Latest News

Thursday, May 31, 2018

ပလောက်မြို့တွင် ဖခင်ဖြစ်သူမှ သမီးအရင်းအား သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား


တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့၊ ပြင်ဘုကြီးကျေးရွာအုပ်စု ၊ သင်္ကန်းကျဲကျေးရွာတွင် ဖခင်ဖြစ်သူမှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ် ။

ပြင်ဘုကြီးကျေးရွာအုပ်စု၊ သင်္ကန်းကျဲ ကျေးရွာတွင်နေထိုင်သည့် ဖိုးကရင်(ခ)ရဲထွန်း (၅၉) နှစ်၊ သည် ၎င်း၏ ဇနီး မအင်မိုး (၃၉)နှစ် ၊လွန်ခဲ့သော ၁၀ ရက်ခန့်က လင်မယားစကားများရန်ဖြစ်ပြီး မအင်မိုးမှ နေအိမ်မှဆင်းသွားကြောင်း သိရပါတယ်။

အဆိုပါနေအိမ်တွင် ခင်ပွန်းဖြစ်သူ ဖိုးကရင်(ခ)ရဲထွန်း နှင့် သမီးဖြစ်သူ မ … …(၁၂)နှစ်၊ တို့ သားအဖနှစ်ဦးကျန်ရှိနေစဉ် မေလ ၂၆ ရက်၊ ညပိုင်းတွင်းတွင် ဖခင်ဖြစ်သူ ဖိုးကရင်မှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ် ၂ ကြိမ်၊ ၂၇ ရက်၊ ညပိုင်းတွင် ၁ ကြိမ်၊ ၂၈ ရက်၊ ညပိုင်းတွင် ၁ ကြိမ် သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်အင်မိုး နေအိမ်သို့ပြန်လာစဉ် သမီးဖြစ်သူမှပြောပြတာကြောင့် သိရပါတယ်။

သမီးအရင်းအား သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သူ ဖိုးကရင်(ခ)ရဲထွန်းအား ပလောက်နယ်မြေရဲစခန်းမှ (ပ) ၇ /၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (facebook)

မန္တလေးမြို့ရှိ ဘူတာကြီးခုံးကျော်တံတားကို ဇွန်လ ၁ ရက်နေ့မှစ၍ အခမဲ့ ဖြတ်သန်းခွင့်ပြုမည်

မန္တလေးမြို့ရှိ ဘူတာကြီးခုံးကျော်တံတားကို ဇွန်လ ၁ ရက်နေ့မှစ၍ အခမဲ့ ဖြတ်သန်းခွင့်ပြုမည်

မန္တလေး    မေ    ၃၁

မြန်မာ့မီးရထားမှ ဖြတ်သန်းခကောက်ခံလျက်ရှိသော မ္တလေးမြို့ ၇၈ လမ်းနှင့်  ၇၉ လမ်းကို    ဖြတ်သန်းဖောက် လုပ်ထားသည့် ဘူတာကြီးခုံးကျော်တံတားကို ဇွန်လ ၁ ရက်နေ့မှစ၍ အခမဲ့ ဖြတ်သန်းသွားလာခွင့်ပြုတော့မည် ဖြစ်ကြောင်း   မြန်မာ့မီးရထားအထွေထွေမန်နေဂျာ (အထက်မြန်မာပြည်) ဦးမျိုးဝင်းက ပြောသည်။

အဆိုပါ ခုံးကျော်တံတားဖြတ်သန်းခွင့်ကို မြန်မာ့ မီးရထားဌာနမှ    ကောက်ခံလျက်ရှိရာမှ   ယခုအခါ မန္တလေးမြို့  ယာဉ်ကြော$ကျပ်တည်းမှုကို    ဖြေလျှော့ နိုင်ရေးအတွက် ပူးပေါင်းပါဝင်သောအားဖြင့် ဖြတ်သန်း ခွင့်ကောက်ခံမှုကို  ရပ်ဆိုင်းခြင်းဖြစ်ကြောင်း   သိရ သည်။
''အရင်က ဖြတ်သန်းမယ်ဆိုရင် ကားတွေ ဆိုင်ကယ် တွေကို သတ်မှတ်နှုန်းနဲ့  ဖြတ်သန်းခကောက်ခဲ့တယ်၊ ကျွန်တော်တို့   ပြည်ထောင်စုဝန်ကြီးက    မန္တလေးမြို့ ယာဉ်ကြော$ကျပ်တည်းမှုကို     လျော့နည်းသွားစေဖို့ ရည်ရွယ်ချက်နဲ့ ကောက်ခံမှုမပြုတော့ပါဘူး''ဟု ¤င်းက ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ မန္တလေး မြို့  ယာဉ်ကြောကျပ်တည်းမှု  ဖြေလျှော့နိုင်ရေးအတွက် ပူးပေါင်းပါဝင်ခြင်းအားဖြင့်   ၇၈   လမ်းမှ ၇၉ လမ်းသို့ မြန်မာ့မီးရထားခုံးကျော်တံတားမှ      ဖြတ်သန်းခွင့် ကောက်ခံမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ဘူတာကြီးသည် ၇၈ လမ်းနှင့် ၇၉လမ်းကြား၊၂၇ လမ်းမှ ၃၄ လမ်းထိ တောင်မြောက်  အလျားလိုက်တည်ရှိ နေပြီး အနောက်ဘက်နှင့်  အရှေ့ဘက်သို့   ဖြတ်သန်း နိုင်ရန် လမ်း ၃ဝ တွင် ဘူတာကြီးကိုဖြတ်လျက် ယာဉ် များသွားလာနိုင်ရန်     ခုံးကျော်တံတားကို    မြန်မာ့ မီးရထားမှ ၂ဝဝဝ ပြည့်နှစ်က  စတင်တည်ဆောက်ခဲ့ပြီး ယာဉ်ဖြတ်သန်းခကောက်ခံခဲ့ကြောင်း သိရသည်။

ခုံးကျော်တံတားဖြတ်သန်းခကို နံနက်  ၆  နာရီမှ ည ၉ နာရီထိ   ကောက်ခံခဲ့ပြီး   ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅ဝ$၊  မော်တော်ယာဉ်တစ်စီးလျှင်    ငွေကျပ်   ၁ဝဝ $သတ်မှတ်၍ တင်ဒါလုပ်ကိုင်ခွင့်ချထားပေးခဲ့ရာမှ ၂ဝ၁၈ ခုနှစ်  ဇွန်လ ၁ ရက်နေ့မှစတင်၍   ကောက်ခံခြင်း မပြုတော့ဘဲ   အခမဲ့  ဖြတ်သန်းသွားလာနိုင်မည်ဖြစ် ကြောင်း သိရသည်။

မြန်​မာ့အလင်း၊မင်းထက်အောင်(မန်းကိုယ်ပွား)

နေရပ်စွန့်ခွာသူများ အရေး ကုလနှင့် မြန်မာ ကနဦးစာချုပ် လက်မှတ်ထိုး

နေရပ်စွန့်ခွာသူများ အရေး ကုလနှင့် မြန်မာ ကနဦးစာချုပ် လက်မှတ်ထိုး

နေရပ်စွန့်ခွာသူ ဘင်္ဂါလီများ အရေး လပေါင်းများစွာ အခြေအတင် ငြင်းခုံပြောဆိုခဲ့ကြပြီး နောက် မြန်မာ အစိုးရမှ ကြာသပတေးနေ့က ကုလသမဂ္ဂ အေဂျင်စီ များ အား ရခိုင်ပြည်နယ် အတွင်း ပြဿနာ ဖြစ်ပွားခဲ့သည့် ဒေသများကို ၀င်ရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိ အနေအထားတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် တို့မှ ၎င်းတို့အား နေရပ်ပြန်လည် ပို့ဆောင်ရေး သဘောတူညီချက်ကို မနှစ် နိုဝင်ဘာလ က လက်မှတ်ရေးထိုး နိုင်ခဲ့ကြသော်လည်း ယခု ထိ ပြန်လည် ရောက်ရှိလာသူ ရာဂဏန်းပင် မပြည့်သေးတာ တွေ့ရပါတယ်။ ကုလသမဂ္ဂမှလည်း ပြန်လာရန် အခြေအနေများ မဖြစ်ထွန်းသေး ဟု ဆိုကာ အဆိုပါ သဘောတူညီချက်ကို ထောက်ခံ ခြင်း အလျင်းမရှိခဲ့ပါဘူး။

အဆိုပါ ကနဦး သဘောတူညီချက်အရ ကုလ အနေဖြင့် ၎င်းတို့ မူလနေထိုင်ရာ ဒေသများ နှင့် ပြန်လည် ထားရှိမည့် ဒေသများကို ၀င်ရောက်ခွင့် ရရှိသွားခဲ့ပါတယ်။ ထို့အတွက် ကုလ အနေဖြင့် မြေပြင် အခြေအနေများကို ဆန်းစစ်ပြီး အကာအကွယ် ပေးနိုင်မယ့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ခွင့် ရရှိသွားခဲ့ပါတယ်။

မြန်မာဘက်မှ ဘင်္ဂါလီများကို ပြန်လည် ခေါ်ယူရန် အဆင်သင့် လို့ အကြိမ်ကြိမ် ပြောကြားနေပေမယ့် ဘင်္ဂလားဒေ့ရှ် မှ မြန်မာဘက်က နှောင့်နှေးနေတယ်လို့ စွပ်စွဲလာခဲ့ပါတယ်။ ယခုထိလည်း သဘောတူညီချက်အတိုင်း လက်ခံရန် လူရှစ်ထောင်ကျော်သာ စာရင်းပေးပို့ နိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အစီအစဉ်တရပ်အနေနဲက မြန်မာ အစိုးရမှ လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုများ နှင့် အာဆာတို့၏ အကြမိးဖက်တိုက်ခိုက်ခဲ့မှုများကို စုံစမ်းဖေါ်ထုတ်ရန် လွတ်လပ်သော စုံစမ်းရေး ကော်မရှင် အဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့လည်း ကြေငြာခဲ့ပါတယ်။

ထိုကော်မရှင်၏ ရည်ရွယ်ချက်မှာ လူမျိုး ရေး နှင့် ဘာသာရေး အရ အကွဲကွဲ အပြားပြား ဖြစ်နေသော ရခိုင်ပြည်နယ်အတွင်း ရင်ကြားစေ့နိုင်ရေး၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု ရရှိရေး ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဦးတည် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်တွင် နိုင်ငံတကာမှ ကိုယ်စားလှယ်တဦး ပါဝင်မည် ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ဥပဒေ နှင့် နည်းပညာ ကျွမ်းကျင်သူများ က ပံ့ပိုးပေးသွားမယ်လို့ သမ္မတ ဦးဝင်းမြင့်ရဲ့ ကြေငြာချက်မှာ ဖေါ်ပြထားခဲ့ပါတယ်။

ထို့အတွက် ကုလလုံခြုံရေး ကောင်စီ ကိုယ်စားလှယ် အဖွဲ့ဝင်များ ပြောဆိုနေသည့် သင့်တင်လျှောက်ပါတ်သော စုံစမ်း စစ်ဆေးမှုများ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

မြန်မာ အစိုးရသည် နိုင်ငံသားများ၏ ဆန္ဒ နှင့် အညီ ဖွဲ့စည်း ဖြစ်ပေါ်လာသော အစိုးရဖြစ်ပြီး ဒီမိုကရေစီ အသွင် ကူးပြောင်းနိုင်ရေး ကို ဖေါ်ဆောင်နေတာ အများ အသိ ဖြစ်ပါတယ်။ သို့အတွက် လူတသန်းမျှ လောက် ဆန္ဒကို လိုက်လျောရန် ၎င်းတို့အား မဲပေး ရွေးချယ်ခဲ့ကြသူ သန်းပေါင်းများစွာ ၏ တောင်းဆိုနေမှုများကို ဥပေက္ခာပြု ဆောင်ရွက်ရန် ၀ိုင်းဝန်း ပြောကြားနေသည့် မည်သိုသော အစိုးရမျိုး က လိုက်လျော ပေမည်နည်း။ မိမိတို့ အချုပ်အခြာ အာဏာ နှင့် အမျိုး ဘာသာ ကို ထိပါးလာမည့်အရေး အတွက် စိုးရိမ်ပူပန်စွာ ဖြင့် တောင်းဆို ကန့်ကွက်နေကြသူများ၏ လူ့အခွင့်အရေး ကို ပေလျကံ ပြုရန်မှာ မည်သို့ ဖြစ်နိုင်ပေမည်နည်း။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မြန်မာ တို့ အဖို့ ဖြေရှင်းရ ခက်ခဲလှမည့် နိုင်ငံရေး အကျပ်အတည်းကြီးထဲ ထိုးဆင်းသွားရမည်ကိုကော အဆိုပါ အနောက်နိုင်ငံ အစိုးရများက မစဉ်းစားကြတော့ပေဖူးလား၊

ပြန်လာချင်ပါသည် ဆိုသော လူများကလည်း မြန်မာ အား နိုင်ငံတကာ အလည်တွင် ဂုဏိသိက္ခာ ကျဆင်းစေရန် ရည်ရွယ်ချက် အမျိုးမျိုး ဖြင့် ဟုတ်တာရော မဟုတ်တာပါ လီဆယ် ပြောဆိုနေကြပါတယ်။ ထို့သို့သော အနေအထား တွင် မြန်မာ အစိုးရမှ ၎င်းတို့အား ဂုဏ်သိက္ခာ ရှိရှိ ဖြင့် နေရပ်သို့ ပြန်လာရေး၊ တောင်းဆိုမှုများ ကို လိုက်လျောရမည်ဆိုကာ ခြိမ်းခြောက် အကျပ်ကိုင်လာကြပြန်ပါတယ်။ အဆိုပါ မသိနားမလည်သော ဘင်္ဂါလီများကို ခုတုံးလုပ်ပြီး ၎င်းတို့၏ ယုတ်မာ ကောက်ကျစ်သော အစီအစဉ်များ အထမြောက်ရေး နောက်ကွယ်မှ ကြိုးကိုင်နေသူများ အနေဖြင့် မဖြစ်နိုင်သည်များ ကို အချိန်ကုန် ခံကာ သူရူးများပမာ လှည့်လည် ပြောဆိုနေကြခြင်းမျှသာ ဖြစ်တယ်ဆိုတာ သတိချပ်ရမှာ ဖြစ်ပါတယ်။ ထိုမျှသာ မကသေး ၎င်းတို့အား ပြန်လည် လက်ခံမည့် အိမ်ရှင်နိုင်ငံ ကိုပင် တရားစွဲရန် အထိ ပင် ကြံဆောင်လာခဲ့ခြင်းသည် ၎င်းတို့ ကိုယ်ချင်းစာလှပါသည်ဆိုသော အမျိုးတူ လူမျိုးစုများ အတွက် ရိုးရိုးသားသား ဦးစားပေး ထည့်သွင်းစဉ်းစားခြင်း မရှိတာလည်း အထင်အရှား တွေ့ရမှာ ဖြစ်ပါတယ်။

မကြာမီက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ရခိုင်ပြည်နယ် အတွင်းရှိ ဟိန္ဒူတရာခန့်အား အကြောင်းမဲ့ သတ်ဖြတ်သွားသော အာဆာ အကြမ်းဖက် အဖွဲ့၏ လုပ်ရပ်များကို ဖေါ်ထုတ်ခဲ့ခြင်းအား ဘင်္ဂလား အစိုးရမှ ပုံကြီးချဲ့ခြင်းဟူ သော စကားမျှပင် မသုံးပဲ အခြေအမြစ်မရှိ မည်သူမျ မယုံကြည် ဟု ပြောဆိုလာခြင်းအားလည်း မြန်မာ အစိုးရမှ မည်သို့ နားလည်ပေးကာ ပူးပေါင်းဆောင်ရွက်၍ ရနိုင်အံ့ပေမည်နည်း။ (အာဆာ အကြမ်းဖက် ဘင်္ဂါလီ အဖွဲ့မှလည်း ၎င်းတို့၏ သံယောင်လိုက်ကာ အသုံးမပြူသည်မှာ ကြာပြီ ဖြစ်သော တွစ်တာ အကောင့်ကို သုံးကာ အလားတူ ငြင်းချက်ထုတ်လာခဲ့ပါတယ်။)

ထို့အတွက် ၎င်းတို့ အဓိပ္ပါယ်မဲ့ ပြောဆိုနေမှုများ ကို အရေးမထားပဲ မြန်မာ မှ လုပ်သင့်လုပ်ထိုက်သည်များကို တာဝန်ခံသည့်အနေဖြင့် လုပ်ချိန်တန်လျင် လုပ်ဆောင်ပေးလာခဲ့တာ  အထင်အရှား ဖြစ်ပါတော့တယ်။


လှစိုး​ဝေ

သော့အား ဖြတ်၍အိမ်ခြံဝန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များအား ခိုးယူခဲ့သည့် အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးအရေးယူ

သော့အား   ဖြတ်၍အိမ်ခြံဝန်းအတွင်း ရပ်ထားသည့် ဆိုင်ကယ်များအား ခိုးယူခဲ့သည့် အဖွဲ့အား ဖော်ထုတ်ဖမ်းဆီးအရေးယူ

မန္တလေး၊ မေ ၃၁

၁၇-၃-၂၀၁၈ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်နေသူသည် ဈေးချိုချို၌ ဈေးဝယ်ရန် ၄၈ယ/xxxx Adixin-125 ဆိုင်ကယ်ဖြင့်သွား ရောက်၍ ၈၄x၂၇ လမ်းထောင့်တွင် ဆိုင်ကယ်အားရပ်ထားခဲ့ပြီး ဈေးချိုအတွင်း ဈေးဝယ်ပြီး နေ့လည် ၁၂ နာရီအချိန် ဆိုင်ကယ်ရပ်ထားသည့်နေရာသို့ ပြန်လာခဲ့ရာ ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်း(ပ)၂၉၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(မဆ) အရ လည်းကောင်း၊ ၁၉-၅-၂၀၁၈ ရက်နေ့ ည ၇ နာရီအချိန် ကောင်းမြတ်စိုး ချမ်းအေးသာစံမြို့နယ်နေသူသည် ၎င်းပိုင် WR YAMAHA 2100 ဖြူ/ပြာရောင်ဆိုင်ကယ်အား နေအိမ်ရှေ့ခြံဝန်းအတွင်းဇက်သော့ခတ်၍ထားရှိခဲ့ရာ ၂၀-၅-၂၀၁၈ ရက်နေ့ နံနက် ၇ နာရီအချိန် အိပ်ရာနိုးပြီးအပြင်သွားရန်အတွက် ဆိုင်ကယ်အား ကြည့်ရာ ပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ချမ်းအေးသာစံမြို့မရဲစခန်း(ပ)၃၀၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀(မဆ) အရ လည်းကောင်း အသီးသီးအမှုဖွင့်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့မရဲစခန်းဦးဆောင်သည့် အထူးအမှုစစ်အဖွဲ့သည် ဆိုင်ကယ်ခိုးယူ သွားသည့်တရားခံများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ မတ္တရာမြို့ရှိ ဘိလိယက်ခုံအနီးတွင် ပျောက်ဆုံးသွားသော ဆိုင်ကယ်နှင့်ပုံစံတူ ဆိုင်ကယ်များအားတွေ့ရှိရကြောင်း သတင်းရရှိရသဖြင့် မတ္တရာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ၎င်းတို့လာရောက်လေ့ရှိသော အမှတ်(၂)ဗိုလ်တေဇရပ်ကွက်ရှိ ဘိလိယက်ခုံအနီးဝန်းကျင်၌ သွားရောက် စောင့်ကြည့်ခဲ့သည်။
 အဆိုပါဆိုင်ကယ်များနှင့် ဘိလက်ယက်ခုံသို့ရောက်ရှိလာသူများအား စစ်မေးရာ ပိုင်စည်သူ(ခ)ပိုင်ကြီး ၂၀ နှစ်၊ အမှတ်(၅)ရပ်ကွက်၊ ဘုရင့်နောင်ရပ်၊ မတ္တရာမြို့နှင့်တစ်ရပ်တည်းနေ နို့စို့(ခ)အငယ်လေး ၁၉ နှစ်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးအား ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ ၎င်းတို့သည် တိုးတိ(ခ)ကျော်ကျော်ထွန်း ၁၉ နှစ်၊ အမှတ်(၂) ဘူတာတောင်ရပ်၊ မတ္တရာမြို့၊ တစ်ရပ်တည်းနေဘိုဝင်အေး ၁၉နှစ်နှင့် ဒိုးဒိုး(ခ)သူရိန်ကောင်းကင်ကြည် ၁၉ နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့သည် လွန်ခဲ့သော(ရက်မမှတ်မိ)ခန့်က မန္တလေးမြို့ပေါ်မှဆိုင်ကယ်များ ခိုးယူခဲ့ကြောင်း သိရှိရသဖြင့် သက်သေခံဆိုင်ကယ်များအား သိမ်းဆည်းပြီး စစ်ဆေးခဲ့ရာ စုစုပေါင်း ဆိုင်ကယ်(၅)စီး ခိုးယူခဲ့ကြောင်းနှင့် အသေးစိတ်ထပ်မံ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Mandalay Police

