Latest News

Monday, May 21, 2018

မိုးကုတ်မြို့ လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ တရားခံ ၃ အား စစ်ဆေးနေ

မိုးကုတ်မြို့ လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ တရားခံ ၃ အား စစ်ဆေးနေ

မေ ၂၁ ( မိုးကုတ် )

မိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအုပ်စု စိန်အင်းရွာတွင် မေလ ၁၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုမှ သံသယရှိသူ တရားခံ ၃ ဦးအား စစ်ဆေးနေကြောင်း မိုးကုတ် ကျပ်ပြင်နယ်မြေ ရဲစခန်းမှ သိရသည် ။

“ ခုလောလောဆယ်တော့ သံသယရှိတဲ့သူ သုံးယောက်ကို စစ်ဆေးနေပါတယ် ဘာကြောင့် သတ်ခံရတယ်ဆိုတာလဲ အတိအကျမသိသေးပါဘူး “ ဟု ကျပ်ပြင်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည် ။

အဆိုပါ လူသတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှုအမှန်ပေါ်ပေါက်ရေးအတွက်  စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေကြောင်း သိရသည်။

သေဆုံးသူမှာ ဦးရန်တား (၄၉ နှစ်)၊ ဇနီး မအားလူမီး (၃၉ နှစ်)၊သား မောင်အလေး(၁၅ နှစ်)နှင့် သမီး မအဝူး (၁၀ နှစ်) တို့ဖြစ်ပြီး စိန်အင်းကျေးရွာနှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် တောင်ယာတောအတွင်းတွင် လည်ပင်းပြတ်ရှ ၊ ဗိုက်ပွင့် အူးထွက်ပြတ်ရှ ဒဏ်ရာများစွာဖြင့် သတ်ခံခဲ့ရသည် ။

ယင်း အမှုနှင့် ပတ်သတ်ပြီး ကျပ်ပြင်နယ်မြေရဲစခန်းမှ (ပ)၈၆/၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း သိရသည်။

Mogok Views
နေထက်

No comments:

Post a Comment