိစေမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်   ၇ဝ   ကျော်က မြို့တော်ခန်းမနှင့် ဆူးလေ စေတီတစ်ဝိုက်သည်  အထင်ကရနေရာများဖြစ်ခဲ့ပြီး  ကိုလိုနီ  လက်ထက်က  စီးပွားရေးအရ၊  စစ်ရေးအရ အရေးပါသော  ရုံး စိုက်ရာနေရာလည်း ဖြစ်ခဲ့သည်။ ဤနေရာသည် ရန်ကုန်မြို့ပြ၏ မြို့လယ်နေရာပင်ဖြစ်သည်။ စိမ်းလန်းစိုပြည်လျက်ရှိသော မဟာဗန္ဓုလပန်းခြံကြီးအတွင်း လွတ်လပ်ရေးကျောက်တိုင်ကြီး မှာ ဝင့်ြ<ွကားစွာတည်ရှိနေပြီး မျက်နှာချင်းဆိုင်ရှိ မြို့ပြကျက်သရေ ဆောင်ဖြစ်သော မြို့တော်ခန်းမကြီးမှာလည်း ကိုလိုနီလက်ရာ အမွေအနှစ်အဖြစ် ကျန်ရစ်လျက်ရှိရာ ရန်ကုန်မြို့တွင် ဤနေရာ သည်သာ မြို့ပြအလှကိုထိမိစွာ  ဖော်ဆောင်ပြသနိုင်သော  နေရာ   တစ်ခုဖြစ်သောကြောင့်  မြို့ပြအင်္ဂါနှင့်အညီ  ပြုပြင် ပြောင်းလဲမှုကို ဝိုင်းဝန်းဖော်ဆောင်ကြပါစို့ဟု ရေးသားလိုက်ရပါ သည်။
သော်တာနမ့်စန်
ရန်ကုန်မြစ်ချောင်းကဏ္ဍ အမေ့ခံမရ
ရန်ကုန်မြစ်ချောင်းကဏ္ဍ အမေ့ခံမရ
ရန်ကုန်လူမှုဘဝ၊  ဖြစ်ရပ်အထွေထွေကိုဖော်ပြပေးနေသော   ယခုသီတင်းပတ်၌  ရန်ကုန်တိုင်းဒေသကြီး အတွင်း စီးဆင်းနေသော  မြစ်ချောင်းများ၏  ကမ်းပြိုကမ်းစားမှုများအကြောင်းကိုလေ့လာတင်ပြလိုပါသည်။  လူနေထူထပ်သော မြို့တော်၊ ပြောင်းလဲလာသောရာသီဥတု၊  ရှည်လျားသော မြစ်ချောင်းမိုင်အရှည်၊ တိုက်စားနေသောရေစီးကြောင်း  အရှိန်ကြောင့် တစ်စထက်တစ်စ   မြင့်တက်လာနေသော  ကမ်းပြိုကမ်းစားဖြစ်မှုအကြောင်းတို့ကား  မျက်နှာလွှဲနေရမည့် အမေ့ခံခေတ်ကာလ             မဟုတ်တော့ပေ။
ထို့ကြောင့်ပင် ယခုသီတင်းပတ်၌ ရန်ကုန်တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး  ဦးစီးမှူး   ဦးအောင်ကျော်မိုးအား ရန်ကုန် တိုင်းဒေသကြီးအတွင်း  ဖြစ်ပွားနေသော ကမ်းပြိုကမ်းစားမှုများ အကြောင်း တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
''ရန်ကုန်မှာရှိတဲ့ မြစ်ကြီးတွေ၊ ချောင်းအကြီးစားတွေ            ဟာ ပမာဏအရဆိုရင် မိုင်ပေါင်း ၄ဝဝ ကျော်ရှိမယ်။ ချောင်း အသေးတွေ မပါသေးဘူး။ ချောင်းအသေးတွေပါ ပေါင်းမယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာကိုက    မိုင်ပေါင်းထောင် ချီပြီးရှိသွားမှာပါ။   