Latest News

Saturday, May 26, 2018

ညောင်လေးပင်မြို့၌အရှိန်လွန်ဆီဘောက်ဆာ(၂၂)ဘီး ယာဉ်လမ်းဘေးသို့ ထိုးကျတိမ်းမှောက်

ညောင်လေးပင်မြို့၌အရှိန်လွန်ဆီဘောက်ဆာ(၂၂)ဘီး
ယာဉ်လမ်းဘေးသို့ ထိုးကျတိမ်းမှောက်

     ညောင်လေးပင် မေ ၂၆

 ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့ မြို့ မ(၃)ရပ်ကွက် ရွာသစ်ရပ် အနီး၌ မေလ ၂၆ ရက် နံနက် ၄ နာရီအချိန်ခန့်ကဆီဘောက် ဆာယာဉ်တစ်စီးအရှိန်မထိမ်းနိင်ဘဲ လမ်းဘေးထိုးကျတိမ်းမှောက် ခဲ့ကြောင်းသိရသည်။

   ဖြစ်စဉ်မှာညောင်လေးပင်မြို့ မရဲစခန်း၌တာဝန်မှူး ဒုရဲအုပ်ကျော်ဆန်းလင်း တာဝန်မှုးဆောင်ရွက်နေစဉ်ယာဉ်တိမ်းမှောက်မှု
ဖြစ်ပွားကြောင်းသတင်းအရသက်သေများနှင့်အတူသွားရောက် စစ်ဆေးရာညောင်လေးပင်မြို့ ရွာသစ်ရပ်ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၉၇/၃)နှင့် ၄ အကြားတွင် မန္တလေးဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်း အောင်ဝင်းဦး သန်လျင်မြို့  နေသူ မောင်းနှင်သော ယာဉ်အမှတ် YGN 9B----- NISSAN အမျိုးအစား နောက်တွဲအမှတ် MDY TLI----- (၂၂) ဘီးဆီဘောက်ဆာယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက် ရေမြောင်းအတွင်းသို့တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါသူနှစ်ဦး လုံးထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းသိရသည်ယာဉ်တိမ်းမှောက်ရာသို့ ညောင်လေးပင်မြို့ နယ်မီးသတ်တပ်ဖွဲ့ ဝင်များရဲတပ်ဖွဲ့ ဝင်များ သွားရောက်ကာကူညီဆောင်ရွက်ပေးခဲ့ကြသည်။

          သို့ ပါ၍ယာဉ်တိမ်းမှောက်အောင်မောင်းနှင်သူ အောင်ဝင်းဦးအား ညောင်လေးပင်မြို့မ ရဲစခန်းက  အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိကြောင်း သိရသည်။
             
နေလင်း(ညောင်လေးပင်)

No comments:

Post a Comment