Latest News

Sunday, July 1, 2018

ဗိုလ်ချူ ပ်၏ ရင်သွေးများ

ဗိုလ်ချူ ပ်၏ ရင်သွေးများ

ရန်ကုန်မြို့  ကန်တော်ကြီးအနီး တာဝါလိန်းလမ်းအတွင်း ရွှေကြက်ယက်တောရကျောင်း၏ ကုန်းမြင့်နှင့် ယှဉ်၍ တွေ့ရသည်ကား ကွယ်လွန်သူ ဗိုလ်ချူ ပ်အောင်ဆန်း နေထိုင်ခဲ့ဖူးသော ရဲတိုက်ကြီးနှင့် ခပ်ဆင်ဆင် တောင်ကုန်းမြင့်ပေါ်မှ သစ်သားနှစ်ထပ်အိမ်ကြီးပင် ဖြစ်သည်။ ထိုအိမ်ကြီးတွင် ဗိုလ်ချူ ပ်အောင်ဆန်း နေထိုင်ပြီး ဗမာ့လွတ်လပ်ရေးအတွက် ကြံစည်ခဲ့သည်၊ လုပ်ဆောင်ခဲ့သည်။ ထိုအိမ်ကြီးကား ရာဇဝင်မော်ကွန်း တင်ထိုက်သော အိမ်ကြီးပင် ဖြစ်သည်။

ထိုသာယာသော နံနက်ခင်း၌ သွေးသောက်တို့ ဆိုက်ဝင်သွားသောအခါ ဗိုလ်ချူ ပ်အောင်ဆန်း၏ ရင်သွေး (အောင်ဆန်းစုကြည်) ကလေးသည် အိမ်ရှေ့မျက်နှာစာ ပင်မတံခါးကြီး၌ အစိမ်းရောင် စက္ကူ ဦးထုပ်ကလေးကို ဆောင်းလိုက်၍ ကားစွင့်နေသည့် ဂါဝန်ရှည်ကို ဝတ်ရင်း သွေးသောက်တို့အား ဆီးကြိုနေလေသည်။

သွေးသောက်တို့ လှေခါးရှည်ကြီးမှ တက်လာကြသောအခါတွင်မူ ဗိုလ်ချူ ပ်၏ ဇနီး ဒေါ်ခင်ကြည်နှင့် ရင်သွေး အောင်ဆန်းဦးတို့ပါ ထွက်လာကြသည်။ ဗိုလ်ချူ ပ်၏ ဇနီးနှင့် ရင်သွေးများကို ယခုလို တွေ့ရသောအခါ ဗိုလ်ချူ ပ်အား အသက်ရှင်လျက် တွေ့ရသကဲ့သို့ စိတ်တွင် ခံစားရတော့၏။

ဗိုလ်ချူ ပ်ကွယ်လွန်ပြီး နောက်ပိုင်း၌ ဗိုလ်ချူ ပ်၏ဇနီး ဒေါ်ခင်ကြည်သည် ၎င်း၏ ဘခင် အသက် ၉၃ နှစ်ရှိ ဦးဘိုးညှင်း၊ အစ်မလတ် ဒေါ်ခင်တင့်တို့ကို ခေါ်ယူ၍ အတူနေခဲ့ရရှာ၏။ (ဒေါ်ခင်တင့်မှာ ဒေါ်ခင်ကြည်နှင့် သခင်သန်းထွန်း၏ ဇနီး ဒေါ်ခင်ကြီး၏ အကြားဖြစ်သည်) ..

 သွေးသောက်တို့ ဧည့်ခန်းအတွင်းသို့ ဝင်မိကြလျှင်ပင် ပန်းချီ ဦးစောမောင်၏ တပည့် ဦးခမ်းလွန်း ရေးဆွဲသော ဗိုလ်ချူ ပ်ပုံတူ ပန်းချီ ကားရုပ်လုံးကြီးကို ခံ့ညားထယ်ဝါစွာ မြင်တွေ့ကြရလေသည်။ ဧည့်ခန်းတွင်ကား ဗိုလ်ချူ ပ် ဘိလပ်၌ လွတ်လပ်ရေးတိုက်ပွဲဝင်ရန် သွားစဉ်က မြန်မာအဝတ်အစားနှင့် ရိုက်ကူးထားသော ဓာတ်ပုံကို တွေ့ရှိရ၏။

