Latest News

Friday, April 6, 2018

ကျောက်ဖြူ သည် တရုတ် အတွက် အဘယ်ကြောင့် မဟာဗျုဟာ ကျသော မြို့ ဖြစ်လာရသနည်း

ကျောက်ဖြူ သည် တရုတ် အတွက် အဘယ်ကြောင့်    မဟာဗျုဟာ ကျသော မြို့ ဖြစ်လာရသနည်း

ဘင်္ဂလား ပင်လယ်အော် ကမ်းခြေမြို့ ကလေး
ဖြစ်သော ကျောက်ဖြူ  မြို့ တွင် China Harbour Engineering Co အပါအ၀င် CITC  Group Corp. မှ လုပ်ငန်းကြီး နှစ်ခု ကို ကန်ထရိုက်
ရရှိလာခဲ့သည်။ ပထမ လုပ်ငန်းက ပင်လယ်
နက် ဆိပ်ကမ်း တူးဖေါ်ရေးနှင့် ဒုတိယ ကား
အထူးစီးပွားရေး စက်မှုဇုံ (Special Economic Zone) တည်ဆောက်ရေးပင် ဖြစ်သည်။ ဆိပ်
ကမ်းပရိုဂျက် အတွက် တန်ဖိုးကား ဒေါ်လာ ၇.၃ ဘီလီယံ ဖြစ်ပြီး SEZ အတွက် ဒေါ်လာ ၂.၇ ဘီ
လီယံ ဖြစ်သည်။ သဘောတူညီချက်အရ တည်
ဆောက်ပေးသည့် အတွက် CITC အနေဖြင့်
နှစ်ငါးဆယ် လုပ်ကိုင်ခွင့် ရရှိပြီး နောက်ထပ်
၂၅ နှစ် သက်တမ်းတိုးချဲ့ ခွင့် လည်း ရရှိခဲ့သည်။

ကျောက်ဖြူ အတွက် စီမံကိန်းများအား ဆွေးနွေး
ခြင်းများကို Belt and Road အစီအမံများ မတိုင်
မီကပင် စတင်လာခဲ့ခြင်း ဖြစ်သည်။ ဆိပ်ကမ်း
တူးဖေါ်ရေး ပရိုဂျက် နှင့် ကျောက်ဖြူ နှင့် ကူမင်း
အား ဆက်သွယ်ပေးမည့် မီးရထားလမ်း ဖေါက်
လုပ်ရေး တို့အား ၂၀၀၉ ခုနှစ်ကပင် MOU ခေါ်
နားလည်မှု စာခ္ဈန်လွှာကို လက်မှတ်ရေးထိုးခဲ့
ကြပြီးလည်း ဖြစ်ပေသည်။ သို့သော် ၂၀၁၁
နောက်ပိုင်း တရုတ်ပြည်၏ ရင်းနှီးမြုပ်နှံမှုများနှင့်
ပါတ်သက်၍  မြစ်ဆုံဆည် စီမံကိန်းကို
ရပ်တန့် ပြစ်ခဲ့ခြင်း နှင့် ၂၀၁၂ တွင် လက်ပန်
တောင် ကြေးနီသတ္တုတွင်းအား အကြမ်းဖက်
ကန့် ကွက်လာခဲ့ပြီးနောက် နိုင်ငံတွင်း နိုင်ငံရေးအရဆတ်ဆတ်ထိမခံ ဖြစ်လာခဲ့ခြင်းများကြောင့်
အရှိန်အဟုန် တန့်သွားခဲ့ရသည်။၂၀၁၄ တွင်
မီးရထားလမ်းအတွက် နားလည်မှု စာခ္ဈန်လွှာ
အား ဖျက်သိမ်းပြစ်ခဲ့ကြသော်လည်း ဆိပ်ကမ်း
တည်ဆောက်ရေး နှင့် SEZ စီမံကိန်းက ဆက်
လက် အသက်ဝင်နေဆဲ ဖြစ်သည်။ သို့သော်
တိုးတက်မှု က နှေးကွေးနေပြီး ၂၀၁၇ အောက်
တိုဘာလတွင်သာ ဆိပ်ကမ်း ပိုင်ဆိုင်မူ နှင့်
ပါတ်သက်၍ သဘောတူညီချက် ကို ပြန်လည်
ရေးဆွဲ လာနိုင်ခဲ့သည်။ အဆိုပါ သဘောတူညီ
ချက် အသစ်အရ CITC မှ ယခင် ရရှိထား
သော ပိုင်ဆိုင်မှု ၈၅% မှ ၇၀% အထိ လျော့ချ
ပေးခဲ့ရသည်။ SEZ အတွက် မူ ယခုထိ ဆက်
လက် ဆွေးနွေးနေဆဲ ဖြစ်သည်။