ပုသိပ်မြို့မှဆိုင်ကယ်ခိုးမှုအား ပုသိမ်နယ်မြေရဲစခန်း မှ အမှုဖွင့်ပြီး နာရီပိုင်းအတွင်း ဖော်ထုပ်ဖမ်းဆီး အရေးယူနိုင်ခဲ့

ပုသိပ်မြို့မှဆိုင်ကယ်ခိုးမှုအား ပုသိမ်နယ်မြေရဲစခန်း မှ အမှုဖွင့်ပြီး နာရီပိုင်းအတွင်း ဖော်ထုပ်ဖမ်းဆီး အရေးယူနိုင်ခဲ့

    ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်နယ်မြေရဲစခန်း အပိုင် အကျဉ်းထောင်နေအိမ်လိုင်းခန်းအတွင်းမှ ကာလတန်ဘိုး ဒေသပေါက်ဈေး ၇၆၀၀၀၀ိ/ကျပ်တန်ဘိုးရှိ ဆိုင်ကယ် တစီး ခိုးမှုအား အမှုဖွင့်ပြီး (၄)နာရီ အတွင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က တရားခံဖမ်းစီးရမိပြီး သက်သေခံဆိုင်ကယ်အားသိမ်းဆည်းနိုင်ခဲ့ကြောင်းသိ့ရသည်။

        သိ့ရသည်မှာ ၂၉.၅.၂၀၁၈.ရက်နေ့ည (၉)နာရီ အချိန်ခန့် အကျဉ်းဦးစီးမှ တပ်သားပြည့်ဖြိုးမောင်မောင် အသက် ၂၂ နှစ် (ဘ)ဦးမောင်မောင် အမှတ်(၅)ရပ်ကွက် အကျဉ်းထောင် ဝန်ထမ်း အိမ်ရာဝန်းနေအိမ်ရှေ့အမိုးအောက်တွင် တရုပ်နိုင်ငံလုပ် လော်ဂျား မျိုးစား 110 အနက်ရောင်ဆိုင်အားဇက်သော့ခတ်ရပ်ထားပြီး အိပ်ရာဝင်ခဲ့သည်။

        နောက်တနေ့ ၃၀.၅.၂၀၁၈.ရက်နေ့နံနက် (၅)နာရီအချိန်ခန့် အိပ်ရာမှနိုး၍နေအိမ်လိုင်ခန်းရှေ့ အမိုးအောက်မှာ ညက ရပ်ထားသောဆိုင်ကယ်မတွေ့ရ၍ လိုင်းခန်းများအားစုံစမ်းမေးမြန်းပြီးပတ်ဝန်းကျင်အားလိုက်လဲရှာဖွေသော်လည်းထူးချားမှုတစုံတရာမရရှိသဖြင့် အထက်အရာရှိ တို့အားအဆင့်ဆင့်တင်ပြခဲ့ပြီး နောက်တနေ့ ၃၁.၅.၂၀၁၈.ရက်နေ့ညနေ(၄)နာရီ အချိန်ခန့် ပုသိမ်နယ်မြေရဲစခန်း သို့သွားရောက်၍နေအိမ်ရှေ့အမိုးအောက်တွင်ဇက်သော့ခတ်ရပ်ထားသောဆိုင်ကယ်အား ဝင်ရောက်ခိုးယူသူအား စုံစမ်းဖော်ထုပ် အရေးယူပေးပါ ရန်တိုင်ကြားခဲ့သည်။

        ထိုသို့တရားလိုပြုတိုင်ကြားလာခြင်းကြောင့် ပုသိမ်နယ်မြေရဲစခန်း (ပ)၂၃၅/၂၀၁၈.ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်၍ စခန်းမှူး ရဲအုပ်အောင်ဝင်းမြင့် က ခေတ္တနယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဘုန်းထက်အာကာအောင် အားအမှုစစ်ဖြစ်တာဝန်ပေး၍နယ်ထိန်းများဖြစ်သော ရဲဒုတပ်ကြပ် ကျော်ဝင်းထွန်း ရဲဒုတပ်ကြပ် သန်းဇော် ရဲတပ်သား အောင်ဇော်ဇော် ရဲတပ်သား ဇော်မိုးဟိန်း တို့နှင့်အတူ ဖော်ထုပ်ဖမ်းဆီး အရေးယူနိုင်ရေးအတွက် မကြာခင်ရက်ပိုင်းမှ ခိုးမှု လုယက်မှု မှောင်ရိပ်ခိုမှုတို့ဖြင့် အကျဉ်းကျလွှတ်လာသူတို့ စာရင်းများ ရှာဖွေစုစည်း၍ ၎င်း ခိုးဆိုး လု နိုက် အလားလာလာ ရှိသူများရဲ့သတင်းတို့အားပြည်သူကိုဗဟိုပြု သတင်းစုစည်းအတည်ပြုဖော်ထုပ်ဘို့လိုအပ်ကြောင်းနှင့်လိုအပ်သည်တို့အား စခန်းမှူးရဲအုပ်အောင်ဝင်းမြင့် ညွှန်းကြားခဲ့သည်။

         အမှုစစ်နှင့်နယ်ထိန်းအဖွဲ့တို့သည် ချက်ချင်းပြိုင်တူလှုပ်ရှားဆောင်ရွက်ကြရာ ပြည်သူတို့ထံမှ ရရှိသောသတင်း နယ်ထိန်းမှတ်တမ်းနှင့်အကျဉ်းဦိးစီးမှရရှိသောယ္ခုရက်ပိုင်းအတွင်း ၂၉.၅.၂၀၁၈.ရက်နေ့က ပုသိမ်နယ်မြေရဲစခန်း က မှောင်ရိပ်ခိုမှုတို့ဖြင့် မြန်အောင်ကြံခင်း ဘက်ကျေးရွာတရွာမှ ၎င်း အသုတ်မြို့မှ နိုင်ကောင်းထက် အား ပုသိမ်မြို့တွင်းနှင့်ရေကြည်ဦးရပ်ကွက်တို့မှာ၎င်းအမှတ် ၅ ရပ်ကွက်ကအရက်ဆိုင်တို့မှာငွေဖောဖောသီသုံးဆွဲသောက်စားနေကြောင်း သတင်းကိုခိုင်မာစွာရရှိခဲ့သည်။

        အမှုစစ်နှင့်နယ်ထိန်းအဖွဲ့တို့သည် နိုင်ကောင်းထက်အားပုသိမ်မြို့ အတွင်းလိုက်လံရှာဖွေခဲ့ကြရာ အမှတ် ၅ ရပ်ကွက် မရမ်းချိုလမ်းမပေါ်မှာ ည ၈ နာရီ ကျော်အချိန်ခန့် တွေ့ရ၍ရဲစခန်းသို့ခေါ်ခဲ့ပြီး ဒုရဲအုပ်ဘုန်းထက်အာကာအောင် နှင့်နယ်ထိန်းများကစစ်ဆေးမေးမြန်းကြရာပထမတွင်ညင်းဆန်နေပြီး မညင်းဆန်နိုင်သောအထောက်ထားများ ပြောပြစစ်ဆေးခဲ့ရာ ဝန်ခံထွက်ဆိုခဲ့သည်။

      ဝန်ခံထွက်ဆိုသည်မှာ နိုင်ကောင်းထက် အသက် ၂၇ နှစ် (ဘ)ဦးဌေးကို ဒေါ်ချောစုဝင်း တို့၏ တဦးတည်းသောသား ညီအကိုမောင်နှမများမရှိကြောင်း  အသုတ်မြို့ ဇာတိ ဖြစ်ပြီး အသုတ်မြို့ အစိုးရ အထက်တန်းကျောင်းမှာ(၈)တန်းထိ့ပညာသင်ကြားခဲ့ကြောင်း  ကျဘမ်းလုပ်ကိုင်စားသောက်၍အမှတ်(၃)ရပ်ကွက် ဘုန်းကြီး လမ်းမှာ အိမ်ထောင်မရှိလူပျို မိဘများနှင့်အတူ နေထိုင်ကြောင်းဆိုခဲ့၏ ။

           မှုခင်းပိုင်ထွက်ဆိုသည်မှာ ပုသိမ်နယ်မြေရဲစခန်းကမှောင်ရိပ်ခိုမှုဖြင့်တရားစွဲဆိုခဲ့သောအမှုဖြင့် ထောင်(၁)ကျခဲ့ပြီး ၂၉.၅.၂၀၁၈.ရက်နေ့မှာ ၎င်းနှင့်အတူ(၄)ဦးလွတ်မြောက်ခဲ့ကြပါတယ် မြန်အောင်ကြံခင်း ဘက် စပယ်အိုး /ကိုးဆူကျေးရွာ က စိုးမြင့်ထွေး ဆိုသူတော့ ခင်မင်ရင်းနှီးခဲ့လို့မှတ်မိပါတယ်ကျန်သူများတော့မသိ့ကြောင်းဆိုခဲ့၏။

         ထောင်ကလွတ်သည့်ညကတော့ သွားရင်းလာရင်းသိ့ခဲ့ရသည့် ရေကြည်ဦးရပ်ကွက် ၄ လမ်းမှ ဆိုင်ကယ် တက္ကစီ သမားအိမ်မှာ အိပ်ခဲ့ပါတယ် နောက်တနေ့ မှာထောင်နားက အရက်ဆိုင်တဆိုင်မှာ စိုးမြင့်ထွေးနဲ့တွေ့ကြပြီး ၎င်းမှာ လော်ဂျား ဆိုင်ကယ်တစီးရရှိနေကြောင်း၎င်းဆိုင်ကယ်အား ရောင်းရရပေါင်ရရ လုပ်ပေးစေလိုကြောင်းပြောသဖြင့် ရေကြည်ဦးရပ်ကွက် မှာ ၁၅၀၀၀၀ိ/တသိန်းခွဲနှင့်ပေါင်ကြပြီး ၎င်းအား ၅၀၀၀၀/ငါးသောင်းကျပ်ပေးပြီး လမ်းခွဲခဲ့ကြကြောင်းရရှိသောပိုက်ဆံတို့မှာသောက်စားပျော်ပါးပြစ်၍ကုန်ပြီဖြစ်ကြောင်း ပဏာမ စစ်ဆေးခြင်းအားဝန်ခံထွက်ဆိုခဲ့သည်။

        ရဲတပ်ဖွဲ့ ၏ကျိုးစားဆောင်ရွက်ခြင်းကြောင့်အမှုဖွင့်ပြီး (၄)နာရီ အတွင်းမှာတရားခံအားဖမ်းဆီးရမိသက်သေခံပစ္စည်းသိမ်းဆည်းနိုင်ခဲ့၍အသေးစိတ်စစ်ဆေး ရဲလုပ်ငန်းများ အမြန်ပြီးပြတ်အောင်ဆောင်ရွက်၍ သက်ဆိုင်ရာတရားရုံးမှာ တရားစွဲတင်သွားမည်ဖြစ်ကြောင်းသိ့ရပါသည်။
                           ရွှေဘို ဝဠာ
                                   နှင့်
                              ဝဠာအောင် ပုသိမ်

ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေး သုံးဦး ရေနစ်သေဆုံး

ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေး သုံးဦး ရေနစ်သေဆုံး

သထုံ  ၊  မေ  ၊  ၃၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကဇိုင်းကျေးရွာတွင် မေလ ၃၁ ရက်၊ နေ့လည်က ရွာနွားစားကျက်အတွင်းရှိ ရေအိုင်အတွင်း ရေဆင်းကစားသည့် ကလေး သုံးဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာကလေး သုံးဦး ရေနစ်သေဆုံးကြောင်း ကျေးရွာတာဝန်ရှိသူမှ အကြောင်းကြားသဖြင့် သုဓမ္မ၀တီနယ်မြေရဲစခန်းမှူး ရဲအုပ်တင်ချိုနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ ရွာထိပ်ငါးကန်အနီး ရွာ၏နွားစားကျက်အတွင်းရှိ ပေ ၁၀၀ ပတ်လည့်ခန့်ရှိ ရေအိုင်ထဲမှ အနက် ၇ ပေခန့်ရှိသည့် ချိုင့်အတွင်းသို့ မောင်စိုင်းထက်၊ ၉ နှစ် ၊ ကဇိုင်းကျေးရွာ၊ မောင်အောင်ဖြိုးဦး၊ ၁၀ နှစ် ၊ ကဇိုင်းကျေးရွာနှင့် မောင်အောင်မြတ်သူ၊ ၉ နှစ် ကဇိုင်းကျေးရွာ နေသူတို့ သုံးဦးမှာ ရေဆင်းကစားရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ကလေးသုံးဦး သေဆုံးရခြင်းအား သုဓမ္မ၀တီနယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်ကာ စစ်ဆေး နေကြောင်း သိရသည်။

မြန်​မာ့အလင်း၊သက်ဦး(သထုံ)

တာဝန်ဆောင်ရွက်နေသည့် စည်ပင်ဝန်ထမ်းအား ဆဲဆို ထိုးကြိတ်သူ ပုဒ်မ နှစ်ခုဖြင့် အရေးယူ

တာဝန်ဆောင်ရွက်နေသည့် စည်ပင်ဝန်ထမ်းအား ဆဲဆို ထိုးကြိတ်သူ ပုဒ်မ နှစ်ခုဖြင့် အရေးယူ

ဝမ်းတွင်း မေ ၃၁

ဝမ်းတွင်းမြို့နယ်တွင် တာဝန်ဆောင်ရွက်နေသည့် စည်ပင်ဝန်ထမ်းအား ဆဲဆို ထိုးကြိတ်သူ ပုဒ်မ နှစ်ခုဖြင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့  မြို့နယ်စည်ပင်သာရေးအဖွဲ့ စည်းကမ်းထိမ်းသိမ်းရေး(၃) ဦးစံဦး ၂၀၁၈ မေ ၃၀ နံနက် ၄နာရီ အချိန်ခန့်တွင် မြို့နယ်စည်ပင်သာယာရုံး၌ တာဝန်ထမ်းဆောင်နေစဉ် မြို့နယ်ဒုဦးစီးမှူး ဦးဆန်းဝင်း ၏ ညွှန်ကြားချက်အရ ဝမ်းတွင်း မြို့နယ်အတွင်းသို့ နယ်ကျော် ဝက်သားများသယ်ဆောင်နေမှုအား စီစစ်ဖမ်းဆီးရန် ကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွှေတောင်နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီးထွန်းနိုင် လိုင်စင်ရယူထားသူ ဒေါ်စန်းမွှေး ကိုကျော်စိုး ကိုဝင်းအောင်ကိုစည်သူလွင် တို့နှင့်အတူ မိုးကောင်းကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ကူမဲမြို့ဘက်မှ ဝမ်းတွင်းမြို့ဘက်သို့ ဆင်ချီတိုင် ကျေးရွာ နေသူ ဦးအုန်းမောင် ၄၈ နှစ် မှ သုံးဘီးဆိုင်ကယ်ဖြင့် ဝက်သားများအား သယ်ဆောင်လာစဉ် ဖမ်းဆီးရမိသဖြင့် ဦးစံဦးမှ မြို့နယ်ဒုတိယ ဦးစီးမှူး ဦးဆန်းဝင်း ထံသို့ ဖုန်းဖြင့် သတင်းပို့ခဲ့ရာ ဦးဆန်းဝင်းရောက်ရှိလာပြီး ကူမဲမြို့ဘက်မှ သားသတ်လိုင်စင်ရရှိသူ ကိုဖိုးသားနှင့် ဝမ်းတွင်းမြို့မှ သားသတ်လိုင်စင်ရရှိသူ ဒေါ်စန်းမွှေး တို့ နှစ်ဦးဆန္ဓ္ဒအရ ညှို့နှိုင်းဆောင်ရွက်ရန် ပြောကြာခဲ့ပြီး ၄င်းတို့မှ မြောက်ကိုင်ကျေးရွာ စာသင်ကျောင်းသို့ ထွက်ခွာသွားရာ ဦးစံဦးနှင့်အတူ ကိုစည်သူလွင် ကိုဝင်းအောင်တို့မှ ဝက်သားများ ဖမ်းစီးသည့်နေရာတွင် ကျန်ရစ်ခဲ့စဉ် ကျော်သက် ၃၄နှစ် ဆင်ချီတိုင်ကျေးရွာ ဝမ်းတွင်မြို့နေသူရောက်ရှိလာပြီး ဦးစံဦးအား ညစ်ညမ်းစွာ ဆဲဆို၍ လက်သီးဖြင့် ထိုးခဲ့ရာ ဦးစံဦးတွင် ဝဲဘက်မျက်ခုံး ဖူးရောင်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် အလိုအလျောက်နာကျင်စေမှု ဖြစ်စေခဲ့သူ ကျော်သက်အား ဥပဒေအရ အရေးယူပေးပါရန် ဦးစံဦး မှတရားလိုပြုလုပ်တိုင်တိုင်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် အလိုအလျောက်နာကျင်စေမှု ဖြစ်စေခဲ့သူ ကျော်သက်အား ရွှေတောင် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်​မာ့အလင်း၊ဘိုဘို(မလှိုင်)

အေးသာယာကျေးရွာအနီးကားနှင့်ဆိုင်ကယ် တိုက်မိ၍တစ်ဦးသေဆုံးနှစ်ဦးဒဏ်ရာရရှိ

အေးသာယာကျေးရွာအနီးကားနှင့်ဆိုင်ကယ်
တိုက်မိ၍တစ်ဦးသေဆုံးနှစ်ဦးဒဏ်ရာရရှိ
   
   
တနင်္သာရီ-မေလ(၃၁)ရက်        
           
မေလ၃၀ရက်နေ့ ည၅နာရီခွဲအချိန်ခန့်က ယာဉ်မောင်း သစ်ဦးအောင် အသက်၄၂ နှစ် အောက်သရက်ချောင်းကျေးရွာ သရက်ချောင်းမြို့နယ်နေသူသည်  မြို့ရွှေထားဝယ် ယာဉ်လိုင်း မှ ယာဉ်အမှတ် 4F----ယာဉ်အား မြိတ်မြို့မှ ကော့သောင်းမြိ့သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် တနင်္သာရီမြို့နယ်  သိန်ခွန်းကျေးရွာအုပ်စု  အေးသာယာကျေးရွာ မိုင်တိုင်အမှတ်၇၆/၄ ရှိတောင်ကုန်းအတက်နေရာအရောက်တွင် ကော့သောင်းမြို့မှ မြိတ်မြို့ဘက်သို့ Wave-110ဒူးကာကောက်အပြာရောင်
ဆိုင်ကယ်(လိုင်စင်စီစစ်ဆဲ)အားမောင်းနှင်လာသည့် ကျော်မင်းစိုး အသက်၂၉ နှစ် ကျဘမ်းလုပ် ကော်အင်းရွာ လောင်းလုံမြို့နယ်နေသူသည် ရှေ့မှမောင်းနှင်နေသည့်ဆိုင်ကယ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဖြစ်ပြီး မြို့ရွှေထားဝယ်ယာဉ်နှင့်မျက်နှာချင်းဆိုင်တိုက်မိ၍ လဲကျခဲ့ကြောင်း ယင်းသို့ကျော်တက်ခံရသည့် ခိုင်ဝင်းနိုင်(ခ)သားတုတ်အသက်၂၄နှစ်  ကျဘမ်းလုပ်  အေးသာယာရွာ သိန်ခွန်းကျေးရွာအုပ်စု တနင်္သာရီမြို့နယ်နေသူမောင်းနှင်ပြီး စိုးသန်း အသက်၂၈ နှစ်  ဥယျာဉ်လုပ် ကော်တောရွာ တကူအုပ်စုတနင်္သာရီမြို့နယ်နေသူစီးနင်းလိုက်ပါလာသော Wave-100 အနီ/ခဲ ရောင် ဆိုင်ကယ်မှာလဲကျနေသည့် ကျော်မင်းစိုး ၏ဆိုင်ကယ်နှင့်ချိပ်မိ၍တိမ်းမှောက်ခဲ့ခြင်းကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကျော်မင်းစိုး သည် ဇက်ကျိုး၍ အခင်းဖြစ်နေရာတွင်ပင်သေဆုံးခဲ့ပြီး Wave-100ဆိုင်ကယ်အားစီးနင်းလာသည့် ခိုင်ဝင်းနိုင်မှာ ဦးခေါင်းယာဘက်ပေါက်ပြဲ နှာခေါင်းသွေးထွက် ယာဒူးဆစ်/လက်ခုံတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)နှင့် စိုးသန်းတွင်ယာလက်သန်းပေါက်ပြဲ ဝဲလက်ဖျံပွန်းပဲ ယာဒူးဆစ်ပွန်းပဲ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြကြောင်းသိရှိရပါသည် ။