ဧည့်ခန်းမကြီးထဲတွင် ဗိုလ်ချူ ပ်တို့ နတ်မောက်ရောက်စဉ်က မိခင် အမေစုနှင့် တွဲရိုက်ထားတဲ့ သားအမိတစ်စုဓာတ်ပုံ၊ ဗိုလ်ချူ ပ်တို့ ဇနီး သားသမီးတစ်စုပုံ၊ ဗိုလ်ချူ ပ်၏ပုံ၊ ဗိုလ်ချူ ပ်နှင့် ဂန္ဓီကြီးပုံ စသည်ဖြင့် မြောက်မြားစွာ တွေ့ရှိရ၏။ ဧည့်ခန်း၏ အရှေ့ဘက်၌ စန္ဒရားတစ်လုံးရှိသည်။ (ဒေါ်ခင်ကြည်၏ အစ်မပိုင် ဖြစ်၏) ဧည့်ခန်း၏ တောင်ဘက်၌မူ ဗိုလ်ချူ ပ်၏ သားသမီးများအတွက် စာအုပ်စင် ရှိ၏။ ဧည့်ခန်း၏ အနောက်ဘက်၌ကား အိမ်ပေါ်ထပ်သို့ တစ်ဆစ်ချိုး ကွေ့တက်ရသော ကျွန်းလှေကားကြီး ရှိ၏။ ထိုလှေခါး တစ်ဆစ်ချိုး အကွေ့၌ တယ်လီဖုန်းတင်သော စားပွဲနှင့် တယ်လီဖုန်းရှိ၏ ။

အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည် (မမစု) တို့သည် ဓာတ်ပုံရိုက်ရမည်ဆို၍ သူတို့နှစ်သက်ရာ အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ သူတို့ မောင်နှမသုံးယောက်သည် စိန့်ဖရန်စစ် အင်္ဂလိပ်ကျောင်း၌ နေကြသည်။

အောင်ဆန်းဦး၊ အသက် (၈) နှစ်၊ ဒုတိယတန်း၊ အောင်ဆန်းလင်း၊ အသက် (၇) နှစ် ပထမတန်း၊ အောင်ဆန်းစုကြည် (မမစု) အသက် (၆) နှစ် သူငယ်တန်းကြီး။

သူတို့ မောင်နှမသုံးယောက်တွင် အောင်ဆန်းစုကြည် (မမစု) သည် စကားအသွက်ဆုံးဖြစ်သည့်ပြင် တစ်ခါတစ်ရံ မိခင်၏ အလုပ်များကို ကူလုပ်ပေးသည်။ သွေးသောက်တို့ ရောက်ရှိချိန် မိခင်ကိုယ်စား တယ်လီဖုန်းလာသည်ကို လက်ခံ နားထောင်ပေးသည်။

လွန်ခဲ့သော ရက်အနည်းငယ်က အောင်ဆန်းစုကြည်သည် ကျောင်းကပွဲ၌ Pretty Maid အဖြစ် အသုံးတော်ခံခဲ့ရသည်။ ထို့နေ့ကလည်း Pretty Maid အဝတ်အစားနှင့် ရဲဝင့်စွာ ဆို၍ ကပြလိုက်သေးသည်။

သူတို့ မောင်နှမသုံးယောက်သည် တစ်ဦးကိုတစ်ဦး ချစ်ကြသည်။ သူတို့သည် လိမ်လည်ပြောဆိုခြင်း၊ မိဘစကားနားမထောင်ခြင်းတို့ကို အလွန်မုန်းကြသည်။ ကြောက်စိတ်ကို ပယ်ကြသည်။

သူတို့ မောင်နှမ ဖတ်ရန်အတွက် နိုင်ငံခြားပုဂ္ဂိုလ်အချို့ သည် အရုပ်ကလေးများဖြင့် တန်ဆာဆင် စီကုံးထားသော ရုပ်ပုံဝတ္တု  စာအုပ်ကလေးများကို လက်ဆောင်ပေးပို့ကြသည်။ သူတို့ မောင်နှမသည် Jack and the Beam Stalk ဟူသော စာအုပ်ကို ဖတ်ကြည့်ပြီး မကောင်းသဖြင့် ဝေဖန်ရှုတ်ချကြသည်။ သူတို့ စိတ်ထဲတွင် မိဘစကားကို နားထောင်မှ ကောင်းသည်။ နည်းလမ်းကျသည်ဟု ယူဆထားကြသည်။ ထို့ကြောင့်..

`ဟင် မိဘစကား နားမထောင်ဘဲနဲ့ ချမ်းသာသွားတယ်ဆိုတာမျိုး မချမ်းသာချင်ပါဘူး´ ဟု သူတို့ မောင်နှမက ဝေဖန် ဆုံးဖြတ်ကြသည်။

 ကလေးများနှင့် စပ်လျ ဉ်းပြီး ဗိုလ်ချူ ပ်ကတော် ဒေါ်ခင်ကြည်၏ ပြောပြချက်များမှာ စိတ်ဝင်စားစရာကောင်းလှသည်။ ဗိုလ်ချူ ပ် သေဆုံးသော်လည်း ဖခင်သေဆုံးခြင်းအတွက် ကလေးများအဖို့ ရှေ့ရေးကို မထိခိုက် ဝမ်းနည်းကြေကွဲခြင်းမျိုး မဖြစ်စေရန် ကြိုးစားခဲ့သည်ဟု ပြောပါသည်။

