ရန်ကုန် ဇွန် ၂ဝ
အမေရိကန်ဒေါ်လာနှင့် မြန်မာ ကျပ်ငွေ လဲလှယ်နှုန်းများသည် ပြီးခဲ့သည့် ရက်ပိုင်းမှစပြီး ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလလယ် ပိုင်းက စတင်၍ အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၂၂ ကျပ် ဝန်းကျင်အထိ ကျဆင်းခဲ့ရာမှ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလ အတွင်းတွင် တစ်ဒေါ်လာ လျှင်ငွေလဲနှုန်းအများစုမှာ ၁၃၂၇ ကျပ် ဝန်းကျင်ဖြစ်ခဲ့ပြီး အများဆုံး ၁၃၃၁ ကျပ်သာရှိခဲ့သည်။ မေလ အတွင်း တစ်ဒေါ်လာလျှင် ငွေကျပ် ၁၃၄ဝ ကျော်အထိ ပြန်လည် မြင့်တက်လာခဲ့ပြီး ဇွန်လလယ်တွင် ငွေကျပ် ၁၃၅ဝ ကျော်အထိ မြင့်တက်လာကာ ဇွန် ၁၆ ရက် တွင် တစ်ဒေါ်လာလျှင် ၁၃၆၅ ကျပ်အထိ မြင့်တက်လာခဲ့သည်။
လက်တလော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများ မြင့်တက်လာ ခြင်းသည် ကမ္ဘာ့နိုင်ငံရေးအခြေအနေကြောင့်ဖြစ်နိုင်ပြီး လက်ရှိပြည်တွင်း၌ နယ်စပ်ကုန်သွယ်ရေးတွင် သိသိသာသာမြင့်တက်လာခြင်း မရှိဘဲ ဈေးကွက်အတွင်း ဒေါ်လာဝယ်လိုအားမှာလည်း လျော့နည်းလာသဖြင့် ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက် ခြင်းသည် ပြည်တွင်းဈေးကွက်ကြောင့် မဖြစ်နိုင်ကြောင်း ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။
Myanmar Processer and Exporter Association ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်ကလည်း ''လက်ရှိမှာ ဒေါ်လာဈေးတွေတက်နေတော့ ပိုက်ဆံပိုရ တယ်ဆိုပေမယ့် ဒီဘက်က ပြန်ဝယ်ရတဲ့ပစ္စည်းတွေ လည်းပြတ်တော့ ဘဲစားဘဲကျေသဘောပါပဲ။ ဈေးဆိုတာ ကတော့ ငြိမ်နေရင်အကောင်းဆုံးပဲ။ import များပြီး exportနည်းရင်တော့ ဈေးကတက်သွားမှာပဲ။ အဲဒီတော့ export များများထုတ်ဖို့ အရေးကြီးပါတယ်''ဟု ပြော သည်။
၂ဝ၁၇ ခုနှစ် တစ်နှစ်ပတ်လုံး ဒေါ်လာလဲလှယ်နှုန်း များသည် ယခင်နှစ်များကထက် အတက်ဘက်တွင်ရှိခဲ့ပြီး အမြင့်ဆုံးတစ်ဒေါ်လာလျှင် ၁၃၈ဝ ကျပ် ဝန်းကျင်အထိ အများဆုံးမြင့်တက်ခဲ့ဖူးသည်။
နိုင်ငံတကာတွင် ဒေါ်လာလဲလှယ်နှုန်းများ ကျဆင်း ရခြင်းသည်Inflation rate, interest rate,terms of trades,Country’s current account and dificits, political stability and economic performance စသည့်အကြောင်းအရင်းများကြောင့်ဖြစ်ကြောင်း သိရ သည်။
Mirror
No comments:
Post a Comment