ကမ်းပြိုတဲ့ကိစ္စပေါ်ပေါက်လာပြီဆိုရင် ကျွန်တော်တို့မှာ ချောင်းရယ်၊ မြစ်ရယ် ခွဲခြားနေလို့ မရပါဘူး။ ပြည်သူတွေရဲ့ လိုအပ်ချက်အရ၊  သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့  တင်ပြလာချက်အရ  သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေရဲ့    တင်ပြ ချက်တွေအရ ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းရင်းနဲ့ တွေ့ရှိချက် တွေအရ  ဒါတွေအားလုံးကို ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
''ကမ်းပြိုတာက မြစ်တိုင်းချောင်းတိုင်းလိုလိုမှာလာပြီး ဖြစ်နေတာ။  တကယ်တမ်းဖြစ်နေခဲ့တာတော့   ကြာပါပြီ။ ထိရောက်တဲ့ထိန်းကျောင်းမှုတွေ ပြည့်ပြည့်ဝဝမဆောင်ရွက် ပေးနိုင်တဲ့အတွက်ကြောင့်ရယ်၊ သဘာဝရဲ့ဖြစ်စဉ်တွေပြောင်းလဲလာမှုအရကမ်းပြိုကမ်းစားဖြစ်ဖို့ တွန်းအားပေးတဲ့အချက် အလက်တွေ နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့  စိပ်လာပါတယ်။ မိုးလေဝသနှင့် ဇလဗေဒòန်ကြားမှုဦးစီးဌာနရဲ့ အတည်ပြုချက် အရ  ၁၉၈ဝ နောက်ပိုင်း ရာသီဥတုပြောင်းလဲမှုက မြန်မာနိုင်ငံမှာ သိသာလာပါတယ်။ က္ဘာနဲ့အဝန်းလည်း ရာသီဥတုနဲ့ သက်ဆိုင် တဲ့ သဘာဝဘေးအ္တရာယ်ကျရောက်နိုင်မှုမှာလည်း မြန်မာနိုင်ငံ က တစ်ကနေ တစ်ဆယ်အတွင်းမှာ ရှိနေတယ်။ ပြောရမယ်ဆိုရင် ရေကြီးရေလျှံမှုတွေရော၊ ကမ်းပြိုကမ်းစားဖြစ်တဲ့ကိစ္စတွေရော ရေနဲ့ ဆက်စပ်တဲ့ဘေးဥပဒ်တွေဟာတဖြည်းဖြည်းနဲ့ များများလာ တယ်။ အလားအလာအရလည်းထပ်ပြီးတော့ ဖြစ်နိုင်ခြေတွေ ရှိနေပါသေးတယ်။
''ကမ်းပြိုတဲ့ကိစ္စကမိုးရေချိန်တွေများလာတယ်။ မုတ်သုံ မမှန်တဲ့အတွက်ကြောင့် မိုးတွင်းကာလကအချိန်တိုသွားတယ်။ ဒါပေမယ့်  တစ်နှစ်လုံးရွာချလာတဲ့  မိုးရေချိန်ကို ပြန်ပေါင်း လိုက်တဲ့အခါကျတော့ အရင်ကထက် များနေတယ်။အချိန်တိုအတွင်းမှာရေများများပါသလို မြစ်ထဲကိုကျလာတဲ့ရေတွေကို တောက်လျှောက်ဆွဲချပေးရတာဖြစ်တဲ့အတွက်  ရေကိုအချိန်တို ကာလတိုအတွင်းမှာ ပင်လယ်ဆီမချပေးနိုင်တာဖြစ်တဲ့အတွက် ရေအင့်ပြီးတော့  ရေကြီးရေလျှံတွေဖြစ်တယ်။  တစ်ဖက်က လည်း သူ့ပုံမှန်လက်ခံစီးဆင်းပေးနိုင်တဲ့ အရှိန်ထက်များလာတဲ့ အတွက်ကြောင့် ဘေးလည်းစားတယ်၊ ရေအောက်ကြမ်းပြင်လည်း စားတယ်။ ကမ်းပြိုကမ်းစားဖြစ်ပေါ်နေရတဲ့အကြောင်းရင်းက တဖြည်းဖြည်းနဲ့  ပိုပြီးစိပ်လာတယ်။  ဘာကြောင့်လဲဆိုရင် ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်က  က္ဘာနဲ့အဝန်းဖြစ်လာတဲ့အတွက် မြစ်တွေချောင်းတွေကို ယဉ်ပါးအောင်  သူ့သဘာဝအတိုင်း ထိန်းသိမ်းနိုင်တဲ့  အနေအထားအထိ မရောက်သေးလို့ ဒီဒဏ် ကတော့ရှိနေဦးမှာပါ။  ကျွန်တော်တို့ တတ်နိုင်တဲ့  လက်လှမ်းမီ တဲ့အပိုင်းကနေ ဆက်လက်ပြီးဆောင်ရွက်သွားဖို့တော့ လိုပါ တယ်။
''တွံတေးတူးမြောင်းကို ဦးစားပေးပြီး ပြုပြင်နေတယ်။ ကနဦးက ၂၅ ပေပဲရှိတယ်။ ၁၉၃ဝ ပြည့်နှစ်လောက်ကျတော့ ပေ ၃ဝဝ လောက်အထိဖောက်ဖို့ ရည်စူးလိုက်တာပေါ့။ ဒါပေမယ့် ခုမြင်တဲ့အတိုင်းပဲအချို့နေရာတွေဆို ပေထောင်ဂဏန်းလောက် အထိ ဖြစ်နေတယ်။ တချို့နေရာတွေဆိုရင်  ပေ ၈ဝဝ-  ၉ဝဝ လောက်အထိ ဖြစ်နေတယ်။ ပြောရမယ်ဆိုရင် နှစ်ဆခွဲ သုံးဆ လောက် ဖြစ်နေတာ။  သူ့သဘာဝ အတိုင်းကိုကတိုက်စားပြီး ပေါ်ပေါက် လာတာ။ တိုက်စားမှုနှုန်း အလွန်မြင့် တယ်။ အဲဒါကြောင့် တွံတေးမြို့ဟာ ထိခိုက်မှုအများဆုံးမြို့ ဖြစ်ပါတယ်။ ပြီးတော့    တွံတေးတူးမြောင်းက ရန်ကုန်မြစ်နဲ့ တိုးမြစ်ကို ဆက်ပေးထား တာဖြစ်တဲ့အတွက်  တိုးမြစ်ကပင်လယ် ဘက်ကို  ရေဝင်တဲ့အခါမှာ   နှစ်ပေါက်က နေဝင်တယ်။
တွံတေးတူးမြောင်းက  ဆင်းပြီး    ရန်ကုန်မြစ်ကတစ်ဆင့်  ပင်လယ်ထဲရောက်တယ်။   တိုးမြစ်ကနေ  တောက်လျှောက်             စီးဆင်းပြီးတော့ပင်လယ်ထဲကိုသွားတာရှိတယ်။   တကယ်လို့သာ တူးမြောင်းကြီးက  ဒီထက်ပိုပြီးအစားခံရရင် တိုးမြစ်တောင် တဖြည်းဖြည်းတိမ်ကောသွားပြီး ဖြတ်လမ်းဖြစ်တဲ့ တူးမြောင်း ကနေသွားတဲ့ အနေအထားဖြစ်လာနိုင်ပါတယ်။ ရေရဲ့သဘောက တိုတဲ့ဘက်က ပိုစီးတယ်။  လျှောစောက်အနိမ့်အမြင့် ကွာဟ ချက်များတဲ့ဘက်က    စီးတာဖြစ်တဲ့အတွက်    ဒီဘက်က                   အဲဒီသဘာဝရှိနေတော့  ဒီဘက်ကိုပဲ   ရေကစီးချင်တယ်။           အဲဒါကိုလည်း   ထိန်းကျောင်းပေးဖို့  လိုတာဖြစ်တဲ့အတွက်  တွံတေးတူးမြောင်းကို    ပထမဦးစားပေးအနေနဲ့   ဆောင်ရွက် ပါတယ်။