အခင်းဖြစ်အရပ်သို့တနင်္သာရီမြို့မစခန်း မှ ဒုရဲအုပ် စိုင်းညီညီဇော်နှင့် တပ်ဖွဲ့ဝင်များသည်သိန်ခွန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဦး ပါသက်သေများနှင့်အတူ ည၈နာရီခွဲ အချိန်သွားရောက်စစ်ဆေး
၍ သေဆုံး/ဒဏ်ရာ ရရှိသူ ၃ဦးအားတနင်္သာရီမြို့နယ်ဆေးရုံ သို့ဆေးစာရေးပေးပို့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်သူ သစ်ဦးနှင့်ကျော်မင်းစိုး(သေဆုံး)တို့အား အရေးယူပေးပါရန်  ဒုရဲအုပ် စိုင်းညီညီဇော်မှတရားလိုပြုတိုင်တန်းရာ (တနင်္သာရီ)မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း မြို့မရဲစခန်းမှသိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

ဧရာဝတီတိုင်း က ကျွန်းစုလေးတခုပေါ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဘီလူးစောင့် တဲ့ စေတီ


ကျွန်တော်ရဲ့ အဖိုးလက်ထက်လောက်ကပေါ့ဗျာ။ ဧရာဝတီတိုင်း က ကျွန်းစုလေးတခုပေါ်မှာ တကယ်ဖြစ်ခဲ့တာလေးကို စာဖတ်သူတွေကိုမျှဝေပေးချင်ပါတယ်။

အရင်တုန်းကဆိုတော့ ကျတော် နေတဲ့ရွာ ကြီးက တောအုပ်ကြီးတခုပါဘဲ ထိုတောအုပ်ထဲမှာ ခြုံနွယ်ပိတ်ပေါင်းတွေဖုံးလွှမ်းနေတဲ့ စေတီ ငုတ်တိုလေးတစ်ဆူရှိပါတယ်။

အရင်းတုန်းက လူတွေက သစ်တိုက် သစ်ခွဲ လုပ်ကျတာပေါ့ဗျာ လယ်တွေဘာတွေကောမလုပ်ဘူးလားလို့မမေးနဲ့အကုန်လုပ်တယ်။

ကျတော်ပြောနေတာနဲ့တင်ဇာတ်လမ်းက လိုရင်းမရောက်တော့ဘူးဗျာ ကဲဆက်ရအောင်။

“ဒေါင် ဒေါင် ” အစည်းအဝေးထိုင်ဖို့ရွာသားတွေကို သူကြီးက အချက်ပေးလိုက်သောအသံဖြစ်သည်။

ရွာသားတွေကလည်းတအိမ်တယောက် သူကြီးအိမ်သို့ထွက်လာကျပါတယ် တချို့ကတော့ ဘာအရေးကြီးကိစ္စများရှိလို့လဲပေါ့အချင်းချင်း တီးတိုးပြောဆိုနေကျပါတယ်။

သူကြီးအိမ်ရောက်တော့ မြေကွက်အလွတ်လေးပေါ်မှာ ဖိနပ်လေးတွေ ဖင်ခုပြီးထိုင် စောင့်နေကျပါတယ်။

မကြာခင် နှုတ်ခမ်းမွှေးကား ကား နဲ့ လူကြီးတဦးရောက်လာပြီး “ရွာသူ ရွာသားတွေကို ကျုပ်ဒီနေ့ခေါ်လိုက်ရတဲ့အကြောင်းကတော့ ရွာသစ်တည်ဖို့ကိစ္စဘဲဖြစ်တယ်”။

ထိုချိန် ရွာသားတယောက်က မတ်တပ်ရပ်လိုက်ပြီး ဘယ်နေရာမှာ ရွာတည်မှာလဲ သူကြီးရ ကျတော်တို့ကကော ဒီရွာကပြောင်းရမှာလား။

အယ့်လို လည်းမဟုတ်သေးဘူး ဖိုးနီရဲ့ အခုငါတို့ရွာသစ်တည်တယ် ဆိုတာ ငါ့တို့တိုင်းရင်းသားတွေ ကျယ်ကျယ်ပြန့်ပြန့်နေလို့ရအောင်လို့ပါ မင်းအစောကပြောသလို ဒီရွာကပြောင်းစရာလည်းမလိုပါဘူး ရွာသစ်မှာ နေချင်တဲ့သူကတော့ သွားနေလို့ရပါတယ်။

“ဒါဆိုသူကြီး နေရာကော ရွေးပြီးပြီလား”ရွာသားတယောက်ရဲ့အသံဖြစ်သည်။

“အေး ရွေးပြီးပြီကွ တို့ရွာရဲ့တောင်ဖျားက တော အုပ်ကလေးဘဲ ”

“ဟာ သူကြီး ဖြစ်ပါ့မလားဗျာ ”

“ဟေ ဘာလို မဖြစ်ရမှာလဲကွ”

“အယ့်တော အုပ်ထဲက မကြာခနဆိုသလို လူသေလိုက် စုန်းမီးလိုလို သရဲမီးလိုလို တွေလည်း တတ်လာလိုက်နဲ့ဗျာ သူကြီးရယ်တခြားနေရာပြန် ရွေးလိုက်ပါလား” ဖိုးနီရဲ့စကားသံဖြစ်သည်။

“ဟာ ဘယ်ဖြစ်မလဲကွ အခုတော့မှ မြို့ပိုင်မင်း ကဒီနေရာဘဲရွာ သစ်တည်ဖို့ အမိန့်ချထားတာကွ ဖိုးနီရ ”

“ဒါဆိုလည်း မတတ်နိုင်ဘူးလေ သူကြီးရယ် ဘယ်ချိန်စမှာလဲ ရွာတည်ဖို့က ”

“မနက်ဖြန် စမယ် တအိမ်တယောက် တောရှင်းဖို့လိုက်ရမယ် မလိုက်တဲ့အိမ်က ဒဏ်ခတ်ခံရမယ် ကျုပ်ပြောချင်တာဒီလောက်ပါဘဲ အားလုံးပြန်နိုင်ပါပြီ ”

ရွာသားတွေလည်း တယောက်တပေါက်နဲ့အိမ်ကိုပြန်သွားကျပါတယ်။

နောက်နေ့ရောက်တော့ တအိမ်တယောက် ဓားကိုယ်စီကိုင်ပြီးတော့ တောရှင်းဖို့ သူကြီးအိမ်သို့ လူလာစုကျပါတယ်။

လူတွေစုံလောက်ပြီဆိုတော့မှ သူကြီကလည်း သွားကျမယ် ဟေ့ ဆိုပြီး နှလုံးပြူးသေနတ်ကိုလွယ် ကာ ရှေ့ကနေ ဦးဆောင်ပြီးထွက်သွားပါတယ်။

ဒီလိုနဲ့ နာရီဝက်လောက်လျှောက်လိုက်တော့ တော အုပ်ကလေးရဲ့အစပ်ကို ရောက်လာပါတယ်။

သူကြီးက အသင့်ယူလာတဲ့ ကန်တော့ပွဲနဲ့ဖယောင်းတိုင် အမွှေးတိုင်တို့ကို ထွန်းလိုက်ပြီး တောပိုင် တောင်ပိုင် များကို ခွင့်တောင်းပါတယ် ပြီးတော့ ရွာသားတွေကို သစ်ပင်တွေကို စခုတ်ခိုင်းလိုက်ပါတယ်။

သူကြီးဆိုပြီး အေးဆေးထိုင်နေမယ်မထင်နဲ့ သူကိုယ်တိုင် တော ခုတ်ဓားနဲ့ ဝင် ခုတ်နေတာပါ ဒါက ရွာသားတွေရဲ့စည်းလုံးညီညွတ်မှုကိုပြသလည်းဖြစ်ပါတယ်။

သစ်ပင်တွေခုတ် ရှင်းတာ ပထမတရက် အေးဆေုးတိယတရက်လည်း အေးဆေး တတိယရက်လည်းရောက်တော့။

“ဗျို့သူကြီး ဒီမှာ လာကြည့်ပါဦးဗျ စေတီပျတ်တဆူဘဲ ” ရွာသားတဦးရဲ့အသံကြောင့်တခြားရွာသားတွေရော သူကြီးပါ ထိုရွာသားနားသို့ လာကျပါတယ်။

သူ့ကြီးက “ဟုတ်သကွ စေတီပျတ်တဆူဘဲ ငါတို့ရွာသားတွေ နဲ့ထိုက်လို့ဖူးရတာနေမ “ဆိုပြီး သူကြီးက ထိုင်ကန်တော့တော့ ရွားသားတွေလည်း လိုက်ကန်တော့ကျပါတယ်။

ထိုချိန် ကျော်ကြီးက “ဗျို့သူကြီးဒီဘက်မှာ လည်းဘီလူးရုပ်ကြီးဗျ တကယ့်အသက်ဝင်နေတဲ့အတိုင်းဘဲ ”

“အေးကွာ ဒီစေတီ လေးက ရှေးခေတ် မင်းတွေတည်သွားတာ ဖြစ်လောက်တယ် ဘီလူးရုပ်ကလည်း လက်ယာမြောက်တယ် အသက်ဝင်နေတဲ့အတိုင်းဘဲ ”

“ဟုတ်တယ်ဗျ သူကြီး ကျတော်တောင် ကြည့်ရင်းနဲ့ကြောက်လာပြီ “ရွာသားတဦးက ပြောလိုက်သောစကားသံဖြစ်သည်။

သူကြီးကလည်း “အေးကွာ တို့တွေဒီနေ့ အပင်တွေဆက်မရှင်းကျတော့ဘဲ စေတီလေး ကို ရုပ်လုံးပေါ်လာအောင် ခြုံတွေနွယ်တွေခုတ်ကျရအောင် ”

သူကြီးရဲ့စကားကြောင့်ရွာသားတွေလည်း ဓားတွေကိုယ်စီပြန်ကိုင်လိုက်ပြီး စေတီလေး ဝန်းကျင် ကို ရှင်းလင်း ကျပါတော့တယ်။

ထိုသတင်းကား တခြားရွာရှိ သိုက်ဆရာ ဦးဖုန်းမောင် နားထဲသို့ ရောက်သွားပါတယ် ဦးဖုန်းမောင်ကလည်း သူတူးလို့မရတဲ့သိုက်ဆိုတာ မရှိဘူး။

သူတပည့် ဇာနည် နဲ့ညိုကြီးကို ခေါ်လိုက်ပါတယ်။

“ဆရာကြီး ကျတော်တို့ကိုခေါ်တယ်ဆို ဘာ ခိုင်းစရာရှိလို့ပါလဲ ”

“သိုက် တခု တွေ့ထားတယ် ဟိုဘက်ရွာက တော အုပ်ထဲက စေတီ ပြတ်တခုမှာ အယ့်တာ သိုက်တူးဖို့ မင်းတ်ု့နှစ်ယောက်အကူအညီလိုတယ် ”

“ဒါများ ဆရာကြီးရယ် ကြိုက်တဲ့ချိန်ပြော ကတော်တို့က လိုက်ပြီးသားဘဲ ဆရာကြီးရဲ့ကျေးဇူးတွေကိုလည်း ကျတော်တို့ဆပ်လို့မကုန်ပါဘူး ”

“အေးဒါဆို နောက်လကွယ်နေ့ လုပ်ငန်းစကျမယ် အသင့်လုပ်ထားကျ ”

“ဟုတ်ကဲ့ပါဆရာကြီး” ဆိုပြီး ဇာနည်နဲ့ညိုကြီးတို့နှစ်ယောက်အိမ်သို့ပြန်သွားပါတော့တယ်။

ဟိုဘက်မှာတော့ သူကြီးနဲ့ရွာသားတွေက တောအုပ်လေးကို ဆက်ပြီး မရှင်းတော့ဘဲ စေတီတော်လေးကိုသာ ပြုပြင်နေကျပါတယ်။

တရွာလုံးရဲ့မျက်နှာ မှာတော့ အပြုံးကိုယ်စီနဲ့ ပေါ့ဗျာ ထွန်းမောင်တယောက် ဘီလူးရုပ်ကြီးနားသို့ကပ်သွားပြီး။

“အောင်မလေး ဗျ “ဆိုပြီး အကျယ်ကြီးအော် လိုက်ပါတယ် သူကြီးကော ရွာသားတွေပါ ရောက်လာပြီး။

“ဟိတ်ကောင် ထွန်းမောင် ဘာတွေ့လို့လဲကွ ”

စကားသံထစ်ထစ်ဖြင့် !”သ သကြီး ဘီ ဘီလူးရုပ်ကြီးက မျက်တောင်ခတ်တယ်ဗျ ”

“ဟာ မဖြစ်နိုင်တာကွာ ရုပ်တုကြီးဘဲ ဘယ်လို မျက်တောင်ခတ်နိုင်မှာလဲ ”

“ကျတော် သေချာ တွေ့လိုက်တာပါ မယုံရင် သူကြီး တို့ကြည့် ကြည့်လိုက်လေ ”

ဟုတ်တယ်ဗျ ထွန်းမောင်ပြောတဲ့အတိုင်းဘဲ ဘီလူးရုပ်ကြီး ကမျက်တောင်ခတ်နေပါတယ်။

သူကြီးက “ဟာ ဟိတ်ကောင်တွေ ဒီဘုရားက အတော်တန်ခိုးကြီးတယ် နော် အမှား မလုပ်မိစေနဲ့ အပေါ့အပါးသွားရင်တောင် အရင်ဆုံးခွင့်တောင်းပြီးမှ သွားကျ ”

“.ဟုတ်ကဲ့ပါ သူကြီး ကျတော်တို့လည်းကြောက်လာပြီ ပြန်ရအောင်သူကြီးရယ်”

“အေးလေ ဒါဆိုလည်း ပြန်ကျတာပေါ့ ”
ဆိုပြီးအိမ်ကို အမြန် လျှောက်လာခဲ့ကျပါတယ်။

လကွယ်နေ့မတိုင်ခင် ရှေ့တရက်က သူကြီးတ်ု့အဖွဲ့ တော ခုတ်ဖို့ဆင်းတော့ ဘီလူး မျက် လုံးကနေ သွေးတွေစီးကျနေတာကိုတွေ့လိုက်ရပါတော့တယ်။

ထိုနေ့က ဆရာတော် ဘုရားလည်း ပါလာခဲ့ပါတယ် ဆရာတော်က ဘီလူးရုပ်ဘေးနားသို့ကပ်သွားကာ

“ဘီလူးမျက်လုံးက သွေးမျက်ရည် ကျတယ်ဆိုတော့ ဒါမကောင်းတဲ့နိမိတ်ဘဲ ဒီနေရာမှာတော့ တခုခုဖြစ်လိမ့်ဦးမယ် ဒကာတို့”

ဆရာတော်ရဲ့စကားကြောင့် အကုန်လုံးထိတ်လန့်သွားကျပါတယ်။

ထိုနေ့ က အလုပ်ကိုသေချာ မလုပ်နိုင်ဘဲ စိုးရိမ်စိတ်တွေကြီးစိုးနေခဲ့ပါတယ် ဆရာတော်က တော့ မေတ္တာသုတ်ကို ရွတ်ဖတ်နေတာပေါ့ဗျာ။

ရွာသားများ အိမ်သို့ရောက်သော်လည်း ထိုအကြောင်းကို ဇနီးမယားတွေ ဆီ ပြန်ပြော ပြကျပါတယ် မိန်းမသားတွေကလည်း အတော်လေးကို ထိတ်လန့်သွားကျပါတယ်။

ဒီနေ့ လပြည့်နေ့ သိုက်ဆရာ ဖုန်းးမောင်တို့သုံးယောက်အကြံရှိသူပီပီ ဟိုဘက်ရွာက အမျိုးအိမ်ကို နေ့လည်တည်းက သွား ပြီး တည်းခိုလိုက်ကျပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေယူပြီး တော့ ည ၁၁ နာရီလောက်မှာ တည်းတဲ့အိမ်ကနေထွက်ခဲ့ကျပါတယ်။

စေတီ ပျတ်ကလေးသို့ရောက်သောအခါ ကြိုးဖြင့် စည်း ချက် ချလိုက်ပါတယ် လေးထောင့်ပုံ သဏ္ဌာန် ပြီးတော့ ကန်တော့ပွဲတခုပေးပြီူး အုန်းသီးပေါ်မှာ ဖယောင်းတိုင်တတိုင်ထွန်းလိုက်ပါတယ်။

ဇာနည်နဲ့ညိုကြီးကတော့ ပေါက်ပြားကိုယ်စီ ကို င် လို့ ဆရာကြီး အမိန့်ပေးတာနဲ့တူးဖို့အသင့်လုပ်နေပါတယ်။

ဦးဖုန်းမောင်လည်း တူးတော့ လို့ပြောလိုက်ရော ဇာနည်နဲ့ညိုကြီးက အားရပါးရ တူးလိုက်က်ကျပါတယ်။

ဦးဖုန်းမောင်ကတော့ ဂါထာတပုဒ်ကို အဌာန်ကရိုင်းကျကျရွတ်ဖတ်နေပါတယ် ည၁၂ လောက် ကျတော့ မြေကြီးထဲကနေ ရွှေ အိုးကြီးတလုံးပေါ်လာပါတော့တယ်။

ထို ရွှေအိုးကြီး ပေါ်လာတာနဲ့တပြိုင်နက် ဘီလူးရုပ်ထုကြီးက လည်း အသက်ဝင်လာခဲ့ပါ တယ် ဒါပေမယ် ရွှေအိုးငန်းနေတဲ့ ဦးဖုန်းမောင်တ်ု့သုံးယောက်ကတော့ မသိရှာပေ။

ထိုချိန် ဖယောင်းတိုင်က ရုတ် တရက်ငြိမ်းသွားပါတယ် တဆက်ဆည်းဘဲ သူတို့ရှေ့တည်းကို မျက်လုံးနီနီ ကြီး နဲ့အကောင်ကြီးတကောင် ကပ်လာပါတော့။

အနားရောက်တော့မှ ဘီလူးကြီး ဖြစ်နေမှန်းသိ လိုက်ရတာ သူတ်ု့နောက်ကျသွားချေပြီ ဘီလူးရဲ့ သံလျက်ဖျားမှာ လူသုံးယောက် အသက်ပေးလိုက်ရလေပြီ။

ရွှေအိုးကြီးလည်း မြေကြီးထဲသို့တဖြည်းဖြည်းပြန်ဝင်သွားပါတော့တယ် ထိုအခါမှ ဘီလူးကြီးလည်း မူလကျောက်ရုပ်ကြီးအသွင်သို့ကူးပြောင်းသွားပါတော့တယ်။

မနက်ရောက်တော့ သူကြီးအဖွဲ့ တောခုတ်ဖို့လာရင်းနဲ့စေင်္တီလေးဘေးနားမှာ လူသုံးယောက်ရဲ့အလောင်းကိုတွေ့ချေပြီ။

ပြီးတော့လည်း ဘီလူးရဲ့သံလျက်မှာလည်း သွေးစွန်းနေတာကို ပါအားလုံးမြင်လိုက်ရတော့ ဟာခနဲ ဟကခနဲဖြစ်သွားကျပါတယ်။