တရုတ်တို့ က ကျောက်ဖြူ  စီမံကိန်းအား မဖြစ်
မနေ အကောင်အထည်ဖေါ်ရန် ဆက်လက်
ရည်မှန်းထားကြသည်။ ကျောက်ဖြူ သည် ၎င်း
တို့ ဒေါ်လာ ၁.၅ ဘီလီယံ အကုန်အကျခံ တည်
ဆောက်ခဲ့သော ရေနံ ပိုက်လိုင်းများ စတင်ရာ
မြို့ လည်း ဖြစ်နေသောကြောင့်ပင် ဖြစ်ပေသည်
ရေနံ ပိုက်လိုင်း တည်ဆောက်ရေးကိုမူ အခြား
ပရိုဂျက်များလို့ မဟုတ်ပဲ ဒေသခံများ ကန့်ကွက်
နေသည့် ကြားမှ ဆက်လက် လုပ်ဆောင်ခဲ့ကြ
သည်။

အဆိုပါ ပိုက်လိုင်းအား China National
Petroleum Corporation (CNPC)  နှင့် မြန်မာ့ ရေနံ နဲ့သဘာဝ ဓါတ်ငွေ့ လုပ်ငန်းတို့မှ ၂၀၁၀ နှင့်
 ၂၀၁၅ အကြား တည်ဆောက်ခဲ့ကြသည်။
တရုတ် အစိုးရ ပိုင် CNPC က ရှယ်ယာအများစု
ကို ပိုင်ဆိုင်ခွင့် ရခဲ့ကြသည်။ ၂၀၁၃ ခုနှစ်မှစ၍
ပိုက်လိုင်းကို စတင် အသုံးပြုခဲ့ကြပြီး နှစ်စဉ်
တရုတ်ပြည်သို့ သဘာဝဓါတ်ငွေ့ ကုဗမီတာ
သန်း ၁၂ ဘီလီယံ ခန့် တင်ပို့ နိုင်ခဲ့သည်။
သို့သော် နှစ် နှစ်ခန့် နှောင့်နှေးခဲ့ပြီး
 ၂၀၁၇ ဧပြီလ တွင်မှ
ရေနံ ပိုက်လိုင်းကို အသုံးပြု နိုင်ခဲ့သည်။ တနှစ်
လျင် ရေနံစည် ၂၂ သန်း ခန့် တင်ပို့နိုင်မည်ဟု
သတင်းများ က ဆိုသည်။ အဆိုပါ ပမာဏ
သည် ၂၀၁၆ အတွင်း တရုတ်ပြည် တင်သွင်းခဲ့
သမျသော ရေနံ ပမာဏ၏ ၆% ခန့် ရှိပေသည်။

ဘီဂျင်း အနေဖြင့် ၎င်း၏ ရေနံ နှင့် သဘာဝ
ဓါတ်ငွေ့ များ အား မလက္ကာ ရေလက်ကြားအား
အသုံးပြု၍ တင်ပို့ နေရခြင်းကို လျော့ချနိုင်ရေး
မဟာဗျုဟာ မြောက် ကြိုးပမ်းမှု တစိတ်တပိုင်ပင် ဖြစ်သည်။ သို့မှသာ ပဋိပက္ခများ ဖြစ်ပွားလာပါက အမေရိကန် ပြည်ထောင်စုမှ ရေလက်ကြား
အား ပိတ်ပြစ်ရန် ခြိမ်းခြောက်လာနိုင်မည့်
အရေး အား ရှောင်ရှားနိုင်မည် ဖြစ်ပေသည်။