''ဒုတိယအနေနဲ့က ငမိုးရိပ်ချောင်းပေါ့။ ငမိုးရိပ်ချောင်း ကျတော့  မြို့လယ်ထဲဖြတ်ပြီး  စီးဆင်းတဲ့ချောင်း၊  မြို့လယ် ဖြစ်တဲ့အတွက် နှစ်ဖက်လုံးမှာက မြို့ပြဧရိယာဖြစ်နေတယ်။ နည်းနည်းလေးတိုက်စားတာနဲ့  ဆုံးရှုံးမှုက  ပိုပြီးကြီးတယ်။ ငါးမာန်အောင်ဖြတ်လမ်းဆိုရင်  လမ်းတောင်ပါတော့မယ့် အနေအထားဖြစ်လာတယ်။  ငမိုးရိပ်ချောင်းမှာဆိုရင် အကွေ့က ၂၅  ကွေ့တောင်ကျော်တယ်။   ရေရဲ့သဘောကအကွေ့ တွေမှာအစားခံရတယ်။  ဒါကြောင့်    ဦးစားပေးအစီအစဉ်               ဆောင်ရွက်တဲ့အခါမှာ ငမိုးရိပ်ချောင်းကို ဒုတိယဦးစားပေးမှာ ထည့်တယ်။ ဦးစားပေးထဲမှာတောင်မှ ဘယ်ကွေ့တွေကိုစတင် ဆောင်ရွက်မယ်ဆိုတဲ့ ငါးနှစ်နဲ့ စီမံချက်ဆွဲလိုက်ပြီး မနှစ်ကဆိုရင် ကွေ့ ငါးကွေ့ ဆောင်ရွက်ပြီးပြီ။ နောက်နှစ်တွေမှာလည်းတစ်နှစ် တစ်နှစ်ကိုငါးကွေ့စီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
''အခြားမြစ်တွေလည်း ပြိုတာပဲ။ ပဲခူးမြစ်လည်း ပြိုတယ်။ ရန်ကုန်ရဲ့အထက် လှိုင်မြစ်လည်းပြိုတယ်။ လှိုင်မြစ်ကနေ ဆက်စပ်သွားတဲ့ အထက်ပိုင်းက ကုက္ကိုဝမြစ်လည်း ပြိုတယ်။ ပြိုတာကတော့ အားလုံးပြိုနေတာ။ ပြိုတဲ့အနေအထားတွေထဲမှာ ဘယ်ဟာက အခြေအနေပိုဆိုးသလဲ၊ ဦးစားပေးမှာထည့်သင့် သလဲဆိုတဲ့ ဦးစားပေးအဆင့်အလိုက်ခွဲပြီး ဘတ်ဂျက်တွေကို တင်ပြတောင်းခံပြီးလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတည်ပြု ချက်၊ ဒေသတွေရဲ့လိုအပ်ချက်၊ နိုင်ငံတော်ဘက်ကနေခွဲဝေပေး နိုင်တဲ့ငွေပမာဏ၊ ဒီရန်ပုံငွေကိုချိန်ဆပြီးအဆင့်လိုက် ဆောင် ရွက်နေကြပါတယ်'' ဟု ပြောကြားသည်။
သဘာဝအတိုင်းစီးဆင်းနေသော မြစ်ချောင်းများပင် ဖြစ်လင့်ကစား လူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို တိုက်ခိုက်ရန် အရှိန်ယူစပြုနေပြီ ဖြစ်သည်။  မြစ်ကမ်းချောင်းကမ်းပါးတို့၌          နေထိုင်သူတို့ကား ထိုအတိုက်အခိုက်ဒဏ်ကိုခံစားခဲ့ရသည်မှာ နှစ်အတန်ကြာပြီ ဖြစ်သည်။ မီးလောင်မှု၊ ရေကြီးရေလျှံမှုများကနောက်ဆုံးအနေဖြင့်  မိမိပိုင်မြေ    ပြန်ရနိုင်သော်လည်း မြစ်ကမ်းချောင်းကမ်းဘေးတွင် နေထိုင်မိ၍ ရေတိုက်စားပြီး         မြေပြိုပါက လက်ဗလာဖြင့်သာ ဘဝကိုရုန်းကန်ကြရမည်။ မြစ် ကမ်းပါးတစ်လျှောက်နေထိုင်ကြသော  ပြည်သူများအနေဖြင့် မြစ်ထဲ၌  ပေါ်လာသောမြေနုကျွန်း၊  သဲသောင်များကိုလည်း  အလျင်စလိုကြုံရာကျပန်းမလုပ်ကိုင်သင့်ဘဲအချိန်မရွေးဖြစ်ပေါ် လာနိုင်သည့် ရေဘေးအ္တရာယ်ကို ကြည့်ရှုလုပ်ကိုင်ရန် လိုအပ် သည်။