တနေ့သော ညမှာ သူကြီး အိမ်မက်ထဲသို့ဝတ်ဖြူစင်ကြယ်နဲ့ဘိုးတော်တဦးရောက်လာပြီး။

“ငါ့မြေး တောအုပ်ကလေးထဲက စေတီလေးကို အသစ်ပြန် မွမ်းမံလိုက်ပါ ငါ့မြေးတို့ရွာအတွက် ကောင်းကျိုးတွေအများကြီး ရလာလိမ့်မယ် “လို့ပြောပြီး ပျောက်ကွယ်သွားပါတယ်။

သူကြီါ်လည်း ထိုအိမ်မက်ကြောင့် ရွာသားတွေနဲ့တိုင်ပင်ပြီး စေတီ အဟောင်းေ လးကို ငုံလိုက်ပြီး ကိုးတောင်ပြည့် စေတီတော်မြတ်ကြီးကိုတည်ထားလိုက်ကျပါတယ်။

ထိုစေတီလေး ပြီးတာနဲ့ ရွာ ကလေးက လူတွေက ကောင်းခြင်းများစွာခံစားကျရပါတော့တယ်။

ယခုအခါ ထိုစေတီလေးရဲ့အမည်မှာ ပြည်လုံးချမ်းသာ ကျွန်းဦး ဆုတောင်းပြည့်စေတီတော်အဖြစ် ယနေ့တိုင်တည်ရှိနေပါသေးသည်။

စာဖတ်သာအပေါင်း မင်္ဂလာရှိသော အချိန်တွေပိုင်ဆိုင်နိုင်ကျပါစေ။

Hello Myanmar

မြောင်းမြတွင် မြစ်အတွင်းရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား

မြောင်းမြတွင် မြစ်အတွင်းရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွား

မြောင်းမြ မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ယနေ့နေ့လည် (၃း၃၀)ခန့်က အမျိုးသားတစ်ဦး ရေချိုးဆင်းရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ဦးခင်ဇော် အသက်(၄၀)နှစ် ဖြစ်ပြီး မြောင်းမြခရိုင် မြစန္ဒာရပ်ကွက်တွင် နေထိုင်သူ တစ်ဦးဖြစ်သည်။ သေဆုံးသူ၏ ရုပ်အလောင်းကို ၄င်း၏ဇနီးဖြစ်သူမှ စတင်တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာမှ စစ်ဆေးရာတွင် အလောင်းအားမှောက်လျက်အနေအထားဖြင့် နှုတ်ခမ်းများပြာ၍ အရေပြားများတွန့်နေကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရှိကြောင်း သိရသည်။

ဆက်လက်၍ သေဆုံးသူ၏ ရုပ်အလောင်းအား  မြောင်းမြခရိုင်/မြို့နယ်/အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မြောင်းမြဆေးရုံသို့ ပို့ဆောင်ခဲ့ရာ မြောင်းမြဆေးရုံမှ ဒေါက်တာပြည့်ဖြိုးဆွေမှ PR044ဖြင့် လက်ခံခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(မြောင်းမြ ပြန်/ဆက်)

ခန္တီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ၀န်ထမ်းနှစ်ဦးသာရှိ၍ အားကစားပြက္ခဒိန်အတိုင်းပြိုင်ပွဲများ ကျင်းပရန် ခက်နေ

ခန္တီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတွင်  ၀န်ထမ်းနှစ်ဦးသာရှိ၍ အားကစားပြက္ခဒိန်အတိုင်းပြိုင်ပွဲများ  ကျင်းပရန် ခက်နေ


      စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ ၀န်ထမ်း ၆ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် အားကစားမှူးနှင့် ဒုလက်ထောက်ကြီးကြပ်ရေးမှူး တို့ နှစ်ဦး သာ ရှိ၍  အားကစားပြက္ခဒိန် ပြိုင်ပွဲများ လည်ပတ်အောင် ကျင်းပပေးရန် အခက်အခဲဖြစ်နေကြောင်း   သတင်းရရှိသည်။

         “  ရှိတဲ့ ဒုလက်ထောက်ကြီးကြပ်ရေးမှူးကလည်း လာမယ့်နှစ်မှာ သက်ပြည့်ပင်စင် ယူတော့မှာဆိုတော့ လူက မရှိတော့ဘူး၊ဖွဲ့စည်းပုံအတိုင်းအပြည့်မခန့်နိုင်ရင်တောင် အားကစားပြိုင်ပွဲတွေ ကျင်းပဖို့ သင့်လျော်တဲ့ ၀န်ထမ်းတွေ ခန့်ပေးဖို့လိုတယ် “ ဟု ခန္တီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလှိုင်ဝင်း ကပြောသည်။

       ခန္တီးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် ယခင်က လက်ထောက်ညွန်မှူး တစ်ဦးတည်းသာ ရှိသော်လည်း ယခုနှစ်တွင် ရုးံအကူ တစ်ဦး၊အားကစားမှူးတစ်ဦးတို့ကို အင်အားဖြည့်စွတ်ကာ ပြောင်းရွှေ့တာဝန်ထမ်းဆောင် စေခဲ့ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း ကပြောသည်။

       သို့ဖြစ်၍ ခန္တီးခရိုင်နှင့် ခန္တီးမြို့နယ်  နှစ်ခုပေါင်းတွင် အရာထမ်း၊အမှုထမ်း ၀န်ထမ်း  ၅ ဦးရှိ၍ လက်ရှိအင်အားဖြင့် လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်သည့်အခြေနေရှိသောကြောင့် နောက်ထပ် ဝန်ထမ်းအင်အားခန့်ထားခွင့်ရရှိလာမှ ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ကပြောသည်။

ကိုသစ္စာ-မုံရွာ

ပင်လယ်တွင် လှေမှောက်၍ မျောပါလာသူ ရခိုင်လူမျိုး ခုနစ်ဦးအား ကယ်ဆယ်ကူညီ



လပွတ္တာ မေ ၃ဝ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ပေါ်သို့ စက်လှေမှောက်ပြီး ပင်လယ်ရေ နှင့် မျောပါလာသူ ရခိုင်လူမျိုးခုနစ်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မေ ၃ဝ ရက် နံနက် ၈ နာရီတွင် အသက်ကယ်တင် ကူညီပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၂ ရက်တွင် စက်လှေ ပိုင်ရှင်ပါ ရေလုပ်သားခုနစ်ဦးတို့သည် ရခိုင် ပြည်နယ် သံတွဲမြို့နယ်မှ ပင်လယ်ပြင်သို့ မျှောပိုက်ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ထွက်ခွာလာခဲ့သည်။ မေ ၂၆ ရက်တွင် ပင်လယ် ပြင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရေနံစင် အထက် ကမ်းခြေနှင့် မိုင် ၆ဝ ခန့်အကွာတွင် စက်လှေတိမ်းမှောက်ခဲ့ရာ လပွတ္တာမြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု ကွင်းပေါက်ကျေးရွာ သောင်ဘက်သို့ ပင်လယ်ရေနှင့်အတူ မျော ပါလာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က မျောပါလာသူ ရေလုပ်သားခုနစ်ဦးတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ပို့ဆောင်ခြင်း၊ အဝတ်အထည်၊ အစားအသောက်များ ပေအပ်ခြင်းအပြင် ကျန်းမာရေးစောင့်ရှောက် ခြင်းတို့ကိုလည်း ကူညီပေးခဲ့ကြောင်း သိရ သည်။

ငါးဖမ်းစက်လှေပိုင်ရှင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် နေထိုင်သည့် ဦးသန်းမြင့် အသက်(၄၃)နှစ်ဟု သိရပြီး ကျေးရွာအုပ်ချုပ် ရေးမှူးက နယ်မြေခံရဲစခန်းနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးသို့ သတင်း ပေးပို့ထားကြောင်း သိရသည်။

မောင်ချစ်ဦး(ပန်းတနော်)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

အငြင်းပွား တောင်တရုတ် ပင်လယ်၌ ၎င်း၏ တပ်ဖွဲ့ဝင်များ ထိခိုက်ပါက စစ်ဖြစ်ရန် အသင့်ရှိဟု ဖိလစ်ပိုင် ပြော

အငြင်းပွား တောင်တရုတ် ပင်လယ်၌ ၎င်း၏ တပ်ဖွဲ့ဝင်များ ထိခိုက်ပါက စစ်ဖြစ်ရန် အသင့်ရှိဟု ဖိလစ်ပိုင် ပြော

ဖနွမ်းပင် မေ ၃ဝ

အငြင်းပွားရေပိုင်နက်၌ ဖိလစ်ပိုင်စစ်ဘက် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိပါက စစ်မက်ဖြစ်ပွားရန် အသင့် ပြင်ဆင်ထားကြောင်း ဖိလစ်ပိုင်ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူတစ်ဦးက မေ ၃ဝ ရက်တွင်ပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နှင့် တင်းမာမှုကို လျှော့ချရန် အမြဲတမ်း တရားဝင် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်နိုင် ရေး ကြိုးပမ်းမည်ဖြစ်သော်လည်း စစ်ဘက်၌ ရန်စမှု သို့မဟုတ် ထိခိုက်နစ်နာမှု ဖြစ်အောင်ပြုလုပ်ပါက စစ် မက်ဖြစ်ပွားမှုကို ထည့်တွက်မည် မဟုတ်ကြောင်း အမျိုးသားလုံခြုံရေး အကြံပေး ဟာမိုဂျင်း အက်စပါလွန်က ပြောသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရပါက ဖိလစ်ပိုင်အစိုးရ၏ သည်းခံနိုင်မှု ကုန်ဆုံးသွားမည် ဖြစ်ကြောင်း သမ္မတ ဒူတာတေက ပြောသည်ဟု ၎င်းကဆက်ပြောသည်။

ဖိလစ်ပိုင်၏ အ ထူးစီးပွားရေးဇုန် အတွင်းရှိ ဧရိယာများ အပါအဝင် အငြင်းပွားရေပိုင်နက် အတွင်းရှိ ကျွန်းတုများ၌ ဒုံးကျည်စနစ်များ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ဖြေရှင်းခြင်း မရှိသည့်တရုတ်ကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက ပြင်းပြင်းထန်ထန် အပြစ် တင်ဝေဖန်ထားသည်။

သမ္မတ ဒူတာတေ၏ အတိုက်အခံများသည် တရုတ်၏ လုပ်ဆောင်မှုအပေါ် ဖိလစ်ပိုင်အစိုးရက သံတမန် နည်းအရ ကန့်ကွက်သော်လည်း အောင်မြင်မှုမရခြင်းကို ဝေဖန်ထားသည်။ သို့သော် သမ္မတ ဒူတာတေသည် ယခင်သမ္မတများနှင့်မတူညီဘဲ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတွင် ကောင်းမွန်နေပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် တရုတ်ကို ဖိတ်ခေါ်ထားသည်။

MWD

ရန်ကုန်မျက်စိ ဆေးရုံကြီး၌ မျက်ကြည်လွှာ လှူဒါန်းသူ အလှူရှင်များ လိုအပ်နေ

ရန်ကုန်မျက်စိ ဆေးရုံကြီး၌ မျက်ကြည်လွှာ လှူဒါန်းသူ အလှူရှင်များ လိုအပ်နေ

ပြည်တွင်း၌   မျက်ကြည်လွှာအလှူရှင် စောင့်ဆိုင်းနေသည့် လူနာများ    များပြားနေသဖြင့်  မျက်ကြည်လွှာလှူဒါန်းသူ အလှူရှင်များ လိုအပ်လျက်ရှိကြောင်း ရန်ကုန်မျက်စိဆေးရုံကြီး  ပါမောက္ခဌာနမှူး  ဒေါက်တာ တင်ဝင်းထံမှ သိရသည်။ လတ်တလောတွင် အလှူရှင်များမှာ တစ်ဦးတစ်ယောက်ချင်းသော် လည်းကောင်း၊  အသင်းအဖွဲ့များနှင့်သော် လည်းကောင်း လာရောက်လှူဒါန်းလေ့ ရှိသော်လည်း ယမန်နှစ်က မျက်ကြည်လွှာ စုစုပေါင်း ၁၅ဝ သာ ရရှိခဲ့ပြီး စောင့်ဆိုင်းနေသည့် လူနာများ  ပိုမိုများပြားနေသည်။

ထို့ပြင်  မျက်ကြည်လွှာ လှူဒါန်းရာတွင်  လှူဒါန်းသူ၏ ကျန်ရှိခန္ဓာကိုယ်အား လေးစား သည့် အနေဖြင့်  မျက်ကြည်လွှာ ထုတ်ပြီးပါက  မျက်စိပုံစံမပျက်စေရန်    မူလအနေအထားကဲ့သို့    ပြန်လည်ပြု လုပ်ပေးလေ့ ရှိကြောင်း၊ ပြီးခဲ့သည့်နှစ်က မျက်ကြည်လွှာ အလှူရှင်   ၇၅  ဦးသာ ရှိခဲ့ပြီး မျက်ကြည်လွှာ စုစုပေါင်း  ၁၅ဝ ရရှိခဲ့ကြောင်း၊ ယင်းပမာဏသည် စောင့်ဆိုင်းနေသည့် လူနာနှင့် နှိုင်းယှဉ်လျှင် နည်းပါး နေသည့်အတွက်  ပြည်သူများ ပူးပေါင်းပါဝင် လှူဒါန်းရန် လိုအပ်နေကြောင်း  သိရသည်။

 ''စောင့်နေရတာတော့ကြာပါပြီ။မျက်စိမမြင်ရတဲ့ဘဝက အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ အလှူရှင်ကိုလည်း တစ်သက်လုံး ကျေးဇူးတင်သွားမှာပါ။ ဒီမျက်လုံးနဲ့ အားလုံးအတွက်ရော ကိုယ့်အတွက်ပါ အကျိုးရှိတာတွေ လုပ်သွားမှာပါ'' ဟု  မျက်ကြည်လွှာ  အစားထိုးကုသရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောသည်။

ထို့ပြင် လူနာများအနေဖြင့် စောင့်ဆိုင်းကာလ ကြာမြင့်နိုင်သည့်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းရန် လိုအပ်ကြောင်း၊ မျက်ကြည်လွှာ တစ်ခုရရှိပါက အုပ်စုတူညီမှသာ  မျက်ကြည်လွှာ အစား ထိုးနိုင်ကြောင်း သိရသည်။

MWD

ကုန်အပြည့်တင်ဆောင်လာသည့်တွဲကား ရွှေပန်းပင်ချောင်း ရေကျော်တံတားအတွင်းကျွံကျ ယာဉ်အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွား

ကုန်အပြည့်တင်ဆောင်လာသည့်တွဲကား ရွှေပန်းပင်ချောင်း ရေကျော်တံတားအတွင်းကျွံကျ ယာဉ်အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွား

မကွေး မေ ၃၀

        မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ၊ တောင်တွင်းကြီး -နတ်မောက်သွားကားလမ်းပေါ်ရှိ ရွှေပန်းပင်ချောင်း ရေကျော်တံတားတွင် ၂၀၁၈ခုနှစ် မေလ ၃၀ရက်နေ့ ညနေပိုင်းက ကုန်အပြည့်ဖြင့်တွဲကားတစ်စီး တွဲခေါင်းကျွံကျပြီး ယာဉ်အသွားအလာများ ပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှသိရသည်။

          မြို့သစ်မြို့နယ်တွင် ၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်မှစတင်၍ လေကြီးမုန်တိုင်းတိုက်ကာ မိုးများ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့သစ်မြို့နယ်အတွင်းရှိ ချောင်းများတွင် ချောင်းရေများကျဆင်းခဲ့ကြောင်း၊ ၂၀၁၈ခုနှစ် မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၀ အချိန်ခန့်က အောင်လံမြို့နေသူ ယာဉ်မောင်း ပြည့်ဖြိုးအောင်၊ ယာဉ်နောက်လိုက် အောင်ရာဇာမင်းတို့ မောင်းနှင်လာသော ယာဉ်အမှတ် 8J/------ယာဉ်သည် သကြားအိပ် (၃၂)တန်အားတင်ဆောင်လျှက် မန္တလေးသို့အသွား မြို့သစ်မြို့နှင့် ၅ မိုင်ခန့်အကွာ မိုင်တိုင်အမှတ် ( ၂၁/၃နှင့်၂၁/၄ ) ကြားရှိ မြို့သစ်မြို့နယ် ရွှေပန်းပင်ရေကျော်တံတားတွင် ရေကျော်အား ဖြတ်သန်းမောင်းနှင်ခဲ့ရာ ရေကျော်ထဲတွင်ကားဦးခေါင်းကျွံကျ သွားခဲ့ပြီး ကားဦးခေါင်းပိုင်းမှာတဖြေးဖြေး နစ်မြုပ်၍ ကားခေါင်မိုး တစ်တောင်ခန့်သာာကျန်ခဲ့ရာ ယာဉ်ပေါ်ပါလာသူများ ကားခေါင်းမိုးမှတဆင့်တက်ရောက်ခဲ့နိုင်သဖြင့် အနီးပတ်ဝန်းကျင်ရှိ အခြားယာဉ်ပေါ်ပါရှိ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီကယ်ဆယ်ခဲ့ရကြောင်း၊ ဖြစ်စဉ်ကြောင့် ထိခိုက်နာကျင်စေမှုတစ်စုံတရာမရရှိခဲ့ကြောင်း  သိရသည်။

           ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာများ အသီးသီးရောက်ရှိလာပြီး ၄င်းနှစ်မြုပ်ကျွံနေသည့်တွဲခေါင်းအား အမြန်ဆုံးပြန်လည်ဆွဲထုတ် နိုင်ရန်နှင့် ယာဉ်ကျောပွင့်သွားလာမှုအဆင်ပြေနိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်နေကြကြောင်း သိရှိရသည်။

မြန်​မာ့အလင်း၊ဇော်ဇော်( မြို့သစ် )

YBS ယာဉ်လိုင်းများအနက် တစ်ဦးချင်းပိုင် ပုဂ္ဂလိက ယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်း ချိုးဖောက်မှု အများဆုံးဖြစ်နေ

YBS ယာဉ်လိုင်းများအနက် တစ်ဦးချင်းပိုင် ပုဂ္ဂလိက ယာဉ်လိုင်းမှ ယာဉ်များ စည်းကမ်း ချိုးဖောက်မှု အများဆုံးဖြစ်နေ

ရန်ကုန်   မေ   ၃ဝ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း  ပြေးဆွဲနေသော  YBS ယာဉ်လိုင်းများအနက်  တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ  စည်းကမ်းချိုးဖောက်မှု အများဆုံးဖြစ်နေကြောင်း      ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး    ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ထံမှ  သိရသည်။ အဆိုပါယာဉ်လိုင်းများသည် အများပြည်သူများ၏ တိုင်ကြားမှုခံရခြင်းနှင့် ဝန်ဆောင် မှုလိုအပ်ချက်များ အပါအဝင်   စည်းကမ်းချိုးဖောက်မှု မှတ်တမ်းများအရ  တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်များ တွင် စည်းကမ်းဖောက်ဖျက်မှုများ  ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့်   စည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍ ယာဉ်မောင်းများကိုသာမက ယာဉ်လိုင်းပိုင်ရှင်များကိုလည်း  အရေးယူလျက် ရှိသည်။ ထို့ပြင် ယာဉ်လိုင်းများ အနေဖြင့် စည်းကမ်းချိုးဖောက်မှု ရှိ၊မရှိကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး  ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ  စည်းကမ်းထိန်းသိမ်းရေး ယာဉ် ၁၃ စီးဖြင့် စောင့်ကြည့်အရေး ယူလျက်ရှိကြောင်း သိရသည်။

''စည်းကမ်းချိုးဖောက်မှု မှတ်တမ်းအရ ကြည့်ရင် တစ်ဦးချင်းပိုင် ပုဂ္ဂလိကယာဉ်လိုင်းက ယာဉ်တွေ အများဆုံး ချိုးဖောက်တာ တွေ့ရတယ်။တစ်ဦးပိုင် ယာဉ်တွေကိုလည်း အများပိုင် ဖွဲ့စည်းဖို့   တွန်းအားပေးနေပါတယ်။စောင့်ကြည့် စစ်ဆေးခြင်းတွေကို ယာဉ် ၁၃  စီးနဲ့  လုပ်ဆောင်နေ ပါတယ်။ မကြာမီ  အရေးယူတော့မှာပါ။  အများပိုင် မလုပ်တဲ့ ယာဉ်လိုင်းတွေကိုလည်း နောက်ပိုင်းမှာ ထုတ်ပယ်တဲ့အထိ လုပ်မယ်။  ဒါကြောင့်  စနစ်တကျနဲ့ အများပိုင်ဖွဲ့ဖို့    ညွှန်ကြားထားပါတယ်'' ဟု ဒေါက်တာမောင်အောင် ကပြောသည်။