ကျောက်ဖြူ ၌ ပင်လယ်ရေနက် ဆိပ်ကမ်းတည်
ဆောက်ခြင်းအားဖြင့် တရုတ် အဖို့ ၎င်းတို့၏
ကုန်းတွင်းပိုင်း ပြည်နယ်များ အား စီးပွားရေး နဲ့ မဟာဗျုဟာ အရ အရေးပါလာစေရန်
သိသာသောတွန်းအား
တရပ် ဖြစ်လာနိုင်ပေသည်။ ဥရောပ၊ အရှေ့
အလယ်ပိုင်း၊ အာဖရိက နှင့် အိန္ဒိယတို့ မှ
သင်္ဘောလမ်းမှ ၀င်လာသော ကုန်
စည်များအား ကျောက်ဖြူ ဆိပ်ကမ်းမှတဆင့်
ကုန်းလမ်းခရီးဖြင့် ယူနန် ပြည်နယ်သို့ ပိုဆောင်
နိုင်မည် ဖြစ်ရာ ခရီး မိုင် ထောင်ပေါင်းများစွာ
သက်သာသွားမည်လည်း ဖြစ်သည်။

ထို့အတွက် ၂၀၁၇ ဒီဇင်ဘာလထဲတွင် တရုတ်
သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်
အောင်ဆန်းစုကြည် တို့ မှ ကျောက်ဖြူ နှင့် ကူ
မင်းအား ဆက်သွယ်ပေးမည် တရုတ်-မြန်မာ
စီးပွားရေး စင်္က်ြန် အသစ်တခု ထူထောင်ရန်
သဘောတူညီမှု ရရှိခဲ့ကြသည်။ အသေးစိတ်
အချက်အလက်များ ထုတ်ပြန်ခြင်း မရှိသော်
လည်း လမ်းဖေါက်လုပ်ရေး နှင့် ရပ်ဆိုင်းထားခဲ့
သော မီးရထားလမ်း တည်ဆောက်ရေးတို့ ပါဝင်
နိုင်ဖွယ် ရှိပေသည်။ ထိုအခါ တွင် တရုတ်ပြည်
တောင်ပိုင်းနှင့် ကုန်သွယ်ရာတွင် အချက်အခြာ
ဖြစ်သည့် မန္တလေးသည် အဆိုပါ စင်္ကြန်လမ်းမ
ကြီး၏ ကြားစခန်း ဖြစ်လာပေမည်။

ကျောက်ဖြု ရေနက် ဆိပ်ကမ်းသည် တရုတ်
ပြည်အတွက် အကျိုးရှိသော်လည်း မြန်မာ
ဘက်အဖို့ ထို ဆိပ်ကမ်း တည်ဆောက်ရေးမှ
အကျိုးခံစားခွင့် ရရှိရေးသည် SEZ ဖြစ်ထွန်းလာ
မှု အပေါ် မူတည်နေရသည်။ SEZ အတွင်း
တိုင်းပြည်အတွက် အကျိုးရှိမည့် စက်မှု စီမံကိန်း
များ အကောင် အထည် မဖေါ်နိုင်ပါက ကျောက်
ဖြူ သည် ယူနန် သို့ ကုန်စည်တင်ပို့ ရာ လမ်း
ကြောင်း ၏ ကုန်တင်ကုန်ချ စခန်းတခုသာ
 ဖြစ်သွားပေလိမ့်မည်။

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တိုင်းပြည်
စီးပွားရေးအား တွန်းအားပေး မြှင့်တင်နိုင်ရန် SEZ ပရိုဂျက် သုံးခုကို ဖေါ်ဆောင်ရေး ကြိုးပမ်း
လာခဲ့သည်။ ထိုသုံးခုထဲတွင် သီလ၀ါရှိ ဂျပန်တို့
ဦးဆောင်သော SEZ သာ အကောင်အထည်
ဖေါ် လည်ပါတ်နိုင်သည်ကို တွေ့ရသည်။