ရန်ကုန်မြစ်ချောင်းများနံဘေးတွင် စနစ်တကျကာကွယ်မှု များ   ပြုလုပ်ရန်လိုအပ်လျက်ရှိပြီး   နေထိုင်သူတို့ကို   ရေနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အ္တရာယ်များ နှိုးဆော်မှုများ ပြုလုပ်ပေးရန် လိုအပ်လှသည်။ထို့ပြင် မြစ်ကမ်းချောင်းဘေးတွင် ဒီရေတောများ၊ သစ်ပင်ကြီးငယ်များကို ပြန်လည်ပြစုပျိုးထောင် စိုက်ပျိုးရန် လိုအပ်သည်။ သို့မှသာ ရန်ကုန်မြစ်ချောင်းများနံဘေး တွင် ပန်းခင်းများဖြင့် သာယာလှပလာပေလိမ့်မည်။
မြန်မာ့အလင်း
Blog Archive
Tags
Accident Ad Agriculture Article Astrology Aung San Suu Kyi Bagan Beauty Bogale Book Car Cartoon celebs Crime Crony Daily Popular Danubyu Dedaye Dhamma Dr Hla Myat Thway Education ELection Entertainment Environment Foreign Affairs General General Aung San General Knowledge Gossip Gov Health Herbal Hinthada History Hluttaw Ingapu Interview Job Kangyidaunt kyaik Lat Kyangin Kyaunggon Kyonpyaw Latputta Laymyethna Lemyethna Letter Ma Shwe Moe Mahn Johnny Maubin Mawlamyinegyun Media MMP MMP 1 money Myan Aung Myanmar Idol Myaungmya Myo Min Paing News Ngapudaw Ngathaingchaung NLD Nyaung Tone Opinion Pagoda Pantanaw Party Pathein People Photo Places Poem Police Politic Political Prisoner Popular Project Pyapon Quote School Bus Song Speech Sport Sports Student SYW SYW 1 Technology Thabaung Time Ayeyar Tourism Trailer Travel U Ba Hein U Ko Ni U Kyaw Myint U Win Htay USDP Video Wakhama Weather World News Yekyi Zalun စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး ထူးဆန်းထွေလာ ဒီရေတော နာရေး ဗဒေငျ မဘသ မုံရွာ လယ်သိမ်းမြေသိမ်း လူပုဂ္ဂိုလ်များ လူပျောက်ကြော်ငြာ အရှင်သုစိတ္တ (မော်ကျွန်း) အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော် အထွေထွေ ဝေဖန်ရေး ထွေအုပ် ​မော်​တင်​စွန်း နိုင်ငံရေးအကျဉ်းသား
Labels
Recent Post