ကလေးမျာအား မိမိတို့၏ ဖခင်သေဆုံးကြောင်းကို သိစေပါသော်လည်း နေထိုင်မှု၌ ဖခင်ရှိသကဲ့သို့ပင် နေနိုင်အောင် ဒေါ်ခင်ကြည်က လုပ်ဆောင်ပေးသည်။ ထို့ပြင် `ကလေးများသည် အသက် ၂ နှစ်မှ ၅ နှစ်အတွင်းတွင် မိဘက ကိုယ်ကြိုက်နှစ်သလို ပုံသွင်းနိုင်သည်။ ထိုအချိန်မျိုး၌ မိဘက မိမိကလေးကို ပေါက်လွှတ်ပဲစား လွှတ်ပေးထားပါက ကလေး၏ဘဝခရီးမှာ ဖြောင့်ဖြူးဖို့ ခဲယဉ်းသည်။ ဤအချက်များကို ကလေးများဆိုင်ရာ စိတ္တဗေဒကျမ်းများ၌လည်း အတိအလင်း ဖော်ပြထားသောကြောင့်ဖြင့် ပြောပြ၏ ။

ဒေါ်ခင်ကြည်သည် ဗိုလ်ချူ ပ်ကို မမေ့နိုင်။ ထိုသို့ မမေ့နိုင်သည့်အလျှောက် ဗိုလ်ချူ ပ်၏ ရင်သွေးများကို စနစ်တကျ  လူလားမြောက်သည်အထိ ဂရုတစိုက် မြေတောင်မြှောက်ပေးလျက်ရှိသည်။ ဗိုလ်ချူ ပ်ကွယ်လွန်သော်လည်း ကျေးဇူးရှင်ဗိုလ်ချူ ပ်ကို အမြဲသတိရလျက်ရှိသော ဗမာလူထုကြီးသည်လည်း ဗိုလ်ချူ ပ်၏ ရင်သွေးများအရေးကို လျစ်လျူ  ရှုထားကြသည် မဟုတ်ပေ။

 အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်..

သူတို့ မောင်နှမသုံးယောက်အနက် အောင်ဆန်းလင်းမှာ ထက်ပုံရသည်။ ပြောပုံ နေပုံမှာလည်း ဗိုလ်ချူ ပ်နှင့် ဆင်တူသည်။
`ကျွန်တော်ကတော့ အိမ်ထောင်ရေးကို မကြိုက်ဘူး၊ စီးပွားရေးပဲ ကြိုက်တယ်´  ဟု အောင်ဆန်းလင်းက သွေးသောက်ကို ပြောပြသည်။

`သူကလေ မိန်းမယူရင် ကလေးမွေးရမယ်၊ ဒီကလေးကို ကျွေးရတာဟာ ဒုက္ခပဲတဲ့၊ မေမေတောင်မှ မမစုတို့ကို ကျွေးနေရတာ ဒုက္ခများတယ်တဲ့´ ဟု အောင်ဆန်းစုကြည်က သူ့အစ်ကိုလတ်၏ အကြောင်းကို ကနွဲ့ကရ ချစ်စရာ အမူအရာကလေးနှင့် ပြောပြသည်။

`ကျွန်တော်ကတော့ အရုပ်ဆွဲတာရယ်၊ အရုပ်လုပ်တာရယ် ဝါသနာတယ်၊ ကြီးလာရင် အင်ဂျင်နီယာ လုပ်မှာပဲ´ ဟု အကြီးဆုံး အောင်ဆန်းဦးက ပြောသည်။

တစ်နေ့တွင် လူကြီးအချို့ က မိထွေးများဆိုးကြောင်း၊ စကားလက်ဆုံကျ နေဆဲ သူတို့ မောင်နှမ ရောက်လာကြ၏။
`အံမယ် မိထွေးတိုင်း မဆိုးပါဘူး။ ဒီလိုဆိုရင် အီဘရာဟင်လင်ကွန်းရဲ့ မိထွေး ဘယ်နှယ့်လုပ်မလဲ´ ဟု သူတို့ မောင်နှမက လူကြီးများကို စွက်ဖက်ဝေဖန်ပြကြသည်။

သူတို့ မောင်နှမသည် အမေရိကန် ပိဋကတ်တိုက်သို့ သွား၍ အီဘရာဟင်လင်ကွန်းအကြောင်း ကလေးစာအုပ်ကို ဖတ်ဖူးထားသည်။ ဖတ်ဖူး၍လည်း မှတ်မိနေခြင်းကြောင့် ဤသို့ ဝေဖန်ချက် ပေးခြင်းဖြစ်သည်။ (ဆက်ရန်)

ခရီးသွား အယ်ဒီတာ
သွေးသောက်မဂ္ဂဇင်း (၁၉၅၂- ဇန်န၀ါရီ)

No comments:

Post a Comment