နောက်တခု ဖြစ်သော ထိုင်း-ဂျပန် ဖက်စပ်
ဆောင်ရွက်မည် ထားဝယ် ပရိုဂျက်သည် အမြဲ
လို ဘဏ္ဍာရေး ပြသာနာများ ရှိနေပြီး တရွေ့ရွေ့
ဖြင့်သာ ဆက်လက် ရွေ့လျားနေဆဲ ဖြစ်သည်။

တတိယ ပရိုဂျက်က ကျောက်ဖြူ ပင် ဖြစ်သည်။
သို့သော် ကျောက်ဖြူ  SEZ သည် နောက်ပိုင်းမှ
စတင်လာခဲ့သည့်အပြင် ရန်ကုန် နှင့်လည်း ဝေး
ကွာနေရသဖြင့် ရင်းနှီးမြုပ်နှံသူများ အား ဆွဲ
ဆောင်နိုင်မည်လား ဆိုသည်ကို စောင့်ကြည့်
ရမည့် အနေအထားတွင် ရှိပေသည်။

ပြည်တွင်းတွင်သာမက အိန္ဒိယ အပါအ၀င်
အနောက်နိုင်ငံများက ကျောက်ဖြူ ဆိပ်ကမ်းအား
တရုတ်မှ စစ်ရေးအရ အသုံးချလာမည်ကို စိုးရိမ်
မကင်း ဖြစ်လျက် ရှိနေကြသည်။ သို့သော် မြန်
မာ အရပ်ဖက် အစိုးရ နှင့် စစ်တပ်မှ နိုင်ငံ၏
အချုပ်အခြာ အာဏာကို ဆတ်ဆတ်ထိ မခံကြ
ရာတွင် ထင်ရှားကြသောကြောင့် နိုင်ငံခြား စစ်
စခန်းတခု ရှိလာမည့် အရေးကို လက်ခံကြမည်
မဟုတ်ပေ။

ထို့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတွင်လည်း ထို
ကဲ့သို့ နိုင်ငံခြား တပ်များ ဖြန့်ကြက်ချထားမှုကို
ပြတ်ပြတ်သားသား တားမြစ်ထားချက် ပါရှိ
သည်ဟု သိရသည်။ ထို့အတွက် ကျောက်ဖြူ
သည် ဂျီဘူတီ နှင့် ပါကစ္စတန်ရှိ ဂွာဒါ ကဲ့သို့
တရုတ် ရေတပ်စခန်းတခု ဖြစ်လာဖွယ်ရာ မရှိ
ပေ။ သို့သော် သီရိလင်္ကာရှိ တရုတ်ပိုင် ဆိပ်
ကမ်းများကို တရုတ် ရေတပ် မှ စစ်ရေယာဉ်များ
ဝင်ရောက် ရပ်နားမှု ရှိသော်လည်း ဤသည်က
လည်း စိုးရိမ်စရာ အဖြစ် ရောက်လာဖို့ မရှိပေ။

အမှန်တကယ် လက်တွေ့ကျကျ စိုးရိမ်ဖို့
ကောင်းသည်က တရုတ်၏ အကြွေးများ များပြား
လာနေခြင်းကြောင့် စီးပွားရေးအရ အန္တရယ်
များလောက်အောင် မြန်မာအပေါ် မောင်းတံကြီး
သဖွယ် အသုံးပြုလာမည့် အရေးပင် ဖြစ်သည်။

တရုတ်၏ ချေးငွေများနှင့် အကြီးအကျယ် ရင်နှီး
မြုပ်နှံလာမှုများက ကမ္ဘာနေရာ အတော်များများ
တွင် အငြင်းပွားဖွယ် ဖြစ်လာနေပေသည်။ ဥပမာ ပြရက မော်လဒိုက် က္ဈန်းနိုင်ငံကလေး
အား ၎င်းတို့ အကျိုးရှိရာ နိုင်ငံရေး နှင့် စီးပွားရေး
တို့ တွင် လိုက်လျောလာစေရန် ဖိအားပေးလာ
ခဲ့ကြသည်။

