Latest News

Sunday, July 29, 2018

လားရှိုး၌ မိုးသည်းထန်စွာရွာသွန်း ကားလမ်းများရေကျော်ကားတစ်စီး ရေမြောင်း အတွင်းထိုးကျ၊ရေကန်တောင်ရေကန်အမှတ်(၁)ကန်ဘောင်ကျိုး

လားရှိုး၌ မိုးသည်းထန်စွာရွာသွန်း ကားလမ်းများရေကျော်ကားတစ်စီး ရေမြောင်း အတွင်းထိုးကျ၊ရေကန်တောင်ရေကန်အမှတ်(၁)ကန်ဘောင်ကျိုး

လားရှိုး ဇူလိုင် ၂၉

လားရှိုးမြို့တွင် ဇူလိုင် ၂၈ ရက် ညပိုင်းမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လားရှိုးမြို့ရှိ ရပ်ကွက် အများစုတွင် ရေကျော်၊ရေဝင်ရောက်မှုများဖြစ်ပွား ခဲ့သည်။

 ရပ်ကွက် (၁၂)၊နယ်မြေ(၁၉)၊ အဝေရာလမ်း ဟူးမွန်ဆည်သွားလမ်း တံတားအား ည(၁၁)နာရီခန့်အချိန်ကမိုးသည်းထန်စွာရွာသွန်းနေစဉ် ADVAN အမျိုးအစားယာဉ် သည် ဖြတ်မောင်းစဉ် ရေမြောင်းအတွင်းထိုးကျ သွားခဲ့ပြီး ရေစီးနှင့်အတူမျောပါသွားခဲ့ကြောင်းသိရသည်။ ဇူလိုင် ၂၉ ရက် နံနက်ပိုင်း(၉)နာရီခွဲအချိန်ခန့်တွင် မြန်မာနိုင်ငံမီသတ်တပ်ဖွဲ့၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရပ်ကွက်နေပြည်သူများ ဝိုင်ဝန်း ကူညီဆောင်ရွက်လျှက်  ရေမြောင်အတွင်းမှ ADVAN အမျိုးအစား ယာဉ်အား ကရိန်းဖြင့် ဆယ်ယူထားရှိပြီးဖြစ်သော်လည်း ယာဉ်မောင်းအား တွေ့ရှိခြင်းမရှိရသေးပဲ တာဝန်ရှိသူများမှ ဆက်လက်ရှာဖွေမှုများကို ပြုလုပ်လျှက်ရှိနေကြောင်းသိရှိရသည်။

          ဇူလိုင် ၂၈ ညပိုင်းမိုးသည်းထန်စရွာသွန်းမှုကြောင့်၊အေတီ ချောင်းရေမြင့်တက်နေပြီး တာဝန်ရှိသူများက စောင့်ကြည့်နေလျှက် လိုအပ်သည်များကို ဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိနေပြီး၊ လားရှိုးမြို့ ရပ်ကွက်နေရာအနှံ့အပြားမှ ရေကျော်ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး အမှတ် (၅)ရပ်ကွက် အထက်မန်အိုင်လမ်းသွယ် (၂၀)မှ နေအိမ်အုတ်တံတိုင်း ပေ (၆၀)ခန့်လည်းကောင်းပြိုလဲခဲ့ပြီး၊ ရေကန်တောင် ရေကန်အမှတ် (၁)တွင် မိုးများရွာသွန်းမှုကြောင့် ကန်ရေလျှံကာ ကန်ဘောင်ကျိုးနေမှုအား နယ်မြေခံတပ်အတော်သားများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးစိုးနိုင်နှင့်ဝန်ထမ်းများ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရပ်ကွက်နေပြည်သူ များစုပေါင်း၍ သဲအိတ်များဖြင့်တာဖို့ခြင်းလုပ်ငန်းများအချိန်မီထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ ရပ်ကွက်အတွင်းရှိလမ်းများပေါ်သို့ ရေကျော်မှုကြောင့်ကျန်ရစ်သောနှုံးများ၊အမှိုက်များကိုလည်း ရပ်ကွက်နေပြည်သူများကဝိုင်းဝန်းပူးပေါင်းသန့်ရှင်းရေးများပြုလုပ်လျှက်ရှိနေပါကြောင်းသိရှိရသည်။

ဟန်ဌေး(လားရှိုး)

No comments:

Post a Comment