YBS ယာဉ်လိုင်းများရှိ ယာဉ်မောင်းများ  စည်းကမ်းချိုးဖောက်ပါက သတ်မှတ်ထားသည့်  စည်းမျဉ်းစည်းကမ်းများ အတိုင်း အရေးယူလျက်ရှိပြီး ပြေးဆွဲမှုစတင်ပြီး နောက်ပိုင်း ခြောက်လခန့်မှစ၍ စည်းကမ်းချိုးဖောက်မှုများကို အရေးယူခဲ့သည်။

တိုင်ကြားမှုအရ ပြစ်ဒဏ်ပေါ်မူတည်၍ ထိရောက်စွာ အရေးယူလျက်ရှိပြီး ပထမ အကြိမ်တိုင်ကြားခြင်း ခံရပါက   ဒဏ်ကြေးပေးဆောင်ရမည် ဖြစ်သော်လည်း ဒုတိယ အကြိမ်တိုင်ကြားခံရပါက သတိပေးလက်မှတ် ထိုးခိုင်းကာ နောက်ဆုံးအကြိမ်တွင် ယာဉ် လိုင်းမှ ထုတ်ပယ်သည်အထိ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးနေသော ယာဉ်လိုင်းများတွင် စည်းကမ်း ချိုးဖောက်မှု အများဆုံးမှာ ခရီးသည်များအား မချေမငံဆက်ဆံခြင်း၊  ဝန်ဆောင်မှုကောင်းစွာ မပေးခြင်းနှင့်   ယာဉ်စီးခ ပိုမိုကောက်ခံခြင်းတို့ ဖြစ်ကြောင်း သိရသည်။

MWD

ဧရာဝတီတိုင်းအတွင်း သဘောင်္စက်လှေများလှည့်လည်ခိုးယူနေသည့် သင်္ဘောခိုးဂိုဏ်းမှ သင်္ဘောစက်လှေ(၄၅)စီးသိမ်းဆည်းရမိ

ဧရာဝတီတိုင်းအတွင်း  သဘောင်္စက်လှေများလှည့်လည်ခိုးယူနေသည့်  သင်္ဘောခိုးဂိုဏ်းမှ သင်္ဘောစက်လှေ(၄၅)စီးသိမ်းဆည်းရမိ

ပုသိမ် မေ၃၁ရက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ ခရိုင်မြို့နယ်များတွင် သင်္ဘောစက်လှေများအား ခိုးယူနေသည့် သဘောင်္စက်လှေခိုးဂိုဏ်းကြီးကို  မေ ၁၈ရက်နေ့တွင် ဖော်ထုတ်နိုင်ခဲ့ပြီး ခိုးယူခဲ့သည့်သဘောင်္(၄၅)စီး အား မေ၂၃ရက်နေ့တွင်သိမ်းဆည်းရမိခဲ့ကြောင်းဖျာပုံခရိုင်ရဲတပ်ဖွဲ့ မှ မှုခင်းနှိမ်နှင်းရေးအဖွဲ့  ခေါင်းဆောင် ကိုဇော်ထိုက်ကတိုင်းဧရာကိုပြောသည်

ဖြစ်စဉ်မှာ ဖျာပုံရဲစခန်းတွင် စက်လှေသဘောင်္များ ပြောက်ဆုံးနေမူ့  ကြောင့် ပ/၃၁၄ ၂၀၁၈ ပုဒ်မ (၃၇၉)အရအမူ့ ဖွင့်တိုင်ကြားထားသည့် အမူ့ ကို ဖော်ထုတ်ခဲ့ရင်း သင်္ဘောခိုးဂိုဏ်ကို ဖမ်းဆီးရမိရေးအတွက် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှုခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇော်ထိုက်နှင့်တပ်ဖွဲ့ ဝင်များဖျာပုံမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် နိုင်အောင်ထွန်းနှင့်တပ်ဖွဲ့ဝင်များမှ  ခိုးယူသွားသောစက်လှေများအား လပွတ္တာတာခရိုင်နှင့် မြောင်းမြခရိုင်တွင်လိုက်လံစုံစမ်းရင်း ယခုလို ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပြီးမေ ၃၀ရက်နေ့တွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့ ရုံးသို့သက်သေခံပစ္စည်းများ သိမ်းဆည်းလာခဲ့သည်

ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ လပွတ္တာမြို့နယ်ပိုင် ရွှေပြည်သာ ပြင်ရွာ လူတော်ရွာ ချောင်းခွဲကြီးရွာ ငပုတော  သောင်စု စတဲ့ ကျေးရွာများမှ ပထမအကြိမ် (၅) စီး ယခုအကြိမ် (၃၃)စီး လှေ(၇)စီး စုစုပေါင်းစက်လှေ(၄၅)စီးသိမ်းဆည်း ရမိ ခဲ့ကြောင်း ဖျာပုံခရိုင်ရဲတပ်ဖွဲ့ ထံမှသိရသည်

ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့နယ် ဖျာပုံမြို့နယ် ကျိုတ်လတ်မြို့နယ် မအူပင်မြို့နယ် ပန်းတနော်မြို့နယ် ညောင်တုန်းမြို့နယ် မြောင်းမြမြို့နယ် လပွတ္တာမြို့နယ် များမှ သဘောင်္ စက်လှေများပြောက်ဆုံးလျက်ရှိကြောင်း  ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူ့ ခင်းနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇော်ထိုက် ထံမှသိရသည်

"ကျွန်တော်တို့ ရဲစခန်းမှာ သဘောင်္ စက်လှေ တွေ ပြောက်လို့အမူ့ဖွင့်လာတိုင်ထားကြတာကို စုံစမ်းရင်း ခုလို သင်္ဘောခိုးဂိုဏ်းကိုဖော်ထုတ်ခဲ့တာပါ စက်လှေ(၄၅)စီးသိမ်းဆည်းရမိထားပါတယ် ပိုင်ရှင်တွေကို စိစစ်ပြီး တစ်ယောက်မကျန်အကုန်ပြန်ပေးမှာပါ ပိုင်ဆိုင်ကြောင်းထောက်ခံချက်မှန်ကန်ဖို့ပဲလိုပါတယ် ဒီခိုးဂိုဏ်းက ဧရာဝတီတိုင်းမှာသောင်းကျန်းနေတာကြာပါပြီ  "ဟု ကိုဇော်ထိုက်က တိုင်းဧရာကိုပြောသည်

တစ်ချို့စက်လှေများမှာပိုင်ရှင် ပေါ်နေပြီဖြစ်ပြီး ကျန်စက်လှေများအား  ပိုင်ရှင်များအားအပ်နှံရေးအတွက် စိစစ် ဆောင်ရွက်နေကြောင်း မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များမှ စက်လှေပြောက်ဆုံးမူ့အများဆုံးဖြစ်ကြောင်း နှင့်တရားခံအား တစ်ယောက်သာမိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်

လက်ရှိ တွင် အဆိုပါသင်္ဘော(၄၅)စီးအားလတ်တလောပြန်လည်ယူဆောင်လာရန် အဆင်မပြေသေးသော်ကြောင့် သက်သေခံပစ္စည်းများသာယူဆောင်လာပြီး သင်္ဘောများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် အပ်နှံထားခဲ့ပြီး၎င်းသဘောင်္ခိုးဂိုဏ်အား တရားခံတစ်ယောက်သာ မိသေးသောကြောင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ မူခင်းနှိမ်နှင်းရေးအဖွဲ့ အနေနှင့်  ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်

သတင်း=ရွှေရည်ဝင်း
ဓာတ်ပုံ=Zaw Hteik(FB)

တပ်မတော်၊ ကေအိုင်အေနှင့် အဆုံးမရှိသော စစ်ပွဲများ

တပ်မတော်၊ ကေအိုင်အေနှင့် အဆုံးမရှိသော စစ်ပွဲများ


မိုးဦး ၀င်ရောက်လာသည်နှင့် ကချင်မြေတွင်
ယမ်းနံ့ များ အတန်ငယ် စဲသွားချိန်တွင် ကျန်ခဲ့ရသည်များက တပ်မတော်ဖက်မှ အကျအဆုံး များ ပြားလာခဲ့မှု နှင့် နေရပ်စွန့်ခွာ ထွက်ပြေးရသော
ပြည်သူများ သာ ဖြစ်ပါတယ်။

တိမ်ထူထပ်လာနေမှုကြောင့် လေကြောင်းစစ်
ဆင်မှု အရှိန်လျော့ကျသွားခဲ့ရသလို တပ်များ
နှင့် စစ်လက်နက် ပစ္စည်းများ သယ်ယူ ရွှေ့
ပြောင်းမှုကလည်း ထင်သလောက် မလွယ်ကူ
တော့ပေ။ ကေအိုင်အေ တို့ အဖို့လည်း ၎င်းတို့
၏ တဖြေးဖြေး လျော့နည်းလာနေသော ဗျုဟာ
အခင်း အကျင်းများ များ အကြားတွင် ရှေ့ဆက်
မည်သို့ မည်ပုံ စခန်းသွားကြမည်လဲ ဆိုသည်
အား ပြန်လည်သုံးသပ်နေကြရပြီ ဖြစ်ပါတယ်။

ဧပြီလ ၂၈ ရက်နေ့က ကေအိုင်အေ ခေါင်း
ဆောင် နဘန်လ မှ ကချင်ပြည်သူများ သိစေ
ရန် ရည်ရွယ်ပြီး ကြေငြာချက်တစောင် ထုတ်
ပြန်ခဲ့ပါတယ်။ ၎င်းက မိမိတို့ အနေဖြင့် ပျောက်
ကြားစစ်ဆင်ရေး ဖြင့် ပြန်လည်တိုက်ခိုက်သွား
မည်ဖြစ်ပြီး အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲရသော
လူများ အတွက်ပါ ကေအိုင်အေ ရဲဘော်များက
တာဝန်ယူမည်ဟု ဆိုပါတယ်။

မကြုံစဖူး လောက်အောင် ပြင်းထန်သော တိုက်
ခိုက်မှုများ အကြားတွင် ကချင်ပြည်သူများအား
စုစည်းကြရန်နှင့် ဇွဲ ရှိကြဖို့ လှုံ့ ဆော်လိုက်တဲ့
သဘောပဲ ဖြစ်ပါတယ်။ နောက်တချက် ပြောလိုပုံရသည်ကလည်း အရှေ့တောင်အာရှရှိ အကြီး
ဆုံး စစ်တပ်ကြီးအား ၎င်းတို့ အသစ်တဖန်
ပျောက်ကြား စစ်ဆင်ရေးဖြင့် ကြံ့ကြံ့ခံလျက်ရှိ
ကြောင်း ပဲ ဖြစ်ပါတယ်။

သို့သော်လည်း အဆိုပါ ကြေငြာချက်အား
အဓိပ္ပါယ် ကောက်၍ ရနိုင်သည်ကား ၂၀၁၁
တွင် အပြစ်အခတ် ရပ်စဲရေး ပြိုလဲပြီးချိန်ကစ၍
အင်အား ၉,၀၀၀ ခန့်ရှိသော ကေအိုင်အေ တို့ အနေဖြင့် စစ်တပ်နှင့် အပြစ်အခတ်ရပ်စဲမည်
လော၊ ဆက်ပြီး တိုက်မည်လော။ သို့ မဟုတ်
ဒီနှစ်ခုကိုပဲ တပြိုင်တည်း လုပ်မည်လော ဆို
တာ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေး ဆို
တာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတွင်တော့ လက်ရှိ ရထားသည့်
ဒေသများကို ဆက်လက် ထိမ်းသိမ်းထားနိုင်ရေး
နှင့် တဆက်တည်း တပ်မတော်မှ တိုက်ခိုက် လာနိုင်လောက်သည့် အနေအထားသို့ ရောက်
မသွားရေး ဆိုတဲ့ ခံစစ် ကိုပဲ ရွေးချယ်ခဲ့ပုံ ရပါ
တယ်။

ဤသည်ကို ထင်ရှားစေခဲ့သည်က ၂၀၁၂ နှင့်
၂၀၁၃ တွင် ကေအိုင်အေ တို့က လိုင်ဇာကို
အသဲအသန် ခုခံ ကာကွယ် ခဲ့ကြတာပဲ ဖြစ်ပါ
တယ်။ ထို့အပြင် ဂီဒွန်စခန်း ကိုလည်း ၂၀၁၆
မှာ ကျားကုတ်ကျားခဲ ခုခံခဲ့ကြပြန်ပါတယ်။

သို့သော် ပြင်းထန်လှသော တပ်မတော် ထိုးစစ်
ကြောင့် ထိုနှစ် ဒီဇင်ဘာလမှာ လက်လွှတ်လိုက်
ရပါတယ်။ လိုင်ဇာသည်လည်း ယခုအခါ တပ်
မတော်ရဲ့ အမြှောက်တကမ်း အကွာမှာ ရောက်
လာနေပြီ ဖြစ်ပါတယ်။ သို့သော် တရုတ်နယ်
မြေထဲသို့ အမြှောက်ဆံများ ကျရောက်နိုင်ပြီး
တရုတ် တို့ အမျက်ခြောင်းခြောင်း ထွက်လာနိုင်
တာ ကြောင့် တပ်မတော်က ချိန်ဆနေပုံ ရှိပါ
တယ်။ လိုင်ဇာကို ၎င်းတို့ ဌာနချုပ် လိပ်စာ
လောက် ရေးနိုင်ဖို့ ထားရှိပေးလိုက်ခြင်း ဖြင့်
နောက်ပိုင်း ဖြစ်လာမယ့် ဆွေးနွေးပွဲတွေ
အတွက် ထည့်သွင်း တွက်ချက်ခဲ့ပုံလည်း ရှိပါ
တယ်။

တပ်မတော်က ကေအိုင်အေ ကို အပြစ်အခတ်
ရပ်စဲရေး သဘောတူညီချက် NCA ကို
လက်မှတ်ရေး
ထိုးဖို့ နဲ့ မထိုးမီ လက်နက် ဖျက်သိမ်းရေး နဲ့
တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်
သွတ်သွင်းနိုင်ရေး
ကို အရင် တောင်းဆိုခဲ့ပြီး သဘောတူသည့်
အထိ အပြင်းအထန် ထိုးနှက်သွားမယ် ဆိုတဲ့
 ရညှ်မှန်းချက်ကို ချထားပါတယ်။

ကချင်တို့ဖက်မှာ မပြတ်မသား ဖြစ်နေရတာက
လည်း အကြောင်းကြောင်းတွေ ဆက်စပ်နေပါတယ်။ ပထမတကြောင်းက NCA ခေါ်သံ ဖြစ်ပြီး
နောက်တကြောင်းက ကေအိုင်အေရဲ့ နိုင်ငံ
ရေး အဖွဲ့ ဖြစ်တဲ့ ကေအိုင်အို ရဲ့ တခါက ဖွဲ့စည်းခဲ့တဲ့ United Nationalities Federation Council (UNFC) မှာ ဦးဆောင်မှု အခန်းက ပါ
ဝင်နေခဲ့တယ် ဆိုတာပဲ ဖြစ်ပါတယ်။ UNFC
သည် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက်
ွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။

ယခုအခါ တွင် ပျက်ပြားသလောက် ဖြစ်နေ
သော UNFC သည် ထိုအချိန်က အနောက်အုပ်
စုမှ ထောက်ခံသော NCA ဖြစ်ပေါ်လာရေးကို
အားတက်သရော ဆွေးနွေးခဲ့ကြပါတယ်။



ကေအိုင်အေ အဖို့လည်း Ceassefire Syndrone ရောဂါကြီးရဲ့ လှိုက်စားခြင်းကို ၁၉၉၄ မှ ၂၀၁၁မအထိ ဆယ်ခုနှစ်လုံးလုံး ခံစားခဲ့ကြ
ရပြီး ကချင်ပြည်သူများ အတွက် မယ်မယ်ရရ
တိုးတက်မှုဟူ၍ ဘာမျ ဆောင်ကျဉ်း ပေးနိုင်ခဲ့
တာမျိုး မရှိခဲ့ပေ။

သို့သော် လိုင်ဇာကို ၎င်းတို့ ၏ မြို့တော် အဖြစ် အဆောင်အယောင် များ နဲ့ ထားလာနိုင်ခဲ့ပြီး
ကချင် ခေါင်းဆောင်များ ဗိုက်ရွှဲရွှဲ ဖြင့် ဘဏ်
ငွေစာရင်းများ ဖောင်းကားလာကြသည်တော့
ရှိနေပါတယ်။ ၎င်းတို့က ထို အတောအတွင်း
မြန်မာ နဲ့ တရုတ် စီးပွားရေး သမားများနဲ့ ပလဲနံပ သင့်စွာ က္ဈန်းသစ် နဲ့ ကျောက်စိမ်း တူးဖေါ်
ရေးတွေမှာ အကျိုးတူ ပူးပေါင်းနိုင်ခဲ့ကြ၍ အလွန်
အမင်း ချမ်းသာ ကြွယ်ဝ သွားခဲ့ကြပါတယ်။

နောက်ပိုင်း ကေအိုင်အေ ခေါင်းဆောင်ပိုင်း
အတွင်း အငြင်းပွားမှု များ ဖြစ်လာခဲ့ပြီး
အပြစ်အခတ် ရပ်စဲရေး ပျက်ပြားသည်အထိ ဖြစ်
လာခဲ့ရပါတယ်။ ထို့ အတွက် ကေအိုင်အေ
အတွင်း ဒီမိုကရေစီ ရှိစွာ အုပ်ချုပ်နေသည်ဟု
သက်သက်ညှာညှာ တွေးလို့ရသော်လည်း
ဒီမိုကရေစီ သည် စစ်ရေးအရ.အောင်ပွဲရရေး
တွင် မည်သို့ မျ သုံးစား၍ ရသော အရာကား
မဟုတ်ပြန်ပေ။ တပ်မတော်ကလည်း ထိုအကွဲ
အပြဲများ ကို လက်လွှတ်မခံပဲ အသုံးချလာနိုင်
တာ တွေ့ရပါတယ်။

ကေအိုင်အေ တို့ ပြောနေသည့် ပျောက်ကြား
မဟာဗျုဟာ အောင်မြင်ခဲ့လျင်လည်း ကြာကြာ
ခံမည့် အလားအလာ မရှိပေ။ ပွင့်လင်းရာသီ
 က တပ်မတော် ထိုးစစ်ကြီးနှင့် အတူ အဆုံး
သတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

တပ်မတော်၏ ထိုးစစ်က မကြုံဖူးလောက်
အောက် နေရာ အနှံအပြားမှာ စစ်ဆင်ခဲ့တာ
့ဖြစ်ပါတယ်။ ရှမ်းပြည်နယ် မန်စီ မှသည်
ဟူးကောင်း ချိုင့်ဝှမ်း။ ဖားကန့် မေခ မလိခ ဆုံရာ အင်ဂျန်းယန် အထိပါ ပါဝင်ခဲ့ပါတယ်။

ထို့ အတွက်လည်း ၂၀၁၁ နောက်ပိုင်း အပြင်း
ထန်ဆုံး တိုက်ခိုက်မှု ကြီးဟု ကေအိုင်အေ
ပြောရေးဆိုခွင့် ရှိသူက ၀န်ခံ ပြောကြားခဲ့ပါ
တယ်။ အချို့က ကေအိုင်အေ တို့ စတင် ပုန်
ကန်ခဲ့သည့် ၁၉၆၁ နောက်ပိုင်း အပြင်းထန်ဆုံး
လို့ တောင် ပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။
လူ တသောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့
ရတဲ့ အတွက် ဒုက္ခသည် စခန်းများမှာ ရောက်
ရှိလာနေသူ တသိန်း ခန့် ရှိလာနေပါတယ်။

