Latest News

Tuesday, June 5, 2018

အိချောပိုက ညီမငယ်နှင့်အတူ သီချင်းခွေ တစ်ခွေထုတ်ရန် စီစဉ်လျက်ရှိ

အိချောပိုက ညီမငယ်နှင့်အတူ သီချင်းခွေ တစ်ခွေထုတ်ရန် စီစဉ်လျက်ရှိ

အနုပညာ လောကတွင် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားသည့် သရုပ်ဆောင် အိချောပိုက သူမ၏ ညီမငယ်နှင့်အတူ သီချင်းခွေတစ်ခွေ ထုတ်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုတွေ ရှိနေတော့ သီချင်းခွေထုတ်ဖို့ စီစဉ်ထားပေမယ့် ဘယ်တော့ထွက်ဖြစ်မယ်ဆိုတာ အတိအကျ မသိနိုင်သေးပါဘူး။ အဆိုပိုင်းကို လုပ်ဖြစ်တာက ညီမငယ်လေးက ဝါသနာပါတော့ သူနဲ့လိုက်ဆိုဖို့ စီစဉ်ထားတာပါ။ အခုချိန်မှာတော့ သီချင်းတွေ ရွေးထားတာပဲ ရှိပါသေးတယ်။ အချိန်ပေးပြီး မသွင်းဖြစ်သေးပါဘူး'' ဟု အိချောပိုက ပြောသည်။

အိချောပို အနေဖြင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရာတွင်လည်း ပရိသတ် ကြိုက်နှစ်သက်ပြီး ကာရိုက်တာ အသစ်ဖြစ်မည့် ဇာတ်ရုပ်များကိုသာ လက်ခံ ရိုက်ကူးနေကာ မိမိရိုက်ကူးပြီးသော ဇာတ်ကားများနှင့် ပုံစံတူ ဇာတ်လမ်းများကို ပြန်လည် လက်ခံရိုက်ကူးမည် မဟုတ်ကြောင်း သိရသည်။

အိချောက ဇာတ်ကားရိုက်ဖို့ လာအပ်တဲ့အခါ ရိုက်ပြီးသား ပုံစံတူကားတွေနဲ့ အိချောမရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေဆိုရင် ငြင်းပါတယ်။ ပရိသတ်ကို ကာရိုက်တာ အသစ်တွေပဲ ချပြချင်တာပါ။

အခုအိချော ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပါတယ်။ လက်ရှိမှာ ဒါရိုက်တာကိုပေါက်နဲ့ သုံးဖက်ချွန်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးထားပြီးပါပြီ။ အခု ဒါရိုက်တာ ပြည်ဟိန်းသီဟနဲ့ ပြင်ဦးလွင်မှာ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ဖို့ရှိတယ်။ ပြီးရင် နယ်တွေမှာပဲ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ရှိပါသေးတယ်'' ဟု အိချောပိုကပြောသည်။

အိချောပိုအနေဖြင့် အနုပညာအလုပ်များအပြင် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် ရှိနေကြောင်း သိရသည်။

MWD

No comments:

Post a Comment