မြန်မာအစိုးရ မှ ကျောက်ဖြူ ဆိပ်ကမ်းအတွက်
၃၀% ပိုင်ဆိုင်ခွင့် ရှိသဖြင့် ဒေါ်လာ ၂.၂ ဘီလီ
ယံ ခန့် စိုက်ထုတ်ကျခံရဖို့ ရှိသည်။ SEZ  တွင်
လည်း ၅၀% ခန့် ပိုငိဆိုင်ထားပြန်ရာ အဆိုပါ
ပရိုဂျက် နှစ်ခုအတွက် စုစုပေါင်း စိုက်ထုတ်ရ
မည့် ငွေမှာ ဒေါ်လာ ၃.၅ သန်း ဘီလီယံ ခန့်
ရှိသည်။ ယင်း ပမာဏ သည် တနိုင်ငံလုံး
ထုတ်ကုန် စုစုပေါင်း၏ ၅% ခန့် ရှိနေပေသည်။
အဆိုပါ ငွေကြေး ပမာဏ ကို မြန်မာ အစိုးရမှ
စိုက်ထုတ်ပေးနိုင်ခြင်း မရှိက တရုတ်ဆီကပဲ
ချေးယူရဖို့ ရှိနေပေသည်။

တရုတ်တို့ စီးပွားရေးအရ လွှမ်းမိုးလာမည့်
အရေးအား မြန်မာတို့က နဂိုကတည်းက စိုးရိမ်
နေခဲ့ကြပြီးလည်း ဖြစ်သည်။ ထို့အတွက်
ကျောက်ဖြူ ဆိပ်ကမ်း တည်ဆောက်ရေးကို ကန့်
ကွက်လာကြသဖြင့် လုပ်ငန်းများ နှေးကွေးနေခဲ့
ရသည်။ ၂၀၁၀-၁၁ တွင် အရပ်သား အစိုးရ ကို အာဏာလွှဲပြောင်းပေးရသည့် အဓိက
အကြောင်းရင်းမှာလည်း ဂျပန် နှင့် အနောက်နိုင်
ငံများက စီးပွားရေး ဆက်လက် ဒဏ်ခတ်နေမှု
များကြောင့် တရုတ်အား အလွန်အက္ဈံ အားကိုး
လာနေရသည့် အဖြစ်မှ ကင်းဝေးနိုင်ရန် ဖြစ်
ပေသည်။

လောလောဆယ် တွင် တရုတ်သည် စီးပွားရေး
အရ အဓိက ကျသော အခန်းမှ ရှိနေသော်
လည်း အလွန်အက္ဈံ လွှမ်းမိုးနေမှုမျိုး တော့
မရှိသေးပေ။ ဂျပန်ကလည်း မြန်မာ အား လူး
သာ လွန့်သာ ရှိနိုင်စေရန် ကူညီလျက် ရှိနေပေ
သည်။ သို့သော် ကျောက်ဖြူ ကြောင့် ဖြစ်ပေါ်
လာမည့် ကြွေးမြီ ၀န်ထုပ်ဝန်ပိုးကိုတော့
စောင့်ကြည့်သင့်လှပေသည်။

အထက်တွင် ဆိုခဲ့သလို ကျောက်ဖြူ သည်
ယူနန် နှင့် အခြားသော ကုနိးတွင်းပိုင်း ဒေသ
များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရန်
တရုတ်တို့ အတွက် မဟာဗျုဟာအရရော စီးပွား
ရေး အရပါ အထူးတန်ဖိုးထားရမည့် နေရာ
ဖြစိပေသည်။ ထို့အတွက် ရေနက် ဆိပ်ကမ်း
တည်ဆောက်ရေး နှင့် မီးရထားလမ်း ဆက်
သွယိ ဖေါက်လုပ်နိုင်ရေးသည် တရုတ်တို့
အတွက် အဓိကကျလာ ရပေသည်။

မြန်မာ အဖို့ ကတော့ ကျောက်ဖြူ  SEZ အောင်
မြင်မှသာ အကျိုးအမြတ် ခံစားရပေတော့မည်။

လှစိုး​ဝေ

ရည်ညွန်း။ ။ "Kyaukypu: Connecting China
to Indian Ocean" written by Gregory B. Poling for Center For Strategic & Internatiomal Studies (CSIS)
March 2018

No comments:

Post a Comment