Latest News

Saturday, April 14, 2018

ကုလ နာမည်ပျက် စာရင်းတွင် ပါဝင်သွားခဲ့ရသော မြန်မာ တပ်မတော်


တိုင်းပြည် အပေါ် နှစ်ပေါင်းများစွာ ဂုတ်သွေးစုတ် အုပ်ချုပ်ကာ ထွက်ရှိသော သယံဇာတ ပစ္စည်းများကို ထင်သလို ချယ်လှယ်နေကြသော အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့ များ အား မြန်မာ မြေပေါ် မှ မောင်းထုတ်ရန် လူငယ် အယောက် ၃၀ တို့ ဂျပန်ပြည်တွင် စစ်ပညာ များ သင်ကြားရင်း လက်မောင်းသွေး ဖေါက်ကာ တိုင်းပြည် လွတ်လပ်စေဖို့ မိမိအသက်ကို စွန့်ပါမည်ဟု ကတိသစ္စာပြုရင်း စတင်လာခဲ့သော မြန်မာ တပ်မတော်။

ရောင်စုံသောင်းကျန်းသူများ နှင့် လွတ်လပ်စ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါးကျုးကျော်လာသော ကူမင်တန် တရုတ်ဖြူများကို မည်သူ၏ အကူအညီ တစွန်းတစ မှ မပါပဲ အမိမြေပေါ်မှ မောင်းထုတ်နိုင်ခဲ့သည့် မြန်မာ တပ်မတော်၊

ပြည်ပအားကိုး နှင့် ၀ါဒရေးရာ စစ်ပွဲကြီး ဆင်နွှဲလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်အဖွဲ့ ကို ပဲခူးရိုး မ နှင့် အရှေ့မြောက်ခြမ်းတွင် ရဲဝန့်စွန့်စားစွာ အသက်သွေးချွေး များစွာရင်း၍ ကာကွယ်ပေးခဲ့သော မြန်မာ တပ်မတော်…

ထို့အတွက် နိုင်ငံကြီး နိုင်ငံငယ် ဟူသမျှ ကြိတ်၍ အားကျခံခဲ့ရသော မြန်မာတပ်မတော်…

အဆိုပါ မြန်မာတပ်မတော်သည်ကား မနေ့က ကုလသမဂ္ဂ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျုးလွန်သည်ဆိုသော နာမည်ပျက် လက်နက်ကိုင် အဖွဲ့စာရင်းတွင် အခြားနိုင်ငံများရှိ အကြမ်းဖက် အဖွဲ့များ၊ သူပုန်အဖွဲ့များ စုစုပေါင်း ၅၁ ဖွဲ့ နှင့်အတူ စာရင်းတွင် တရားဝင် ပါဝင်သွားခဲ့ရပြီ ဖြစ်ပါတော့တယ်။
လှစိုးဝေ

No comments:

Post a Comment