တပ်မတော်ရဲ့ ကမ်းပိန်းကတော့ NCA ကို
လက်မှတ်ထိုးဖို့ ငြင်းဆန်နေတာကို ဒဏ်ခတ်
လိုတဲ့အပြင် အဆိုပါကိစ္စ ကို ခါးခါးသီးသီး ဖြစ်
နေတဲ့ ၀ အဖွဲ့ နဲ့ သွားရောက် ပူးပေါင်းလိုက်တာ
ကို မခံမရပ်နိုင် ဖြစ်ခဲ့ပါတယ်။ ကေအိုင်အေ
သည် ၎င်းတို့ ဖွဲ့စည်းခဲ့တဲ့ မြောက်ပိုင်း မဟာ
မိတ် အဖွဲ့မှာ အကြီးဆုံး ဖြစ်တဲ့ အပြင် ပထ၀ီ
အနေအထားအရ အခြား အဖွဲ့များနဲ့ ထီးထီးကြီး
ကင်းလွတ်နေပါတယ်။

ထို့အပြင် ခရစ်ယာန်များ ဖြစ်တဲ့ ကေအိုင်အေ
သည် MNDAA, TNLA, နဲ့ AA တို့လောက် ဝ
တွေ နဲ့ နီးစပ်မှု သိတ်မရှိပါဖူး။

တပ်မတော်က ကေအိုင်အေ ကို စစ်ရေးအရ
အလဲထိုးနိုင်ဖို့ အတွက် ရည်မှန်းချက် မဟာဗျု
ဟာ နှစ်ခု ချမှတ်ထားပုံ ရပါတယ်။ ပထမ က
တနိုင်း မှာ ရှိတဲ့ ရွှေ နဲ့ ပယင်း တူုးဖေါ်ရေး၊
ဖားကန့် ရှိ ကျောက်စိမ်းများမှ ရနေတဲ့ ၀င်ငွေ
များအား ဖြတ်တောက်ပြစ်ရေး ဖြစ်ပြီး ဒုတိယ
မဟာ ဗျုဟာ ကတော့ လိုင်ဇာ နဲ့ ပြည်နယ်
အတွင်း အနှံ့ အပြားမှာ ရှိနေတဲ့ တပ်များနဲ့
ထောက်ပံ့ ဆက်သွယ်ရေး ကို ဖြတ်တောက်
ပြစ်နိုင်ရေး တွေပဲ ဖြစ်ပါတယ်။ ထိုသို့ ပြုလုပ်
နိုင်ခြင်းဖြင့် ၎င်းတို့ တပ်များ အချင်းချင်း ဆက်
သွယ် ပူးပေါင်းနိုင်ရေးကိုပါ ဖြတ်တောက်ပြီး
သား ဖြစ်သွားနိုင်ပါတယ်။

ထို့ အတွက်လည်း တပ်မတော်မှ မြောက်ပိုင်း
တိုင်း စစ်ဌာနချုပ် မှ စစ်ကူ များ အပြင် အခြား
ဒေသများ မှ တပ်များနဲ့ လက်ရွေးစင်
ခြေမြန်တပ်မ  သုံးခုဖြစ်တဲ့ ၃၃, ၈၈  နဲ့ ၁၀၁ တပ်များကို ပုံအော်သုံးခဲ့ပါတယ်။ ရခိုင်ရှိ နယ်မြေ
ရှင်းလင်းရေး စစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ တပ်မ
၃၃ က ပြန်လည် ရောက်ရှိလာနေပြီ ဖြစ်ပါတယ်

စစ်အင်အား ပုံသြ သုံးတာ အဆန်းမဟုတ်
သော်လည်း လေကြောင်းပြစ်ကူ နဲ့ လက်နက်
ကြီးများကို မကြုံစဖူး အတိုင်းအတာထိ သုံးစွဲ
ခဲ့ပါတယ်။

ပထမဆုံး အကြိမ် အဖြစ် ဆာဘီယား လုပ်
၁၅၅ မမ အမြောက်ကြီးများကို သုံးပြီး ပြစ်ခတ်
ခဲ့ကြပါတယ်။ အထုးသဖြင့် မန်စီ အနီးရှိ ကေ
အိုင်အေ စခန်းများ ကို ပြစ်ခတ်ခဲ့ပါတယ်။
လေကြောင်း အင်အား ကို ယခုနှစ် အတွင်း
ပထမဆုံး အကြိမ် အဖြစ် အရင်နှင့်စာလျင်
အလုံးအရင်း သုံးစွဲလာခဲ့ပါတယ်။

မြစ်ကြီးနား အနီး ရှိ နမ်ပေါင် လေတပ်စခန်းကို
ဗဟိုပြုပီး တရုတ်လုပ် ထောက်လှမ်းရေး ဒရုန်း
များ၊ ရုရှား.လုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ်
များ Fixed-wing ဂျက်တိုက်လေယာဉ်များ ပါ
ဝင်ခဲ့ပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်း
များ အဆိုအရ ပါကစ္စတန် က လောလောလပ်
လပ် ၀ယ်ယူထားတဲ့ JF-17 တိုက်လေယာဉ်
တွေပါ ပါတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် မှာ လေကြောင်း စစ်ဆင်ရေး
က ရှမ်းပြည်နယ် မှာလို တရုတ်နယ်မြေထဲ
ဝင်ရောက်သွားမှာကို စိုးရိမ်စရာ မရှိတာ
ကြောင့်လည်း ပိုမို အသုံးချခဲ့တာ ဖြစ်ပါတယ်။
လိုင်ဇာက တော့ တမူထူးခြားပြီး တရုတ် နယ်
ခြားမျဉ်း အနီး ကပ်နေပါတယ်။ နောက်ထပ်
အထူးသတိထားပြီး လုပ်ရကိုင်ရတဲ့ ဒေသ က
တော့ တရုတ်-ကချင်-ရှမ်း ဒေသ သုံးပွင့်ဆိုင်
ထိစပ်နေတဲ့ နေရာပဲ ဖြစ်ပါတယ်။

ကေအိုင်အေ တို့ ရည်မှန်းထားတဲ့ ပျောက်ကြား
စစ်ဆင်ရေး မဟာဗျုဟာကလည်း ရေရှည်မှာ
မလွယ်ကူလှတာ တွေ့ ရပါတယ်။ နယ်ခြား
ဖြတ်ကျော် ၀င်ပြေးပြီး ခိုလှုံရာ နေရာ မရှိခြင်း
နဲ့ ပျောက်ကြား စစ်ဆင်ရေး အောင်မြင်ဖို့ သော့ချက် ဖြစ်တဲ့ တဖက်နယ်ခြားမှ ထောက်ပံ့ပို့
ဆောင်ရေး ဆိုတဲ့ logistic မရရှိ နိုင်ဆိုတဲ့
အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ကေအိုင်အေ
အနေနဲ့ လောလောဆယ် ၀ တွေ ထံမှ လက်
နက်များ ၀ယ်ယူနိုင်နေသေးသော်လည်း
ရေရှည် ရရှိနိုင်ဖို့က ကြိမ်းသေ တွက်ဆ၍ မရ
ပြန်ပေ။

သို့ အတွက် ရန်သူထံမှ လက်နက်များ သိမ်းယူ
ရရှိနိုင်ရေးသာ အထူးဦးစားပေးရမှာ ဖြစ်လာပါ
တယ်။ မိုးရာသီ ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက်
တိမ်များ ထူထပ်လာနေခြင်းကြောင့် လေ
ကြောင်း အထောက်အကူ ရဖို့ ခဲယဉ်းနေတဲ့
တပ်မတော် စခန်းများကို တိုက်ခိုက်နိုင်မယ့်
အခွင့်အရေးတွေ ရလာခဲ့ပါတယ်။ ဧပြီလ ၆ ရက် နေ့ ဇားကန့် ဒေသရှိ တပ်မတော် စခန်း
တခုကို ၀င်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်
ခဲယမ်း အမြောက်အမြား ကို သိမ်းယူနိုင်ခဲ့ခြင်း
သည် စောစောက ပြောသည့် ကေအိုင်အေ
တို့ ရဲ့ အနာဂါတ် ကျင့်သုံးမယ့် နည်းဗျုဟာကို
ညွန်းပြနေပါတယ်။

ကေအိုင်အေ သည် ၎င်းတို့၏ စစ်သင်တန်း
ကျောင်း နဲ့ ခဲယမ်းမီးကျောက် ထုတ်လုပ်ရာ
စခန်းများကို ပိုမို စိတ်ချရတဲ့ အတွင်းပိုင်း ဒေသ
များကို လိုင်ဇာ မှ ရွှေုပြောင်းထားပြီးလည်း ဖြစ်
ပါတယ်။

ကေအိုင်အေ က ဒေသခံများရဲ့ ကျယ်ကျယ်ပြန့်
ပြန့် ထောက်ခံမှု ရရေး အတွက် ၎င်းတို့ လူမျိုးစု
များ ဗမာ စစ်တပ်ရဲ့ အလွန်အက္ဈံ အနိုင်ကျင့်မူ
များမှ ရှင်သန်နိုင်ရေး ဆိုတာကို ပုံဖေါ်နိုင်မှ
ဖြစ်မယ်ဆိုတာကိုပါ အားကိုးပြု လာနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေ
စီ အဖွဲ့ချုပ်အပေါ် ထားရှိခဲ့တဲ့ မျော်လင့်ချက်တွေ
ကိုလည်း အပြီးအပိုင် ဖယ်ထုတ်လိုက်ပြီလည်း
ဖြစ်ပါတယ်။

ထိုအတွက် ရေရှည် စစ်ပွဲ ဆက်လက်ဆင်နွဲ
နိုင်ရေး အတွက် ပြင်ဆင်သင့်တာတွေကို ပြင်
ဆင်လာခဲ့ကြပါတယ်။ စခန်း ဌာနချုပ်ကို အခိုင်
အမာ မထားတော့ပဲ အစုအငယ်လေးများ အဖြစ်
ဖြန့်ကျက်ချထားလာခဲ့ပါတယ်။

ကချင် လူငယ်များကိုလည်း ယခင်ကထက် ပိုမို
စုဆောင်းနိုင်ခဲ့တဲ့ အတွက် ကချင်ပြည်နယ်
အတွင်း တပ်မဟာ လေးခုမှ ခုနှစ်ခုအထိ တိုး
ချဲ့ ခဲ့ပြီး ရှမ်းပြည်နယ် အတွင်းမှာလည်း တခုမှ
သုံးခု အထိ ဖြစ်လာခဲ့ပါတယ်။ ပျောက်ကြား
စစ်ဆင်ရေး နဲ့ သင့်တော့မယ့် ရွှေ့ပြောင်းလှုပ်
ရှားနိုင်စွမ်းရှိ တပ်မဟာ နှစ်ခု ကိုလည်း
အသုံးပြု လာခဲ့ပါတယ်။

ထိုသို့ moble units များ ပိုမို ဖွဲ့စည်းလာတာ
နှင့် အမျ တပ်မတော်ရဲ့ ဆက်သွယ်ရေး လမ်း
ကြောင်းတွေကို ပိုပြီး အနှောက်အယှက် ပေး
လာနိုင်မှာလည်း ဖြစ်ပါတယ်။ မြစ်ကြီးနား နဲ့
မန္တလေး ကို ဆက်သွယ်ထားတဲ့ မီးရထား လမ်း
နဲ့ အခြား အဓိက ကျတဲ့ လမ်းမကြီး အချို့ အဖို့
ရှေ့လျောက် ကေအိုင်အေ တို့ ရဲ့ ပြစ်မှတ်တွေ
ဖြစ်လာနိုင်ပါတယ်။ မေလ ၁၅ ရက်နေ့ က
မြစ်ကြီးနား တောင်ဖက်ရှိ မီးရထားလမ်းတွင်
ဗုံး နှစ်လုံး တပြိုင်တည်း ပေါက်ကွဲခဲတာ ကြည့်
ရင် သိနိုင်ပါတယ်။

ကေအိုင်အေ တို့ အဖို့ ၀ တွေ ဆီမှာ ရှိနေတဲ့
အလွယ်တကူ ပြစ်ခတ်နိုင်တဲ့ လေကြောင်းရန်
ကာကွယ်ရေးစနစ် ဖြစ်တဲ့ man-portable air defence system (MANPAD) ကို ရနိုင်ဖို့
အလားအလာ မရှိသေးတာ တွေ့ရပါတယ်။

လက်ရှိတော့ ဒုတိယ ကမ္ဘာစစ် လက်ကျန် ၇၅ မမ ဟောင်ဝစ်ဇာအမြှောက်ကြီးများ နဲ့ ၀တွေ
ဆီက ရထားတဲ ၁၀၇ မမ ဒုံးကျည်တွေ ရှိနေပါ
တယ်။ ပြစ်ခတ်အား ရှစ်ကီလိုမီတာ အထိ ပြစ်
နိုင်စွမ်း ရှိတာမို့ တပ်စခန်းများ နဲ့ လေတပ်စခန်း
များကို ဒုက္ခပေးလာနိုင်ပါတယ်။ ဇန်န၀ါရီ နဲ့
ဖေဖေါ်ဝါရီ လများ အတွင်းက အဆိုပါ လက်
နက်များ သုံးပြီး မိုးကောင်း အနီးရှိ စစ်စခန်းများ
ကို တိုက်ခိုက်လာခဲ့ကြပါတယ်။

ထို့ အပြင် ၂၀၁၁ ခုနှစ်ကတည်းက မကျင့်သုံး
သေးတဲ့ မြို့များ ကို ၀င်ရောက်တိုက်ခိုက်ပြီး
လူအများရဲ့ စိတ်ဝင်စားမှု ရရှိစေမည့် ဗျုဟာများ
ကိုလည်း ပြန်လည်ကျင့်သုံးလာနိုင်စရာ ရှိနေ
ပါတယ်။

လောက်ကိုင်၊ မူဆယ် နဲ့ မောင်းကို တို့ မှာTNLA နဲ့ MNDAA  တို့ ၀င်ရောက်တိုက်ခိုက်ကြသလို
မျိုး ကချင်ပြည်နယ်ထဲမှာလည်း ဖြစ်လာနိုင်စရာ
ရှိနေပါတယ်။

နိုင်ငံ မြောက်ပိုင်းတွင်ကား ယခုပုံအတိုင်းဆို
ဒိန်ဗင်ဖူး တိုက်ပွဲလို အဆုံးအဖြတ်ပေးလာ
နိုင်စရာ မရှိပဲ ဆက်လက် ဖြစ်ပွားနေအုန်းမှာ
ဖြစ်ပြီး ကေအိုင်အေတို့သာ ပျောက်ကြားစစ်
ဆင်ရေးကို တကယ်တမ်း ထိထိရောက်ရောက်
ပြုလုပ်နိုင်မယ်ဆိုရင် စစ်ရေး၊ စီးပွားရေး နဲ့ သံ
တမန်ရေးတွေမှာ အစိုးရ အဖို့ ရှေ့လျောက် ၀န်ပိလာဖို့သာ ရှိနေတဲ့ အတွက် အခွန်ထမ်း
ပြည်သူများက တပ်မတော်၏ အဆုံးမရှိသော
စစ်ပွဲများ ကို မေးခွန်းထုတ်လာနေကြပြီလည်း
ဖြစ်ပါတော့တယ်။

လှစိုး​ဝေ


Asia Times တွင် ဆောင်းပါးရှင် Anthony Davis ရေးသားသော "A vision for war without end in Myanmar" ကို ပြန်လည်ထုတ်နှုတ် တင်ပြသည်။

Wednesday, May 30, 2018

ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့

ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့

ကမ္ဘာပေါ်တွင်သက်ရှိ သက်မဲ့ပေါင်း မြောက်မြားစွာတို့သည် ရေ၊ လေ၊ မြေ၊ တောတောင်စသည့် ဝန်းကျင်ရပ်ဝန်းနှင့်အတူ အပြန်အလှန် အပေးအယူမျှတစွာဖြင့် အမှီသဟဲပြု နေထိုင်လာသည်မှာ နှစ်သန်း ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ သက်တမ်းကြာမြင့်ပြီဖြစ်သည့် မိမိတို့၏ မိခင် ကမ္ဘာကြီး ရေရှည်တည်တံ့စေရန် အရေးကြီးဆုံးအပိုင်းဖြစ်သည့် လူသားတို့၏ မဆင်မခြင်လုပ်ရပ်များနှင့်အတူ သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟစနစ်များ ယိုယွင်းလာမှုကို အချိန်မီကုစားနိုင်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များသည် ယနေ့ ကမ္ဘာ ကြီးအတွက် အထူးအရေးတကြီး လိုအပ်လာပါသည်။

အပြန်အလှန်အကျိုးပြု

ကမ္ဘာမြေကြီး၏ ဂေဟစနစ်ဆိုသည်မှာ ဇီဝဆိုင်ရာ သဘာဝပတ်ဝန်းကျင်တစ်မျိုးဖြစ်ပြီး ဒေသတစ်ခုအတွင်း နေထိုင်ကြသော သက်ရှိများနှင့် သက်မဲ့များအားလုံး ပါဝင်ကာ သက်ရှိများအတွက် သောက်သုံးရန် ရေ၊ ရှူရိုက်ရန် လေ၊ နေထိုင်ရာ မြေ၊ နားခိုရန် သစ်ပင်တို့သာမက လူသားတို့အတွက အဖိုးတန်သယံဇာတများ၊ စွမ်းအင် စသဖြင့် လိုအပ်ချက်အဖုံဖုံ ကို ဖြည့်ဆည်းပေးနေသည့် သဘာဝပတ်ဝန်းကျင်၏ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများပါဝင်ပြီး လူသားများ၏ လူမှု စီးပွားဘ၀ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ဂေဟ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။ တစ်နည်းအားဖြင့် လူသားများနေထိုင်ရာကမ္ဘာမြေနှင့် သဘာဝ ပတ်ဝန်းကျင် တို့သည် “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသလို အပြန်အလှန် ဆက်နွှယ်ပြီး အပြန်အလှန် အကျိုးပြုနေကြသည်မှာ လူသားတိုင်း၏ မျက်မြင်ပင်ဖြစ်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံတိုင်း၊ လူသားတိုင်းအတွက် အထူးလိုအပ်လာသည်နှင့် အညီ ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်မှ ၁၇ ရက်အထိ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကဏ္ဍအတွက်  ကမ္ဘာ့ကုလသမဂ္ဂမှ ဦးဆောင်၍ ကျင်းပခဲ့သည့် ပထမအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံမှ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို  ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဟု ခေါ်ဆိုသမုတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအစဉ် (UNEP) မှ  ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်  ကမ္ဘာသူ  ကမ္ဘာသားများနားလည် သဘောပေါက်မှု တိုးမြှင့်ကာ ပါဝင်ဆောင် ရွက်လာစေရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ  ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို အခြေအနေနှင့် အချိန်အခါ အလိုက် ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအပေါ် မူတည်ပြီး နှစ်အလိုက် မတူညီသော အထိမ်းအမှတ်ဆောင်ပုဒ် (Theme) နှင့် ကြွေးကြော်သံ ဆောင်ပုဒ် (Slogan) များ သတ်မှတ်ကာ နိုင်ငံအသီးသီးတွင် အလှည့်ကျစနစ်ဖြင့် လက်ခံကျင်းပလျက်ရှိပါသည်။

မီးမောင်းထိုးပြ

၂၀၁၈ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် “Beat  Plastic Pollution” “ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့” ဟူ၍ သတ်မှတ် ခဲ့ပါသည်။ ဆိုလိုသည်မှာ ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်း စေသော၊ အဏ္ဏဝါသက်ရှိများအား ပျက်စီးစေသော၊ လူသား တို့၏ ကျန်းမာရေးကို ခြိမ်းခြောက် နေသော တစ်ခါသုံး ပလတ် စတစ်ပစ္စည်းများ၏ အန္တရာယ်ကို ပြည်သူများ သိရှိနိုင်စေရန် ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံး ပြုခြင်း၊ ပြန်လည် ထုတ်လုပ်ခြင်းတို့ အပါအဝင် ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်နိုင်ရန် ယခုနှစ် ဆောင်ပုဒ်မှ မီးမောင်းထိုးပြထားခြင်း ပင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်  ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို  ကမ္ဘာပေါ်တွင် ဒုတိယမြောက် လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၏ အန္တရာယ်ဆိုး တစ်ခုဖြစ်သည့် ပလတ်စတစ် ညစ်ညမ်းမှုများကို ကာကွယ်ထိန်းသိမ်း နိုင်ရန်အတွက် ပြန်လည်သုံးစွဲခြင်း လုပ်ငန်းစဉ်များတွင် ဇောင်းပေးပြီး ဆောင်ရွက်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု

ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက် လာပြီး ပုံသွန်းရန်သင့်သောပစ္စည်းဟု အနက် အဓိပ္ပာယ်ဆောင်ပါသည်။ ပလတ်စတစ်များကို  ကမ္ဘာပေါ်တွင် ၁၉၅၀ ဝန်းကျင်ကတည်းက စတင်သုံးစွဲခဲ့ပြီး ယနေ့ လက်ရှိ အချိန်တွင် ပလတ်စတစ်ကို အစားအစာများထုပ်ပိုးမှု (Packing) ပြုလုပ်ရာတွင် အများဆုံးသုံးစွဲပြီး စုစုပေါင်း ပလတ်စတစ် သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ နှစ်စဉ်  ကမ္ဘာပေါ်တွင် ပလတ်စတစ်အိတ် ဘီလီယံ ၅၀၀ ခန့်ကို သုံးစွဲနေကြပြီး ၅၀ ရာခိုင်နှုန်းမှာ တစ်ခါသုံး ပလတ်စတစ် အိတ်များဖြစ်ကြောင်း၊ တစ်မိနစ်တိုင်း ပလတ်စတစ်ဘူး တစ်သန်းကို ဝယ်ယူသုံးစွဲပြီး ၂၀၁၆ ခုနှစ်တွင် ရေသန့် ဘူး ၄၈၀ ဘီလီယံ  ကမ္ဘာတစ်ဝန်း ရောင်းချခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပလတ်စတစ် ထုတ်လုပ်မှု အများ ဆုံးဖြစ်ပြီး  ကမ္ဘာတစ်ဝန်း ပလတ်စတစ် ထုတ်လုပ်မှု၏ ၂၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ပလတ်စတစ်အန္တရာယ်

- စွန့်ပစ်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်အိတ်များ၊ ပလတ် စတစ်ဘူးများသည် ပင်လယ် သမုဒ္ဒရာအတွင်းသို့ နှစ်စဉ်တန်ပေါင်း ၁၃ သန်းခန့် မျောဝင်စီးဆင်းနေပြီး အမှိုက်ထုကြီးသဖွယ် စီးမျောနေသဖြင့် ရေနေသတ္တဝါ များနှင့်ပင်လယ်ကူးသင်္ဘောများအတွက် ဘေးအန္တရာယ်ရှိခြင်း၊ တစ်နည်းအားဖြင့် အဏ္ဏဝါဂေဟစနစ်ကို ယိုယွင်းပျက်စီးစေခြင်း၊

- ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်ကော်စေ့သည် သဘာဝ သယံဇာတဖြစ်သည့် ရေနံစိမ်းမှ ထုတ်ယူသုံးစွဲရသဖြင့် သဘာဝသယံဇာတ လျော့နည်းစေခြင်း၊

- မိုးတွင်းအခါ စွန့်ပစ်ပလတ်စတစ်အိတ်များကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေကြီး ရေလျှံမှုများနှင့်အတူ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်း၊

- ပလတ်စတစ်များသည် နှစ်ပေါင်း ၅၀၀ ကျော်မှ ပျက်စီးနိုင် သည့်အတွက် အမှိုက်များ မြေမြှုပ်မှုနှင့်အတူ ပလတ်စတစ် အိတ်များ၊ ပလတ်စတစ်ဘူးများ မြေမြှုပ်ဖျက်ဆီးခြင်း ကြောင့် အပင်မျိုးစေ့များ မထွက်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်စေခြင်း၊

- ပလတ်စတစ်အိတ်များဖြင့် အစားအစာများ ထုပ်ပိုးမှု ကြောင့် ပလတ်စတစ်အိတ်များတွင်ပါရှိသည့် ခဲဓာတ် ကြောင့် ကင်ဆာရောဂါကို ဖြစ်ပွားစေခြင်း စသည့် ဆိုးကျိုး များကို ခံစားကြုံတွေ့စေမည် ဖြစ်သည်။

ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့

ပလတ်စတစ်သုံးစွဲမှုကို လျှော့ချနိုင်ရန် ကမ္ဘာပေါ်ရှိ နိုင်ငံ တိုင်းမှ လိုက်နာကျင့်သုံးနေသည့် Reject၊ Reduce၊ Reuse၊ Recycle၊ Return ဟူသည့် R ငါးလုံးနည်းလမ်း ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။

- အစားအစာများကို ဝယ်ယူရာတွင် ရောင်းချသူများမှ တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ် ဘူးများဖြင့် ထုပ်ပိုးမှုကို တတ်နိုင်သလောက် ငြင်းပယ်ပါ။ (Reject)

- ပလတ်စတစ်သုံးစွဲမှု လျော့နည်းလာစေရေးအတွက် ယခင် ကတည်းက ထုပ်ပိုးလာသည့် အင်ဖက်၊ ငှက်ပျောဖက်များ ဖြင့် ထုပ်ပိုးမှုစနစ်ကို ပြန်ကျင့်သုံးရန်၊ အော်ဂဲနစ် ပလတ်စတစ်အိတ်များဖြင့် အစားထိုးသုံးစွဲရန်၊ (Reduce)

- တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ် ဘူးများကို တစ်ခါသုံးစွဲခြင်းဖြင့် စွန့်ပစ်ခြင်းမပြုဘဲ ပြန်လည်သုံးစွဲရန်၊ (Reuse)

- တစ်ခါသုံး ပလတ်စတစ်အိတ်များ၊ တစ်ခါသုံး ပလတ်စတစ် ဘူးများကို ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ကုန်ကြမ်းအဖြစ် ပြန်လည်သုံးစွဲပါ။ (Recycle)

- အသုံးပြုပြီး ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူးများအား Recycle ပြုလုပ်နိုင်သည့် နေရာသို့ စုစည်း ပို့ဆောင်ပါ။ (Return)

ကမ္ဘာတစ်ဝန်း အကောင်အထည်ဖော်နေသည့် စဉ်ဆက် မပြတ်ဖွံ့ ဖြိုးမှု ပန်းတိုင် ၁၄ တွင် ပင်လယ်၊ သမုဒ္ဒရာနှင့် အဏ္ဏဝါအရင်းအမြစ်များကို ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပန်းတိုင် ၁၅ တွင်  ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်အား ရေရှည်တည်တံ့ရေး၊ မြေဆီလွှာဆုံးရှုံးမှုကို ရပ်တန့်ရန် စသည့် ရည်မှန်းချက်ပန်းတိုင်တို့ကို အထက်ဖော်ပြပါ ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး လုပ်ငန်းစဉ်များမှတစ်ဆင့် အရောက်လှမ်းနိုင်မည် ဖြစ်သည်။

သို့ဖြစ်ပါ၍ သဘာဝသယံဇာတအရင်းအမြစ်များ လျော့နည်းဆုံးရှုံးမှုကို တားဆီးရေးနှင့် စဉ်ဆက်မပြတ် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ပတ်ဝန်းကျင်ယိုယွင်းမှု၊ ညစ်ညမ်းမှုမရှိ စေရေးအတွက် လူတစ်ဦးချင်းမှ ပလတ်စတစ် သုံးစွဲမှု၊ ထုတ်လုပ်မှုများကို လျော့နည်းပပျောက်လာအောင် အမူအကျင့်တစ်ခုအနေဖြင့် လိုက်နာဆောင် ရွက်ရင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို ဝိုင်းဝန်းတိုက်ဖျက်ကြစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။

မယု (စက်မှု)
ပြန်​/ဆက်

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့

နှစ်စဉ် မေလ ၃၁ ရက်နေ့ကို ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ (World No Tobacco Day)  အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါသည်။ ယခု ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ ဆေးလိပ် မသောက်ရေးနေ့ ဆောင်ပုဒ်အဖြစ် “နှလုံးသွေးကြောရောဂါ ကင်းဝေးဖို့ ဆေးလိပ်၊ ဆေးရွက်ကြီး ရှောင်ကြစို့” (Tobacco breaks Hearts) ဟု သတ်မှတ် ဆောင်ရွက်ရန် နှိုးဆော်ထားပါသည်။ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့်ပူးပေါင်း၍ နှစ်စဉ် မေလ ၃၁ ရက်နေ့တိုင်း ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အခမ်းအနားနှင့် လှုပ်ရှားမှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။

▲▲၂၀၁၈ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ လှုပ်ရှားမှုများ၏ ရည်ရွယ်ချက်များ ▲▲

ယခု ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ လှုပ်ရှားမှုလုပ်ငန်းရည်ရွယ်ချက်များအဖြစ်

- ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် နှလုံးသွေးကြောရောဂါများ ဖြစ်စေပုံကို မီးမောင်းထိုးပြရန်၊

- ပြည်သူများအား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုသာမက တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ကြောင့်လည်း နှလုံးသွေးကြောရောဂါများ ဖြစ်စေတတ်ပုံကို ပိုမိုသိရှိစေရေးအတွက် ပညာပေးဆောင်ရွက်ရန်၊

- ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုအန္တရာယ်မှ ကာကွယ်ပေးခြင်းဖြင့် နှလုံးသွေးကြော ကျန်းမာရေး မြှင့်တင်ပေးမည့် ကတိကဝတ်များ အာမခံ ကျင့်သုံးနိုင်ရန်လူထု၊ အစိုးရနှင့် သက်ဆိုင်ရာ နှီးနွှယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများအား စည်းရုံးဆောင်ရွက်နိုင်ရန်၊

- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံများအား ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတွင် ပါဝင်သည့် MPOWER လုပ်ငန်းစဉ်အား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး အားပေးကူညီရန်သတ်မှတ်ထားပါသည်။

▲▲ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းဆိုသည်မှာ ▲▲

မြန်မာနိုင်ငံတွင်၂၀ဝ၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်း၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

ဆေးလိပ်ဆိုသည်မှာ ဆေးရွက်ကြီး ထွက်ပစ္စည်းအား မီးလောင်ကျွမ်းစေခြင်းဖြင့် ထွက်ပေါ်လာသော အခိုးအငွေ့ကို ရှူရှိုက်ရန်အလို့ငှာ တစ်နည်းနည်းဖြင့် စီမံထားသည့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံနှင့် အလားတူ အခြားပစ္စည်း တစ်မျိုးမျိုးကို ဆိုလိုသည်။

ဆေးရွက်ကြီးထွက် ပစ္စည်းဆိုသည်မှာ ဆေးရွက်ကြီး ပင်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခု ကိုဖြစ်စေ၊ အရွက်ကို ဖြစ်စေ၊ အရိုးကိုဖြစ်စေ သောက်ရန် သို့မဟုတ် သုံးရန်အလို့ငှာ ပြုပြင် စီမံထားသော ပစ္စည်းတစ်မျိုးမျိုးကို ဆိုလိုသည်။

သို့ဖြစ်ပါ၍ ယခုအခါ ခေတ်စားလျက်ရှိသည့် အီးစီးကရက် (E-cigarette) ၊ ရှီရှား (Shisa)  တို့သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများတွင် အကျုံးဝင်ပါသည်။

▲▲ ဆေးလိပ်နှင့် နှလုံးသွေးကြောရောဂါများ ▲▲

ဆေးလိပ်စသောက်လိုက်သည်နှင့် သုံးစက္ကန့်အတွင်း လူ၏ ခန္ဓာကိုယ်ကို စတင်အန္တရာယ်ပေးပါသည်။ ဆေးလိပ်မီးခိုးတွင် ဓာတ်ငွေ့များ၊ ရေငွေ့များနှင့် သေးငယ်သော အမှုန်အခဲကလေးများ ပါဝင်ကြပါသည်။ ဆေးလိပ်မီးညှိ၍ သောက်လိုက်သောအခါ မီးလောင်သောဆေးလိပ်မှ ဓာတုပစ္စည်းများစွာ ပါဝင်သော ဆေးလိပ်မီးခိုး ဖြစ်ပေါ်လာသည်။ လက်ရှိ သုတေသနပြုချက်များအရ ဆေးလိပ်မီးခိုးတွင် နီကိုတင်း၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုက်၊ ဘင်ဇင်း၊ အမိုးနီးယားစသော လူကိုသေစေတတ်သည့် ကင်ဆာရောဂါ ဖြစ်စေတတ်သော ပစ္စည်း အမျိုး ၇၀ခန့် အပါအဝင် ဓာတုပစ္စည်း ၇၀ဝ၀ ကျော်ပါဝင်ကြောင်းသိရပါသည်။ အဆိပ် ဓာတ်ငွေ့များပါသော ဆေးလိပ်မီးခိုးသည် အဆုတ်၊ နှလုံး၊ ဦးနှောက်နှင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးသို့ ရောက်ရှိကာ ဒုက္ခပေးပါတော့သည်။

ဆေးလိပ်သောက်လိုက်လျှင် ဆေးလိပ်အခိုးအငွေ့ထဲတွင် ပါဝင်သော နီကိုတင်းနှင့် ကာဗွန်မို နောက်ဆိုက်ဓာတ်များသည် အဆုတ်မှတစ်ဆင့် ခန္ဓာကိုယ် သွေးကြောများထဲသို့ ရောက်ရှိကာ နှလုံးကို တစ်မိနစ်လျှင် ၁၅ ကြိမ်မှ ၂၅ ကြိမ်အထိ ပိုခုန်စေ၍ သွေးပေါင်ချိန်ကိုလည်း ၁၀ မှ ၂၀ အထိ မြင့်တက်စေပါသည်။ ထို့အတွက်ကြောင့် နှလုံးသည် ပို၍အလုပ်လုပ်ရပါသည်။ နှလုံးထဲတွင်ရှိသော သွေးကိုခဲစေပါသည်။ နှလုံးသွေးကြောအတွင်း မျက်နှာပြင်ကို ပျက်စီးစေပါသည်။ သွေးကြောများကို ကျဉ်းစေပါသည်။

ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံး မမှန်သည့်ရောဂါ၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်သည့်ရောဂါ၊ ဦးနှောက် အမြှေးပါး အောက်သွေးယိုခြင်း၊ ခြေပုပ်၊ လက်ပုပ်ရောဂါဖြစ်ခြင်း၊ ပြင်းထန်သည့် သွေးတိုး ရောဂါဖြစ်ခြင်း၊ အဆုတ်ကြောင့်ဖြစ်သော နှလုံးရောဂါဖြစ်စေခြင်း၊ ပင်မသွေးကြော လွယ်ကူစွာပေါက်နိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ကမ္ဘာပေါ်တွင် နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှုများ၏ ၁၂ ရာခိုင်နှုန်းသည်ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်းနှင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့များကြောင့် ဖြစ်ရကြောင်းနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်းသည်သွေးတိုးရောဂါပြီးလျှင် နှလုံးသွေးကြောရောဂါဖြစ်ပွား စေသော ဒုတိယအကြောင်းရင်း တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါသည်။

▲▲ ဆေးလိပ်ကြောင့်ဖြစ်သော အခြားရောဂါများနှင့် အန္တရာယ်များ ▲▲

ကိုယ်တိုင် ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါး ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းနှင့်ဆေးပါသော ကွမ်းစားခြင်းတို့ကြောင့် နှလုံးသွေးကြော ရောဂါများအပြင် အဆုတ်ပြွန်ရောင်ခြင်း၊ အဆုတ်ပွရောဂါ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာများဖြစ်ပွားခြင်း။ အမျိုးသားများတွင် အသက်ရှူမဝခြင်း၊ ပန်းသေပန်းညှိး ရောဂါရခြင်း၊ အိမ်ထောင်ရေးသုခ အပြည့်အဝ မခံစားနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးလိပ်သောက်လျှင်၊ သူတစ်ပါး ဆေးလိပ်ငွေ့ရှူရလျှင် ကိုယ်ဝန် ပျက်ခြင်း၊ ကလေးအသေမွေးခြင်း၊ လမစေ့၊ ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊ မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့်ကလေး မွေးဖွားခြင်း၊ မွေးကင်းစကလေး ရုတ်တရက်သေဆုံးခြင်းများ ဖြစ်စေနိုင်ပါသည်။

ဆေးလိပ်မီးခိုးငွေ့များသည် မွေးကင်းစကလေးငယ်များနှင့် လသားကလေးငယ်များတွင် အသက် ရှူလမ်းကြောင်းရောဂါများ၊ ပန်းနာရင်ကျပ်ရောဂါနှင့် မကြာခဏ နားပြည်ယိုခြင်းများ ဖြစ်တတ်ပါသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲခြင်းသည် လူတစ်ဦးချင်း၊ မိသားစု၊ ပတ်ဝန်းကျင်၊ လူ့ အသိုင်းအဝိုင်းနှင့် နိုင်ငံအတွက်ပါ ထိခိုက်စေသည့် နောက်ဆက် တွဲဆိုးကျိုးများစွာ ဖြစ်ပေါ် စေသည့်အပြင် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည့် လတ်တလောနှင့် ရေရှည်ဆိုးကျိုးများစွာ ဖြစ်ပေါ်စေပါသည်။

၂၀၁၈ ခုနှစ် မေလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲသူ ၁ ဒသမ ၁ ဘီလီယံရှိသည့်အနက် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုကြောင့် နှစ်စဉ်လူပေါင်း ခုနစ်သန်းခန့် သေဆုံးလျက်ရှိပြီး ယင်းတို့အနက် ဆေးလိပ် မသောက်သော်လည်း သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရခြင်းကြောင့် သေဆုံးရသူ ၈၉၀ဝ၀ဝ ခန့်ပါဝင်ကြောင်း သိရပါသည်။

မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်မှ ၁၅ နှစ်ရှိကျောင်းသား ကျောင်းသူများအတွင်း စီးကရက် သောက်သုံးမှုနှုန်းမှာ (Global Youth Tobacco Survey GYTS) အရ ၂၀၁၁ ခုနှစ် စစ်တမ်းတွင် ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသား ကျောင်းသူများ၏ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၆ ခုနှစ် စစ်တမ်းတွင်မူ ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် မြန်မာကျောင်းသား လူငယ်များအတွင်း ဆေးရွက်ကြီးပါသော ကွမ်းစားသုံးမှုသည်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း လူကြီးပိုင်းတွင်မူ မြန်မာအမျိုးသားများ၏ ၃၂ ရာခိုင်နှုန်းသည် စီးကရက် သောက်သုံးကြ၍ ၁၄ ရာခိုင်နှုန်းသည် ဆေးပေါ့လိပ်၊ ဆေးတံသောက်သုံးကြကြောင်း၊ မြန်မာအမျိုးသမီးများ၏ နှစ်ရာခိုင်နှုန်းခန့်သာ စီးကရက်(သို့မဟုတ်) ဆေးပေါ့လိပ်၊ ဆေးတံ သောက်သုံးကြကြောင်း၊ မြန်မာအမျိုးသား ၅၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၈ ရာခိုင်နှုန်းတို့သည် ကွမ်းယာစားသုံးကြကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်စစ်တမ်း ၂၀၁၅-၂၀၁၆ အရသိရှိရပါသည်။

▲▲၂၀၁၈ မြန်မာ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗျူဟာအသစ် ▲▲

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံမှ ၂၀ဝ၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀ဝ၄ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ခြင်း အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြုသည့် ၁၁ နိုင်ငံမြောက်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ၂၀ဝ၆ ခုနှစ် မေလ ၄ ရက်နေ့တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။

ထို့ပြင်၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် စတင် အာဏာတည်သော ဆေးလိပ်ထုပ်တိုင်း၏ မျက်နှာပြင် ၅၀ ရာခိုင်နှုန်းတွင် ဆေးလိပ်အန္တရာယ်များ ဖော်ပြသော ရုပ်ပုံများနှင့် မျက်နှာပြင် ၂၅ ရာခိုင်နှုန်းတွင် ကျန်းမာရေး သတိပေးချက် စာသားများဖော်ပြရန်သတ်မှတ်ချက် စုစုပေါင်း ၇၅ ရာခိုင်နှုန်း Pictorial Health Warning သည် ကမ္ဘာပေါ်တွင် အဆင့်ရှစ်လိုက်ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကုလသမဂ္ဂနှင့် နှီးနွှယ်ဌာန အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းဝေးရေးစီမံချက်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကို လျော့နည်းစေရန် (MPOWER) မူဝါဒ ခြောက်ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ သင်နှင့် သင့်မိသားစု နှလုံးသွေးကြောရောဂါ အပါအဝင် ရောဂါဘယ ကင်းဝေးစေရန်နှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အန္တရာယ်မျိုးစုံမှကာကွယ်နိုင်ရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက် စေလိုပါသည်။

- ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကို အစ မပြုပါနှင့်၊

- ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ အနီးတွင် ဆေးလိပ်သောက်ခြင်း၊ ကလေးငယ်အား ဆေးလိပ်မီး ညှိခိုင်းခြင်းကို ရှောင်ကြဉ်ပါ။

- နှလုံးသွေးကြောရောဂါနှင့် အခြားနောက်ဆက်တွဲ ရောဂါများဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ဆောလျင်စွာပြသ၍ စနစ်တကျ ကုသမှုခံယူပါ။

- ဆေးလိပ်စွဲနေလျှင်ဖြတ်ရန် ကြိုးစားပါ၊ နီးစပ်ရာ ကျန်းမာရေးဌာနတွင် တိုင်ပင်ပြသပါ။ သုတေသန ပြုချက်အရ ယနေ့ဆေးလိပ်ဖြတ်လျှင် ယနေ့ အကျိုးရှိကြောင်း၊ နှလုံးသွေးကြောရောဂါ အန္တရာယ် လျော့နည်းစေကြောင်း သိရှိရပါသည်။

မှီငြမ်း

-Word No Tobacco Day media Kit, WHO, -Word No Tobacco Day media Kit, WHO, 2018

- FCTC 2030 Strategy: Myanmar, WHO -FCTC 2030 Strategy: Myanmar, WHO FCTC Secretariat, 2018

–The Tobacco Atlas, 6th Edition, American -The Tobacco Atlas, 6th Edition, American Cancer Society, 2018

- Global Atlas on CVD prevention and -Global Atlas on CVD prevention and Control, WHO, 2011 Control, WHO, 2011

-Facts on Tobacco, MOHS,2009

ဒေါက်တာအောင်ထွဏ်း (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက်တိုက်ခတ်မှု ကြောင့် အိမ်ခြေ ၁၃၉ဝ ကျော် ဘေးသင့်

မြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ မုန်တိုင်းငယ်ဝင်ရောက်တိုက်ခတ်မှု
ကြောင့်  အိမ်ခြေ  ၁၃၉ဝ ကျော် ဘေးသင့်

နေပြည်တော်   မေ   ၃ဝ

ဘင်္ဂလားပင်လယ်အော်တွင်   ဖြစ်ပေါ်ခဲ့သည့်   အပူပိုင်းမုန်တိုင်းငယ်သည်   မေ  ၂၉  ရက်က ရခိုင်ကမ်းရိုးတန်းဒေသမှတစ်ဆင့်   ကုန်းတွင်းပိုင်းသို့      ဖြတ်ကျော်ဝင်ရောက် မှုကြောင့် မေ ၃ဝ ရက် ညနေပိုင်းအထိ မြို့နယ်အသီးသီးမှ အိမ်ခြေ  ၁၃၉၇  လုံး ဘေးသင့် ခဲ့ကြောင်း လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ မုန်တိုင်းငယ်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်ခြေ ၄၃ အိမ်ဘေးသင့် ခဲ့ကာ လူသုံးဦးသေဆုံးခဲ့သည်။ အလားတူ မကွေးတိုင်းဒေသကြီးတွင် ၄၄၇ အိမ်၊ ပဲခူး တိုင်းဒေသကြီးတွင် ၉၁ အိမ်၊ ကရင်ပြည်နယ်တွင် ၁၉ အိမ် ၊ မွန်ပြည်နယ်တွင် ကိုးအိမ်၊ မ္တလေးတိုင်းဒေသကြီးတွင် သုံးအိမ်၊ နေပြည်တော်တွင် နှစ်အိမ်နှင့် ရန်ကုန်တိုင်းဒေသကြီး တွင် ၇၈၃ အိမ် စုစုပေါင်း အိမ်ခြေ ၁၃၉၇ အိမ် ပျက်စီးခဲ့ကာ လူဦးရေ ၄၆၆၄ ဦး ဘေးသင့် ခဲ့ပြီး လေးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းနှင့် သေဆုံးထောက်ပံ့မှု စုစုပေါင်း ငွေ$ကျပ် ၁၃၉၄၉ဝဝဝ နှင့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုးငွေ$ကျပ် ၁ဝ၇၃၈၄ဝ၄ ကို ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကာ ထိခိုက်ဆုံးရှုံးမှုများအား ဆက်လက်စိစစ်ဆဲဖြစ်ပြီး ထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ - သီဟစည်သူ

မိန်ဗလာတောင် စူးစမ်းလေ့လာမှု စိုးရိမ်စရာမရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မိန်ဗလာတောင် စူးစမ်းလေ့လာမှု စိုးရိမ်စရာမရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

မော်လမြိုင်  မေ  ၃ဝ

မိန်ဗလာတောင် စူးစမ်းလေ့လာမှုနှင့်ပတ်သက်၍ ဒေသခံ များအတွက် အန္တရာယ်တစ်စုံတစ်ရာ လုံးဝစိုးရိမ်စရာမရှိ ကြောင်း၊ ပြည်သူအတွက် စိုးရိမ်စရာအခြေအနေရှိလျှင်  ခွင့်ပြုပေးထားမည်မဟုတ်ကြောင်း မွန်ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာအေးဇံက မေ ၂၉ ရက်က ကျင်းပခဲ့သည့်  ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်း အဝေး (ပထမနေ့) အပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်ကာလအတွင်း     ထိုင်း-မြန်မာ သေမင်းတမန်    မီးရထားလမ်းဖောက်လုပ်ခဲ့စဉ်က မွန်ပြည်နယ် သံဖြူဇရပ်မြို့အနီးရှိ မိန်ဗလာတောင်သည်  ဂျပန်တို့ အဓိကစစ်အခြေစိုက်စခန်းတစ်ခုဖြစ်ခဲ့ပြီး ¤င်းတို့ တည်ဆောက်ခဲ့သည့် မြေကတုတ်ကျင်းများ၊ လျှိုမြောင် များကို ယနေ့ထိ တွေ့မြင်နိုင်ဆဲဖြစ်သည်။

ဂျပန်ရတနာသိုက်ရှိနေသည်ဟု   ဒေသခံများက ယုံကြည်ထားကြသော အဆိုပါ မိန်ဗလာတောင် စူးစမ်း လေ့လာခွင့်ကို  Royal  Eagle  Development Group Co.,Ltd က ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့်  စီမံကိန်းဆောင်ရွက်လျက်ရှိပြီး  ယင်းစီမံကိန်းကြောင့် ပေါက်ကွဲမှုဖြစ်စဉ်များ ဖြစ်ပေါ်မည်ကို  ဒေသခံများက စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

''နှစ်  ၇ဝ  ကျော်ကြာပြီးခဲ့တဲ့   ယမ်းအားတစ်ခုရဲ့ ပေါက်ကွဲမှုက ဘယ်လောက်ထိပြင်းထန်နိုင်မလဲ၊ ပြည်သူ တွေ  လုံးဝစိုးရိမ်စရာမရှိပါဘူး၊  ပြည်သူတွေအတွက် အန္တရာယ်တစ်စုံတစ်ရာဖြစ်နိုင်ရင်   ခွင့်ပြုပေးမှာလည်း မဟုတ်ပါဘူး''  ဟု   ပြည်နယ်ဝန်ကြီးချုပ်က    ပြော သည်။

မိန်ဗလာတောင် စူးစမ်းလေ့လာရန် ကုမ္ပဏီငါးခုက  ပြည်နယ်အစိုးရသို့  လာရောက်ဆွေးနွေး  ကမ်းလှမ်းခဲ့ သော်လည်း လက်ရှိကုမ္ပဏီတစ်ခုသာ  တိကျခိုင်လုံစွာ  တင်ပြနိုင်ခြင်းရှိသည့်အပြင် ပြည်ထောင်စုလွှတ်တော်  သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေးကော်မတီနှင့် ပြည်ထောင်စုလွှတ်တော် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းရေးကော်မတီ ထောက်ခံစာများ ပါရှိ သဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

''လာပြီးကမ်းလှမ်းကြတာက  ဒဏ္ဍာရီဆန်ဆန်ပဲ  လာပြောကြတာများတယ်၊   ပြည်နယ်အနေနဲ့လည်း မိန်ဗလာတောင်တွင်းမှာ အမှန်တကယ် ရတနာပစ္စည်း တွေ ရှိ မရှိ  သိသင့်တာကြောင့် ခွင့်ပြုပေးခဲ့တယ်၊  အများ ဆုံး သုံးလအထိသာ ခွင့်ပြုလိုက်တာဖြစ်ပါတယ်၊ တွေ့ခဲ့ ရင် စူးစမ်းလေ့လာနေတဲ့ စီမံကိန်းကို ချက်ချင်းရပ်မယ်၊ မတွေ့ခဲ့ရင်လည်း နဂိုနေအတိုင်းပြန်လုပ်ပေးဖို့၊ သစ်ပင် တွေ  ပြန်စိုက်ပေးဖို့  သဘောတူထားပြီးဖြစ်ပါတယ်''  ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောပြသည်။

စူးစမ်းလေ့လာရေးအတွက်     ပြည်ထောင်စုသို့ အကြောင်းကြားဆောင်ရွက်နေခြင်းဖြစ်ကာ  စီမံကိန်း ကုန်ကျစရိတ်အတွက် ကုမ္ပဏီဘက်က အားလုံးကျခံရ မည်။ အကယ်၍ တွေ့ရှိပါက  အစိုးရ  ၇ဝ  ရာခိုင်နှုန်း၊ ကုမ္ပဏီ  ၃ဝ ရာခိုင်နှုန်း အကျိုးခံစားခွင့်ဖြင့် သဘောတူ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းမှ      ဂျပန်စစ်ကြောင်းများ ဆုတ်ခွာချိန်တွင်   တစ်နိုင်ငံလုံးမှ  သိမ်းဆည်းထားသော ကျောက်သံပတ္တမြားတို့ကို     သယ်ယူချိန်မရသဖြင့်  မိန်ဗလာတောင်အောက်တွင် မြှုပ်နှံခဲ့သည်ဟု ဒေသခံ များက ယနေ့ထိ လက်ခံယုံကြည်နေကြဆဲဖြစ်သည်။

မြန်​မာ့အလင်း၊မြတ်မွန်ထွေး

ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ လူတစ်ဦးသေဆုံး

ဖားကန့်မြို့နယ်၌ တောင်ကမ်းပါးယံပြိုကျ၍ လူတစ်ဦးသေဆုံး

ဖားကန့်   မေ  ၃ဝ

ကချင်ပြည်နယ် မိုးညှင်းခရိုင်  ဖားကန့် မြို့နယ်   ဝှေခါကျေးရွာအနီးရှိ အကျိုးတူကျောက်မျက်ကုမ္ပဏီတစ်ခု၌ ရုတ်တရက်မြေပြိုကျလာသောကြောင့် ရေမဆေးကျောက်  ရှာဖွေ နေသူများ ဒဏ်ရာရရှိကာ သေဆုံးသူရှိကြောင်း  သိရသည်။

သွားရောက်စစ်ဆေး
ဖြစ်စဉ်မှာ  မေ ၂၆ ရက် မွန်းတည့် ၁၂ နာရီတွင် ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်း၏ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ဖားကန့်မြို့နယ်    ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ     ရတနာကြယ် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်အတွင်း (နိုင်ငံတော်အကျိုးတူ)ကမ်းပါးမြေစာများ ရုတ်တရက်ပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူတစ်ဦး   ဒဏ်ရာရရှိကြောင်း သတင်းအရ   မွန်းလွဲ   ၁၂  နာရီခွဲတွင် ဖားကန့်မြို့မရဲစခန်းမှူး ဝင်းဇော်ဦး၊ ဆိပ်မူ ရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်တို့ အဖွဲ့သည် သက်သေများဖြစ်သည့် ဆိပ်မူ ကျေးရွာအုပ်စု ဝှေခါကျေးရွာ ရပ်ကွက်(၂) ဆယ်အိမ်မှူး ဦးရဲတိုက်၊ ဆိပ်မူကျေးရွာ အုပ်စု ဝှေခါကျေးရွာ ရာအိမ်မှူး ဦးကျော် မင်းတို့နှင့်အတူ    အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးခဲ့ကြသည်။

ပေးပို့ထားရှိ
ဖြစ်စဉ်အား စစ်ဆေးရာ ရတနာကြယ် ကျောက်မျက်ကုမ္ပဏီ  လုပ်ကွက်အတွင်း အမြင့်ပေ  ၂ဝဝ ခန့်မှ မြေစာထု ပေ ၅ဝ ခန့်သည် ရုတ်တရက်ပြိုကျလာ၍ ကမ်းပါး အောက်တွင်  ရေမဆေးကျောက်ရှာဖွေ နေသူ ဦးသာကျော် (၄၈ နှစ်)မှာ သေဆုံး သွားပြီး     ဦးဇော်လင်းဦး(၂ဝ  နှစ်)မှာ ဒဏ်ရာရရှိခဲ့သည်။     တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး     ဝှေခါကျေးရွာ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ် ဖြင့်    ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး တာဝန်မှူး  ဒုတိယ ရဲအုပ် သင်္ခါမောင်မှ    ရဲဆေးစာ  ပေးပို့ထားရှိ ခဲ့သည်။

သို့ဖြစ်၍        မြေစာပိသေဆုံးသူ ဦးသာကျော်အား       ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဥပဒေအရ စစ်ဆေးပေးပါရန် ဆိပ်မူရဲကင်းစခန်းမှူး ရဲအုပ်အောင်ဇင်ကျော်မှ တရားလိုပြုလုပ် တိုင်တန်း၍ ဖားကန့်မြို့မရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ်    (၃၆/၂ဝ၁၈) ဖြင့် အမှုဖွင့်ပြီး   ဖားကန့်စခန်းမှူး   ဒုတိယရဲမှူး ဝင်းဇော်ဦးက အမှုအား စစ်ဆေးဆောင် ရွက်ရန် စီစဉ်လျက်ရှိကြောင်းနှင့် ရတနာ ကြယ်ကျောက်မျက်ကုမ္ပဏီ၏  တာဝန်ခံ မှာ  ဦးတင်မောင်ဝင်းဖြစ်ကြောင်း   သိရ သည်။                    

မြန်​မာ့အလင်း၊စိုးနိုင်ဦး(ဖားကန့်)

ဧရာဝတီတိုင်းအတွင်း လှေ၊ သင်္ဘောများ ခိုးယူနေသောဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးနိုင်

ဧရာဝတီတိုင်းအတွင်း လှေ၊ သင်္ဘောများ ခိုးယူနေသောဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီးနိုင်

ဖျာပုံ  မေ   ၃ဝ

ဧရာဝတီတိုင်းဒေသကြီးအတွင်း  သင်္ဘောသူခိုးဂိုဏ်းအဖွဲ့က ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များနှင့် အခြားမြို့နယ်များမှ  ခိုးယူရောင်းချထားသော  သင်္ဘောများကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့  မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ဇော်ထိုက်နှင့်   တပ်ဖွဲ့ဝင်များ၊    ဖျာပုံမြို့မရဲစခန်း နယ်ထိန်းအဖွဲ့ခေါင်းဆောင်  ဒုရဲအုပ်နိုင်အောင်ထွန်းနှင့်  တပ်ဖွဲ့ဝင်များက သတင်းအရ   မေ ၂၃ ရက်မှစတင်ပြီး လပွတ္တာတာခရိုင်၊ မြောင်းမြခရိုင်အတွင်း ခိုးယူသွားသောသင်္ဘောများအား လိုက်လံစုံစမ်းသိမ်းဆည်းပြီး မေ ၃ဝ ရက် မွန်းလွဲ ၃ နာရီတွင် ဖျာပုံမြို့သို့ သင်္ဘောများနှင့်  ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

''သင်္ဘောက မနှစ်က တန်ဆောင် မုန်းလက ပျောက်သွားတာပါ၊  မမျှော်လင့် ဘဲ သင်္ဘောပြန်တွေ့တော့    ပျော်လည်း ပျော်တယ်၊ လှိုက်လှိုက်လှဲလှဲ  ဂုဏ်ယူ ပါတယ်'' ဟု   သင်္ဘောပိုင်ရှင်   မအူပင် မြို့နယ် ကျွဲတုန်းကျေးရွာနေ ဒေါ်ဝင်းမာမာ က ပြောသည်။

''သင်္ဘောပျောက်သွားတာ မမျှော် လင့်ဘဲ ပြန်တွေ့တော့ ဝမ်းသာအားရဖြစ်မိ ပါတယ်''ဟု ညောင်တုန်းမြို့နယ် မယ်ဇလီ ကျေးရွာအုပ်စုနေ      သင်္ဘောပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။
''ဆုံးပြီလို့       သတ်မှတ်ထားတဲ့ သင်္ဘောတွေ ပြန်တွေ့တော့ အလွန်ဝမ်း သာပါတယ်၊ အခုလို   လိုက်ဖမ်းပေးတဲ့ အဖွဲ့ကို    ကျေးဇူးတင်ပါတယ် ''   ဟု ကျိုက်လတ်မြို့နယ်နေသူ ဒေါ်သ္တာဝင်း က ပြောသည်။

''သင်္ဘောက ၂ဝ၁၈ ခုနှစ်  မတ်လ ပိုင်းက တစ်စင်း၊ မေလပိုင်းက တစ်စင်း ခိုးခံရတာပါ၊ သံခွံသင်္ဘောတစ်စင်းတော့ ပြန်ရတယ်၊   ပျော်တာတော့   မပြောနဲ့ ရင်ထဲမှာအပြည့်ပဲ''ဟု သင်္ဘောပိုင်ရှင် ဦးနိုင်ဝင်းက ပြောသည်။

''အဓိက တရားခံကို မိတယ်၊ ပထမ အခေါက်က   သင်္ဘော ငါးစင်း၊   ယခု အခေါက်မှာ သင်္ဘော  ၃၃ စင်း၊ မြောင်းမြ ခရိုင်အတွင်းမှာ ဖော်ထုတ်သိမ်းဆည်းခဲ့ တယ်၊    ခုနစ်ရက်လောက်ကြာပါတယ်'' ဟု   ဖျာပုံခရိုင်  မှုခင်းနှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင်      ရဲအုပ်ဇော်ထိုက်က ပြောသည်။

''အနယ်နယ်အရပ်ရပ်ကို လိုက်သိမ်း တော့ ပထမ သင်္ဘော ငါးစင်း၊ အခု ဖျာပုံ မြို့ကို သယ်လာတာ သင်္ဘော ၃၃ စင်းကို သင်္ဘော အမှန်တကယ်ပိုင်ဆိုင်ကြောင်း အထောက်အထားတွေရှိရင်  သင်္ဘော ပိုင်ရှင်တွေကို ပြန်ပေးမှာပါ''ဟု ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး    ရဲမှူးကြီး    ထွန်းရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးသည် မြစ် ချောင်းပေါများသော တိုင်းဖြစ်ပြီး လှေ၊ သင်္ဘောများကို  အဓိကအသုံးပြုသော ဒေသဖြစ်သောကြောင့်     လှေခိုးခံရမှု၊ သင်္ဘောအခိုးခံမှုများလည်း      ရှိနေ ကြောင်း၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ လပွတ္တာပိုင် ရွှေပြည်သာ၊ ပြင်ရွာ၊ လူတော်ရွာ၊ ချောင်း ခွဲကြီး၊ ငုတော၊ သောင်စု စသော ကျေးရွာ များမှ  ပထမအကြိမ် ငါးစင်း၊ ယခုအကြိမ် ၃၃ စင်း၊  သွားရောက်သိမ်းဆည်းသည့်   ကျေးရွာတွင် အပ်ထားခဲ့သော ခုနစ်စင်း စုစုပေါင်း ၄၅ စင်း သိမ်းဆည်းရမိကြောင်း မှုခင်းနှိမ်နင်းရေးအဖွဲ့မှ သိရပြီး သင်္ဘော များအား အထောက်အထားခိုင်လုံစွာ    ပြသနိုင်သော ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။     သင်္ဘောပျောက်ဆုံးနေသော ပိုင်ရှင်များ ကလည်း    ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြန်​မာ့အလင်း၊ကျော်စိုးမိုး